နိုင်ဂျီးရီးယားမှာ လူအယောက် ၃၀ ကို အိုင်အက်စ်အဖွဲ့ မီးရှို့သတ် အဘူဂျာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူအယောက် ၃၀ ကို အိုင်အက်စ်စစ်သွေးကြွတွေက မီးရှိုှုသတ်ဖြတ်ခဲ့ကြပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပြန်ပေးဆွဲသွားကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ ခရီးသွားတွေဖြစ်ပြီး သူတို့ရဲ့ကားတွေထဲ ညအိပ်နေချိန်မှာ မီးလောင်သေဆုံးခဲ့ကြတာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဘော်နိုပြည်နယ်ရှိ အဓိကအဝေးပြေးလမ်းပေါ်မှာရှိတဲ့ အော်နိုမြို့မှာဖြစ်ပွားခဲ့တာပါ။ စစ်သွေးကြွတွေဟာ တိုက်ခိုက်၊ မီးရှိုှု့သတ်ဖြတ်ခြင်းမပြုမီ လက်နက်တွေအများအပြားသယ်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ ရောက်ရှိလာခဲ့တယ်လို့ ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ စစ်သွေးကြွတွေဟာ ကားသမားအများစုအပါအဝင် လူ ၃၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး မော်တော်ကား ၁၈ စီးကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဘိုကိုဟာရမ်အုပ်စုနဲ့ သူတို့ရဲ့မဟာမိတ်အဖွဲ့တွေဟာ ၂၀၀၉ ခုနှစ်ကစပြီး နိုင်ဂျီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုသောင်းကျန်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်ပွားမှုတွေအတွင်း…
Read MoreMonth: February 2020
မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ
မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ငြိမ်းချမ်းရေးမရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေ ရှေ့မရောက်သေးဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအင်စတီကျူ့က “အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်”သုတေသနစာတမ်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်နေပြီး အမှာစကားပြောကြားရာမှာ စိုင်းညွန့်လွင်က ထည့်သွင်း ပြောဆိုခဲ့တာပါ။ “နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ရှေ့မှာမရှိပါဘူး။ ဘေးမှာပဲ ရှိနေတုန်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရသေးဘူးပေါ့လေ၊ ငြိမ်းချမ်းရေးမရသေးတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ စောင့်ဆိုင်းနေရမယ့် အနေအထားမျိုး ရှိပါသေးတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ ငြိမ်းချမ်းရေးကို အစဉ်တစိုက် လက်ဆင့်ကမ်းပြီး လုပ်လာကြပေမယ့် ပန်းတိုင်ကို မရောက်ရှိသေးပါဘူး၊ မရသေးဘူးဆိုပေမယ့်လည်း ရပ်ဆိုင်းထားရမှာမျိုးမဟုတ်ဘဲ လုပ်ကိုလုပ်နေရမယ့် တာဝန်ရှိတယ်လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ “လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးက တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ…
