တရုတ်မြန်မာနယ်စပ် ကျောက်စိမ်းဈေးကွက်တွေ ပြန်ဖွင့်ပြီ

တရုတ်မြန်မာနယ်စပ် ကျောက်စိမ်းဈေးကွက်ပြန်အသက်ဝင်ပြီ

မူဆယ် ဖေဖေါ်ဝါရီ ၂၅-၂၀၂၀
ပြည့်စုံ (VOM)

မြန်မာ တရုတ်နယ်စပ် ခရီးသွားပြည်သူတွေအတွက် တရုတ်နိုင်ငံ ကျယ်ဂေါင်၊ရွှေလီမြို့များမှာ TAXI များပြန်လည်ပြေးဆွဲပေးနေပြီး ဈေးဆိုင်ခန်းတချို့နှင့် မြန်မာကျောက်ဝိုင်းတချို့ပြန်လည်ဖွင့်လှစ်လျက်ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာရှိတဲ့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ်များဖြစ်တဲ့ ဆင်ဖြူ နန်းတော် မန့်ဝန်း ကျင်စန်းကျော့ ပန်ဆိုင်း(ကြူကုတ်)
မုံးကိုး မန့်ဟီးရိုး နောင်တိန်း မန့်ဟောင်းတို့ကနေ မြန်မာနိုင်ငံထဲကိုပြန်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားဦးရေဟာ နေ့စဉ် ၁၀၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ကနေ တရုတ်နိုင်ငံထဲသို့ ပြန်လည် ထွက်သွားတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ခန့်ရှိနေပါတယ်။

အခုလို မြန်မာကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကြေးမုံကျောက်ဝိုင်းမန်နေဂျာ ဒေါ်ဖြူက ယခုလိုပြောပါတယ်။

ကျောက်စိမ်းဝိုင်းတွေ ၂၃ ရက်နေ့ပြန်ဖွင့်ပါပြီ၊ ပိတ်ထားတာကြာတော့ အရောင်းအဝယ်တွေအထိုက်အလျောက်ဖြစ်ပါတယ်။ကျောက်ဝိုင်းလာခင်းတဲ့သူတွေလည်းများပါတယ်၊။ကျောက်ဝိုင်းဈေးဆိုင်ခန်း ၂ ‌ခုတော့ပြန်ဖွင့်ပါပြီလို့ VOM ကိုပြောပါတယ်။

တရုတ်နိုင်ငံအစိုးရက တရုတ်နှစ်သစ်ကူးကာလအတွင်းဖြစ်ပွားပြန့်နှံခဲ့သော ကိုရိုနာ (ကိုဗက်-၁၉) ဖြစ်ပွားမှုကြောင့် ဇန်နဝါရီလ ၂၅ နောက်ပိုင်းလူစည်ကားရာနေရာများဖြစ်သော ဈေး ကျောင်း စားသောက်ဆိုင် ပန်ခြံများအပြင် သွားလာမှု့များကန့်သက်ပိတ်ပင်လိုက်သောကြောင့် ကျောက်ဝိုင်းများလည်းပိတ်ခဲ့ရကြောင်းသိရှိရပါတယ်။

ကျောက်ဝိုင်း တွေပိတ်ခဲ့ရပေမယ့် အခုပြန်ဖွင့်တော့ ထိခိုက်မှုတွေသိပ်မရှိပါဘူး၊ ဖွင့်ဖွင့်ခြင်းမှာဘဲ အကောင်းအဝယ်တွေပြန်ဖြစ်သလို ၊ဝယ်လက်မိတ်ဆွေတွေကလည်း ကျောက်တွေလာယူကြတဲ့အတွက် ကြီးကြီးမားမားထိခိုက်မှုမရှိပါဘူးဟု မစ္စရန်ရိုက VOM ကိုပြောပါတယ်။

#voiceofmyanmar #VOM #တရုတ်မြန်မာကျောက်စိမ်းဈေးကွက်

zawgyi

 

တရုတ္ျမန္မာနယ္စပ္ ေက်ာက္စိမ္းေစ်းကြက္ျပန္အသက္ဝင္ျပီ

မူဆယ္ ေဖေဖၚဝါရီ ၂၅-၂၀၂၀
ျပည့္စံု (VOM)

