လိုင်ဇာ ဝင်ပေါက်တွေ ပြန်ဖွင့်၊ လွယ်ဂျယ်နယ်စပ်ဂိတ် ပုံမှန် ပြန်လည်ပတ် ဧပြီ ၂၈၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နားလုံကျေးရွာအုပ်စုမှာရှိတဲ့ လိုင်ဇာဝင်ပေါက်တွေကို ပြန်ဖွင့်ပြီ ဖြစ်ပြီး လွယ်ဂျယ် နယ်စပ်ဂိတ်လည်း ပုံမှန် ပြန်လည်ပတ်နေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာလမ်းတွေက အထူးတလေ မပိတ်ထားပါဘူး။ သူတို့ လိုင်ဇာမြို့မှ ကြိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ် စိုက်ထူတာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေချိန်မှာတော့ ပြည်သူတွေ ထိခိုက်မှု ဖြစ်မှာစိုးလို့ သွားလာတာတွေ မလုပ်ခိုင်းတာလို့ သူက ပြောပါတယ်။ “လိုင်ဇာ အဝင် မုဒ်ဝ အဟောင်းကို စက်နဲ့ ကော် ဖျက်လိုက်ပြီးတော့ အခုက အသစ် ပြန်လုပ်လိုက်တာ။ မုဒ်ဝ အသစ် ပြီးသွားလို့ ဧပြီ ၂၆ ရက်နေ့က ဆုတောင်းပြီး ဖွင့်ပွဲ လုပ်တာ။” လို့ ဒေသခံ အမျိုးသမီး တ‌ယောက်က ပြောပါတယ်။ အဲဒီ လိုင်ဇာ ဝင်ပေါက် မုဒ်ဝရှိရာ ဗန်းမော် – မြစ်ကြီးနား လဂျားယန်ကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က အစိုးရတပ်နဲ့ KIA တို့ အကြား ကျော့ပြန် တိုက်ပွဲမှာ အစိုးရစစ်တပ်က သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး ၁၀ နှစ်ကျော်ကြာ အခု ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် လွယ်ဂျယ် နယ်စပ်ဂိတ်လည်း ခါတိုင်းလို ပုံမှန် ပြန်လည်ပတ် နေပြီလို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ “လွယ်ဂျယ်က နဂိုအတိုင်း ပြန်ဖြစ်သွားပြီ။ အရမ်းပျော်စရာ ကောင်းသွားပြီ။ ဘာမှ မဖြစ်တော့ဘူး။ နယ်စပ်ဂိတ် တံခါးပေါက် ကြီးကနေတော့ လူအဝင်အထွက် မလုပ်ခိုင်းသေးဘူး။ ကုန်တွေတော့ တော်တော် ပြန်ထုတ်ပြီ။ ကားကြီးတွေလည်း အများကြီး ဝင်နေပြီ” လို့ ‌သူက ပြောပါတယ်။ ခါတိုင်း ဌာနဆိုင်ရာက ကုန်တွေ၊ ကားတွေကို စစ်ဆေးရေး စိစစ် ပြီးမှာ ဝင်ထွက်သလို လက်ရှိမှာလည်း ကုန်တွေ၊ ကားတွေကို စစ်ဆေးရေး စိစစ် ပြီးမှ ဝင်ထွက်လို့ ရတယ်လို့ ဆိုပါတယ်။ တရုတ်ဘက် လူဝင် လူထွက်ကိုတော့ လိုင်ဇာနဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်ကနေ ၁၅ ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တွေ ထုတ်ပေးပြီး တရုတ်ဘက်က သတ်မှတ်ထားတဲ့ ပြည်နယ် အတွင်း သွားလာ၊ အလုပ်လုပ်လို့ ရတယ် လို့ သူက ရှင်း‌ပြပါတယ်။ တချို့ ကုန်သည် ကားသမားတွေကတော့ စိုးရိမ် တာကြောင့် မသွားရဲကြဘူးလို့ တစ်ရှူးငှက်ပျောကုန်သည် တယောက်က ပြောပါတယ်။ “လမ်းကတော့ မပိတ်ထားဘူး။ တိုက်ပွဲကြောင့် ကြောက်လို့ ဘယ်သူမှ မသွားရဲဘူးလေ။ အခုလည်း တိုက်ပွဲက သိပ်စိတ်မချရဘူး။ မသွားရဲဘူး” လို့ သူက ပြောပါတယ်။ လွယ်ဂျယ် နယ်စပ်ဂိတ်ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝိုင်းရံ ပိတ်ဆို့ ထားတာကြောင့် ရပ်တန့်သွားခဲ့ပြီး ဧပြီလ ၉ ရက်နေ့က အဲဒီ အဖွဲ့က သိမ်းပိုက်လိုက်ကာ ဧပြီလ ၁၁ ရက်နေ့က နယ်စပ်ဂိတ်ပေါက် ပြန်လည် ဖွင့်ပေးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ Photo Crd# S.Gunmaw



ဧပြီ ၂၈၊ ၂၀၂၄
Shy V (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နားလုံကျေးရွာအုပ်စုမှာရှိတဲ့ လိုင်ဇာဝင်ပေါက်တွေကို ပြန်ဖွင့်ပြီ ဖြစ်ပြီး လွယ်ဂျယ် နယ်စပ်ဂိတ်လည်း ပုံမှန် ပြန်လည်ပတ်နေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လိုင်ဇာလမ်းတွေက အထူးတလေ မပိတ်ထားပါဘူး။ သူတို့ လိုင်ဇာမြို့မှ ကြိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ် စိုက်ထူတာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်မှာတော့ ပြည်သူတွေ ထိခိုက်မှု ဖြစ်မှာစိုးလို့ သွားလာတာတွေ မလုပ်ခိုင်းတာလို့ သူက ပြောပါတယ်။

“လိုင်ဇာ အဝင် မုဒ်ဝ အဟောင်းကို စက်နဲ့ ကော် ဖျက်လိုက်ပြီးတော့ အခုက အသစ် ပြန်လုပ်လိုက်တာ။ မုဒ်ဝ အသစ် ပြီးသွားလို့ ဧပြီ ၂၆ ရက်နေ့က ဆုတောင်းပြီး ဖွင့်ပွဲ လုပ်တာ။” လို့ ဒေသခံ အမျိုးသမီး တ‌ယောက်က ပြောပါတယ်။

အဲဒီ လိုင်ဇာ ဝင်ပေါက် မုဒ်ဝရှိရာ ဗန်းမော် – မြစ်ကြီးနား လဂျားယန်ကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က အစိုးရတပ်နဲ့ KIA တို့ အကြား ကျော့ပြန် တိုက်ပွဲမှာ အစိုးရစစ်တပ်က သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး ၁၀ နှစ်ကျော်ကြာ အခု ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် လွယ်ဂျယ် နယ်စပ်ဂိတ်လည်း ခါတိုင်းလို ပုံမှန် ပြန်လည်ပတ် နေပြီလို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“လွယ်ဂျယ်က နဂိုအတိုင်း ပြန်ဖြစ်သွားပြီ။ အရမ်းပျော်စရာ ကောင်းသွားပြီ။ ဘာမှ မဖြစ်တော့ဘူး။ နယ်စပ်ဂိတ် တံခါးပေါက် ကြီးကနေတော့ လူအဝင်အထွက် မလုပ်ခိုင်းသေးဘူး။ ကုန်တွေတော့ တော်တော် ပြန်ထုတ်ပြီ။ ကားကြီးတွေလည်း အများကြီး ဝင်နေပြီ” လို့ ‌သူက ပြောပါတယ်။

ခါတိုင်း ဌာနဆိုင်ရာက ကုန်တွေ၊ ကားတွေကို စစ်ဆေးရေး စိစစ် ပြီးမှာ ဝင်ထွက်သလို လက်ရှိမှာလည်း ကုန်တွေ၊ ကားတွေကို စစ်ဆေးရေး စိစစ် ပြီးမှ ဝင်ထွက်လို့ ရတယ်လို့ ဆိုပါတယ်။

တရုတ်ဘက် လူဝင် လူထွက်ကိုတော့ လိုင်ဇာနဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်ကနေ ၁၅ ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တွေ ထုတ်ပေးပြီး တရုတ်ဘက်က သတ်မှတ်ထားတဲ့ ပြည်နယ် အတွင်း သွားလာ၊ အလုပ်လုပ်လို့ ရတယ် လို့ သူက ရှင်း‌ပြပါတယ်။

တချို့ ကုန်သည် ကားသမားတွေကတော့ စိုးရိမ် တာကြောင့် မသွားရဲကြဘူးလို့ တစ်ရှူးငှက်ပျောကုန်သည် တယောက်က ပြောပါတယ်။

“လမ်းကတော့ မပိတ်ထားဘူး။ တိုက်ပွဲကြောင့် ကြောက်လို့ ဘယ်သူမှ မသွားရဲဘူးလေ။ အခုလည်း တိုက်ပွဲက သိပ်စိတ်မချရဘူး။ မသွားရဲဘူး” လို့ သူက ပြောပါတယ်။

လွယ်ဂျယ် နယ်စပ်ဂိတ်ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝိုင်းရံ ပိတ်ဆို့ ထားတာကြောင့် ရပ်တန့်သွားခဲ့ပြီး ဧပြီလ ၉ ရက်နေ့က အဲဒီ အဖွဲ့က သိမ်းပိုက်လိုက်ကာ ဧပြီလ ၁၁ ရက်နေ့က နယ်စပ်ဂိတ်ပေါက် ပြန်လည် ဖွင့်ပေးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# S.Gunmaw

Related posts

Leave a Comment

VOM News

FREE
VIEW