ပြည်ထဲရေးကလို့ပြောပြီး ငွေကြေးလိမ်လည်အလှုခံနေသူတွေကို လိမ်လည်မှုနဲ့အမှုဖွင့်ထား

ပြည်ထဲရေးကလို့ပြောပြီး ငွေကြေးလိမ်လည်အလှုခံနေသူတွေကို လိမ်လည်မှုနဲ့အမှုဖွင့်ထား

ရန်ကုန် ဖေဖော်ဝါရီ ၂၁-၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကို ပြည်ထဲရေးကလို့ပြောပြီး ငွေကြေးလိမ်လည်အလှုခံတဲ့သူတွေကို စက်မှုဇုန်တာဝန်ရှိသူတွေက လိမ်လည်မှုနဲ့အမှုဖွင့်ထားတယ်လို့ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကော်မတီကပြောပါတယ်။

” ခုက နောက်နောင်အတုယူစရာဖြစ်အောင် အလုပ်ရှုပ်ခံပြီးစွဲလိုက်တာ။ တချို့လုပ်ငန်းရှင်တွေကလည်း ပြည်ထဲရေးကလို့ပြောတော့ ကြောက်တယ်၊ အဲ့လိုဝူးဝူးဝါးဝါးလာခြောက်ရင် ကြောက်တယ်။ ငွေက မများပါဘူး။ Awareness ဖြစ်စေချင်တာရယ်၊ တရားဥပဒေစိုးမိုးမှုကို အထောက်အကူဖြစ်စေချင်တာရယ်၊ နောက်နောင် လူတွေအဲ့လိုလိမ်မယ်ဆို နှစ်ခါစဉ်းစားအောင်ရယ်ပါ။ တရားစွဲလိုက်တာ။ လိမ်လည်မှု ၄၂၀ ပဲဖွင့်လို့ရတယ်။ အယောင်ဆောင်မှုပါထည့်ခိုင်းတာ၊ ဘာယူနီဖောင်းမှဝတ်တာ မဟုတ်လို့တဲ့၊ ရဲစခန်းကမထည့်ချင်ဘူး။ ဒါတောင်အမှုမဖွင့်ဘဲ ခံဝန်နဲ့လွှတ်ချင်နေလို့ အတင်းအကြပ်ဖွင့်ခိုင်းရတယ်။”လို့ ရွာသာကြီး (အကြီးစား)စက်မှုဇုန်ကော်မတီရဲ့ ရုံးအဖွဲ့မှူး ဦးလှထွန်းကျော်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက်နေ့က ရန်ကုန်မြို့၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန်မှာ ” ပြည်ထဲရေးက “လို့ပြောဆိုပြီး လိမ်လည်ကာ အဓမ္မအလှူခံတဲ့အတွက် ငွေကြေးထည့်လိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။

ဒီဇုန်ထဲမှာ အရင်ကလည်း ပြည်ထဲရေးကဆိုပြီး လာရောက်လိမ်လည်တာရှိတဲ့အပြင် ပရဟိတအဖွဲ့ဆိုပြီး စက်မှုဇုန်တဇုန်လုံးပတ်ကာ လိမ်လည်အလှူခံတာတွေလည်းရှိတယ်လို့ စက်မှုဇုန်ကော်မတီရဲ့ပြောပြချက်အရသိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တောင်ဒဂုံရဲစခန်းကိုဆက်သွယ်မေးမြန်းရာ ဖုန်းနဲ့ဖြေဆိုဖို့ငြင်းဆိုခဲ့ပြီး ရဲစခန်းကိုလာပြီး တာဝန်ခံအရာရှိကို မေးမြန်းဖို့ပြောဆိုခဲ့ပါတယ်။

ငွေကြေးလိမ်လည်အလှူခံသူ ၃ ဦးအနက် ယာဉ်မောင်းကတော့ထွက်ပြေးသွားပြီး ကျန်နှစ်ဦးကိုတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်း ဇုန်တာဝန်ရှိသူတွေဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းမှာပဲ အမှုဖွင့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ငွေကြေးစုစုပေါင်း ၁၁ သိန်းကျော် လိမ်လည်အလှူခံသွားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ပြည်ထဲရေးလို့ပြောပြီး #လိမ်လည်အလှူခံ #အမှုဖွင့်ထား

