မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ

မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ မန္တလေး၊ဖေဖော်ဝါရီ ၁၆-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၊ချမ်းအေးသာဇံမြို့နယ်အတွင်းမှာ မီးလောင်သွားတဲ့ မင်္ဂလာဈေးမြေနေရာကို ဈေးအသစ်အမြန်ပြန်လည်တည်ဆောက်ရေးနဲ့ မြေညီထပ်နေရာကိုရရှိဖို့အတွက် ဒီကနေ့မနက်ပိုင်းက မင်္ဂလာဈေး(ယာယီ)ဈေးသူဈေးသားတွေက ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းမြေနေရာအထိ လူအင်းအား ၂၀၀ ကျော်လောက်နဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီမင်္ဂလာဈေးဟာ ၂၀၁၆ ခုနှစ်၊မတ်လ၂၆ ရက်က မီးလောင်သွားခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်တွေက ၂၀၁၆ခုနှစ် မေလပိုင်းက မြို့တော်ခန်းမမှာ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ဈေးကြီးကိုအသစ်ပြန်လည်တည်ဆောက်တာ ဒါမှမဟုတ် အကြီးစားပြုပြင်မှုတွေ ပြုလုပ်ပြီး ဈေးသူဈေးသားတွေကိုလဲ မူလနေရာအတိုင်း ပြန်လည်ပေးအပ်မယ်လို့ ကတိပေးခဲ့တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပေးထားတဲ့ကတိကဝတ်လွဲချော်နေတာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြအဖွဲ့က ဦးကိုကိုအောင်က ပြောခဲ့ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #မင်္ဂလာဈေး #ဆန္ဒပြ Zawgyi မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ မန္တလေး၊ဖေဖော်ဝါရီ…

Read More

တရုတ်ပြည် ကွမ်းတုံးရောက်မြန်မာတွေ အခက်ခဲဖြစ်နေ

တရုတ်ပြည် ကွမ်းတုံးရောက်မြန်မာတွေ အခက်ခဲဖြစ်နေ မူဆယ် ဖေဖေါ်ဝါရီ ၁၆-၂၀၂၀ ပြည့်စုံ(VOM) တရုတ်ပြည် ကွမ်းတုံး မြို့မှာရောက်နေတဲ့ မြန်မာလုပ်သား ၁၃၀ ကျော်‌ဟာ ပေကျင်းမြို့ရှိ မြန်မာ သံရုံးနှင့်‌ ကူမင်းမြို့ရှိ ‌‌ကောင်စစ်ဝန်ချုပ်ရုံးသို့ဆက်သွယ် အကူအညီတောင်းခံသော်လည်း ဖုန်းမကိုင်ခြင်းများကြောင့် မြန်မာနိုငံပြန်ဖို့ အခက်ခဲဖြစ်နေပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပေကျင်းမြို့ မြန်မာသံရုံးကနေ တရုတ်ပြည် ဝူဟန်မြို့မှ စတင်၍ ဖြစ်ပေါ်ခဲ့သော Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြောင့် တရုတ်နိုင်ငံအတွင်း အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လိုလျှင် ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံနိုင်ပါတယ်လို့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ထားပြန်ခဲ့ပါတယ်။ ဒီလိုဆက်သွယ်မရတာကြောင့် နေရေးအပြင် အစားအသောက်ဝယ်ဖို့နဲ့ ပြန်ဖို့ အကူညီကိုရှာဖွေနေကြပါတယ်။ ဒီသတင်းကို VOM ဝိုင်းတော်သား ကိုပြည့်စုံက မူဆယ်မြို့မှနေ ၍ ဆက်သွယ်‌မေးမြန်တင်ဆက်ပေးထားပါတယ်။ #VOM #voiceofmyanmar…

Read More

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုအသစ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀၉ ဦးရှိကာ သေဆုံးသူ ၁၄၂ ဦးရှိကြောင်း တရုတ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ဦးရှိပြီး သေဆုံးသူအရေအတွက် ၁၆၆၅ ဦးအထိ တိုးမြင့်လာပါတယ်။ တရုတ်နိုင်ငံပြင်ပ နိုင်ငံ ၃၀ နီးပါးမှာတော့ ရောဂါကူးစက်မှု ၅၀၀ ကျော်ရှိနေပြီး ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာ လူတစ်ဦးစီသေဆုံးခဲ့ကာ ပြင်သစ်နိုင်ငံမှာ သေဆုံးမှုကတော့ ဥရောပဒေသမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှုတွေ ကျဆင်းလာတာဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်လာနိုင်တာကို ပြသခြင်းဖြစ်ကြောင်း…

Read More

စစ်ကိုင်းတိုင်း ပုံတောင်ခြေရင်းက ကျေးရွာတွေမှာ ကျောင်းဆရာ‌တွေ မလုံလောက်လို့ ကလေးများပညာသင်ကြားရာအခက်ခဲဖြစ်