Read Moreတရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခုမှာ ကူးစက်မှုမြင့်မားတဲ့ H5N6 ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း တရုတ်စိုက်ပျိုး မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မွေးမြူရေးခြုံရှိ ကြက်ကောင်ရေ ၂၅၀၀ အနက် ၁၈၄၀ ဟာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသွားတယ်လို့ ဝန်ကြီးဌာနက ပြောဆိုပြီး ရောဂါကူးစက်မှုကနေ ကာကွယ်တားဆီးဖို့ကျန်ရှိနေတဲ့ ကြက်တွေကို သုတ်သင်လိုက်တယ်လို့ဆိုပါတယ်။ ယခုအစောပိုင်းကလည်း ဟူနန်ပြည်နယ်ရှိ မွေးမြူရေးလုပ်ငန်းတစ်ခုမှာ ကူးစက်မြန် H5N1 ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တယ်လို့ တရုတ်စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးသူအရေအတွက် မြင့်တက်နေချိန်မှာ ငှက်တုပ်ကွေးရောဂါတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာတွေကို တရုတ်အာဏာပိုင်တွေက အထူးတလည် အရှိန်မြင့်ပြီး ကာကွယ်တားဆီးနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၁၀၁၆ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရသူဦးရေ ၄၂၀၀၀ ကျော်ရှိနေကာ…
Read Moreချင်းအမျိုးသားနေ့ က ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့လူငယ် (၆)ဦးအမှု အယူခံအောင်
ချင်းအမျိုးသားနေ့ က ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့လူငယ် (၆)ဦးအမှု အယူခံအောင် ကလေး ဖေဖော်ဝါရီ ၁၁-၂၀၂၀ ငြိမ်းသူမင်း (VOM) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ်မှာ ကျင်းပခဲ့တဲ့ မြို့နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲမှာ ဒေသခံလူငယ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်အမှုကို ဒေသခံလူငယ် ၆ယောက်ကို မြို့နယ်တရားရုံးက ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ ဒီအမှုကို အယူခံတက်တာမှာ တစ်နှစ်နဲ့ တစ်လသာ ကျခံဖို့ ပြည်နယ်တရားရုံးက ပြင်ဆင်ချက် အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဒီအမှုကို အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ် က ပြောပါတယ်။ “မြို့နယ် တရားရုံးရဲ့ ပြစ်မှုထင်ရှား စီရင်တာကိုတော့ အတည်ပြုပြီးတော့ ပြစ်ဒဏ် သတ်မှတ်တာကိုတော့ ပယ်ဖျက်ပြီးတော့ တစ်နှစ် ဆိုပြီး ပြင်ဆင်အမိန့်ချတယ်။လျော့ရက် နဲ့…
Read Moreလက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ဆိုတဲ့ ဦးအောင်မင်း
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ဆိုတဲ့ ဦးအောင်မင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) လက်ရှိ အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားမရဘူးလို့ သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်းက ရန်ကုန် နိုဗိုလ်တယ်ဟိုတယ်မှာလုပ်တဲ့ စာတမ်းမိတ်ဆက်ပွဲတခုမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ “အားမရဘူးဗျာ၊ နံပတ်တစ်က peace policy တိကျပြတ်သားမှုမရှိဘူး၊ နှစ်က စုဖွဲ့မှုမှာ UPCC မရှိဘူး၊ UPWC မရှိဘူး၊ အဲဒီတော့ peace အားမကောင်းဘူး၊ အဲဒါကြောင့် စုဖွဲ့မှု မပီပြင်ဘူးလို့ ပြောလို့ရတယ်၊ တတိယအချက်ကတော့ work force အားမကောင်းဘူး”လို့ ဦးအောင်မင်းက ပြောပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးအောင်မင်းက ဆက်လက်ပြောဆိုရာမှာ နှစ်ဘက်အဖွဲ့အစည်းက လိုချင်တာပဲတောင်းနေလို့မရဘဲ ကြာချပြီး လုပ်ရမယ်လို့ ပြောပါတယ်။ “တစ်ခုတည်းကို ဆုပ်ကိုင်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး၊ စာလုံးလေးတစ်လုံးပေါ်မှာ ရပ်တည်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး”လို့…
