ကောင်းမှုတော်စေတီ ကြံ့ခိုင်မှုအတွက် ပထမပစ္စယံမှာ လေထွက်ပေါက်တွေ ဖောက်လုပ်ခြင်းသာဖြစ်

ကောင်းမှုတော်စေတီ ကြံ့ခိုင်မှုအတွက် ပထမပစ္စယံမှာ လေထွက်ပေါက်တွေ ဖောက်လုပ်ခြင်းသာဖြစ်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် ပထမပစ္စယံမှာ အပေါက်များဖောက်လုပ်ခြင်းဟာ စေတီတော်ကြီး ကြံ့ခိုင်မှုရှိရေးအတွက် လေဝင်လေထွက်ရရှိစေဖို့ ဖောက်လုပ်ခြင်းဖြစ်တယ်လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။

အခုလိုလေထွက်ပေါက်တွေ ဖောက်လုပ်တာကို လူမှုကွန်ရက်မှာ ဌာပနာဖောက်နေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိတဲ့အပြင် ကောင်းမှုတော်သြဝါယစရီယဆရာတော်တွေကို ဋ္ဌာပနာဖောက်နေတယ်လို့ သွားရောက်လျောက်ထားတိုင်းတန်းမှုတွေ ရှိတဲ့အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကနေ သတင်းအမှန် ကို ပြန်လည်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

”ထုံးဖြူသင်္ကန်းကပ်စဉ်အခါက ကျန်ရစ်နေတဲ့ လုပ်ငန်းလေးတစ်ခုကို အကောင်အထည်ဖော်တာပါ။ ကျန်ရစ်တဲ့ လုပ်ငန်းတစ်ခုဆိုတော့ လုပ်ငန်းအသစ်လို မဟုတ်ဘူးဖြစ်နေတဲ့ အခါကျတော့ သြဝါဒစရီယဆရာတော်တွေကို သြဝါဒမခံမိတာ အမှန်ပါ။ အဲဒါကျွန်တော်တို့ အားနည်းချက်လေး တစ်ခုတော့ ဒါလေးတော့ ရှိပါတယ်။ အရှေ့ဘက်မုဒ်မှာ ရှိနေတဲ့ ရေခိုရေငွေ့ ထွက်ပေါက်ပုံစံမျိုး ကျန်သုံးမုဒ်မှာ ပိတ်ထားတာကို သွားတွေ့ရတယ်၊ အဲဒါတွေကို ပြန်ဖွင့်ခြင်းပါ။ ဆရာတော်ကြီးတွေအပေါ်မှာ ဋ္ဌာပနာဖောက်ပါတယ်လို့ လျှောက်ထားတဲ့ပုဂ္ဂိုလ်ကို ရှာဖွေဖော်ထုတ်မယ်။ တွေ့ရှိခဲ့ရင် လုပ်ငန်းလုပ်တဲ့အပေါ်မှာ ဒီလိုပုံရိပ်မျိုးမကျအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ဆိုတဲ့ ဆိုဆုံးမမှုမျိုး၊ အပြုအမှုမျိုးကို ဆောင်ရွက်ပေးရမှာပေါ့၊”လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသန်းထွန်းအောင် ကပြောပါတယ်။

ယခင် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခဲ့စဉ်အခါက ပြင်ပကနေ မိုးရေတွေ မဝင်ရောက်နိုင်စေဖို့ ရေပိတ်လွှာတွေ ကပ်လှူခဲ့တာကြောင့် ရေငွေ့ပျံနိုင်ခြင်းမရှိတဲ့အတွက် ရွှေဆေးတွေ အချပ်လိုက်ကွာကျခြင်း၊ စေတီတော်ကြီးရဲ့ အင်္ဂတေတွေ၊ အုတ်ချပ်တွေ ဆွေးမြေ့ခြင်းတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ကောင်းမှုတော်စေတီတော်ကြီး ဆေးဖြူသင်္ကန်းကပ်လှူခြင်းလုပ်ငန်း လုပ်ဆောင်ခဲ့ရာမှာတော့ စေတီတော်ကြီးရေရှည်ကြံ့ခိုင်စေရေး အတွက်ထည့်သွင်းစဉ်းစာပြီး လုပ်ဆောင်ခဲ့တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

