သီတဂူဆရာတော်ဘုရားကြီးပုံစံတူကြေးရုပ်ထု သွန်းလောင်း၍ ထားရှိပူဇော်သွားမည်

သီတဂူဆရာတော်ဘုရားကြီးပုံစံတူကြေးရုပ်ထု သွန်းလောင်း၍ ထားရှိပူဇော်သွားမည် မန္တလေး ဖေဖော်ဝါရီ ၂၁ -၂၀၂၀ မောင်တာရာ(VOM) သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွေရဲ့ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ပုံစံတူကြေးရုပ်ထု ကို သွန်းထုပြီး စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းမှာ ထားပူဇော်သွားမယ်လို့ သိရပါတယ်။ သီတဂူဆရာတော်ဘုရားကြီး ပုံစံတူကြေးရုပ်ထုကို မန္တလေးမြို့၊တမ္ပဝတီရပ်မှ ” ပြည့်ဝ” မြန်မာမှု ကြေးသွန်းလုပ်ငန်းကနေ တာဝန်ယူ ထုလုပ်နေပြီး လက်ရှိမှာ ကြေးသွန်းလောင်ပြီးစီးခဲ့ပြီး အချောကိုင်ခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ”ဒီနေ့က စပြီး သီတဂူ ဆရာတော်ဘုရားကြီးရဲ့ကြေးသွန်းရုပ်ထုကို အချောကိုင်နေပါပြီ၊ ပုံကြမ်းစတာ ၂၀၁၉ အောက်တိုဘာလက စတာ လက်ရှိအဆင့်ထိဆို ၅ လလောက်ကြာသွားပြီ၊ ကြေးသွန်းလောင်းတာ မနေ့ကမှ ကြေးသွန်းလောင်ပြီးသွားတယ်၊တပေါင်းလဆန်း တစ်ရက်နေ့ စစ်ကိုင်းကို အရောက်…

Read More

မန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။

မန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။ နေပြည်တော်မှာ ပထမဦးဆုံး အကြီမ် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ သတင်းပါ ။ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၇၂၊ အခန်း (၁၆)က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ ဒီကနေ့မနက်ပိုင်းက အဲယာကွန်းအပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့တွက်ချက်နေဆဲ ဖြစ်တဲ့သတင်း။ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိကို ရန်ကုန်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိကို ရည်ညွန်းဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေတဲ့ စောင့်ကြည့်လူနာ ၁ ဦးသာရှိတယ်လို့ သိရပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိလူနာ ထပ်မံတွေ့ရှိလာပါက ပိုးရှိ မရှိကို ရန်ကုန်မှာတင် စစ်ဆေးနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဟာ မနေ့ကအထိ တရုတ်နိုင်ငံမှာ ရောဂါအတည်ပြုလူနာ…

Read More

Outbound Tours ကုမ္ပဏီတည်ထောင်မယ်ဆိုပါက စပေါ်ငွေ တင်ရမယ်

Outbound Tours ကုမ္ပဏီတည်ထောင်မယ်ဆိုပါက စပေါ်ငွေ တင်ရမယ် ‌ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပြည်ပခရီးသွားလုပ်ငန်း(Outbound Tours) ကုမ္ပဏီတည်ထောင်မယ်ဆိုရင် စပေါ်ငွေ(Deposit) ကျပ်သိန်း ၁၀၀ တင်သွင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို ဒီနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး မီဒီယာနဲ့တွေ့ဆုံရာမှာ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောတာပါ။ “အဓိကရည်ရွယ်ချက်ကတော့ Outbound Tours တွေက တစ်ဖက်နိုင်ငံကို ဧည့်သည်ပို့တယ်၊ ဟိုဘက်နိုင်ငံမှာ ပြဿနာရှိခဲ့တာမျိုး ရှိတယ်၊ တချို့ကြတော့ ဟိုဘက်နိုင်ငံမှာ Travel Agent အဖြစ် ဒီမှာလိုင်စင်ယူပြီး လူတွေကို သွားလိုက်တယ်၊ ဟိုဘက်နိုင်ငံရောက်တော့ အလုပ်လုပ်ဖို့ ဖြစ်သွားတယ်၊ ဒါမျိုးတွေ ရှိလာတယ်၊ ဥပဒေကို လက်တလုံးခြား လုပ်တဲ့ကိစ္စတွေ ရှိလာတဲ့အခါကြတော့ ကျွန်မတို့က သေသေချာချာ…

Read More

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရန်ကုန်မြို့မှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီ

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရန်ကုန်မြို့မှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီ ရန်ကုန် ဖေဖော်ဝါရီလ ၂၁-၂၀၂၀ သိင်္ဂီ(VOM) ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကအတည်ပြုပြောပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိကို ရည်ညွန်းဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေတဲ့ စောင့်ကြည့်လူနာ ၁ ဦးသာရှိတယ်လို့ သိရပြီး အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိလူနာ ထပ်မံတွေ့ရှိလာပါက ပိုးရှိ မရှိကို ရန်ကုန်မှာတင် စစ်ဆေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ” စတွေ့ကတည်းက မနေ့ကထိ စောင့်ကြည့်လူနာနဲ့သံသယလူနာ ၄၀ ရှိတယ်။ ဒီထဲမှာ ၃၉ ဦးက ပိုးလုံးဝမရှိကြောင်း အဖြေရပြီးပြီ၊ ခုဆို တစ်ယောက်ပဲကျန်တော့တယ်။ မကွေးပြည်သူ့ဆေးရုံမှာ တက်နေတဲ့သူပါ။ နောက်ထပ် လူနာတွေကိုတော့ ရန်ကူန်မှာ ဓာတ်ခွဲစစ်ဆေးနိုင်ပါပြီ၊ WHOက သတ်မှတ်ထားတဲ့အတိုင်း လုပ်နေပါတယ်။ မနေ့ကဆိုရင်လူနာ ၃ ဦးကို ရန်ကုန်မှာစစ်တယ်။ ပိုးလုံးဝ မတွေ့ရဘူး။…

Read More

ပဲခူးမြို့ NLDရပ်ကွက်ရုံးအတွင်းက ပါတီပိုင်ပစ္စည်းများ ဖျက်ဆီးခံရ

ပဲခူးမြို့ NLDရပ်ကွက်ရုံးအတွင်းက ပါတီပိုင်ပစ္စည်းများ ဖျက်ဆီးခံရ ပဲခူး ဖေဖော်ဝါရီ ၂၁ -၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၄)ရှိ NLDရုံးမှာ မနေ့ဖေဖော်ဝါရီနေ့ညပိုင်းက အမည်မသိလူတစ်စု ရုံးအတွင်းဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဗီနိုင်းရုပ်ပုံတွေကိုဖြုတ်ချကာ ပါတီမှတ်တမ်းစာအုပ်တွေ၊ ပါတီအလံတွေယူဆောင်သွားတယ်လို့ ပဲခူးတိုင်းNLDကပြောပါတယ်။ ‟ရပ်ကွက်ကြီး(၄)က ရုံးပါ ရပ်ကွက်ထဲမှာ အစောင့်လည်းမရှိဘူး၊ အစည်းအဝေးလုပ်မှဖွင့်ထားတာ ကျန်တဲ့အချိန်က ပိတ်ထားတာများပါတယ်။ မနေ့က သန့်ရှင်းရေးလုပ်မှ သော့ကိုရိုက်ချိုးပြီး အစည်းအဝေးမှတ်တမ်းတွေ ယူသွားတာတွေ့တယ်၊ ဗီနိုင်းကပ်ထားတာ ဒေါ်စုပုံတို့ ဗိုလ်ချုပ်ပုံတို့ဆွဲ ဖြုတ်သွားတယ်၊ ကျန်တာဖျက်ဆီးတာတော့မရှိဘူး၊ အထဲမှာ သံဗီဒိုတစ်လုံးရှိတယ်၊ ပန်ကန်လုံးတွေ၊ ဖန်ခွက်တွေရှိတယ်၊ ဘာမှမလုပ်သွားဘူး။ အမှတ်(၃)ရဲစခန်းမှာတော့ အမှုဖွင့်ထားပါပြီ၊ ကျနော်တို့လည်း စုံစမ်းနေဆဲပါ၊ သူခိုးလို့လည်း ပြောလို့မရပါဘူး၊ စာရွက်စာတမ်းဘဲယူသွားတာဆိုတော့ မလိုလားတဲ့ အဖွဲ့အစညိးကပဲ လုပ်တာလားဘာလားပေါ့”လို့ ပဲခူးတိုင်းNLDဥက္ကဋ္ဌ ဦးသိန်းဒန်ကVOMကိုပြောပါတယိ။ အခုလိုပြုလုပ်သွားတဲ့အပြင် ရုံးရှိ ပါတီဝင်အင်အားစာရင်း၊ အစည်းအဝေးမှတ်တမ်း စာရွက်စာတမ်းတွေ…

Read More

စစ်တွေကိုရောက်နေတဲ့ ရသေ့တောင်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးလိုအပ်ချက်ရှိ