ျမန္မာ တ႐ုတ္နယ္စပ္ ခရီးသြားျပည္သူေတြအတြက္ တ႐ုတ္ႏိုင္ငံ က်ယ္ေဂါင္၊ေ႐ႊလီၿမိဳ႕မ်ားမွာ TAXI မ်ားျပန္လည္ေျပးဆြဲေပးေနၿပီး ေဈးဆိုင္ခန္းတခ်ိဳ႕ႏွင့္ ျမန္မာေက်ာက္ဝိုင္းတခ်ိဳ႕ျပန္လည္ဖြင့္လွစ္လ်က္ရွိပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္အတြင္းမွာရွိတဲ့ ႏွစ္ႏိုင္ငံျပည္ဝင္ျပည္ထြက္စစ္ေဆးေရးဂိတ္မ်ားျဖစ္တဲ့ ဆင္ျဖဴ နန္းေတာ္ မန႔္ဝန္း က်င္စန္းေက်ာ့ ပန္ဆိုင္း(ၾကဴကုတ္)
မုံးကိုး မန႔္ဟီး႐ိုး ေနာင္တိန္း မန႔္ေဟာင္းတို႔ကေန ျမန္မာႏိုင္ငံထဲကိုျပန္ဝင္ေရာက္လာတဲ့ျမန္မာႏိုင္ငံသားဦးေရဟာ ေန႔စဥ္ ၁၀၀၀၀ ခန႔္ရွိၿပီး ျမန္မာႏိုင္ကေန တ႐ုတ္ႏိုင္ငံထဲသို႔ ျပန္လည္ ထြက္သြားတဲ့ ျမန္မာႏိုင္ငံသား ၅၀၀၀ ခန႔္ရွိေနပါတယ္။

အခုလို ျမန္မာေက်ာက္ဝိုင္းျပန္လည္ဖြင့္လွစ္ရျခင္းႏွင့္ပတ္သက္၍ ေၾကးမုံေက်ာက္ဝိုင္းမန္ေနဂ်ာ ေဒၚျဖဴက ယခုလိုေျပာပါတယ္။

ေက်ာက္စိမ္းဝိုင္းေတြ ၂၃ ရက္ေန႔ျပန္ဖြင့္ပါၿပီ၊ ပိတ္ထားတာၾကာေတာ့ အေရာင္းအဝယ္ေတြအထိုက္အေလ်ာက္ျဖစ္ပါတယ္။ေက်ာက္ဝိုင္းလာခင္းတဲ့သူေတြလည္းမ်ားပါတယ္၊။ေက်ာက္ဝိုင္းေဈးဆိုင္ခန္း ၂ ‌ခုေတာ့ျပန္ဖြင့္ပါၿပီလို႕ VOM ကိုေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအစိုးရက တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္းျဖစ္ပြားျပန႔္ႏွံခဲ့ေသာ ကို႐ိုနာ (ကိုဗက္-၁၉) ျဖစ္ပြားမႈေၾကာင့္ ဇန္နဝါရီလ ၂၅ ေနာက္ပိုင္းလူစည္ကားရာေနရာမ်ားျဖစ္ေသာ ေဈး ေက်ာင္း စားေသာက္ဆိုင္ ပန္ၿခံမ်ားအျပင္ သြားလာမႈ႕မ်ားကန႔္သက္ပိတ္ပင္လိုက္ေသာေၾကာင့္ ေက်ာက္ဝိုင္းမ်ားလည္းပိတ္ခဲ့ရေၾကာင္းသိရွိရပါတယ္။

ေက်ာက္ဝိုင္း ေတြပိတ္ခဲ့ရေပမယ့္ အခုျပန္ဖြင့္ေတာ့ ထိခိုက္မႈေတြသိပ္မရွိပါဘူး၊ ဖြင့္ဖြင့္ျခင္းမွာဘဲ အေကာင္းအဝယ္ေတြျပန္ျဖစ္သလို ၊ဝယ္လက္မိတ္ေဆြေတြကလည္း ေက်ာက္ေတြလာယူၾကတဲ့အတြက္ ႀကီးႀကီးမားမားထိခိုက္မႈမရွိပါဘူးဟု မစၥရန္႐ိုက VOM ကိုေျပာပါတယ္။

#voiceofmyanmar #VOM #တရုတ္ျမန္မာေက်ာက္စိမ္းေစ်းကြက္

Related posts

Leave a Comment

VOM News

FREE
VIEW