”ကျွန်တော်တို့ ဂေါပကအဖွဲ့သည် ဘုရားရဲ့ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ မှန်ကန်တဲ့ လမ်းကြောင်းအပေါ် လျောက်နေတာတော့ အမှန်ဖြစ်ပါတယ်၊ ဘုရားကြီးရဲ့ ငလျင်ဘေးဒဏ် ရာသီဥတုဘေးဒဏ်တွေကို ဒါတွေ ဖောက်မှသာ ကာကွယ်နိုင်မှ ဖြစ်တဲ့ အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်ဆိုရင် သြဝါဒါစရီယဆရာတော်ကြီးတွေက ခွင့်ပြုလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတယ်။ အခု ဖြစ်ပျက်လာတဲ့ အခြေအနေတွေမှာ သုံးသပ်ကြည့်မယ်ဆို သြဝါဒစရီယဆရာတော်တွေအပေါ်မှာ မူမတည်ပါဘူး။ ဘေးပတ်ဝန်းကျင်က မလိုရှု့ထောင်နဲ့ တမျိုးတမြင်ဖြစ်အောင်လုပ်တယ်လို့ ပုံစံသတ်ရောက်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မနေ့က သြဝါဒဆရာတော်တွေနဲ့ ဆွေးနွေးရှင်းလင်းပြီးသားပါ၊”လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးနီတင်ကပြောပါတယ်။

ဆေးဖြူသင်္ကန်းကပ်လှူခဲ့တဲ့အချိန်မှာ စေတီတော်ကြီးအောက်ခြေ ကျောက်တိုင်အတွင်း (နတ်စစ်သည်များကြား) အရှေ့မုခ်တည့်တည့်တွင်မူလအတိုင်း အပေါက်တစ်ခု ရှိပြီး ကျန်မုခ်တွေမှာ လေထွက်ပေါက် မတွေ့ရဘဲ အင်္ဂတေတွေနဲ့ ပိတ်ဖုံးထားတာကို တွေ့ရှိခဲ့တဲ့အတွက် ကျန်မုခ်သုံးခုမှာ လေထွက်ပေါက်တွေ ရှိရမယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ပြီး အဲဒီအပေါက်တွေကို ရှာဖွေဖို့ ဂေါပကအဖွဲ့ကိုတင်ပြခဲ့တဲ့အတွက် ဂေါပကအဖွဲ့က စေတီတော်ကြီးကြံ့ခိုင်စေရေးအတွက် လေထွက်ပေါက်တွေကို ရှာဖွေဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ရှာဖွေခဲ့တဲ့ မုခ် (၃)မုခ်အနက် အနောက်မုခ် နဲ့ မြောက်မုခ်မှာ မူလ (ရေငွေ့ပျံစေရန် စီမံထားသော)လေထွက်ပေါက်တွေ့ရှိခဲ့ပြီး တောင်ဘက်မုခ်မှာတော့ မတွေ့ရှိခဲ့တဲ့အတွက် ဆက်လက်ရှာဖွေခြင်းမပြုလုပ်ရန် ဂေါပကအဖွဲ့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ (ရေငွေ့ပျံစေရန် စီမံထားသော)လေထွက်ပေါက်ရှာဖွေရာမှာ အသစ်ဖောက်ထွင်းနေတာမဟုတ်ဘဲ ယခင်အဟောင်းကိုသာ ဖော်ထုတ်ခြင်းဖြစ်တယ်လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ထံကနေ သိရပါတယ်။

Photo – ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့
#VOM #voiceofmyanmar #စစ်ကိုင်း #ကောင်းမှုတော် #လေထွက်ပေါက်ဖောက်လုပ်ခြင်း

Zawgyi

ေကာင္းမႈေတာ္ေစတီ ႀကံ့ခုိင္မႈအတြက္ ပထမပစၥယံမွာ ေလထြက္ေပါက္ေတြ ေဖာက္လုပ္ၿခင္းသာျဖစ္

စစ္ကုိင္း၊ ေဖေဖာ္ဝါရီ ၂၅-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕၊ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ ပထမပစၥယံမွာ အေပါက္မ်ားေဖာက္လုပ္ၿခင္းဟာ ေစတီေတာ္ႀကီး ႀကံ့ခုိင္မႈရွိေရးအတြက္ ေလ၀င္ေလထြက္ရရွိေစဖို႔ ေဖာက္လုပ္ၿခင္းျဖစ္တယ္လုိ႔ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕ကေျပာပါတယ္။

အခုလုိေလထြက္ေပါက္ေတြ ေဖာက္လုပ္တာကို လူမႈကြန္ရက္မွာ ဌာပနာေဖာက္ေနတယ္လိုိ႔ ေဝဖန္ေျပာဆုိမႈေတြ ရွိတဲ့အျပင္ ေကာင္းမႈေတာ္ႀသဝါယစရီယဆရာေတာ္ေတြကုိ ႒ာပနာေဖာက္ေနတယ္လုိ႔ သြားေရာက္ေလ်ာက္ထားတုိင္းတန္းမႈေတြ ရွိတဲ့အတြက္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႕မွာေတာ့ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႔ကေန သတင္းအမွန္ ကုိ ျပန္လည္ထုတ္ျပန္ခဲ့ရတာျဖစ္ပါတယ္။

”ထုံးၿဖဴသကၤန္းကပ္စဥ္အခါက က်န္ရစ္ေနတဲ့ လုပ္ငန္းေလးတစ္ခုကုိ အေကာင္အထည္ေဖာ္တာပါ။ က်န္ရစ္တဲ့ လုပ္ငန္းတစ္ခုဆုိေတာ့ လုပ္ငန္းအသစ္လုိ မဟုတ္ဘူးၿဖစ္ေနတဲ့ အခါက်ေတာ့ ႀသဝါဒစရီယဆရာေတာ္ေတြကုိ ႀသဝါဒမခံမိတာ အမွန္ပါ။ အဲဒါကြ်န္ေတာ္တုိ႔ အားနည္းခ်က္ေလး တစ္ခုေတာ့ ဒါေလးေတာ့ ရွိပါတယ္။ အေရွ႕ဘက္မုဒ္မွာ ရွိေနတဲ့ ေရခုိေရေငြ႕ ထြက္ေပါက္ပုံစံမ်ဳိး က်န္သုံးမုဒ္မွာ ပိတ္ထားတာကုိ သြားေတြ႕ရတယ္၊ အဲဒါေတြကုိ ျပန္ဖြင့္ျခင္းပါ။ ဆရာေတာ္ႀကီးေတြအေပၚမွာ ႒ာပနာေဖာက္ပါတယ္လုိ႔ ေလ်ွာက္ထားတဲ့ပုဂၢဳိလ္ကုိ ရွာေဖြေဖာ္ထုတ္မယ္။ ေတြ႕ရွိခဲ့ရင္ လုပ္ငန္းလုပ္တဲ့အေပၚမွာ ဒီလုိပုံရိပ္မ်ဳိးမက်ေအာင္ ဝုိင္းဝန္းထိန္းသိမ္းဖုိ႕ဆုိတဲ့ ဆုိဆုံးမမႈမ်ဳိး၊ အျပဳအမႈမ်ုိးကုိ ေဆာင္ရြက္ေပးရမွာေပါ့၊”လုိ႔ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕အတြင္းေရးမွဴး ဦးသန္းထြန္းေအာင္ ကေျပာပါတယ္။

ယခင္ ေရႊေဆးသကၤန္းကပ္လွဴပူေဇာ္ခဲ့စဥ္အခါက ျပင္ပကေန မိုးေရေတြ မ၀င္ေရာက္ႏိုင္ေစဖုိ႔ ေရပိတ္လႊာေတြ ကပ္လွဴခဲ့တာေႀကာင့္ ေရေငြ႔ပ်ံႏိုင္ျခင္းမရွိတဲ့အတြက္ ေရႊေဆးေတြ အခ်ပ္လုိက္ကြာက်ျခင္း၊ ေစတီေတာ္ႀကီးရဲ႕ အဂၤေတေတြ၊ အုတ္ခ်ပ္ေတြ ေဆြးေျမ့ျခင္းတာေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

ဒါေႀကာင့္ ေကာင္းမႈေတာ္ေစတီေတာ္ႀကီး ေဆးျဖဴသကၤန္းကပ္လွဴျခင္းလုပ္ငန္း လုပ္ေဆာင္ခဲ့ရာမွာေတာ့ ေစတီေတာ္ႀကီးေရရွည္ၾကံ့ခိုင္ေစေရး အတြက္ထည့္သြင္းစဥ္းစာၿပီး လုပ္ေဆာင္ခဲ့တယ္လုိ႔ ေဂါပကအဖြဲ႕က ေျပာပါတယ္။