စစ်ကိုင်းတိုင်း ပုံတောင်ခြေရင်းက ကျေးရွာတွေမှာ ကျောင်းဆရာ‌တွေ မလုံလောက်လို့ ကလေးများပညာသင်ကြားရာအခက်ခဲဖြစ် မုံရွာ-ဖေဖေါ်ဝါရီ-၁၆-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပုံတောင်ခြေမှာရှိတဲ့ ခေါင်ပါးလှတဲ့ ကျေးရွာတွေမှာ ဆရာ၊ ဆရာမတွေ လုံလောက်မှုမရှိတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် အခက်ခဲတွေ ဖြစ်ပေါ်နေပါတယ်။ အ‌ဲ့ဒီလို သင်ကြားရေးပိုင်းမှာ တာဝန်ကျ ဆရာ၊ဆရာမမလုံလောက်တာတွေကြောင့် ရွာအတွင်းက ၁၀ တန်းအောင်ပြီးသား ကျောင်းသားလူငယ်တချို့ကို အကူညီတောင်းပြီး သင်ကြားနေရတယ်လို့ မယင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောပါတယ်။ ” ကျနော်တို့မယင်းကျေးရွာ အလယ်တန်းကျောင်းခွဲမှာဆိုရင် ကျောင်းသားဦးရေစုစုပေါင်း ၃၄၇ ယောက်ရှိတယ် ၊ KG တန်းမှာဆို ရင် ကျောင်းသားပေါင်း ၂၃၀ မှာ သင်ကြားတဲ့ ဆရာ ၂ ယောက်ပဲရှိတယ် ၊ စဉ်းစားကြည့်။ အရင် ‌တာဝန်ကျ ကျောင်းဆရာ ၆ ယောက်က ပြောင်းသွားတယ်။ ဒါပေမယ့် ပြောင်းသာ‌သွားတာ…

Read More

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြန်

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြန် ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီးမှာ ဒုံးပျံတွေကျရောက်ပေါက်ကွဲခဲ့ကြောင်း အမေရိကန်စစ်ဘက်သတင်းရင်းမြစ်တစ်ဦးကအတည်ပြုပြောဆိုလိုက်ပြီး အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်နဲ့ဆက်နွယ်နေတာတွေကို တိုက်ခိုက်မှုပြုတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်သံတမန်အဆောက်အဦတစ်လျှောက်မှာ သတိပေးဥသြသံတွေထွက်ပေါ်ခဲ့ပေမယ့် ဘယ်နေရာတွေကိုထိမှန်ခဲ့ပြီး ဒုံးကျည်ဘယ်နှစ်စင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမေရိကန်နဲ့ အနောက်နိုင်ငံသံတမန်ရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ အသေးစားပျက်စီးမှုတွေသာဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကအတည်ပြုပြောဆိုပါတယ်။ ပေါက်ကွဲသံအများအပြားထွက်ပေါ်လာပြီးနောက် အမေရိကန်သံရုံးရှိရာ လုံခြုံရေးထူထပ်စွာချထားတဲ့ ဂရင်းဇုန်အနီး လေယာဉ်တွေကင်းလှည့်နေကြတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ အမေရိကန်သံရုံး သို့မဟုတ် အီရတ်နိုင်ငံတစ်ဝန်းရှိ ဒေသခံတပ်ဖွဲ့ဝင်တွေနဲ့အတူ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ဝန်းကျင် တပ်စွဲထားတဲ့ အခြေစိုက်စခန်းတွေကို အောက်တိုဘာလနောက်ပိုင်း ၁၉ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ Ref : Guardian Photo:AFP #voiceofmyanmar #VOM #အမေရိကန်သံရုံး…

Read More

ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ

ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ ကလေး ဖေဖော်ဝါရီ ၁၆-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးက ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ လာရောက်ဆေးကုသမှု ခံယူနေရသူ ပျမ်းမျှ အနေနဲ့ နှစ်ရက်ကို တစ်ဦးနှုန်း ရှိတယ်လို့သိရပါတယ်။ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကြီး က မြို့နယ်ဆရာဝန် ဒေါက်တာ စိုးသက်ဝင်း က ပြောပြတာကတော့ “ဆေးရုံပေါ်မှာ ခုလတ်တလောကတော့ လေးဦး ရှိပါတယ်။ ဒီလူတွေကတော့ ခု တစ်ရက် နှစ်ရက်ကမှ ရောက်လာတဲ့ လူနာတွေပါ။ ရာသီ အကူးအပြောင်းမှာ ကလေးတွေ ဖျားကြတယ်။ ဖျားပြီးတဲ့ အခါကျရင် ဝမ်းပျက်ဝမ်းလျော ဖြစ်လာတဲ့ သဘောရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အစုလိုက် အပြုံလိုက် တစ်နေရာတည်းမှာ ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးဝမ်းပျက် ဝမ်းလျော ဖြစ်နေတာကို မိဘတွေက စိုးရိမ်လို့ ဆေးရုံလာတက်ကြတာ။ စိုးရိမ်ရလို့…

Read More

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၆ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့(ဒီနေ့) နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။ “ဒီနေ့ ဆွေးနွေးပွဲမှာ (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက် (၁) ပါ အကြောင်းအရာတွေထဲက မိမိတို့အား PPST မှ တာဝန်ပေးအပ်ထားတဲ့ အကြောင်းအရာနဲ့ပတ်သက်တာကိုသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(NCA-S EAO)ရဲ့ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုစောဆဲဂေက ပြောပါတယ်။ NCA ပါ ခေါင်းဆောင်အသီးသီးတို့ရဲ့ သဘောတူညီချက်တွေမှ…

Read More

ဝူဟန်ကပြန်လာတဲ့ကျောင်းသားတွေ စောင့်ကြည့်ကာလပြည့်ပြီမို ဒီကနေ့ပြန်ကြပြီး စောင့်ရှောက်ခဲ့တဲ့ စေတနာရှင် ကျမ္မာရေးဝန်ထမ်းသုံးယောက်ကို ဂုဏ်ပြုဆုပေးအပ်

ဝူဟန်ကပြန်လာတဲ့ကျောင်းသားတွေ စောင့်ကြည့်ကာလပြည့်ပြီမို ဒီကနေ့ပြန်ကြပြီး စောင့်ရှောက်ခဲ့တဲ့ စေတနာရှင် ကျမ္မာရေးဝန်ထမ်းသုံးယောက်ကို ဂုဏ်ပြုဆုပေးအပ် မန္တလေး ဖေဖော်ဝါရီ ၁၆ -၂၀၂၀ ဖြူဖြူ (VOM) ဝူဟန်ရောက် မြန်မာကျောင်းသား ကျောင်းသူတွေကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း သုံးဦးကို “COVID – 19 ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ပါသဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” ဆိုတဲ့ ဂုဏ်ပြုဆုတံဆိပ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပေးအပ်လိုက်ပါတယ်။ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်နီအေး၊ မန္တလေးခုတင် ၃၀၀ မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုသန့်စင်မြတ်၊ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုမျိုးလွင်ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးအပတ်မှာ စတင်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မြန်မာကျောင်းသား ကျောင်းသူ ၆၁ ဦးပိတ်မိနေခဲ့ရာက ဖေဖော်ဝါရီ ၁ ရက်နေ့ညမှာ မြန်မာအစိုးရရဲ့အထူးလေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့တာပါ။ အဲဒီထဲက…

Read More

မြောက်ဦးမှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ ကျွဲနွား နှစ်ကောင်ဒဏ်ရာရ

မြောက်ဦးမှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ ကျွဲနွား နှစ်ကောင်ဒဏ်ရာရ မြောက်ဦး၊ ဖေဖော်ဝါရီ ၁၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညည့် ၃ နာရီအချိန်လောက်က တပ်မတော်နဲ့အေအေတို့ မိနစ်ပိုင်းကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ ကျေးရွာရှိ ကျွဲတစ်ကောင်နဲ့ နွားတစ်ကောင်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။ ဒဏ်ရာရရှိသွားတဲ့ အမျိုးသားဟာ မောင်သာကုန်းကျေးရွာသားဦးမောင်သာစိန် ဖြစ်ပြီး ဆန်စက်ပိုင်ရှင်ဖြစ်ကာ ဆန်စက်မှာအိပ်နေစဉ် ကျဉ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ” မနေ့က မနက်စောကြီး ၃ နာရီခွဲလောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် တို့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြတယ်။ အဲ့ဒီလိုဖြစ်ကြတော့ တပ်မတော်က ရွာဖက်ကို ဦးတည်ပြီးပစ်တယ်။ ဒဏ်ရာရတဲ့သူကတော့ စပါးထိုးစက်ပိုင်ရှင် ဖြစ်တယ်။ စက်ရှင်က စက်မှာအိပ်နေတာမှာ စက်ခုံတွေလည်း ပေါက်သွားပြီး သူ့ခါးကျောဖက်မှာလာမှန်တယ်။” လို့…

Read More

စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့

စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့ ဒီရက်ပိုင်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ အတော်တက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကThe future of News ဆိုပြီး ဒစ်ဂျစ်တယ်ခေတ်မှာ ဂုဏ်သတင်းကြီးတဲ့ သတင်းဌာနတွေ ဆက်လက်ရှင်သန်နိုင်မလား၊ ဆက်လက်ရှင်သန်နိုင်အောင် ဘာတွေလုပ်ဖို့လိုသလဲ စသဖြင့် ဆွေး‌နွေးကြတဲ့ပွဲကို တက်ဖြစ်သလို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ကမ္ဘာထိတ်တန်း နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ Chatham House ချက်တမ်ဟောက်စ် မှာ လုပ်တဲ့ sanction ဆန်ရှင်ကို လက်နက်သဖွယ်အသုံးပြုပြီး မီဒီယာသမားတွေကိုအကာအကွယ်ပေးနိုင်တဲ့အကြောင်း “ The use of Targeted Sanctions to Protect Journalists” အစီရင်ခံစာ မိတ်ဆက်ပွဲကိုတက်ဖြစ်ပါတယ်။ “International Bar Association’s Human Rights Institute” နဲ့ Chatham House တို့ပူးပေါင်းစီစဉ်တဲ့ ဒီပွဲရဲ့ ပဲနယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ဥပဒေပညာရှင်တွေ နဲ့…

Read More
VOM News

FREE
VIEW