မန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။

မန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။

နေပြည်တော်မှာ ပထမဦးဆုံး အကြီမ် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ သတင်းပါ ။ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၇၂၊ အခန်း (၁၆)က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ ဒီကနေ့မနက်ပိုင်းက အဲယာကွန်းအပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့တွက်ချက်နေဆဲ ဖြစ်တဲ့သတင်း။

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိကို ရန်ကုန်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိကို ရည်ညွန်းဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေတဲ့ စောင့်ကြည့်လူနာ ၁ ဦးသာရှိတယ်လို့ သိရပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိလူနာ ထပ်မံတွေ့ရှိလာပါက ပိုးရှိ မရှိကို ရန်ကုန်မှာတင် စစ်ဆေးနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဟာ မနေ့ကအထိ တရုတ်နိုင်ငံမှာ ရောဂါအတည်ပြုလူနာ ၇၄၂၈၀ ဦး နဲ့ သေဆုံး ၂၀၀၆ ဦး ၊ အခြား ရောဂါဖြစ်ပွားတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာက ရောဂါအတည်ပြုလူနာ ၉၂၄ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိနေတဲ့သတင်း။

ပဲခူးမြို့က NLDရုံးဖျက်ဆီးခံရတဲ့သတင်းပါ။ ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၄)ရှိတဲ့ NLD ရုံးမှာ မနေ့ညနေပိုင်းက အမည်မသိတဲ့လူတစ်စု ရုံးထဲကိုဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဗီနိုင်းရုပ်ပုံတွေကိုဖြုတ်ချကာ ပါတီမှတ်တမ်း စာအုပ်တွေ၊ ပါတီဝင် အင်အား စာရင်း၊ အစည်းအဝေးမှတ်တမ်း စာရွက်စာတမ်းတွေ ပါတီအလံတွေ ယူသွားတယ်လို့ ပဲခူးတိုင်း NLD ဥက္ကဌ ဦးသိန်ဒန် က ပြောပါတယ်။ ဝင်ရောက်ဖျက်ဆီးခဲ့သူတွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့ အနေနဲ့ တရားခံတွေကို ဖမ်းဆီးရမိရေး ကြိုးစားနေတဲ့သတင်း။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ထောင်ကနေ လွတ်မြောက်တဲ့ သတင်းပါ တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတဲ့ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီကနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ လွတ်မြောက် လာပါ တယ်။ မင်းထင်ကိုကိုကြီး ကို တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန် မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ က ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တာပါ။ အကျဉ်းထောင် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့လဲ ထောင်ကနေ လွတ်မြောက်ချိန်မှာ မင်းထင်ကိုကိုကြီးက ပြောဆိုခဲ့ပါတဲ့သတင်း။

ရန်ကုန်မြို့၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကို ပြည်ထဲရေးကလို့ပြောပြီး ငွေကျပ် ၁၁ သိန်း လိမ်လည်ပြီး အလှုခံတဲ့သူတွေကို စက်မှုဇုန်တာဝန်ရှိသူတွေက လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားတယ်လို့ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကော်မတီရုံးအဖွဲ့မှူး ဦးလှထွန်းကျော် က ပြောပါတဲ့သတင်း။

နောက်ဆုံး တစ်ပုဒ်ကတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာက စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ကျော်လောက်ဟာ ရသေ့တောင်မှာ နေရတာ လုံခြုံမှုမရှိတဲ့အတွက် အောင်တံခွန်သင်္ဘောနဲ့ မနေ့ညနေပိုင်းက စစ်တွေမြို့ ကို ရောက်လာ ပြီး လက်ရှိအချိန် စားဝတ်နေရေး လိုအပ်ချက်တွေ ရှိနေတဲ့သတင်းတွေ ကို ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအဖြစ်တင်ဆက်ထားပါတယ်။

#voiceofmyanmar #VOM #VOMညနေခင်းသတင်း

Zawgyi

မႏၱေလးရွဳခင္းေနာက္ခံေတြနဲ႕ သြားေရာက္ရိုုက္ကူးထားတဲ႕ ဗီအိုုအမ္သတင္းဌာနရဲ႕ ေဖေဖၚဝါရီ ၂၁ ရက္ ညေနခင္းသတင္းေတြလာပါျပီ။

ေနျပည္ေတာ္မွာ ပထမဦးဆုံး အႀကီမ္ မီးေလာင္မႈ ျဖစ္ပြားခဲ့တဲ့ သတင္းပါ ။ ဇမၺဴသီရိၿမိဳ႕နယ္၊ ဉာဏသိဒၶိရပ္ကြက္၊ တိုက္ ၃၃၇၂၊ အခန္း (၁၆)က FDAဌာနခြဲစာေရးေနထိုင္တဲ့ တိုက္ခန္းမွာ ဒီကေန႔မနက္ပိုင္းက အဲယာကြန္းအပူလြန္ကဲၿပီး မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။ ဆုံးရႈံးမႈတန္ဖိုးကုိေတာ့တြက္ခ်က္ေနဆဲ ျဖစ္တဲ႕သတင္း။

