ကောင်းမှုတော်စေတီ ကြံ့ခိုင်မှုအတွက် ပထမပစ္စယံမှာ လေထွက်ပေါက်တွေ ဖောက်လုပ်ခြင်းသာဖြစ်
ကောင်းမှုတော်စေတီ ကြံ့ခိုင်မှုအတွက် ပထမပစ္စယံမှာ လေထွက်ပေါက်တွေ ဖောက်လုပ်ခြင်းသာဖြစ် စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် ပထမပစ္စယံမှာ အပေါက်များဖောက်လုပ်ခြင်းဟာ စေတီတော်ကြီး ကြံ့ခိုင်မှုရှိရေးအတွက် လေဝင်လေထွက်ရရှိစေဖို့ ဖောက်လုပ်ခြင်းဖြစ်တယ်လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။ အခုလိုလေထွက်ပေါက်တွေ ဖောက်လုပ်တာကို လူမှုကွန်ရက်မှာ ဌာပနာဖောက်နေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိတဲ့အပြင် ကောင်းမှုတော်သြဝါယစရီယဆရာတော်တွေကို ဋ္ဌာပနာဖောက်နေတယ်လို့ သွားရောက်လျောက်ထားတိုင်းတန်းမှုတွေ ရှိတဲ့အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကနေ သတင်းအမှန် ကို ပြန်လည်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ”ထုံးဖြူသင်္ကန်းကပ်စဉ်အခါက ကျန်ရစ်နေတဲ့ လုပ်ငန်းလေးတစ်ခုကို အကောင်အထည်ဖော်တာပါ။ ကျန်ရစ်တဲ့ လုပ်ငန်းတစ်ခုဆိုတော့ လုပ်ငန်းအသစ်လို မဟုတ်ဘူးဖြစ်နေတဲ့ အခါကျတော့ သြဝါဒစရီယဆရာတော်တွေကို သြဝါဒမခံမိတာ အမှန်ပါ။ အဲဒါကျွန်တော်တို့ အားနည်းချက်လေး တစ်ခုတော့ ဒါလေးတော့ ရှိပါတယ်။ အရှေ့ဘက်မုဒ်မှာ ရှိနေတဲ့ ရေခိုရေငွေ့ ထွက်ပေါက်ပုံစံမျိုး ကျန်သုံးမုဒ်မှာ ပိတ်ထားတာကို…
Read More
တောင်ရိုးအမျိုးသားနေ့ အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တက်ရောက်တဲ့အတွက် ထူးခြားတဲ့နှစ်လို့ တောင်ရိုးလူထုသတ်မှတ် အောင်ထူးနိုင်(VOM)
Read More
နယူးဒေလီက ဆန္ဒပြပွဲမှာ ၊လူ၅ဦးသေ၊ ၉၀ ကျော်ဒါဏ်ရာရ
နယူးဒေလီက ဆန္ဒပြပွဲမှာ ၊လူ၅ဦးသေ၊ ၉၀ ကျော်ဒါဏ်ရာရ ဒေလီ၊ ဖေဖော်ဝါရီ-၂၅-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဥပဒေသစ်အပေါ် ဒေလီမြို့မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေကြောင့် လူ ငါးဦးသေဆုံးပြီး ၉၀ ကျော်ဒါဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံရောက်လာသူအချို့ဟာ သေနတ်ဒါဏ်ရာတွေရရှိထားတယ်လို့ Guru Teg Bahadur ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူး ဒေါက်တာရာဂျက်ကယ်ရာက ဖေဖော်ဝါရီ ၂၅ ရက်မှာပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေအသုံးပြုခဲ့ပေမယ့် ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ အခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒေလီမြို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မလာရောက်မီ တစ်ရက်အလိုမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်နေပါတယ်။ ထရန့်နဲ့ ဝန်ကြီးချုပ်မိုဒီတို့ဟာ ဆန္ဒပြမှုတွေကြောင့် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာနဲ့ကီလိုမီတာ အနည်းအကွာရှိ နေရာတစ်ခုမှာ ဖေဖော်ဝါရီ ၂၅ ရက်မှာ…
