ရသေ့တောင်က စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပစ္စည်တွေဖောက်ထွင်းယူခံရ

ရသေ့တောင်က စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပစ္စည်တွေဖောက်ထွင်းယူခံရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၅ – ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက၊ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာမှာ နေအိမ်တွေကို ရွာသူရွာသားတွေမရှိခိုက် ဝင်ရောက်မွေနှောက်ပြီး ပစ္စည်တွေယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့က ကျေးရွာသားတွေရွာကိုသွားရောက်ကြည့်ရှူစဉ် သိခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ငတောက်တူချေကျေးရွာက အိုး၊ခွက်၊ အိမ်တိုင်တွေကအစ ယူဆောင်သွားတယ်လို့ ဒေသခံ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

” အိုးတွေ၊ ခွက်တွေ၊ အဝတ်တွေ၊ ဓားတွေ၊ အိမ်တိုင်တွေ၊ အစအကုန်ယူသွားတယ်။ အိမ်တိုင်တွေ ယူသွားတာက တစ်အိမ်မှာတော့အကုန်ယူသွားတယ်။ နောက်တစ်အိမ်မှာက အိမ်တိုင် ၄ လုံးယူသွားတယ်လို့ ပြောတယ်။ လူတွေက ရွာထဲမှာမအိပ်ရဲ
ဘူး။ ရွာအနီးက တောစပ်နားမှာ တဲတွေဆောက်ပြီးအိပ်ရတယ်။ အဲ့ဒီတဲတွေကို အကုန် မီးရှိူ့ပစ်ခဲ့တယ်။” လို့ မမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲ့ ငတောက်တူချေရွာမှာ ရွာသစ်နဲ့ရွာဟောင်းပေါင်းပြီး အိမ်ခြေ (၁၀၀) ကျော်လောက်ရှိရာ အိမ်ခြေ ၅၀ ခန့်က ပစ္စည်းတွေ၊ လူအသုံးအဆောင်တွေကို ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

” ကျမတို့မှာက အဝတ်ရေ၊ ဆိုင်ဝန်ပစ္စည်းတွေရေ၊ ဓားအဲ့ဒါတွေပါသွားတယ်။ အဲ့ဒီလို ဝင်ရောက်မွေနှောက်ပြီး ပစ္စည်းတွေခိုးသွားတာ အိမ်ပေါင်း ၅၀ ကျော်လောက် ရှိတယ်။ စစ်သားတွေ တွေလုပ်ပစ်ခဲ့တာထင်တယ်။ အိမ်တွေကိုတော့ မဖြိုခဲ့ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူ း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှု မရှိခဲ့ပါ။

ယခုလိုမျိုး ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာမှာ နေအိမ်တွေ ဖောက်ထွင်း၊ ပစ္စည်းတွေအခိုးခံရတာ မှန်ကန်ပြီး အဲ့ဒီကျေးရွာကလူတွေ သတင်းပေးလာတယ်လို့ အမျိးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကVOM သို့ပြောပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်စစ်ဘေးရှောင်

ရေသ့ေတာင္က စစ္ေဘးေရွာင္ေတြရဲ႕ ေနအိမ္ေတြ ပစၥည္ေတြေဖာက္ထြင္းယူခံရ

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၂၅ – ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ငေတာက္တူေခ်ေက်းရြာမွာ ေနအိမ္ေတြကို ရြာသူရြာသားေတြမရိွခိုက္ ဝင္ေရာက္ေမြေႏွာက္ၿပီး ပစၥည္ေတြယူေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ၿပီး မေန႔က ေက်းရြာသားေတြရြာကိုသြားေရာက္ၾကည့္ရႉစဥ္ သိခဲ့ရတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲ့ဒီ ငေတာက္တူေခ်ေက်းရြာက အိုး၊ခြက္၊ အိမ္တိုင္ေတြကအစ ယူေဆာင္သြားတယ္လို႔ ေဒသခံ အမည္မေဖာ္လိုတဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

” အိုးေတြ၊ ခြက္ေတြ၊ အဝတ္ေတြ၊ ဓားေတြ၊ အိမ္တိုင္ေတြ၊ အစအကုန္ယူသြားတယ္။ အိမ္တိုင္ေတြ ယူသြားတာက တစ္အိမ္မွာေတာ့အကုန္ယူသြားတယ္။ ေနာက္တစ္အိမ္မွာက အိမ္တိုင္ ၄ လံုးယူသြားတယ္လို႔ ေျပာတယ္။ လူေတြက ရြာထဲမွာမအိပ္ရဲ
ဘူး။ ရြာအနီးက ေတာစပ္နားမွာ တဲေတြေဆာက္ၿပီးအိပ္ရတယ္။ အဲ့ဒီတဲေတြကို အကုန္ မီးရိႉ႕ပစ္ခဲ့တယ္။” လို႔ မမည္မေဖာ္လိုတဲ႔ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

အဲ႔ ငေတာက္တူေခ်ရြာမွာ ရြာသစ္နဲ႔ရြာေဟာင္းေပါင္းၿပီး အိမ္ေျခ (၁၀၀) ေက်ာ္ေလာက္႐ွိရာ အိမ္ေျခ ၅၀ ခန္႔က ပစၥည္းေတြ၊ လူအသံုးအေဆာင္ေတြကို ယူေဆာင္သြားတာျဖစ္တယ္လို႔သိရပါတယ္။

” က်မတို႔မွာက အဝတ္ေရ၊ ဆိုင္ဝန္ပစၥည္းေတြေရ၊ ဓားအဲ့ဒါေတြပါသြားတယ္။ အဲ့ဒီလို ဝင္ေရာက္ေမြေႏွာက္ၿပီး ပစၥည္းေတြခိုးသြားတာ အိမ္ေပါင္း ၅၀ ေက်ာ္ေလာက္ ႐ွိတယ္။ စစ္သားေတြ ေတြလုပ္ပစ္ခဲ႔တာထင္တယ္။ အိမ္ေတြကိုေတာ့ မၿဖိဳခဲ့ဘူး။” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴ း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုမႈ မ႐ွိခဲ့ပါ။

ယခုလိုမ်ိဳး ရေသ့ေတာင္ၿမိဳ႕နယ္ ငေတာက္တူေခ်ေက်းရြာမွာ ေနအိမ္ေတြ ေဖာက္ထြင္း၊ ပစၥည္းေတြအခိုးခံရတာ မွန္ကန္ၿပီး အဲ့ဒီေက်းရြာကလူေတြ သတင္းေပးလာတယ္လို႔ အမ်ိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ ကVOM သို႔ေျပာပါတယ္။

#voiceofmyanmar #VOM #ရေသ႕ေတာင္စစ္ေဘးေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW