မျက်ကန်းတစ္ဆေမကြောက် ဆိုသော်ငြား မိုးပြိုရင်တော့ အများ

မျက်ကန်းတစ္ဆေမကြောက် ဆိုသော်ငြား မိုးပြိုရင်တော့ အများ

ကိုရိုနာ ဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ အပြင်ဖက် အနည်းဆုံး ၄၇ နိုင်ငံကို ကူးစက်တာရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။
အန္တာတိက တိုက်ကလွဲလို့ ကျန် တိုက်ကြီးတွေဆီက နိုင်ငံတွေဆီ ပျံ့နှံ့နေတယ်လို့ WHO က ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၀၀ ကျော်လာပြီး သေဆုံးသူ ၉ ဦး ရှိနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံက မတ်လ အထိ စာသင်ကျောင်းတွေကို ပိတ်ဖို့ ကြေငြာလိုက်ပါပြီ။ ဒါ့အပြင် လာမယ့် ဂျူလိုင်လ ၂၄ ရက်နေ့မှာ ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အိုလံပစ် ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။

တရုတ်နိုင်ငံ အပါအဝင် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၁၀၀၀ ကျော် ဖြစ်လာပြီး၊ သေဆုံးသူ ဦးရေ ၃၀၀၀ နီးပါး ဖြစ်လာနေပါတယ်။

အီတလီနိုင်ငံ မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ရုတ်တရက် ၄၀၀ ကျော် ဖြစ်သွားခဲ့တာကြောင့် နိုင်ငံတွင်း စိုးရိမ်မှုတွေ မြင့်တက်လာပြီး အီတလီနိုင်ငံ မြောက်ပိုင်းကို မသွားကြဖို့၊ လူစုလူဝေးတွေ၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ဖို့ ထုတ်ပြန်ထားပါတယ်။ ဗင်းနစ်မြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့၊ နိုင်ငံတကာ ခရီးသွားတွေ အထူးစိတ်ဝင်တစား လာကြည့်လေ့ရှိတဲ့၊ ကာနီဗယ်လ် ပွဲတော်ကိုလည်း ဖျက်လိုက်ပါတယ်။

ရောဂါကူးစက်မှု မြင့်လာနေတဲ့ အီတလီနိုင်ငံမြောက်ပိုင်းမှာတော့ အိမ်ကို မှာယူလို့ ရတဲ့ delivery service တွေကိုပဲ သုံးပြီး လိုအပ်တာတွေကို ဝယ်ယူကြဖို့ အိမ်ပြင်ထွက်ချိန်ကို ကန့်သတ် သတ်မှတ်ထားပြီး အိမ်ပြင်ထွက်ရင် ထောင် ၆ လ ချမယ်လို့ အမိန့်ထုတ်ထားတဲ့အထိ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်နိုင်ငံတို့ဟာ သူတို့ဆီမှာ သိပ်မကြာခင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဦးရေ တိုးလာနိုင်တယ်လို့ မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာကြပါတယ်။ ဒိန်းမတ်နိုင်ငံမှာလည်း ရောဂါကူးစက်ခံရတဲ့ အခြေအနေတွေ တွေ့လာနေတယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ အီရန်နိုင်ငံမှာ ၁၄၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ရှိလာသလို၊ အီရတ်၊ ဘာရိန်း၊ UAE နိုင်ငံတို့က သူတို့ဆီကို ပြန့်နှံ့လာမယ့် အရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။ ဆော်ဒီအာရေးဗျ နိုင်ငံကတော့ သူ့နိုင်ငံသားတွေကို မက္ကာနဲ့ မက်ဒီနာလို့ ဘာသာရေး အထင်ကရ နေရာတွေ၊ လူစုဝေးများမယ့် နေရာဒေသတွေကို သွားလည်ပတ်တဲ့ ခရီးစဉ်တွေကို ပိတ်ပင်လိုက်ပါတယ်။