စစ်တွေကိုရောက်နေတဲ့ ရသေ့တောင်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးလိုအပ်ချက်ရှိ စစ်တွေ၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာက စစ်ဘေးဒုက္ခသည်တွေဟာ မနေ့ဖေဖော်ဝါရီ၂၀ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ကို အောင်တံခွန် (၂) သဘောၤနဲ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည် ၆၀ ကျော်လောက်ဟာ ရသေ့တောင်မြို့ပေါ်နဲ့ သည်ကန်ခွဆုံကျေးရွာ ဖက်ကအများဆုံးဖြစ်ပြီး တိုက်ပွဲတွေကြောင့် ကျေးရွာတွင်း နေအိမ်တွေမီးရှိူ့ခံရတဲ့အတွက် ထွက်ပြေလာကြကာ ရသေ့တောင်မှာ ရက်ပေါင်း ၂၀ လောက် နေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ” ရွာမှာလည်းမနေရဘူး။ ဟိုပြေးဒီပြေးနဲ့ သွားဖို့လာဖို့လည်း အဆင်မပြေဘူး။ ပစ်ဆံလည်းမရှိတော့ဘူး။ တိုက်ပွဲကျလို့ လမ်းမှာကင်းပုန်းလည်း ဝပ်ခဲ့ရပါတယ်။ ထွက်ပြေးတာက ညည့် ၁ နာရီလောက်မှာ အုန်းချောင်းရွာကိုပြေးတယ်။ ပြီးတော့ ကျောက်ပြင်ဆိပ်၊ အဲ့ဒီကတစ်ဆင့် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ကို ပြေးရတယ်။” လို့ နေအိမ်တွေမီးရှိူ့ခံရတဲ့ သမီးလှရွာက ထွက်ပြေးလာသူ…

Read More

ပြည်ထဲရေးကလို့ပြောပြီး ငွေကြေးလိမ်လည်အလှုခံနေသူတွေကို လိမ်လည်မှုနဲ့အမှုဖွင့်ထား

ပြည်ထဲရေးကလို့ပြောပြီး ငွေကြေးလိမ်လည်အလှုခံနေသူတွေကို လိမ်လည်မှုနဲ့အမှုဖွင့်ထား ရန်ကုန် ဖေဖော်ဝါရီ ၂၁-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကို ပြည်ထဲရေးကလို့ပြောပြီး ငွေကြေးလိမ်လည်အလှုခံတဲ့သူတွေကို စက်မှုဇုန်တာဝန်ရှိသူတွေက လိမ်လည်မှုနဲ့အမှုဖွင့်ထားတယ်လို့ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကော်မတီကပြောပါတယ်။ ” ခုက နောက်နောင်အတုယူစရာဖြစ်အောင် အလုပ်ရှုပ်ခံပြီးစွဲလိုက်တာ။ တချို့လုပ်ငန်းရှင်တွေကလည်း ပြည်ထဲရေးကလို့ပြောတော့ ကြောက်တယ်၊ အဲ့လိုဝူးဝူးဝါးဝါးလာခြောက်ရင် ကြောက်တယ်။ ငွေက မများပါဘူး။ Awareness ဖြစ်စေချင်တာရယ်၊ တရားဥပဒေစိုးမိုးမှုကို အထောက်အကူဖြစ်စေချင်တာရယ်၊ နောက်နောင် လူတွေအဲ့လိုလိမ်မယ်ဆို နှစ်ခါစဉ်းစားအောင်ရယ်ပါ။ တရားစွဲလိုက်တာ။ လိမ်လည်မှု ၄၂၀ ပဲဖွင့်လို့ရတယ်။ အယောင်ဆောင်မှုပါထည့်ခိုင်းတာ၊ ဘာယူနီဖောင်းမှဝတ်တာ မဟုတ်လို့တဲ့၊ ရဲစခန်းကမထည့်ချင်ဘူး။ ဒါတောင်အမှုမဖွင့်ဘဲ ခံဝန်နဲ့လွှတ်ချင်နေလို့ အတင်းအကြပ်ဖွင့်ခိုင်းရတယ်။”လို့ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကော်မတီရဲ့ ရုံးအဖွဲ့မှူး ဦးလှထွန်းကျော်ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက်နေ့က ရန်ကုန်မြို့၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန်မှာ ” ပြည်ထဲရေးက “လို့ပြောဆိုပြီး လိမ်လည်ကာ အဓမ္မအလှူခံတဲ့အတွက်…

