နေပြည်တော်မှာ မူကြိုကလေးအချင်းချင်း မဖွယ်မရာပြုကျင့်မှုဖြစ်ပွား

နေပြည်တော်မှာ မူကြိုကလေးအချင်းချင်း မဖွယ်မရာပြုကျင့်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆-၂၀၂၀
Voice Of Myanmar

နေပြည်တော်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ရက်နေ့က မူကြိုကျောင်းသူ အသက်(၄)နှစ် (၄)လအရွယ်ကို အတန်းအတူတက်တဲ့ အသက်အရွယ်တူ မူကြိုကျောင်းသားက အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့လို့ အမှုဖွင့်တိုင်တန်းမှုတွေရှိတဲ့အကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းကနေ သိရပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာထားတဲ့သမီးဖြစ်သူကို မိခင်ဖြစ်သူက ရေချိုးပေးနေချိန် မိန်းမကိုယ်နာတယ်လို့ မေးမြန်းတဲ့အခါ မူကြိုကျောင်းမှာ အိပ်ရာမှနိုးတဲ့အချိန် တစ်ခန်းတည်းအတူ မူကြိုတက်ရောက်နေတဲ့ အသက်တူ ယောကျာၤးလေးကျောင်းသားက ကာမဆက်ယှက်တဲ့ပုံစံအတိုင်းလုပ်ခဲ့တယ်လို့ပြောကြောင်းနဲ့ တခြားအတန်းဖေါ်တွေက “ကရော် ကရော်” ရှက်ပါတယ်ဟု ဝိုင်းပြောကြကြောင်း ပြန်လည် ပြောပြသိရှိခဲ့တာ့ကြောင့်
မိခင်ဖြစ်သူက ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းကို လာရောက်အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။

သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူကို ဗီအိုအမ်က ဆက်သွယ်မေးကြည့်တော့ “ ဒီဖြစ်စဉ်ဟုတ်ပါတယ်။ ဒီကိစ္စ လျို့ဝက်အနေနဲ့ ဌာနပေါင်းစုံက စစ်ဆေးနေပြီး နှစ်ဘက်ညှိနိုင်းပြီး အရမ်းငယ်တဲ့ကလေးတွေမို့ ပြစ်မှုမြောက် မမြောက် ဆွေးနွေးနေဆဲ” လို့ ဆိုပါတယ်။

ရဲစခန်းကတော့ ဒီဖြစ်စဉ်ကို (ပ) ၁၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ ကနဦး အမှုလက်ခံဖွင့်ဆောင်ရွက်ထားပြီး ကာယကံရှင် မိန်းကလေးငယ်ကို ခုတင် ၁၀၀၀ ဆေးရုံမှာ ဆေးစာနဲ့ ပို့ပေးတာ၊ သက်ဆိုင်တဲ့ မူကြိုကျောင်းကို သက်သေရှာဖွေတာတွေနဲ့ မဖွယ်မရာလုပ်တဲက ယောကျာၤးလေးကို စစ်ဆေးမှု လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲစခန်းကနေ စုံစမ်းသိရပါတယ်။

သက်ဆိုင်ရာကျောင်းကိုနဲ့ မိဘတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

#VOICEOFMYANMAR #VOM #နေပြည်တော် #ကလေးချင်းမဖွယ်မရာပြုလုပ်

Zawgyi


Voice Of Myanmar


လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာထားတဲ့သမီးဖြစ်သူကို မိခင်ဖြစ်သူက ရေချိုးပေးနေချိန် မိန်းမကိုယ်နာတယ်လို့ မေးမြန်းတဲ့အခါ မူကြိုကျောင်းမှာ အိပ်ရာမှနိုးတဲ့အချိန် တစ်ခန်းတည်းအတူ မူကြိုတက်ရောက်နေတဲ့ အသက်တူ ယောကျာင်္းလေးကျောင်းသားက ကာမဆက်ယှက်တဲ့ပုံစံအတိုင်းလုပ်ခဲ့တယ်လို့ပြောကြောင်းနဲ့ တခြားအတန်းဖေါ်တွေက “ကရော် ကရော်” ရှက်ပါတယ်ဟု ဝိုင်းပြောကြကြောင်း ပြန်လည် ပြောပြသိရှိခဲ့တာ့ကြောင့်


ရဲစခန်းကတော့ ဒီဖြစ်စဉ်ကို (ပ) ၁၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ ကနဦး အမှုလက်ခံဖွင့်ဆောင်ရွက်ထားပြီး ကာယကံရှင် မိန်းကလေးငယ်ကို ခုတင် ၁၀၀၀ ဆေးရုံမှာ ဆေးစာနဲ့ ပို့ပေးတာ၊ သက်ဆိုင်တဲ့ မူကြိုကျောင်းကို သက်သေရှာဖွေတာတွေနဲ့ မဖွယ်မရာလုပ်တဲက ယောကျာင်္းလေးကို စစ်ဆေးမှု လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲစခန်းကနေ စုံစမ်းသိရပါတယ်။



Related posts

Leave a Comment

VOM News

FREE
VIEW