ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရန်ကုန်ကကျောင်းတွေအများဆုံးဖြစ်နေ

ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရန်ကုန်ကကျောင်းတွေအများဆုံးဖြစ်နေ ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ -၂၀၂၀ သိဂီ ၤ( VOM) ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံတဲ့ တိုင်ကြားမှုတွေဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ရန်ကုန်က ကျောင်းတွေမှာအဖြစ်ပိုများပြီး ဖြေရှင်းရတာပိုများတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ “ကျူရှင်ပြဿနာက အဓိကမြို့ကြီးတွေမှာဖြစ်တယ်။ပမာဏကိုကြည့်မယ်ဆိုရင် တောကနည်းတယ်။ ။ရန်ကုန်ဆိုကျွန်တော်တို့ဆီတိုင်စာရောက်ရင်အမှုစစ်ရတာပဲ။ကျောင်းသားကို ခွဲခြားဆက်ဆံတယ် ကျူရှင်းမတက်လို့ဆိုပြီးပေါ့ ။ တိုင်စာတက်လာတာနဲ့အရေးယူတာလုပ်ပါတယ်။ဒါဖြစ်နေတာကြာပြီး နာတာရှည်ရောဂါကြီးပဲ။ပညာရေးဝန်ကြီးဌာနကတော့ ကျူရှင်သင်တာကိုအားမပေးပါဘူး။ ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုရင်တော့ မိဘက တိုင်ကြားလာရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ တောကဆရာ ဆရာမတွေမဟုတ်ဘူး။ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် ၊ မန္တလေး ပိုများတယ်။နောက်ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့တွေဖြစ်တယ်။ တိုင်တဲ့အထဲမှာ စစ်ဆေးရတာ ရန်ကုန်က ပိုများတယ်။ မိဘက တချို့ိဆိုရင် အတန်းထဲမှာ ခွဲခြားဆက်ဆံတယ်၊ အတန်းပိုင်ဆရာမက သူ့ဆီကျူရှင်မတက်လို့ခွဲခြားဆက်ဆံတယ်…

Read More

ဆေးခြောက်စိုက်ခင်းအမှုက အမျိုးသမီးကို မြင်းခြံတရားရုံးက တရားရှင်လွှတ်

ဆေးခြောက်စိုက်ခင်းအမှုက အမျိုးသမီးကို မြင်းခြံတရားရုံးက တရားရှင်လွှတ် မန္တလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အတွင်း ဖမ်းဆီးရမိထားတဲ့ ဆေးခြောက်အနွယ်ဝင် Hamp စိုက်ခင်းအမှုက မရွှန်းလဲ့မြတ်နိုးကို ဒီကနေ့မှာတရားရှင်လွှတ်လိုက်ပြီလို့ မြင်းခြံခရိုင်တရားရုံးကနေ သိရပါတယ်။ “ရွှန်းလဲ့မြတ်နိုးက ၂၁ ရက်ပဲရှိသေးတယ်၊ အလုပ်သင်အဖြစ်ဝင်လာတာ။ သူ့ကို ဓါတ်ခွဲခန်းအထောက်အထားလည်းမရှိဘဲ ဆွဲထားတာ။ သူတို့က အမှုထဲကိုပါလာဖို့ မသင့်တော်ဘူး။” လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာ ဆေးခြောက်စိုက်ခင်းသတင်းတွေ ပျံ့နှံ့လာပြီးနောက် မြို့သာစက်မှုဇုန်အတွင်းမှာ ၂၀၁၉ ခုနှစ် ဧပြီလက ဧက ၆၀ နီးပါးရှိတဲ့ Hamp စိုက်ခင်းတွေ တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်သား ၅ ဦးနဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးနဲ့ ကိုရှိန်းလတ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)၊ ၁၉(က)၊…

Read More

ပြည်ထောင်စုနေ့အထိပြုလုပ်မယ့် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကျင်းပ

ပြည်ထောင်စုနေ့အထိပြုလုပ်မယ့် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကျင်းပ မန္တလေး ဖေဖော်ဝါရီ ၁၀ ရှိုင်းအောင် VOM မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းထဲမှာ တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်နဲ့ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ဒီနေ့မနက် ၈ နာရီမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများ မိမိတို့ချစ်ခင်မြတ်နိုးတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်ပြသပြီး တိုင်းရင်းသားလူမျိုးများ ဥမကွဲ၊သိုက်မပျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ ပြည်ထောင်စုကြီး အမြဲရှင်သန်ဖို့အတွက်ရည်ရွယ်ပြီး အခုလိုပွဲမျိုးကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်နဲ့ဆိုရင် (၉ )ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသထွက်ကုန်တွေနဲ့ အစားအသောက်တွေကို တစ်နေရာထဲမှာ တွေ့မြင်ခံစား ဝယ်ယူ စားသောက်နိုင်မှာဖြစ်ပြီး ဒီပွဲကို ဖေဖော်ဝါရိလ ၁၀ ရက်နေ့ကနေ ပြည်ထောင်စုနေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #တိုင်းရင်းသားလူမျိုးစု #ဈေးရောင်းပွဲတော် Zawgyi ပြည်ထောင်စုနေ့အထိပြုလုပ်မယ့် တိုင်းရင်းသားလူမျိုးစုများ…

