ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရန်ကုန်ကကျောင်းတွေအများဆုံးဖြစ်နေ

ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရန်ကုန်ကကျောင်းတွေအများဆုံးဖြစ်နေ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ -၂၀၂၀
သိဂီ ၤ( VOM)

ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံတဲ့ တိုင်ကြားမှုတွေဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ရန်ကုန်က ကျောင်းတွေမှာအဖြစ်ပိုများပြီး ဖြေရှင်းရတာပိုများတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

“ကျူရှင်ပြဿနာက အဓိကမြို့ကြီးတွေမှာဖြစ်တယ်။ပမာဏကိုကြည့်မယ်ဆိုရင် တောကနည်းတယ်။ ။ရန်ကုန်ဆိုကျွန်တော်တို့ဆီတိုင်စာရောက်ရင်အမှုစစ်ရတာပဲ။ကျောင်းသားကို ခွဲခြားဆက်ဆံတယ် ကျူရှင်းမတက်လို့ဆိုပြီးပေါ့ ။ တိုင်စာတက်လာတာနဲ့အရေးယူတာလုပ်ပါတယ်။ဒါဖြစ်နေတာကြာပြီး နာတာရှည်ရောဂါကြီးပဲ။ပညာရေးဝန်ကြီးဌာနကတော့ ကျူရှင်သင်တာကိုအားမပေးပါဘူး။ ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုရင်တော့ မိဘက တိုင်ကြားလာရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ တောကဆရာ ဆရာမတွေမဟုတ်ဘူး။ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် ၊ မန္တလေး ပိုများတယ်။နောက်ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့တွေဖြစ်တယ်။ တိုင်တဲ့အထဲမှာ စစ်ဆေးရတာ ရန်ကုန်က ပိုများတယ်။ မိဘက တချို့ိဆိုရင် အတန်းထဲမှာ ခွဲခြားဆက်ဆံတယ်၊ အတန်းပိုင်ဆရာမက သူ့ဆီကျူရှင်မတက်လို့ခွဲခြားဆက်ဆံတယ် မိဘက မကျေနပ်ချက်တွေများရင် တိုင်စာတက်လာတယ်။”လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။

တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး စာရောက်ခဲ့ရင် ရှေးဦးစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဌာနဆိုင်စုံစမ်းစစ်ဆေးရေး အဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။

ပြစ်ဒဏ်ကိုတော့ ကျူးလွန်တဲ့ လုပ်ရပ်အပေါ် မူတည် ချမှတ်တာဖြစ်ပြီး ကျောင်းသားအချင်းချင်း ခွဲခြားဆက်ဆံတာမှန်ကန်ရင် ကနဦးအဖြစ် စာနဲ့သတိပေးပြီး ထပ်မံကျူးလွန်ခဲ့ရင်ဖြစ်စေ ၊ကျောင်းသူ ကျောင်းသားအပေါ် ပြင်းထန်တဲ့လုပ်ရပ်တစ်ခုခုလုပ်ခဲ့ရင် ရာထူးလျှော့ခြင်း ၊ နှစ်တိုးရပ်ခြင်း ၊ နေရာပြောင်း ခြင်း စတဲ့ပြစ်ဒဏ်တွေ ချမှတ်တယ်လို့ သိရပါတယ်။

အရေးယူခဲ့တဲ့ အမှုအရေအတွက်နဲ့ ပြစ်ဒဏ်ပေးခဲ့တဲ့ ဆရာဆရာမ အရေအတွက်အပေါ် မေးမြန်းမှုကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