Read More
တောင်ဇလပ်ပန်း ထိန်းသိမ်းကာကွယ်တန်ဖိုးထားတတ်စေရေးလှုပ်ရှားမှုပြုလုပ်
တောင်ဇလပ်ပန်း ထိန်းသိမ်းကာကွယ်တန်ဖိုးထားတတ်စေရေးလှုပ်ရှားမှုပြုလုပ်   ကလေးဖေဖော်ဝါရီ၂၅-၂၀၂၀ ငြိမ်းသူမင်း(VOM)     ချင်းပြည်နယ်မြောက်ပိုင်းကလူသိများထင်ရှားတဲ့ကနေဒီ တောင်တန်းမှာပေါက်နေတဲ့တောင်ဇလပ်ပန်းပွင့်တွေတောင်ဇလပ်ပင်တွေကိုမခူးဖို့ကိုင်းမချိုးဖို့ဆိုတဲ့တောင်ဇလပ်ပန်းများထိန်းသိမ်းကာကွယ်တန်ဖိုးထားတတ်စေဖို့ဆိုပြီးလှုပ်ရှားမှုကို လမ်းဆုံတွေမှာပြုလုပ်နေပါတယ်။   ဒေသခံလူငယ်ချင်းတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့တောင်ဇလပ်ပန်းချစ်သူများအသင်းဥက္ကဌဦးပေါင်လမ့်ထန်က   “လှုပ်ရှားမှုအနေနဲ့တောင်ဇလပ်ပန်းများကိုမခူးဘဲထိန်းသိမ်းကာကွယ်တန်ဖိုးထားဆိုတဲ့စာသားပါတဲ့စတေကာတွေကိုကားတွေဆိုင်ကယ်တွေမှာလိုက်လံကပ်ပေးနေတာပါ။အဲ့ဒီလိုကပ်တဲ့အခါမှာချင်းပြည်နယ်တီးတိန်မြို့နယ်အတွင်းကကလေး-တီးတိန်-ဖလမ်းသွားတဲ့လမ်းဆုံလမ်းခွရွာမှာရှိတဲ့သိုင်းငင်ကျေးရွာမှာဖေဖော်ဝါရီလ၂၄ရက်နေ့ကနေစတင်ပြီးတော့ဒီနေ့အထိနှစ်ရက်အကြာလှုပ်ရှာမှုပြုလုပ်နေတာပါ”  လို့ ပြောပါတယ် ။   ဒီလှုပ်ရှားမှုမှာပါဝင်တဲ့မသွယ်နိုးက” ဒီလိုလုပ်လိုက်လို့တောင်ဇလပ်ပန်းခူးတာတို့ခုတ်တာတို့မလုပ်ရဘူးဆိုတာသိသွားကြမယ်။ ဒီလိုဆိုရင်ခူးတာခုတ်တာချိုးတာမလုပ်ကြတော့ဘူးမျှော်လင့်ပြီးတော့ဒီလှုပ်ရှားမှုမှာပါဝင်တာပါ”လို့ပြောပါတယ်။   ချင်းပြည်နယ်ကကနေဒီတောင်တန်းဟာဆိုရင်ပင်လယ်ရေမျက်နှာပြင်အမြင့်ပေခြောက်ထောင်ကျော်ရှိပြီးတောင်ဇလပ်ပန်းတွေပွင့်လန်းတာသွယ်တန်းနေတဲ့တောင်စွယ်မြင့်မြင့်ကြီးတွေကိုလှမ်းမြင်ရတဲ့ရှု့မငြီးတဲ့မြင်ကွင်းတွေကြောင့်ပွင့်လင်းရာသီကာလမှာခရီးသွားဧည့်သည်တွေအများအပြားလာရောက်ကြပါတယ်။   အဲ့ဒီလိုလာရောက်ကြရာမှာတစ်ချို့တွေကပန်းပွင့်တွေကိုခူးတာကိုင်းတွေကိုချိုးတာလုပ်ကြပါတယ်။ ဒေသခံအချို့ကလည်းတောင်ဇလပ်ပင်တွေကိုထင်းအဖြစ်အသုံးပြုဖို့ခုတ်တာတွေပြုလုပ်ကြပါတယ်။ အဲ့ဒီလိုလုပ်လိုက်တယ်ဆိုရင်သဘာဝအလျောက်ပေါက်ရောက်နေတဲ့ပန်းတွေလျော့နည်းလာပြီးချင်းပြည်နယ်ရဲ့အထိမ်းအမှတ်ဖြစ်တဲ့တောင်ဇလပ်ပန်းတွေလျော့နည်းလာမှာကိုစိုးရိမ်ကြတဲ့ဒေသခံလူငယ်တွေကလှုပ်ရှားမှုတွေပြုလုပ်နေကြတာပါ။   #VOICEOFMYANMAR  #VOM #တောင်ဇလပ်ပန်း #ချင်ပြည်နယ် zawgyi တောင်ဇလပ်ပန်း ထိန်းသိမ်းကာကွယ်တန်ဖိုးထား တတ်စေရေး လှုပ်ရှားမှု ပြုလုပ် ကလေး ဖေဖော်ဝါရီ ၂၅-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ် မြောက်ပိုင်းက လူသိများ ထင်ရှားတဲ့ ကနေဒီ တောင်တန်းမှာ ပေါက်နေတဲ့ တောင်ဇလပ်ပန်းပွင့်တွေ တောင်ဇလပ်ပင်တွေကို မခူးဖို့ ကိုင်းမချိုးဖို့ ဆိုတဲ့ တောင်ဇလပ်ပန်းများ ထိန်းသိမ်းကာကွယ်တန်ဖိုးထား တတ်စေဖို့ ဆိုပြီး လှုပ်ရှားမှုကို လမ်းဆုံတွေမှာပြုလုပ်နေပါတယ်။ ဒေသခံလူငယ်…
Read More