Read Moreပူတာအိုမှာ တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းချမှု ဥပဒေအရတားဆီးတိုင်း ဒေသခံတွေရဲ့ နှောက်ယှက်ဟန့်တားတာခံနေရ
ပူတာအိုမှာ တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းချမှု ဥပဒေအရတားဆီးတိုင်း ဒေသခံတွေရဲ့ နှောက်ယှက်ဟန့်တားတာခံနေရ ပူတာအို-ဖေဖေါ်ဝါရီ ၁၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ပူတာအိုခရိုင်က မြို့နယ်လေးခုမှာ သဘာဝတောရိုင်း တိရစ္ဆာန် သတ်ဖြတ်ရောင်းချနေတာကို ဌာနဆိုင်ရာက ဥပဒေအရ တားဆီးတိုင်း ဒေသခံတွေဘက်က နှောက်ယှက်ဟန့်တားတာတွေ ကြုံနေရတယ်လို့ ခါကာဘိုရာဇီ ဇီဝမျိုးကွဲ ထိန်းသိန်းရေးဌာန အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ပူတာအိုမြို့ လမ်းမပေါ်မှာ သားမင်းအသား ၊ ကြိးကြာအသား၊ မျောက်လွှဲကျော်အသား ၊ မျောက်ခေါင်း ၊ ဆတ်သား ၊ ငါး ၊ တောဝက် စတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အသားတွေ ရောင်းချနေကြပါတယ်။ အဲ့ဒါတွေကို တွေ့နေရပေမယ့် ဥပဒေအတိုင်း အရေးယူလိုက်တာနဲ့ သဘာဝဘေးမဲ့တောကို သွားရာလမ်းတစ်လျှောက်မှာ ဟန့်တားနှောက်ယှက်မှုတွေ ခံနေရတယ်လို့ ခါကာဘိုရာဇီ သားငှက်ထိန်းသိန်းရေးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုး က ပြောပါတယ်။ ပူတာအိုခရိုင်အတွင်းက ဒေသနေကျေးရွာသားတွေ ပူးပေါင်းပြီး (၂၀၁၈)…
Read Moreပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို တားဆီးထားတဲ့အတွက် လူ ၁၀၀ ကျော် ပိတ်မိနေ
ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို တားဆီးထားတဲ့အတွက် လူ ၁၀၀ ကျော် ပိတ်မိနေ ကျောက်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၀ မင်းရန်နိုင်(VOM) ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေက တားဆီးလိုက်တဲ့အတွက် လူ ၁၀၀ ကျော် ကျောက်တော်ဘက်မှာ ပိတ်ပိနေတယ်လို့ ပိတ်မိနေသူ ပလက်ဝဒေသခံတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “လိုင်းစက်လှေ ပိတ်ထားတာ ၅ ရက်လောက် ရှိသွားပါပြီ။ လူ ၁၀၀ ကျော် ပိတ်မိနေတယ်။ ပလက်ဝဘက် ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်”လို့ အဲဒီ ပိတ်မိနေသူ ပလက်ဝဒေသခံရဲ့ မိသားစုဝင်က ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို တားဆီးခဲ့တာလို့ သိရပြီး စနေနေ့က နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေက တားဆီးတာကို ကြုံခဲ့ရသူ ကျောက်တော်မြို့မှာ ရောက်ရှိနေတဲ့ ပလက်ဝမြို့နေ ကုန်သည်တစ်ဦးက…
Read Moreဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့တိုက်
ဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့တိုက် ဘူးသီးတောင်၊ဖေဖော်ဝါရီ ၁၀- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာအနီး ကွမ်းတောင်နဲ့ စပါးထားကျေးရွာကြားမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီလောက်က တပ်မတော်နဲ့ အေအေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့ကာ ယခုအချိန်မှာ ဘူးသီးတောင်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စေတီတောင်ရွာဒေသခံတွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေရဲ့ သတင်းပေးချက်အရ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ဟာ ကြာချိန်အားဖြင့် ၅ နာရီလောက်ဖြစ်ပြီး နံနက် ၈ နာရီကနေ ၁ နာရီကျော်ထိ ဖြစ်ပွားခဲ့ပြီး ယခုအချိန်မှာ တပ်မတော်ဖက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတယ်လို့ စေတီတောင်ကျေးရွာက ကျောင်းဆရာတစ်ဦးကပြောပါတယ်။ ” စေတီတောင်ဖက်မှာမဟုတ်ဘူး။ စေတီတောင်အရှေ့ဖက်ကမ်း ကွမ်းတောင်နဲ့ စပါးထားကြားမှာဖြစ်တာ။ အခုအခြေအနေက လေယာဉ်ဝဲနေတယ်။…
Read Moreကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရန်ကုန်ကကျောင်းတွေအများဆုံးဖြစ်နေ
ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရန်ကုန်ကကျောင်းတွေအများဆုံးဖြစ်နေ ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ -၂၀၂၀ သိဂီ ၤ( VOM) ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံတဲ့ တိုင်ကြားမှုတွေဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ရန်ကုန်က ကျောင်းတွေမှာအဖြစ်ပိုများပြီး ဖြေရှင်းရတာပိုများတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ “ကျူရှင်ပြဿနာက အဓိကမြို့ကြီးတွေမှာဖြစ်တယ်။ပမာဏကိုကြည့်မယ်ဆိုရင် တောကနည်းတယ်။ ။ရန်ကုန်ဆိုကျွန်တော်တို့ဆီတိုင်စာရောက်ရင်အမှုစစ်ရတာပဲ။ကျောင်းသားကို ခွဲခြားဆက်ဆံတယ် ကျူရှင်းမတက်လို့ဆိုပြီးပေါ့ ။ တိုင်စာတက်လာတာနဲ့အရေးယူတာလုပ်ပါတယ်။ဒါဖြစ်နေတာကြာပြီး နာတာရှည်ရောဂါကြီးပဲ။ပညာရေးဝန်ကြီးဌာနကတော့ ကျူရှင်သင်တာကိုအားမပေးပါဘူး။ ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုရင်တော့ မိဘက တိုင်ကြားလာရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ တောကဆရာ ဆရာမတွေမဟုတ်ဘူး။ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် ၊ မန္တလေး ပိုများတယ်။နောက်ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့တွေဖြစ်တယ်။ တိုင်တဲ့အထဲမှာ စစ်ဆေးရတာ ရန်ကုန်က ပိုများတယ်။ မိဘက တချို့ိဆိုရင် အတန်းထဲမှာ ခွဲခြားဆက်ဆံတယ်၊ အတန်းပိုင်ဆရာမက သူ့ဆီကျူရှင်မတက်လို့ခွဲခြားဆက်ဆံတယ်…
Read Moreဆေးခြောက်စိုက်ခင်းအမှုက အမျိုးသမီးကို မြင်းခြံတရားရုံးက တရားရှင်လွှတ်
ဆေးခြောက်စိုက်ခင်းအမှုက အမျိုးသမီးကို မြင်းခြံတရားရုံးက တရားရှင်လွှတ် မန္တလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အတွင်း ဖမ်းဆီးရမိထားတဲ့ ဆေးခြောက်အနွယ်ဝင် Hamp စိုက်ခင်းအမှုက မရွှန်းလဲ့မြတ်နိုးကို ဒီကနေ့မှာတရားရှင်လွှတ်လိုက်ပြီလို့ မြင်းခြံခရိုင်တရားရုံးကနေ သိရပါတယ်။ “ရွှန်းလဲ့မြတ်နိုးက ၂၁ ရက်ပဲရှိသေးတယ်၊ အလုပ်သင်အဖြစ်ဝင်လာတာ။ သူ့ကို ဓါတ်ခွဲခန်းအထောက်အထားလည်းမရှိဘဲ ဆွဲထားတာ။ သူတို့က အမှုထဲကိုပါလာဖို့ မသင့်တော်ဘူး။” လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာ ဆေးခြောက်စိုက်ခင်းသတင်းတွေ ပျံ့နှံ့လာပြီးနောက် မြို့သာစက်မှုဇုန်အတွင်းမှာ ၂၀၁၉ ခုနှစ် ဧပြီလက ဧက ၆၀ နီးပါးရှိတဲ့ Hamp စိုက်ခင်းတွေ တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်သား ၅ ဦးနဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးနဲ့ ကိုရှိန်းလတ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)၊ ၁၉(က)၊…
Read More