Read More

လပွတ္တာမြို့နယ်တရားရုံးဘီလစ်စာရေးကြီး ကြိုးဆွဲချသေဆုံး

လပွတ္တာမြို့နယ်တရားရုံးဘီလစ်စာရေးကြီး ကြိုးဆွဲချသေဆုံး လပွတ္တာ၊ ဖော်ဝါရီလ ၁၀-၂၀၂၀ ကိုအောင် (VOM) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တရားရုံးမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ဘိလစ်စာရေးတစ်ဦး ကြိုးဆွဲချကာမိမိကိုယ်ကို သတ်သေမူ့(ဖေဖော်ဝါရီလ ၉ရက်နေ့) ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သတင်းရရှိပါတယ်။ တရားရုံးရဲ့ဘိလစ်စာရေးကြီး ဦးတင်ကိုမောင်မှာ တရားရုံးဘိလစ်ရုံးခန်းအတွင်း၌ကြိုးဆွဲချသေဆုံးနေတာကို မနေ့ည(၈)နာရီအချိန်ခန့်က ဇနီးဖြစ်သူကတွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာလို့သိရပါတယ်။ “အမျိုးသားက တရားရုံးက စာရေးပါ၊ သူအမျိုးသမီးက အိမ်ပြန် မလာလို့ လိုက်သွားရင်း သူ့ရဲ့ရုံးခန်းထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာပါ”လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ သေဆုံးသူ အသက်(၅၂)နှစ်အရွယ် ဦးတင်ကိုမောင်မှာ ရုံးခန်းအတွင်းက အမြင့် ၉ ပေခန့်ရှိတဲ့ ထုတ်တန်းမှာပလပ်စတစ်ကြိုးအရှည် ၁၅ ပေခန့်ဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ရဲမှတ်တမ်းအရသိရပါတယ်။ လပွတ္တာမြို့နယ်တရားရုံးအတွင်း ဘီလစ်စာရေးကြီး သေဆုံးခဲ့မှုကို လပွတ္တာမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၀)ဖြင့် ရေးဖွင့်ထားပြီး အလောင်းကို လပွတ္တာမြို့၃ မိုင်ပြည်သူ့ဆေးရုံ ကြီးကို ပို့ဆောင်စစ်ဆေးနေလျှက်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ထံကနေသိရပါတယ်…

Read More

ကလေးမြို့ကဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိဖို့ ဆန္ဒထုတ်ဖော်

ကလေးမြို့ကဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိဖို့ ဆန္ဒထုတ်ဖော် ကလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀ ငြိမ်းသူမင်း(VOM) ကလေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ တာန်ဒါလ်းမွန်းမာန် ဆိုင်ကယ်မတော်တဆမှု နဲ့ ဆေးရုံရောက်ရှိပြီး ဆယ်နာရီကျော်အကြာမှာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့ဆေးရုံတွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိဘူးဆိုကာ ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ဆိုင်ကယ်မတော်တဆမှု နဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ရောက်ပြီးချိန် ဆေးရုံမှာသေဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တာန်ဒါလ်မွန်းမာန် ရဲ့ သေဆုံးမှုအပြီး ကလေးမြို့က ကျောင်းသားအဖွဲ့တွေနဲ့ ပြည်သူတွေပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ “နိုင်ငံပိုင်ဆေးရုံတွေမှာ ဆေးကုသမှုခံယူတဲ့ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး လူအားလုံးကို စွမ်းစွမ်းတမံ ကုသမှု အပြည့်အဝပေးရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြရခြင်းဖြစ်ပါတယ်။ ခု ဆန္ဒထုတ်ဖော်တာက လူမျိုးရေး ဘာသာရေးတွေ မဟုတ်ပါဘူး” လို့ ဦးဆောင်ဆန္ဒပြသူ…

Read More

ချေးငွေယူရေးအတည်ပြုဖို့ လွှတ်တော်ထဲကို လက်နက်ကိုင်ရဲနဲ့စစ်သားတွေ ဝင်ရောက် တောင်းဆိုမှု အယ်ဆာဗေဒိုးမှာဖြစ်

