ပူတာအိုမှာ တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းချမှု ဥပဒေအရတားဆီးတိုင်း ဒေသခံတွေရဲ့ နှောက်ယှက်ဟန့်တားတာခံ‌နေရ

ပူတာအိုမှာ တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းချမှု ဥပဒေအရတားဆီးတိုင်း ဒေသခံတွေရဲ့ နှောက်ယှက်ဟန့်တားတာခံ‌နေရ

ပူတာအို-ဖေဖေါ်ဝါရီ ၁၁-၂၀၂၀
ရန်အောင်ထွန်း(VOM)

ပူတာအိုခရိုင်က မြို့နယ်လေးခုမှာ သဘာဝတောရိုင်း တိရစ္ဆာန် သတ်ဖြတ်ရောင်းချနေတာကို ဌာနဆိုင်ရာက ဥပဒေအရ တားဆီးတိုင်း ဒေသခံတွေဘက်က နှောက်ယှက်ဟန့်တားတာတွေ ကြုံနေရတယ်လို့ ခါကာဘိုရာဇီ ဇီဝမျိုးကွဲ ထိန်းသိန်းရေးဌာန အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ပူတာအိုမြို့ လမ်းမပေါ်မှာ သားမင်းအသား ၊ ကြိးကြာအသား၊ မျောက်လွှဲကျော်အသား ၊ မျောက်ခေါင်း ၊ ဆတ်သား ၊ ငါး ၊ တောဝက် စတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အသားတွေ ရောင်းချနေကြပါတယ်။

အဲ့ဒါတွေကို တွေ့နေရပေမယ့် ဥပဒေအတိုင်း အရေးယူလိုက်တာနဲ့ သဘာဝဘေးမဲ့တောကို သွားရာလမ်းတစ်လျှောက်မှာ ဟန့်တားနှောက်ယှက်မှုတွေ ခံနေရတယ်လို့ ခါကာဘိုရာဇီ သားငှက်ထိန်းသိန်းရေးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုး က ပြောပါတယ်။

ပူတာအိုခရိုင်အတွင်းက ဒေသနေကျေးရွာသားတွေ ပူးပေါင်းပြီး (၂၀၁၈) ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က အာဆီယံအမွေအနှစ်စာရင်းဝင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ဒဇုံဒမ်းကင်းစခန်း မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပါတယ်။ အဲ့ဒါအပြင် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဖျက်သိမ်းပေးဖို့ ၊ ကမ္ဘာ့အမွေအနစ်နယ်မြေသတ်မှတ်ရန် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖျက်သိမ်းပေးဖို့နဲ့ သစ်တောရှေ့တန်းစခန်းများဖျက်သိမ်းပေးဖို့ တောင်းဆိုချက်တွေနဲ့ ပန်နန်းဒင် ၊ ကူရှင် ၊ မခွမ်ကန် ၊ ယုံထန်၊ ခရောင် ၊ ထလာထု၊ တဆူထု၊ ဒဇုံဒမ်း၊ ဂဝိုင် ၊ ငါဝါ ရွာတွေက ဒေသခံ ၂၀၀ ကျော် ဝိုင်ဖီသားငှက်ထိန်းသိမ်းရေးစခန်းအထိ လမ်းလျောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပူတာအိုခရိုင်တောခေါင်း ဦးတင်ဝင်းကတော့ ဒေသခံတွေရဲ့ စားဝတ်နေရေး အစားထိုးဖန်တီးမပေးသရွေ့ ဒီကိစ္စတွေက ခက်ခဲနေအုန်းမှာလို့ ဆိုပါတယ်။

သားငှက်ထိန်းသိမ်းရေးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အပတ်စဉ် စနေနေ့တိုင်း ရောင်းချနေတဲ့ ပစ္စည်းတွေကို သိမ်းဆည်းအရေးယူပေမယ့် တစ်လလုံးမှ တစ်ပိဿာလောက်ပဲ ဖမ်းမိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ‌တောတောင်သဘာဝအတွင်း သစ်ပင်ပြန်လည်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာဖြည့်ပေးခြင်းတွေနဲ့ ဆားတွင်းမှာ ဆားပြန်ဖြည့်တာတွေ လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#vom #voiceofmyanmar #ပူတာအို #တောရိုင်းတိရိစ္ဆာန်

Zawgyi

ပူတာအိုမွာ ေတာ႐ိုင္းတိရစာၦန္ သတ္ျဖတ္ေရာင္းခ်မႈ ဥပေဒအရတားဆီးတိုင္း ေဒသခံေတြရဲ႕ ေႏွာက္ယွက္ဟန႔္တားတာခံ‌ေနရ