ရသေ့တောင်က စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပစ္စည်တွေဖောက်ထွင်းယူခံရ
ရသေ့တောင်က စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပစ္စည်တွေဖောက်ထွင်းယူခံရ ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၅ – ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက၊ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာမှာ နေအိမ်တွေကို ရွာသူရွာသားတွေမရှိခိုက် ဝင်ရောက်မွေနှောက်ပြီး ပစ္စည်တွေယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့က ကျေးရွာသားတွေရွာကိုသွားရောက်ကြည့်ရှူစဉ် သိခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီ ငတောက်တူချေကျေးရွာက အိုး၊ခွက်၊ အိမ်တိုင်တွေကအစ ယူဆောင်သွားတယ်လို့ ဒေသခံ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” အိုးတွေ၊ ခွက်တွေ၊ အဝတ်တွေ၊ ဓားတွေ၊ အိမ်တိုင်တွေ၊ အစအကုန်ယူသွားတယ်။ အိမ်တိုင်တွေ ယူသွားတာက တစ်အိမ်မှာတော့အကုန်ယူသွားတယ်။ နောက်တစ်အိမ်မှာက အိမ်တိုင် ၄ လုံးယူသွားတယ်လို့ ပြောတယ်။ လူတွေက ရွာထဲမှာမအိပ်ရဲ ဘူး။ ရွာအနီးက တောစပ်နားမှာ…
Read More
တရုတ်မြန်မာနယ်စပ် ကျောက်စိမ်းဈေးကွက်တွေ ပြန်ဖွင့်ပြီ
တရုတ်မြန်မာနယ်စပ် ကျောက်စိမ်းဈေးကွက်ပြန်အသက်ဝင်ပြီ မူဆယ် ဖေဖေါ်ဝါရီ ၂၅-၂၀၂၀ ပြည့်စုံ (VOM) မြန်မာ တရုတ်နယ်စပ် ခရီးသွားပြည်သူတွေအတွက် တရုတ်နိုင်ငံ ကျယ်ဂေါင်၊ရွှေလီမြို့များမှာ TAXI များပြန်လည်ပြေးဆွဲပေးနေပြီး ဈေးဆိုင်ခန်းတချို့နှင့် မြန်မာကျောက်ဝိုင်းတချို့ပြန်လည်ဖွင့်လှစ်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာရှိတဲ့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ်များဖြစ်တဲ့ ဆင်ဖြူ နန်းတော် မန့်ဝန်း ကျင်စန်းကျော့ ပန်ဆိုင်း(ကြူကုတ်) မုံးကိုး မန့်ဟီးရိုး နောင်တိန်း မန့်ဟောင်းတို့ကနေ မြန်မာနိုင်ငံထဲကိုပြန်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားဦးရေဟာ နေ့စဉ် ၁၀၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ကနေ တရုတ်နိုင်ငံထဲသို့ ပြန်လည် ထွက်သွားတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ခန့်ရှိနေပါတယ်။ အခုလို မြန်မာကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကြေးမုံကျောက်ဝိုင်းမန်နေဂျာ ဒေါ်ဖြူက ယခုလိုပြောပါတယ်။ ကျောက်စိမ်းဝိုင်းတွေ ၂၃ ရက်နေ့ပြန်ဖွင့်ပါပြီ၊ ပိတ်ထားတာကြာတော့ အရောင်းအဝယ်တွေအထိုက်အလျောက်ဖြစ်ပါတယ်။ကျောက်ဝိုင်းလာခင်းတဲ့သူတွေလည်းများပါတယ်၊။ကျောက်ဝိုင်းဈေးဆိုင်ခန်း ၂ ‌ခုတော့ပြန်ဖွင့်ပါပြီလို့ VOM ကိုပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက တရုတ်နှစ်သစ်ကူးကာလအတွင်းဖြစ်ပွားပြန့်နှံခဲ့သော ကိုရိုနာ (ကိုဗက်-၁၉) ဖြစ်ပွားမှုကြောင့် ဇန်နဝါရီလ ၂၅…
Read More
VOM News
FREE
VIEW