ကို႐ိုနာဗိုင္းရပ္စ္ပိုး႐ွိ မ႐ွိကို ရန္ကုန္က အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမွဳဆိုင္ရာဌာနမွာ ဓာတ္ခြဲစစ္ေဆးႏိုင္ၿပီျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက အတည္ျပဳေျပာပါတယ္။ အခုလက္႐ွိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ႐ွိမ႐ွိကို ရည္ညြြန္းဓာတ္ခြဲခန္းအေျဖ ေစာင့္ဆိုင္းေနတဲ့ ေစာင့္ၾကည့္လူနာ ၁ ဦးသာ႐ွိတယ္လုိ႔ သိရၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုးသံသယ႐ွိလူနာ ထပ္မံေတြ႔႐ွိလာပါက ပိုး႐ွိ မ႐ွိကို ရန္ကုန္မွာတင္ စစ္ေဆးႏိုင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမွဳဟာ မေန႔ကအထိ တ႐ုတ္နိုင္ငံမွာ ေရာဂါအတည္ျပဳလူနာ ၇၄၂၈၀ ဦး နဲ႔ ေသဆုံး ၂၀၀၆ ဦး ၊ အျခား ေရာဂါျဖစ္ပြားတဲ့ ႏိုင္ငံ ၂၅ ႏိုင္ငံမွာက ေရာဂါအတည္ျပဳလူနာ ၉၂၄ ဦးနဲ႔ ေသဆုံးသူ ၃ ဦး႐ွိေနတဲ႕သတင္း။

ပဲခူးၿမိဳ႕က NLDရံုးဖ်က္ဆီးခံရတဲ့သတင္းပါ။ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္ရပ္ကြက္ႀကီး(၄)ရွိတဲ့ NLD ႐ုံးမွာ မေန႔ညေနပိုင္းက အမည္မသိတဲ့လူတစ္စု ႐ုံးထဲကုိ၀င္လာၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ရဲ႕ ဗီႏိုင္း႐ုပ္ပုံေတြကိုျဖဳတ္ခ်ကာ ပါတီမွတ္တမ္း စာအုပ္ေတြ၊ ပါတီဝင္ အင္အား စာရင္း၊ အစည္းအေဝးမွတ္တမ္း စာ႐ြက္စာတမ္းေတြ ပါတီအလံေတြ ယူသြားတယ္လို႔ ပဲခူးတိုင္း NLD ဥကၠဌ ဦးသိန္ဒန္ က ေျပာပါတယ္။ ဝင္ေရာက္ဖ်က္ဆီးခဲ့သူေတြကို သက္ဆိုင္ရာနယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားၿပီး ရဲတပ္ဖြဲ႕ အေနနဲ႔ တရားခံေတြကို ဖမ္းဆီးရမိေရး ၾကိဳးစားေနတဲ႕သတင္း။

ဒါရိုက္တာ မင္းထင္ကုိကုိႀကီး ေထာင္ကေန လြတ္ေျမာက္တဲ့ သတင္းပါ တပ္မေတာ္ရဲ႕ တရားစြဲဆိုမွုေၾကာင့္ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံခဲ့ရတဲ့ ကဗ်ာဆရာ၊ ႐ုပ္ရွင္ ဒါရိုက္တာ မင္းထင္ကိုကိုႀကီးဟာ ဒီကေန႔မနက္ပိုင္းမွာ အင္းစိန္ေထာင္ကေန လြတ္ေျမာက္ လာပါ တယ္။ မင္းထင္ကိုကိုႀကီး ကို တပ္မေတာ္က ပုဒ္မ ၅၀၅ (က)နဲ႔ အင္းစိန္ ၿမိဳ့နယ္တရား႐ုံးမွာ တရားစြဲဆိုခဲ့ၿပီး ၿပီးခဲ့တဲ့ ဩဂုတ္လ က ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခဲ့တာပါ။ အက်ဥ္းေထာင္ ဥပေဒကုိ ျပင္ဆင္ဖို႔ လုိအပ္ေနတယ္လုိ႔လဲ ေထာင္ကေန လြတ္ေျမာက္ခ်ိန္မွာ မင္းထင္ကုိကုိႀကီးက ေျပာဆုိခဲ့ပါတဲ႕သတင္း။

ရန္ကုန္ၿမိဳ႕၊ ရြာသာႀကီး (အႀကီးစား)စက္မွဳဇုန္ကို ျပည္ထဲေရးကလို႔ေျပာၿပီး ေငြက်ပ္ ၁၁ သိန္း လိမ္လည္ၿပီး အလွဳခံတဲ့သူေတြကို စက္မွဳဇုန္တာဝန္ရိွသူေတြက လိမ္လည္မႈ ပုဒ္မ ၄၂၀ နဲ႔ အမွဳဖြင့္ထားတယ္လုိ႔ ရြာသာႀကီး (အႀကီးစား)စက္မွဳဇုန္ေကာ္မတီရုံးအဖြဲ႕မွဴး ဦးလွထြန္းေက်ာ္ က ေျပာပါတဲ႕သတင္း။

ေနာက္ဆံုုး တစ္ပုဒ္ကေတာ့ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ သမီးလွေက်း႐ြာက စစ္ေဘးေရွာင္ ဒုကၡသည္ ၆၀ ေက်ာ္ေလာက္ဟာ ရေသ့ေတာင္မွာ ေနရတာ လုံၿခဳံမႈမရွိတဲ့အတြက္ ေအာင္တံခြန္သေဘၤာနဲ႔ မေန႔ညေနပိုင္းက စစ္ေတြၿမိဳ႕ ကို ေရာက္လာ ၿပီး လက္ရွိအခ်ိန္ စား၀တ္ေနေရး လုိအပ္ခ်က္ေတြ ရွိေနတဲ႕သတင္းေတြ ကိုု ဗီအိုုအမ္ရဲ႕ ညေနခင္းသတင္းအျဖစ္တင္ဆက္ထားပါတယ္။

#voiceofmyanmar #VOM #VOMညေနခင္းသတင္း

Related posts

Leave a Comment

VOM News

FREE
VIEW