သီတဂူဆရာတော်ဘုရားကြီးပုံစံတူကြေးရုပ်ထု သွန်းလောင်း၍ ထားရှိပူဇော်သွားမည်

သီတဂူဆရာတော်ဘုရားကြီးပုံစံတူကြေးရုပ်ထု သွန်းလောင်း၍ ထားရှိပူဇော်သွားမည်

မန္တလေး ဖေဖော်ဝါရီ ၂၁ -၂၀၂၀
မောင်တာရာ(VOM)

သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွေရဲ့ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ပုံစံတူကြေးရုပ်ထု ကို သွန်းထုပြီး စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းမှာ ထားပူဇော်သွားမယ်လို့ သိရပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ပုံစံတူကြေးရုပ်ထုကို မန္တလေးမြို့၊တမ္ပဝတီရပ်မှ ” ပြည့်ဝ” မြန်မာမှု ကြေးသွန်းလုပ်ငန်းကနေ တာဝန်ယူ ထုလုပ်နေပြီး လက်ရှိမှာ ကြေးသွန်းလောင်ပြီးစီးခဲ့ပြီး အချောကိုင်ခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

”ဒီနေ့က စပြီး သီတဂူ ဆရာတော်ဘုရားကြီးရဲ့ကြေးသွန်းရုပ်ထုကို အချောကိုင်နေပါပြီ၊ ပုံကြမ်းစတာ ၂၀၁၉ အောက်တိုဘာလက စတာ လက်ရှိအဆင့်ထိဆို ၅ လလောက်ကြာသွားပြီ၊ ကြေးသွန်းလောင်းတာ မနေ့ကမှ ကြေးသွန်းလောင်ပြီးသွားတယ်၊တပေါင်းလဆန်း တစ်ရက်နေ့ စစ်ကိုင်းကို အရောက် ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်၊ ပြည့်ဝ ဦးလှမြင့် မုဒိတာ ဦးအောင်မင်း (ကျောက်ဆစ်)တို့ က သီတဂူ ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေနဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု ” ပြည့်ဝ” မြန်မာမှု ကြေးသွန်းလုပ်ငန်းက ကိုအောင်အောင်မိုးကပြောပါတယ်။

လက်ရှိ သွန်းလုပ်နေတဲ့ သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲက ပုံစံတူကြေးရုပ်ထုမှာ ထိုင်တော်မှုပုံစံဖြစ်ပြီး အမြင့်ပေ ၅ ပေခွဲရှိကာ ကြေးပိဿချိန်အနေနဲ့ ပိဿချိန် ၂၅၀ ရှိပြီး ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၁၈၀ ခန့်ကုန်ကျတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သီတဂူဆရာတော် #ပုံစံတူကြေးရုပ်

သီတဂူဆရာေတာ္ဘုရားႀကီးပုံစံတူေႀကးရုပ္ထု သြန္းေလာင္း၍ ထားရွိပူေဇာ္သြားမည္

မႏၲေလး ေဖေဖာ္ဝါရီ ၂၁ -၂၀၂၀
ေမာင္တာရာ(VOM)

သီတဂူကမၻာ့ဗုဒၶ တကၠသိုလ္ေတြရဲ႕ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု၊ ေရႊက်င္နိကာယ ဥပဥကၠ႒ တြဲဖက္ ေရႊက်င္ သာသနာပိုင္ သီတဂူ ဆရာ ေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရရဲ႕ ပုံစံတူေႀကးရုပ္ထု ကုိ သြန္းထုၿပီး စစ္ကုိင္းၿမဳိ႕ သီတဂူကမာၻ႕ဗုဒၶတကၠသုိလ္ဝန္းအတြင္းမွာ ထားပူေဇာ္သြားမယ္လုိ႔ သိရပါတယ္။

သီတဂူဆရာေတာ္ဘုရားႀကီး ပုံစံတူေႀကးရုပ္ထုကုိ မႏၲေလးၿမဳိ႕၊တမၸဝတီရပ္မွ ” ၿပည့္ဝ” ၿမန္မာမႈ ေႀကးသြန္းလုပ္ငန္းကေန တာဝန္ယူ ထုလုပ္ေနၿပီး လက္ရွိမွာ ေႀကးသြန္းေလာင္ၿပီးစီးခဲ့ၿပီး အေခ်ာကုိင္ၿခင္း လုပ္ငန္းကုိစတင္ေဆာင္ရြက္ေနၿပီၿဖစ္ပါတယ္။

”ဒီေန႕က စၿပီး သီတဂူ ဆရာေတာ္ဘုရားႀကီးရဲ႕ေႀကးသြန္းရုပ္ထုကုိ အေခ်ာကုိင္ေနပါၿပီ၊ ပုံႀကမ္းစတာ ၂၀၁၉ ေအာက္တုိဘာလက စတာ လက္ရွိအဆင့္ထိဆုိ ၅ လေလာက္ႀကာသြားၿပီ၊ ေႀကးသြန္းေလာင္းတာ မေန႔ကမွ ေႀကးသြန္းေလာင္ၿပီးသြားတယ္၊တေပါင္းလဆန္း တစ္ရက္ေန႕ စစ္ကုိင္းကုိ အေရာက္ ပုိ႔ေဆာင္ေပးရမွာၿဖစ္ပါတယ္။ၿမန္မာမႈ ဗိသုကာပညာရွင္ တမၸဝတီဦးဝင္းေမာင္၊ ၿပည့္ဝ ဦးလွၿမင့္ မုဒိတာ ဦးေအာင္မင္း (ေက်ာက္ဆစ္)တုိ႔ က သီတဂူ ဆရာေတာ္ဘုရားႀကီးရဲ႕ ေမြးေန႔မဂၤလာအထိမ္းအမွတ္အေနနဲ႕ လွဴဒါန္းၿခင္းျဖစ္ပါတယ္”ဟု ” ၿပည့္ဝ” ၿမန္မာမႈ ေႀကးသြန္းလုပ္ငန္းက ကုိေအာင္ေအာင္မုိးကေျပာပါတယ္။

လက္ရွိ သြန္းလုပ္ေနတဲ့ သီတဂူ ဆရာ ေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရရဲက ပုံစံတူေႀကးရုပ္ထုမွာ ထုိင္ေတာ္မႈပုံစံၿဖစ္ျပီး အၿမင့္ေပ ၅ ေပခြဲရွိကာ ေႀကးပိႆခ်ိန္အေနနဲ႕ ပိႆခ်ိန္ ၂၅၀ ရွိၿပီး ကုန္က်ေငြ အေနနဲ႕ က်ပ္သိန္း ၁၈၀ ခန္႔ကုန္က်တယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #သီတဂူဆရာေတာ္ #ပံုစံတူေၾကးရုပ္

Related posts

Leave a Comment

VOM News

FREE
VIEW