ပူတာအို-ေဖေဖၚဝါရီ ၁၁-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ပူတာအိုခ႐ိုင္က ၿမိဳ႕နယ္ေလးခုမွာ သဘာဝေတာ႐ိုင္း တိရစာၦန္ သတ္ျဖတ္ေရာင္းခ်ေနတာကို ဌာနဆိုင္ရာက ဥပေဒအရ တားဆီးတိုင္း ေဒသခံေတြဘက္က ေႏွာက္ယွက္ဟန႔္တားတာေတြ ႀကဳံေနရတယ္လို႔ ခါကာဘိုရာဇီ ဇီဝမ်ိဳးကြဲ ထိန္းသိန္းေရးဌာန အုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

ပူတာအိုၿမိဳ႕ လမ္းမေပၚမွာ သားမင္းအသား ၊ ႀကိးၾကာအသား၊ ေမ်ာက္လႊဲေက်ာ္အသား ၊ ေမ်ာက္ေခါင္း ၊ ဆတ္သား ၊ ငါး ၊ ေတာဝက္ စတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕ အသားေတြ ေရာင္းခ်ေနၾကပါတယ္။

အဲ့ဒါေတြကို ေတြ႕ေနရေပမယ့္ ဥပေဒအတိုင္း အေရးယူလိုက္တာနဲ႔ သဘာဝေဘးမဲ့ေတာကို သြားရာလမ္းတစ္ေလွ်ာက္မွာ ဟန႔္တားေႏွာက္ယွက္မႈေတြ ခံေနရတယ္လို႔ ခါကာဘိုရာဇီ သားငွက္ထိန္းသိန္းေရးဌာန အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမတ္စိုး က ေျပာပါတယ္။

ပူတာအိုခ႐ိုင္အတြင္းက ေဒသေနေက်း႐ြာသားေတြ ပူးေပါင္းၿပီး (၂၀၁၈) ခုႏွစ္ ႏိုဝင္ဘာ ၂၀ ရက္ေန႔က အာဆီယံအေမြအႏွစ္စာရင္းဝင္ ခါကာဘိုရာဇီအမ်ိဳးသားဥယ်ာဥ္ ဒဇုံဒမ္းကင္းစခန္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရဖူးပါတယ္။ အဲ့ဒါအျပင္ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက္ေန႔မွာ ခါကာဘိုရာဇီ အမ်ိဳးသားဥယ်ာဥ္ ဖ်က္သိမ္းေပးဖို႔ ၊ ကမာၻ႔အေမြအနစ္နယ္ေျမသတ္မွတ္ရန္ လုပ္ေဆာင္တဲ့ လုပ္ငန္းစဥ္ဖ်က္သိမ္းေပးဖို႔နဲ႔ သစ္ေတာေရွ႕တန္းစခန္းမ်ားဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခ်က္ေတြနဲ႔ ပန္နန္းဒင္ ၊ ကူရွင္ ၊ မခြမ္ကန္ ၊ ယုံထန္၊ ခေရာင္ ၊ ထလာထု၊ တဆူထု၊ ဒဇုံဒမ္း၊ ဂဝိုင္ ၊ ငါဝါ ႐ြာေတြက ေဒသခံ ၂၀၀ ေက်ာ္ ဝိုင္ဖီသားငွက္ထိန္းသိမ္းေရးစခန္းအထိ လမ္းေလ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ပူတာအိုခ႐ိုင္ေတာေခါင္း ဦးတင္ဝင္းကေတာ့ ေဒသခံေတြရဲ႕ စားဝတ္ေနေရး အစားထိုးဖန္တီးမေပးသေ႐ြ႕ ဒီကိစၥေတြက ခက္ခဲေနအုန္းမွာလို႔ ဆိုပါတယ္။

သားငွက္ထိန္းသိမ္းေရးဌာန ၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက အပတ္စဥ္ စေနေန႔တိုင္း ေရာင္းခ်ေနတဲ့ ပစၥည္းေတြကို သိမ္းဆည္းအေရးယူေပမယ့္ တစ္လလုံးမွ တစ္ပိႆာေလာက္ပဲ ဖမ္းမိတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာ ‌ေတာေတာင္သဘာဝအတြင္း သစ္ပင္ျပန္လည္စိုက္ပ်ိဳးျခင္း၊ တိရစာၦန္အစာျဖည့္ေပးျခင္းေတြနဲ႔ ဆားတြင္းမွာ ဆားျပန္ျဖည့္တာေတြ လုပ္ႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#vom #voiceofmyanmar #ပူတာအို #ေတာရိုင္းတိရိစာၦန္

Related posts

Leave a Comment

VOM News

FREE
VIEW