Zawgyi

ျပည္ထဲေရးကလို႔ေျပာၿပီး ေငြေၾကးလိမ္လည္အလွဳခံေနသူေတြကို လိမ္လည္မွဳနဲ႔အမွဳဖြင့္ထား

ရန္ကုန္ ေဖေဖာ္ဝါရီ ၂၁-၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႕၊ ရြာသာႀကီး (အႀကီးစား)စက္မွဳဇုန္ကို ျပည္ထဲေရးကလို႔ေျပာၿပီး ေငြေၾကးလိမ္လည္အလွဳခံတဲ့သူေတြကို စက္မွဳဇုန္တာဝန္ရိွသူေတြက လိမ္လည္မွဳနဲ႔အမွဳဖြင့္ထားတယ္လုိ႔ ရြာသာႀကီး (အႀကီးစား)စက္မွဳဇုန္ေကာ္မတီကေျပာပါတယ္။

” ခုက ေနာက္ေနာင္အတုယူစရာျဖစ္ေအာင္ အလုပ္ရွုပ္ခံၿပီးစြဲလိုက္တာ။ တခ်ိဳ႕လုပ္ငန္းရွင္ေတြကလည္း ျပည္ထဲေရးကလို႔ေျပာေတာ့ ေၾကာက္တယ္၊ အဲ့လိုဝူးဝူးဝါးဝါးလာေျခာက္ရင္ ေၾကာက္တယ္။ ေငြက မမ်ားပါဘူး။ Awareness ျဖစ္ေစခ်င္တာရယ္၊ တရားဥပေဒစိုးမိုးမွဳကို အေထာက္အကူျဖစ္ေစခ်င္တာရယ္၊ ေနာက္ေနာင္ လူေတြအဲ့လိုလိမ္မယ္ဆို ႏွစ္ခါစဥ္းစားေအာင္ရယ္ပါ။ တရားစြဲလိုက္တာ။ လိမ္လည္မွဳ ၄၂၀ ပဲဖြင့္လို႔ရတယ္။ အေယာင္ေဆာင္မွဳပါထည့္ခိုင္းတာ၊ ဘာယူနီေဖာင္းမွဝတ္တာ မဟုတ္လို႔တဲ့၊ ရဲစခန္းကမထည့္ခ်င္ဘူး။ ဒါေတာင္အမွဳမဖြင့္ဘဲ ခံဝန္နဲ႔လႊတ္ခ်င္ေနလို႔ အတင္းအၾကပ္ဖြင့္ခိုင္းရတယ္။”လို႔ ရြာသာႀကီး (အႀကီးစား)စက္မွဳဇုန္ေကာ္မတီရဲ႕ ႐ုံးအဖြဲ႕မွဴး ဦးလွထြန္းေက်ာ္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၁ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ရြာသာႀကီး (အႀကီးစား)စက္မွဳဇုန္မွာ ” ျပည္ထဲေရးက “လို႔ေျပာဆိုၿပီး လိမ္လည္ကာ အဓမၼအလႉခံတဲ့အတြက္ ေငြေၾကးထည့္လိုက္ရတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တာပါ။

ဒီဇုန္ထဲမွာ အရင္ကလည္း ျပည္ထဲေရးကဆိုၿပီး လာေရာက္လိမ္လည္တာရွိတဲ့အျပင္ ပရဟိတအဖြဲ႕ဆိုၿပီး စက္မွဳဇုန္တဇုန္လုံးပတ္ကာ လိမ္လည္အလွဴခံတာေတြလည္း႐ွိတယ္လို႔ စက္မွဳဇုန္ေကာ္မတီရဲ႕ေျပာျပခ်က္အရသိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ေတာင္ဒဂုံရဲစခန္းကိုဆက္သြယ္ေမးျမန္းရာ ဖုန္းနဲ႔ေျဖဆိုဖို႔ျငင္းဆိုခဲ့ၿပီး ရဲစခန္းကိုလာၿပီး တာဝန္ခံအရာ႐ွိကို ေမးျမန္းဖို႔ေျပာဆိုခဲ့ပါတယ္။

ေငြေၾကးလိမ္လည္အလွဴခံသူ ၃ ဦးအနက္ ယာဥ္ေမာင္းကေတာ့ထြက္ေျပးသြားၿပီး က်န္ႏွစ္ဦးကိုေတာ့ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ကတည္း ဇုန္တာဝန္႐ွိသူေတြဖမ္းဆီးကာ ေတာင္ဒဂုံရဲစခန္းမွာပဲ အမႈဖြင့္ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ ေငြေၾကးစုစုေပါင္း ၁၁ သိန္းေက်ာ္ လိမ္လည္အလႉခံသြားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ျပည္ထဲေရးလုိ႔ေျပာၿပီး #လိမ္လည္အလွဴခံ #အမွဳဖြင့္ထား

Related posts

Leave a Comment

VOM News

FREE
VIEW