နေပြည်တော်ရှိ FDAဌာနခွဲစာရေးနေတဲ့ တိုက်ခန်းမှာ မီးလောင်မှုဖြစ်ပွား

နေပြည်တော်ရှိ FDAဌာနခွဲစာရေးနေတဲ့ တိုက်ခန်းမှာ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀
ကိုထွန်း(VOM)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၇၂၊ အခန်း (၁၆)ရှိ FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ ဒီကနေ့မနက်ပိုင်းက အဲယာကွန်းမီးဖြတ်စက်အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် အခန်းတွင်းပစ္စည်းတွေမီးလောင်ပျက်စီးခဲ့ပြီး တန်ဖိုးငွေ ၃သိန်းကျပ် မီးလောင်ပျက်စီးခဲ့ကာ ဘေးအခန်းတွေကို ကူးစက်တာမရှိခဲ့ပါဘူး။

မီးလောင်ရာကို နေပြည်တော်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်းနဲ့ မီးသတ်တပ်ဖွဲဝင်တွေက မီးသတ်ယာဉ် (၁၈)စီးနဲ့ မီးငြိမ်းသတ်ခဲ့ပြီး တိုက်ခန်းမှာနေထိုင်တဲ့ ဝန်ထမ်းကို ဇမ္ဗူသီရီမြို့နယ်၊ အမှတ်(၇)နယ်မြေနရဲစခန်းက (ပ) ၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

နေပြည်တော်ကို စတင်တည်ဆောက်ပြီး ဝန်ထမ်းတွေအခြေချနေထိုင်မှု စတင်တဲ့ ၂၀၀၇.ခုနှစ်ကစပြီး မီးလောင်မှုတစ်ကြိမ်မှမရှိခဲ့ဘဲ အခုမီးလောင်မှုဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ဝန်ထမ်းနေတဲ့တိုက်ခန်း #မီးလောင်မှု

Zawgyi

ေနျပည္ေတာ္ရိွ FDAဌာနခြဲစာေရးေနတဲ့ တိုက္ခန္းမွာ မီးေလာင္မွဳျဖစ္ပြား

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၂၁-၂၀၂၀
ကိုထြန္း(VOM)

ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဉာဏသိဒၶိရပ္ကြက္၊ တိုက္ ၃၃၇၂၊ အခန္း (၁၆)ရိွ FDAဌာနခြဲစာေရးေနထိုင္တဲ့ တိုက္ခန္းမွာ ဒီကေန႔မနက္ပိုင္းက အဲယာကြန္းမီးျဖတ္စက္အပူလြန္ကဲၿပီး မီးေလာင္ကၽြမ္းမွဳျဖစ္ပြားခဲ့ပါတယ္။

မီးေလာင္မွဳေၾကာင့္ အခန္းတြင္းပစၥည္းေတြမီးေလာင္ပ်က္စီးခဲ့ၿပီး တန္ဖိုးေငြ ၃သိန္းက်ပ္ မီးေလာင္ပ်က္စီးခ့ဲကာ ေဘးအခန္းေတြကို ကူးစက္တာမရိွခဲ့ပါဘူး။

မီးေလာင္ရာကို ေနျပည္ေတာ္မီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးေဇာ္လင္းထြန္းနဲ႔ မီးသတ္တပ္ဖြဲ၀င္ေတြက မီးသတ္ယာဥ္ (၁၈)စီးနဲ႔ မီးၿငိမ္းသတ္ခဲ့ၿပီး တုိက္ခန္းမွာေနထုိင္တဲ့ ဝန္ထမ္းကို ဇမၺဴသီရီၿမိဳ႕နယ္၊ အမွတ္(၇)နယ္ေျမနရဲစခန္းက (ပ) ၇/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ(၂၈၅)နဲ႔ အမွဳဖြင့္ထားတာျဖစ္ပါတယ္။

ေနျပည္ေတာ္ကို စတင္တည္ေဆာက္ၿပီး ဝန္ထမ္းေတြအေျခခ်ေနထိုင္မႈ စတင္တဲ့ ၂၀၀၇.ခုႏွစ္ကစၿပီး မီးေလာင္မွဳတစ္ႀကိမ္မွမရိွခဲ့ဘဲ အခုမီးေလာင္မွဳဟာ ပထမဦးဆံုးအႀကိမ္ျဖစ္တယ္လုိ႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ဝန္ထမ္းေနတဲ့တုိက္ခန္း #မီးေလာင္မွဳ

Related posts

VOM News

FREE
VIEW