“ ကျူရှင်ကို အားပေးတာတော့မဟုတ်ဘူး။ ကလေးတွေကျောင်းဆင်းလာရင် အိမ်မှာလည်း စာမလုပ်တော့ ကျူရှင်မှာသွားတက်ရင်တော့ စာလုပ်ရမှာပဲ ၊ ဆရာမဆိုတော့ကြောက်တယ် သူ့ဆရာမနဲ့သူဆိုတော့ အဆင်ပြေ တယ်ဆိုပြီး ထားတာပေါ့။ ဆရာမကလည်း ကိုယ့်လမ်းထဲကပဲဆိုတော့ သိပ်တော့ အဆင်မပြေတာမရှိပါဘူး”လို့ ကမာရွတ်မြို့နယ်မှာနေတဲ့ ဒေါ်သန်းသန်းမွှေးကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ကျူရှင်စနစ်ကို အားမပေးကြောင်းနဲ့ ကျူရှင်စနစ်ပပျောက်အောင်လည်း လုပ်ဆောင်နေတယ်လို့သိရပြီး အခုလက်ရှိ ဆရာ၊ဆရာမတွေထဲမှာ ကျူရှင်ပြနေတဲ့သူတွေရှိသလို ကျူရှင်စနစ်ကို အားမပေးတဲ့ဆရာ၊ဆရာမတွေလည်း ရှိနေပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကျူရှင် #ကျောင်းသားခွဲခြားဆက်ဆံမှု

Zawgyi

က်ဴရွင္မတက္တဲ့ ေက်ာင္းသားေတြကို ခြဲျခားဆက္ဆံမႈ ရန္ကုန္ကေက်ာင္းေတြအမ်ားဆုံးျဖစ္ေန

ရန္ကုန္ ၊ ေဖေဖာ္၀ါရီ ၁၀ -၂၀၂၀
သိဂီ ၤ( VOM)

က်ဴရွင္မတက္တဲ့ ေက်ာင္းသားေတြကို ခြဲျခားဆက္ဆံတဲ့ တုိင္ၾကားမႈေတြဟာ တစ္ႏုိ္င္ငံလုံးနဲ႔ယွဥ္ရင္ ရန္ကုန္က ေက်ာင္းေတြမွာအျဖစ္ပုိမ်ားၿပီး ေျဖရွင္းရတာပုိမ်ားတယ္လုိ႔ ပညာေရး၀န္ႀကီးဌာနကေန သိရပါတယ္။

“က်ဴရွင္ျပႆနာက အဓိကၿမိဳ႕ႀကီးေတြမွာျဖစ္တယ္။ပမာဏကုိၾကည့္မယ္ဆုိရင္ ေတာကနည္းတယ္။ ။ရန္ကုန္ဆိုကၽြန္ေတာ္တုိ႔ဆီတုိင္စာေရာက္ရင္အမႈစစ္ရတာပဲ။ေက်ာင္းသားကုိ ခြဲျခားဆက္ဆံတယ္ က်ဴရွင္းမတက္လုိ႔ဆုိၿပီးေပါ့ ။ တုိင္စာတက္လာတာနဲ႔အေရးယူတာလုပ္ပါတယ္။ဒါျဖစ္ေနတာၾကာၿပီး နာတာရွည္ေရာဂါႀကီးပဲ။ပညာေရး၀န္ႀကီးဌာနကေတာ့ က်ဴရွင္သင္တာကိုအားမေပးပါဘူး။ က်ဴရွင္မတက္လုိ႔ ခြဲျခားဆက္ဆံတယ္ သင္ၾကားရမယ့္ဟာေတြကို မသင္ၾကားေပးဘူး လုပ္တယ္ဆိုရင္ေတာ့ မိဘက တုိင္ၾကားလာရင္ အေရးယူတာေတြရွိတယ္။ ခုလည္းရွိတယ္။ ေတာကဆရာ ဆရာမေတြမဟုတ္ဘူး။ ၿမိဳ႕ႀကီးေတြျဖစ္တဲ့ ရန္ကုန္ ၊ မနၱေလး ပိုမ်ားတယ္။ေနာက္ျပည္နယ္နဲ႔ တုိင္းေဒသႀကီးက ၿမိဳ႕ေတြျဖစ္တယ္။ တုိင္တဲ့အထဲမွာ စစ္ေဆးရတာ ရန္ကုန္က ပုိမ်ားတယ္။ မိဘက တခိ်ဳ႕ိဆုိရင္ အတန္းထဲမွာ ခြဲျခားဆက္ဆံတယ္၊ အတန္းပိုင္ဆရာမက သူ႔ဆီက်ဴရွင္မတက္လုိ႔ခြဲျခားဆက္ဆံတယ္ မိဘက မေက်နပ္ခ်က္ေတြမ်ားရင္ တုိင္စာတက္လာတယ္။”လုိ႔ အေျခခံပညာဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလး၀င္းကေျပာပါတယ္။