”ကြ်န္ေတာ္တုိ႔ ေဂါပကအဖြဲ႕သည္ ဘုရားရဲ႕ တုိးတက္ရာ တုိးတက္ေႀကာင္းနဲ႕ မွန္ကန္တဲ့ လမ္းေႀကာင္းအေပၚ ေလ်ာက္ေနတာေတာ့ အမွန္ၿဖစ္ပါတယ္၊ ဘုရားႀကီးရဲ႕ ငလ်င္ေဘးဒဏ္ ရာသီဥတုေဘးဒဏ္ေတြကုိ ဒါေတြ ေဖာက္မွသာ ကာကြယ္ႏုိင္မွ ၿဖစ္တဲ့ အတြက္ လုပ္သင့္လုပ္ထုိက္တာကုိ လုပ္တယ္ဆုိရင္ ႀသဝါဒါစရီယဆရာေတာ္ႀကီးေတြက ခြင့္ၿပဳလိမ့္မယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႕ လုပ္ခဲ့ႀကတယ္။ အခု ၿဖစ္ပ်က္လာတဲ့ အေျခအေနေတြမွာ သုံးသပ္ႀကည့္မယ္ဆုိ ႀသဝါဒစရီယဆရာေတာ္ေတြအေပၚမွာ မူမတည္ပါဘူး။ ေဘးပတ္ဝန္းက်င္က မလုိရႈ႕ေထာင္နဲ႕ တမ်ဳိးတျမင္ၿဖစ္ေအာင္လုပ္တယ္လုိ႔ ပုံစံသတ္ေရာက္ပါတယ္။ ဒီအေျခအေနနဲ႕ ပတ္သက္လုိ႔ မေန႕က ႀသဝါဒဆရာေတာ္ေတြနဲ႕ ေဆြးေႏြးရွင္းလင္းၿပီးသားပါ၊”လုိ႔ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕ဒုတိယဥကၠဌ ဦးနီတင္ကေျပာပါတယ္။

ေဆးျဖဴသကၤန္းကပ္လွဴခဲ့တဲ့အခ်ိန္မွာ ေစတီေတာ္ႀကီးေအာက္ေျခ ေက်ာက္တိုင္အတြင္း (နတ္စစ္သည္မ်ားၾကား) အေရွ႕မုခ္တည့္တည့္တြင္မူလအတိုင္း အေပါက္တစ္ခု ရွိၿပီး က်န္မုခ္ေတြမွာ ေလထြက္ေပါက္ မေတြ႕ရဘဲ အဂၤေတေတြနဲ႔ ပိတ္ဖံုးထားတာကုိ ေတြ႔ရွိခဲ့တဲ့အတြက္ က်န္မုခ္သံုးခုမွာ ေလထြက္ေပါက္ေတြ ရွိရမယ္လုိ႔ ပညာရွင္ေတြက သံုးသပ္ခဲ့ၿပီး အဲဒီအေပါက္ေတြကို ရွာေဖြဖို႔ ေဂါပကအဖြဲ႕ကုိတင္ျပခဲ့တဲ့အတြက္ ေဂါပကအဖြဲ႕က ေစတီေတာ္ႀကီးႀက့ံခိုင္ေစေရးအတြက္ ေလထြက္ေပါက္ေတြကို ရွာေဖြဖို႔ ခြင့္ျပဳခဲ့တယ္လုိ႔ သိရပါတယ္။

ရွာေဖြခဲ့တဲ့ မုခ္ (၃)မုခ္အနက္ အေနာက္မုခ္ နဲ႔ ေျမာက္မုခ္မွာ မူလ (ေရေငြ႔ပ်ံေစရန္ စီမံထားေသာ)ေလထြက္ေပါက္ေတြ႔ရွိခဲ့ၿပီး ေတာင္ဘက္မုခ္မွာေတာ့ မေတြ႔ရွိခဲ့တဲ့အတြက္ ဆက္လက္ရွာေဖြျခင္းမျပဳလုပ္ရန္ ေဂါပကအဖြဲ႕က ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီ (ေရေငြ႔ပ်ံေစရန္ စီမံထားေသာ)ေလထြက္ေပါက္ရွာေဖြရာမွာ အသစ္ေဖာက္ထြင္းေနတာမဟုတ္ဘဲ ယခင္အေဟာင္းကိုသာ ေဖာ္ထုတ္ျခင္းျဖစ္တယ္လုိ႔ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕ထံကေန သိရပါတယ္။

Photo – ေကာင္းမွဳေတာ္ဘုရားေဂါပကအဖြဲ႕
#VOM #voiceofmyanmar #စစ္ကိုင္း #ေကာင္းမွဳေတာ္ #ေလထြက္ေပါက္ေဖာက္လုပ္ျခင္း

Related posts

Leave a Comment

VOM News

FREE
VIEW