အာရှတိုက်ထဲမှာကတော့ ရုတ်ချည်းဆိုသလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေ ၁၇၀၀ ကျော်အထိ မြင့်တက်လာနေပြီး ၁၃ ဦး သေဆုံးမှု ရှိနေတဲ့ တောင်ကိုးရီးယားနိုင်ငံမှာလည်း ရောဂါပြန့်နှံ့မှုအန္တရာယ်ကို ကာကွယ်ဖို့ လူစုလူဝေးတွေကို ရှောင်ရှားဖို့၊ ခရီးသွားလာတာတွေကို စဉ်းစားပြီး ဖျက်သင့်တာဖျက်ဖို့ ညွှန်ကြားထားတာတွေ ရှိပြီ ဈေးတွေ၊ ဆိုင်တွေမှာ စားသောက်ကုန်တွေ၊ အိမ်သုံးပစ္စည်းတွေ ပြတ်လပ်တဲ့အထိ လူတွေ ဝယ်ယူစုဆောင်းမှုတွေ လုပ်လာနေကြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀ အထိ တိုးမြင့်လာနေတာကြောင့် ထိုင်းကျန်းမာရေးဝန်ကြီးက ပြည်ပခရီး၊ အထူးသဖြင့် ရောဂါကူးစက်မှု ဖြစ်နေတဲ့ နိုင်ငံတွေဆီ လုံးဝ မသွားကြဖို့တိုက်တွန်းထားပါတယ်။ ရောဂါကူးစက်ခံရသူထဲက ၈ နှစ်အရွယ် ကလေးငယ် တက်ခဲ့တဲ့ ဘန်ကောက်မြို့၊ ဒုံမောင်းခရိုင်ထဲက ကျောင်းသား ၂၅၀၀ ကျော်ရှိတဲ့ ကျောင်းကိုလည်း ၁၄ ရက် ကျောင်းပိတ်ဖို့ ညွှန်ကြားခဲ့ပြီး ကျောင်းထဲမှာ ပိုးသတ်ဆေးဖြန်းတာ၊ ကျောင်းသူကျောင်းသားတွေကို ကျန်းမာရေး စောင့်ကြည့်တာတွေ လုပ်နေပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် စကော့မောရီစန် က ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကမ္ဘာအဝှမ်းခြိမ်းခြောက်လာမယ့် ကပ်ရောဂါ တခုအသွင်လို သဘောထားပြီး သူ့နိုင်ငံထဲမှာတော့ ဒီရောဂါကာကွယ်ထိန်းချုပ်ရေးတွေကို အရေးပေါ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ သြစတြေးလျမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၂ ဦး ရှိခဲ့ပြီး သေဆုံးမှု မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတာနဲ့ ရောဂါဒဏ် ခံစားရဖို့ အစပျိုးကာလဟာ ၂၄ ရက် အနည်းဆုံး ကြာမြင့်နိုင်တယ်ဆိုတဲ့ သုတေသန ပြုချက်ထွက်လာပြီးတဲ့နောက် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ဒီရောဂါပိုးဟာ မြန်မာနိုင်ငံတွင်းမှာ အချိန်မရွေး တွေ့ရှိလာနိုင်သလို၊ ရောဂါကူးစက်ခံရသူအရေအတွက် ရုတ်ချည်းတိုးလာတာမျိုးတွေလည်း ဖြစ်လာနိုင်ကြောင်း၊ ဒါကြောင့် ပြည်သူလူထုအနေနဲ့ လူထုထပ်တဲ့နေရာတွေနဲ့ လူစုလူဝေးတွေကို အတတ်နိုင်ဆုံး ရှောင်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့၊ ရောဂါလက္ခဏာ သံသယရှိရင် နီးစပ်ရာ ကျန်းမာရေး ဌာနတွေဆီ ချက်ခြင်းသွားဖို့၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါလက္ခဏာ သံသယရှိသူကိုတွေ့ရင် ကျန်းမာရေးဌာနတွေကို အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ပြည်သူလူထုထဲမှာ အလေးထားလိုက်နာတဲ့သူနည်းသလို ပြည်ထောင်စုအစိုးရကိုယ်တိုင်လည်း လူစုလူဝေးလုပ်တဲ့ကိစ္စ လျှော့တာ ၊ လျှော့ဖို့ အမိန့်စာထုတ်တာမျိုးမတွေ့ရတဲ့အတွက် တကယ်လို့ ဖြစ်လာခဲ့ရင် ဖြစ်နေရင် အထူးစိုးရိမ်ရတဲ့ အနေအထားပါ။

တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာတောင် ဒီဗိုင်းရပ်စ်ကို ထိမ်းသိမ်းနိုင်ဖို့ လချီကြာတာမို့ မြန်မာနိုင်ငံလို နိုင်ငံအဖို့ အထူးသတိထားသင့်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ရင် လူဦးရေ သန်း ၅၀ကျော်ရှိနိုင်ငံအတွက် ဘယ်မှာလဲ နားခေါင်းစွပ်၊ ဘယ်မှာလဲ စားသောက်ဖွယ်ရာ ။ မြန်မာနိုင်ငံမှာ တခုခုဖြစ်ရင် ဝိသမလောဘသားတွေရဲ့ အဆမတန် ဈေးတင်ရောင်းတတ်တဲ့အကျင့်တွေကြောင့် တကယ်လို့သာ ဒီရောဂါမြန်မာပြည်မှာ ကူးစက်ပြီဆိုရင် တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်နိုင်တာကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ အထူးအလေးပေး ဆောင်ရွက်သင့်ကြောင့် ဗီအိုအမ် အယ်ဒီတာအာဘော်ကဏ္ဍကနေ တိုက်တွန်းလိုက်ရပါတယ်။

VOM အယ်ဒီတာအဖွဲ့

zawgyi

မ်က္ကန္းတေစၦမေၾကာက္ ဆိုုေသာ္ျငား မိုုးျပိဳရင္ေတာ့ အမ်ား

ကိုရိုနာ ဗိုင္းရပ္စ္ တရုတ္ႏိုင္ငံရဲ႕ အျပင္ဖက္ အနည္းဆံုး ၄၇ ႏိုင္ငံကို ကူးစက္တာရွိလာျပီလို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က ထုတ္ျပန္ပါတယ္။
အႏၱာတိက တိုက္ကလြဲလို႔ က်န္ တိုက္ၾကီးေတြဆီက ႏုိင္ငံေတြဆီ ပ်ံ႕ႏွံ႔ေနတယ္လို႔ WHO က ေျပာပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၇၀၀ ေက်ာ္လာျပီး ေသဆံုးသူ ၉ ဦး ရွိေနျပီျဖစ္တဲ့ ဂ်ပန္ႏိုင္ငံက မတ္လ အထိ စာသင္ေက်ာင္းေတြကို ပိတ္ဖို႔ ေၾကျငာလိုက္ပါျပီ။ ဒါ့အျပင္ လာမယ့္ ဂ်ဴလိုင္လ ၂၄ ရက္ေန႔မွာ ဂ်ပန္က အိမ္ရွင္ႏိုင္ငံအျဖစ္ လက္ခံက်င္းပမယ့္ အိုလံပစ္ ပြဲကိုလည္း ေရႊ႕ဆိုင္းဖို႔ ေဆြးေႏြးတိုင္ပင္ေနၾကပါတယ္။

တရုတ္ႏိုင္ငံ အပါအဝင္ တကမၻာလံုးမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၈၁၀၀၀ ေက်ာ္ ျဖစ္လာျပီး၊ ေသဆံုးသူ ဦးေရ ၃၀၀၀ နီးပါး ျဖစ္လာေနပါတယ္။

အီတလီႏိုင္ငံ ေျမာက္ပိုင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဦးေရဟာ ရုတ္တရက္ ၄၀၀ ေက်ာ္ ျဖစ္သြားခဲ့တာေၾကာင့္ ႏုိင္ငံတြင္း စိုးရိမ္မႈေတြ ျမင့္တက္လာျပီး အီတလီႏိုင္ငံ ေျမာက္ပိုင္းကို မသြားၾကဖို႔၊ လူစုလူေဝးေတြ၊ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ဖို႔ ထုတ္ျပန္ထားပါတယ္။ ဗင္းနစ္ျမိဳ႕မွာ ႏွစ္စဥ္က်င္းပေနက်ျဖစ္တဲ့၊ ႏိုင္ငံတကာ ခရီးသြားေတြ အထူးစိတ္ဝင္တစား လာၾကည့္ေလ့ရွိတဲ့၊ ကာနီဗယ္လ္ ပြဲေတာ္ကိုလည္း ဖ်က္လိုက္ပါတယ္။

ေရာဂါကူးစက္မႈ ျမင့္လာေနတဲ့ အီတလီႏိုင္ငံေျမာက္ပိုင္းမွာေတာ့ အိမ္ကို မွာယူလို႔ ရတဲ့ delivery service ေတြကိုပဲ သံုးျပီး လိုအပ္တာေတြကို ဝယ္ယူၾကဖို႔ အိမ္ျပင္ထြက္ခ်ိန္ကို ကန္႔သတ္ သတ္မွတ္ထားျပီး အိမ္ျပင္ထြက္ရင္ ေထာင္ ၆ လ ခ်မယ္လို႔ အမိန္႔ထုတ္ထားတဲ့အထိ ျဖစ္ပါတယ္။

ဥေရာပႏုိင္ငံေတြ ျဖစ္တဲ့ ျပင္သစ္၊ ဂ်ာမနီနဲ႔ စပိန္ႏိုင္ငံတို႔ဟာ သူတို႔ဆီမွာ သိပ္မၾကာခင္ ကုိရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ဦးေရ တိုးလာႏိုင္တယ္လို႔ မွန္းထားျပီး ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္လာၾကပါတယ္။ ဒိန္းမတ္ႏိုင္ငံမွာလည္း ေရာဂါကူးစက္ခံရတဲ့ အေျခအေနေတြ ေတြ႔လာေနတယ္လို႔ သိရပါတယ္။

အေရွ႕အလယ္ပိုင္း ေဒသ အီရန္ႏိုင္ငံမွာ ၁၄၀ ေက်ာ္ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတာ ရွိလာသလို၊ အီရတ္၊ ဘာရိန္း၊ UAE ႏိုင္ငံတို႔က သူတို႔ဆီကို ျပန္႔ႏွံ႔လာမယ့္ အေရးအတြက္ စိုးရိမ္ပူပန္ေနၾကပါတယ္။ ေဆာ္ဒီအာေရးဗ် ႏိုင္ငံကေတာ့ သူ႔ႏိုင္ငံသားေတြကို မကၠာနဲ႔ မက္ဒီနာလို႔ ဘာသာေရး အထင္ကရ ေနရာေတြ၊ လူစုေဝးမ်ားမယ့္ ေနရာေဒသေတြကို သြားလည္ပတ္တဲ့ ခရီးစဥ္ေတြကို ပိတ္ပင္လုိက္ပါတယ္။

အာရွတုိက္ထဲမွာကေတာ့ ရုတ္ခ်ည္းဆိုသလို ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဦးေရ ၁၇၀၀ ေက်ာ္အထိ ျမင့္တက္လာေနျပီး ၁၃ ဦး ေသဆံုးမႈ ရွိေနတဲ့ ေတာင္ကိုးရီးယားႏိုင္ငံမွာလည္း ေရာဂါျပန္႔ႏွံ႕မႈအႏၱရာယ္ကို ကာကြယ္ဖို႔ လူစုလူေဝးေတြကို ေရွာင္ရွားဖို႔၊ ခရီးသြားလာတာေတြကို စဥ္းစားျပီး ဖ်က္သင့္တာဖ်က္ဖို႔ ညႊန္ၾကားထားတာေတြ ရွိျပီ ေစ်းေတြ၊ ဆိုင္ေတြမွာ စားေသာက္ကုန္ေတြ၊ အိမ္သံုးပစၥည္းေတြ ျပတ္လပ္တဲ့အထိ လူေတြ ဝယ္ယူစုေဆာင္းမႈေတြ လုပ္လာေနၾကပါတယ္။

ထိုင္းႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၀ အထိ တိုးျမင့္လာေနတာေၾကာင့္ ထိုင္းက်န္းမာေရးဝန္ၾကီးက ျပည္ပခရီး၊ အထူးသျဖင့္ ေရာဂါကူးစက္မႈ ျဖစ္ေနတဲ့ ႏုိင္ငံေတြဆီ လံုးဝ မသြားၾကဖို႔တိုက္တြန္းထားပါတယ္။ ေရာဂါကူးစက္ခံရသူထဲက ၈ ႏွစ္အရြယ္ ကေလးငယ္ တက္ခဲ့တဲ့ ဘန္ေကာက္ျမိဳ႕၊ ဒံုေမာင္းခရိုင္ထဲက ေက်ာင္းသား ၂၅၀၀ ေက်ာ္ရွိတဲ့ ေက်ာင္းကိုလည္း ၁၄ ရက္ ေက်ာင္းပိတ္ဖို႔ ညႊန္ၾကားခဲ့ျပီး ေက်ာင္းထဲမွာ ပိုးသတ္ေဆးျဖန္းတာ၊ ေက်ာင္းသူေက်ာင္းသားေတြကို က်န္းမာေရး ေစာင့္ၾကည့္တာေတြ လုပ္ေနပါတယ္။

ၾသစေၾတးလ် ဝန္ၾကီးခ်ဳပ္ စေကာ့ေမာရီစန္ က ကိုရိုနာ ဗိုင္းရပ္စ္ဟာ ကမၻာအဝွမ္းျခိမ္းေျခာက္လာမယ့္ ကပ္ေရာဂါ တခုအသြင္လို သေဘာထားျပီး သူ႔ႏိုင္ငံထဲမွာေတာ့ ဒီေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးေတြကို အေရးေပၚလုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။ ၾသစေၾတးလ်မွ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၂၂ ဦး ရွိခဲ့ျပီး ေသဆံုးမႈ မရွိပါဘူး။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီးတာနဲ႔ ေရာဂါဒဏ္ ခံစားရဖို႔ အစပ်ိဳးကာလဟာ ၂၄ ရက္ အနည္းဆံုး ၾကာျမင့္ႏိုင္တယ္ဆိုတဲ့ သုေတသန ျပဳခ်က္ထြက္လာျပီးတဲ့ေနာက္ ျမန္မာႏိုင္ငံ က်န္းမာေရး ဝန္ၾကီးဌာနက ဒီေရာဂါပိုးဟာ ျမန္မာႏိုင္ငံတြင္းမွာ အခ်ိန္မေရြး ေတြ႔ရွိလာႏိုင္သလို၊ ေရာဂါကူးစက္ခံရသူအေရအတြက္ ရုတ္ခ်ည္းတိုးလာတာမ်ိဳးေတြလည္း ျဖစ္လာႏိုင္ေၾကာင္း၊ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ လူထုထပ္တဲ့ေနရာေတြနဲ႔ လူစုလူေဝးေတြကို အတတ္ႏိုင္ဆံုး ေရွာင္ဖို႔၊ တကုိယ္ေရသန္႔ရွင္းေရးကို အေလးထားဖို႔၊ ေရာဂါလကၡဏာ သံသယရွိရင္ နီးစပ္ရာ က်န္းမာေရး ဌာနေတြဆီ ခ်က္ျခင္းသြားဖို႔၊ ကိုယ့္ပတ္ဝန္းက်င္မွာ ေရာဂါလကၡဏာ သံသယရွိသူကိုေတြ႔ရင္ က်န္းမာေရးဌာနေတြကို အေၾကာင္းၾကားဖို႔ တိုက္တြန္းထားပါတယ္။

ဒါေပမယ့္ ျပည္သူလူထုုထဲမွာ အေလးထားလိုုက္နာတဲ႕သူနည္းသလိုု ျပည္ေထာင္စုုအစိုုးရကိုုယ္တိုုင္လည္း လူစုုလူေဝးလုုပ္တဲ႕ကိစၥ ေလွ်ာ့တာ ၊ ေလွ်ာ့ဖိုု႕ အမိန္႕စာထုုတ္တာမ်ိဳးမေတြ႕ရတဲ႕အတြက္ တကယ္လိုု႕ ျဖစ္လာခဲ႕ရင္ ျဖစ္ေနရင္ အထူးစိုုးရိမ္ရတဲ႕ အေနအထားပါ။

တိုုးတက္ေနတဲ႕ နုုိင္ငံၾကီးေတြမွာေတာင္ ဒီဗိုုင္းရပ္စ္ကိုု ထိမ္းသိမ္းနိုုင္ဖိုု႕ လခ်ီၾကာတာမိုု႕ ျမန္မာနိုုင္ငံလိုု နုုိင္ငံအဖိုု႕ အထူးသတိထားသင့္ပါတယ္။ တကယ္လိုု႕ ျမန္မာနုုိင္ငံမွာ ျဖစ္ခဲ႕ရင္ လူဦးေရ သန္း ၅၀ေက်ာ္ရွိနိုုင္ငံအတြက္ ဘယ္မွာလဲ နားေခါင္းစြပ္၊ ဘယ္မွာလဲ စားေသာက္ဖြယ္ရာ ။ ျမန္မာနိုုင္ငံမွာ တခုုခုုျဖစ္ရင္ ဝိသမေလာဘသားေတြရဲ႕ အဆမတန္ ေစ်းတင္ေရာင္းတတ္တဲ႕အက်င့္ေတြေၾကာင့္ တကယ္လိုု႕သာ ဒီေရာဂါျမန္မာျပည္မွာ ကူးစက္ျပီဆိုုရင္ တိုုင္းျပည္ရဲ႕ တရားဥပေဒစိုုးမိုုးေရးနဲ႕ တည္ျငိမ္ေအးခ်မ္းေရးကိုုပါ ထိခိုုက္နုုိင္တာေၾကာင့္ ျပည္ေထာင္စုုအစိုုးရအေနနဲ႕ အထူးအေလးေပး ေဆာင္ရြက္သင့္ေၾကာင့္ ဗီအိုုအမ္ အယ္ဒီတာအာေဘာ္က႑ကေန တိုုက္တြန္းလိုုက္ရပါတယ္။

VOM အယ္ဒီတာအဖြဲ႕

Related posts

Leave a Comment

VOM News

FREE
VIEW