တုိင္ၾကားမႈေတြနဲ႔ပတ္သက္ၿပီး စာေရာက္ခဲ့ရင္ ေရွးဦးစုံစမ္းစစ္ေဆးေရးျပဳလုပ္ၿပီး ဌာနဆုိင္စုံစမ္းစစ္ေဆးေရး အဆင့္ဆင့္ျပဳလုပ္ကာ အေရးယူေနတာျဖစ္ပါတယ္။

ျပစ္ဒဏ္ကုိေတာ့ က်ဴးလြန္တဲ့ လုပ္ရပ္အေပၚ မူတည္ ခ်မွတ္တာျဖစ္ၿပီး ေက်ာင္းသားအခ်င္းခ်င္း ခြဲျခားဆက္ဆံတာမွန္ကန္ရင္ ကနဦးအျဖစ္ စာနဲ႔သတိေပးၿပီး ထပ္မံက်ဴးလြန္ခဲ့ရင္ျဖစ္ေစ ၊ေက်ာင္းသူ ေက်ာင္းသားအေပၚ ျပင္းထန္တဲ့လုပ္ရပ္တစ္ခုခုလုပ္ခဲ့ရင္ ရာထူးေလွ်ာ့ျခင္း ၊ ႏွစ္တုိးရပ္ျခင္း ၊ ေနရာေျပာင္း ျခင္း စတဲ့ျပစ္ဒဏ္ေတြ ခ်မွတ္တယ္လုိ႔ သိရပါတယ္။

အေရးယူခဲ့တဲ့ အမႈအေရအတြက္နဲ႔ ျပစ္ဒဏ္ေပးခဲ့တဲ့ ဆရာဆရာမ အေရအတြက္အေပၚ ေမးျမန္းမႈကိုေတာ့ ေျဖၾကားျခင္းမရွိပါဘူး။

“ က်ဴရွင္ကို အားေပးတာေတာ့မဟုတ္ဘူး။ ကေလးေတြေက်ာင္းဆင္းလာရင္ အိမ္မွာလည္း စာမလုပ္ေတာ့ က်ဴရွင္မွာသြားတက္ရင္ေတာ့ စာလုပ္ရမွာပဲ ၊ ဆရာမဆိုေတာ့ေႀကာက္တယ္ သူ႔ဆရာမနဲ႔သူဆိုေတာ့ အဆင္ေျပ တယ္ဆုိၿပီး ထားတာေပါ့။ ဆရာမကလည္း ကုိယ့္လမ္းထဲကပဲဆုိေတာ့ သိပ္ေတာ့ အဆင္မေျပတာမရွိပါဘူး”လို႔ ကမာရြတ္ၿမိဳ႕နယ္မွာေနတဲ့ ေဒၚသန္းသန္းေမႊးကေျပာပါတယ္။

ပညာေရး၀န္ႀကီးဌာနကေတာ့ က်ဴရွင္စနစ္ကို အားမေပးေၾကာင္းနဲ႔ က်ဴရွင္စနစ္ပေပ်ာက္ေအာင္လည္း လုပ္ေဆာင္ေနတယ္လုိ႔သိရၿပီး အခုလက္ရွိ ဆရာ၊ဆရာမေတြထဲမွာ က်ဴရွင္ျပေနတဲ့သူေတြရွိသလို က်ဴရွင္စနစ္ကုိ အားမေပးတဲ့ဆရာ၊ဆရာမေတြလည္း ရွိေနပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #က်ဴရွင္ #ေက်ာင္းသားခြဲျခားဆက္ဆံမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW