ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းများကို ဖေဖော်ဝါရီ ၂၅မှာ စတင်ဆွေးနွေးမယ်

ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းများကို ဖေဖော်ဝါရီ ၂၅မှာ စတင်ဆွေးနွေးမယ်

နေပြည်တော်၊ဖေဖော်ဝါရီ ၂၁-၂၀၂၀
ကိုထွန်း(VOM)

ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတွေကို လာမယ့် ဖေဖော်ဝါရီ ၂၅မှာ စတင်ဆွေးနွေးမှာဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းက ဒုတိယအကြိမ်၊ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်၊ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးမယ့် အစီအစဉ် လျာထားချက်နဲ့ စပ်လျဉ်းတဲ့အကြောင်း လွှတ်တော်ကိုရှင်းလင်းတင်ပြရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတွေကို ဆွေးနွေးဖို့အတွက် လွှတ်တေ် ကိုယ်စားလှယ် ၂၈၂ ဦးရဲ့ အမည်စာရင်း ပေးသွင်းထားတာဖြစ်ပြီး ယခုအခါ ၁၄၉ ဦးသာ ဆွေးနွေးရမှာဖြစ်တဲ့အပြင် ကိုယ်စားလှယ် တစ်ဦးကို ၈ မိနစ်ခန့်သာ ဆွေးနွေးခွင့် ပြုသွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော် နာယကကပြောကြားခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေးရာတွင် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း တစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်စေမယ့် အသုံးအနှုန်း ပြောဆိုချက်များ မပါရှိအောင် သတိပြု ဆင်ခြင်ကြရန်လည်း လွှတ်တော်နာယက က အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်ခိုင်ဖြိုးပါတီက မူကြမ်းသုံးခု၊ တပ်မတော်ဘက်က နှစ်ခုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နှစ်ခု စုစုပေါင်းဥပဒေမူကြမ်း (၇) ခု တင်သွင်းထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ခြေဥပြင်ဆင်ရေးမှုကြမ်း #စတင်ဆွေးနွေးမယ်

Zawgyi

ဖြဲ႕စည္းပုံျပင္ဆင္ေရးမူၾကမ္းမ်ားကို ေဖေဖာ္ဝါရီ ၂၅မွာ စတင္ေဆြးေႏြးမယ္

ေနျပည္ေတာ္၊ေဖေဖာ္ဝါရီ ၂၁-၂၀၂၀
ကိုထြန္း(VOM)

ဖြဲ႕စည္းပုံျပင္ဆင္ေရး မူၾကမ္းေတြကို လာမယ့္ ေဖေဖာ္ဝါရီ ၂၅မွာ စတင္ေဆြးေႏြးမွာျဖစ္တယ္လုိ႔ ဒီကေန႔မနက္ပိုင္းက ဒုတိယအႀကိမ္၊ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေျပာခဲ့တာျဖစ္ပါတယ္။

ဒုတိယအႀကိမ္၊ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ လႊတ္ေတာ္နာယက က ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းမ်ားပါ ပုဒ္မ၊ ပုဒ္မခြဲမ်ားအေပၚ ေဆြးေႏြးမယ့္ အစီအစဥ္ လ်ာထားခ်က္နဲ႔ စပ္လ်ဥ္းတဲ့အေၾကာင္း လႊတ္ေတာ္ကိုရွင္းလင္းတင္ျပရာမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရး မူၾကမ္းေတြကို ေဆြးေႏြးဖို႔အတြက္ လႊတ္ေတ္ ကိုယ္စားလွယ္ ၂၈၂ ဦးရဲ႕ အမည္စာရင္း ေပးသြင္းထားတာျဖစ္ၿပီး ယခုအခါ ၁၄၉ ဦးသာ ေဆြးေႏြးရမွာျဖစ္တဲ့အျပင္ ကိုယ္စားလွယ္ တစ္ဦးကို ၈ မိနစ္ခန္႔သာ ေဆြးေႏြးခြင့္ ျပဳသြားမွာျဖစ္တယ္လုိ႔လည္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကကေျပာၾကားခဲ့ပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအေနနဲ႔ ဥပေဒၾကမ္းေတြကို ေဆြးေႏြးရာတြင္ ႏိုင္ငံေရးပါတီ၊ အဖြဲ႕အစည္း တစ္ခုခု၊ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကို ထိခိုက္ေစမယ့္ အသုံးအႏႈန္း ေျပာဆိုခ်က္မ်ား မပါရွိေအာင္ သတိျပဳ ဆင္ျခင္ၾကရန္လည္း လႊတ္ေတာ္နာယက က အသိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒၾကမ္းမ်ားကို ျပည္ခိုင္ၿဖိဳးပါတီက မူၾကမ္းသုံးခု၊ တပ္မေတာ္ဘက္က ႏွစ္ခုနဲ႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ႏွစ္ခု စုစုေပါင္းဥပေဒမူၾကမ္း (၇) ခု တင္သြင္းထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ေျခဥျပင္ဆင္ေရးမွဳၾကမ္း #စတင္ေဆြးေႏြးမယ္

Related posts

Leave a Comment

VOM News

FREE
VIEW