Read More

နေပြည်တော်ရှိ FDAဌာနခွဲစာရေးနေတဲ့ တိုက်ခန်းမှာ မီးလောင်မှုဖြစ်ပွား

နေပြည်တော်ရှိ FDAဌာနခွဲစာရေးနေတဲ့ တိုက်ခန်းမှာ မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၇၂၊ အခန်း (၁၆)ရှိ FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ ဒီကနေ့မနက်ပိုင်းက အဲယာကွန်းမီးဖြတ်စက်အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် အခန်းတွင်းပစ္စည်းတွေမီးလောင်ပျက်စီးခဲ့ပြီး တန်ဖိုးငွေ ၃သိန်းကျပ် မီးလောင်ပျက်စီးခဲ့ကာ ဘေးအခန်းတွေကို ကူးစက်တာမရှိခဲ့ပါဘူး။ မီးလောင်ရာကို နေပြည်တော်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်းနဲ့ မီးသတ်တပ်ဖွဲဝင်တွေက မီးသတ်ယာဉ် (၁၈)စီးနဲ့ မီးငြိမ်းသတ်ခဲ့ပြီး တိုက်ခန်းမှာနေထိုင်တဲ့ ဝန်ထမ်းကို ဇမ္ဗူသီရီမြို့နယ်၊ အမှတ်(၇)နယ်မြေနရဲစခန်းက (ပ) ၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ နေပြည်တော်ကို စတင်တည်ဆောက်ပြီး ဝန်ထမ်းတွေအခြေချနေထိုင်မှု စတင်တဲ့ ၂၀၀၇.ခုနှစ်ကစပြီး မီးလောင်မှုတစ်ကြိမ်မှမရှိခဲ့ဘဲ အခုမီးလောင်မှုဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ #VOM #voiceofmyanmar #နေပြည်တော် #ဝန်ထမ်းနေတဲ့တိုက်ခန်း #မီးလောင်မှု Zawgyi နေပြည်တော်ရှိ FDAဌာနခွဲစာရေးနေတဲ့ တိုက်ခန်းမှာ…

Read More

တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ကျခဲ့တဲ့ မင်းထင်ကိုကိုကြီး အင်းစိန်ထောင်က လွတ်မြောက်

တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ကျခဲ့တဲ့ မင်းထင်ကိုကိုကြီး အင်းစိန်ထောင်က လွတ်မြောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀ သိင်္ဂီ (VOM) တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတဲ့ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီကနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာပါတယ်။ အကျဉ်းသားတွေ လူ့အခွင့်အရေးအပြည့်အဝရရှိဖို့အတွက်ဆိုရင် လက်ရှိအကျဉ်းဦးစီးဌာနက ကျင့်သုံးနေတဲ့ အကျဉ်ေးထာင်ဥပဒေကို ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ” “ အကျဉ်းဦးစီးဌာနက ကိုင်ဆောင်ထားတဲ့ ဥပဒေစာအုပ်ရှိတယ်။ ဒါဟာ အင်္ဂလိပ်ခေတ်ထဲက ကိုင်ဆောင်ထားတာ၊ ရေးထားတာဖြစ်တယ်၊ ခုထိ အဲ့စာအုပ်ထဲကအတိုင်း အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံနေတုန်းပဲ။ အဲ့ဒါတွေဟာ ပြောင်းလဲရမယ့်အရာဖြစ်တယ်။”လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။ ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်မြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလက တရားစွဲဆိုခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ထောင်ထဲမှာ ၁၀…

Read More

ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းများကို ဖေဖော်ဝါရီ ၂၅မှာ စတင်ဆွေးနွေးမယ်

ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းများကို ဖေဖော်ဝါရီ ၂၅မှာ စတင်ဆွေးနွေးမယ် နေပြည်တော်၊ဖေဖော်ဝါရီ ၂၁-၂၀၂၀ ကိုထွန်း(VOM) ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတွေကို လာမယ့် ဖေဖော်ဝါရီ ၂၅မှာ စတင်ဆွေးနွေးမှာဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းက ဒုတိယအကြိမ်၊ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်၊ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးမယ့် အစီအစဉ် လျာထားချက်နဲ့ စပ်လျဉ်းတဲ့အကြောင်း လွှတ်တော်ကိုရှင်းလင်းတင်ပြရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတွေကို ဆွေးနွေးဖို့အတွက် လွှတ်တေ် ကိုယ်စားလှယ် ၂၈၂ ဦးရဲ့ အမည်စာရင်း ပေးသွင်းထားတာဖြစ်ပြီး ယခုအခါ ၁၄၉ ဦးသာ ဆွေးနွေးရမှာဖြစ်တဲ့အပြင် ကိုယ်စားလှယ် တစ်ဦးကို ၈ မိနစ်ခန့်သာ ဆွေးနွေးခွင့် ပြုသွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော် နာယကကပြောကြားခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေကြမ်းတွေကို…

Read More
VOM News

FREE
VIEW