ချေးငွေယူရေးအတည်ပြုဖို့ လွှတ်တော်ထဲကို လက်နက်ကိုင်ရဲနဲ့စစ်သားတွေ ဝင်ရောက် တောင်းဆိုမှု အယ်ဆာဗေဒိုးမှာဖြစ် ဆန်ဆယ်ဗေဒိုး၊ ဖေဖော်ဝါရီ-၁၀-၂၀၂၀ မျိုးဆက် (VOM) အယ်ဆာဗေဒိုးနိုင်ငံမှာ လက်နက်တွေအမြောက်အများကိုင်ဆောင်ထားတဲ့ ရဲနဲ့စစ်သားတွေဟာ သူတို့အတွက် ကောင်းမွန်တဲ့ လက်နက်ပစ္စည်းကိရိယာတွေတပ်ဆင်ပေးရေးအတွက် ဒေါ်လာ ၁၀၉ ချေးငွေယူဖို့ကို အတည်ပြုပေးဖို့ လွှတ်တော်အတွင်း ဝင်ရောက်ပြီးတောင်းဆိုခဲ့ကြပါတယ်။ လက်နက်ကိုင် ရဲနဲ့ စစ်သားတွေဟာ သမ္မတနာယစ်ဘုကီလီက လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောကြားနေချိန်မှာ လွှတ်တော် အဆောက်အဦးအတွင်းသို့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ သမ္မတက သူ့ရဲ့ချေးငွေအစီအစဉ်ကို ထောက်ခံဖို့ ရဲနဲ့စစ်တပ်ကို အစောပိုင်းက ခုနစ်ရက်အချိန်ပေးထားပါတယ်။ ပါလီမန်အတွင်း လက်နက်ကိုင်တွေ ဝင်ရောက်လာတာဟာ မကြုံစဖူးဖြစ်ပြီး ခြိမ်းခြောက်တဲ့ အပြုအမူ လုပ်ရပ်ဖြစ်ကြောင်း အတိုက်အခံနိုင်ငံရေးသမားတွေက ဝေဖန်ပြောဆိုပါတယ်။ အယ်ဆာဗေဒိုးဟာ ကမ္ဘာပေါ်မှာ လူသတ်မှု နှုန်းထားအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အကြမ်းဖက်မှုအများစုဟာ ဗဟိုအမေရိကတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေက ကျူးလွန်နေတာဖြစ်ပါတယ်။ သမ္မတဘုကီလီဟာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ ရာထူးစတင်ထမ်းဆောင်ခဲ့ပြီး…

Read More

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား မောင်တော၊ ဖေဖော်ဝါရီလ ၁၀- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဝူဟန် နိုဘယ်ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာ(အမျိုးသား) တစ်ဦးတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ဆက်သွယ်ခဲ့ရာ” မောင်တောမှာ စောင့်ကြည့်တဲ့လူနာတစ်ယောက်ရှိတယ်။ ကျနော်တို့က နမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ ဒီနေ့ပို့ထားတယ်။ လူနာအခြေအနေကတော့ ကောင်းပါတယ်။” လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က အဲ့ဒီအမျိုးသားဟာ ဖျားနာ၊ ချောင်းဆိုးနဲ့ လည်ချောင်းနာကျင် စတဲ့ရောဂါလက္ခဏာတွေကြောင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ်…

Read More

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ပထမ(၉)ရက်အတွင်း မီးလောင်မှု(၇)ကြိမ်ဖြစ်ပွားခဲ့

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ပထမ(၉)ရက်အတွင်း မီးလောင်မှု(၇)ကြိမ်ဖြစ်ပွားခဲ့ မန္တလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၉)ရက်အတွင်း မီးလောင်မှုနဲ့ မီးလန့်မှု (၇)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဆန်းကဖြစ်ခဲ့တဲ့ မီးလောင်မှုတွေအကြောင်းကို ပြောပြတာကတော့ “ဖြစ်ခဲ့တဲ့အကြိမ်ရေအများစုကတော့ လျှပ်စစ်ကနေမီးလောင်မှုဖြစ်တာ၊ ပေါ့ဆမှုတွေကြောင့်ဖြစ်တာများနေတာပါ ၊ ကျွန်တော်တို့က မီးဘေးစိုးရိမ်ရတဲ့နေရာကို လက်ရှိမှာ ဖိပြီးစစ်ဆေးနေပါတယ်။ ဇာတ်တိုက်လေ့ကျင့်တာတွေ၊ မီးဘေးကာကွယ်ရေး ဆော်သြရေးထွက်တာတွေကို လုပ်နေပါတယ်။ စစ်ဆေးတာတွေလုပ်နေပေမယ့် ပြည်သူလူထုအနေနဲ့ ပေါ့ဆမှုမဖြစ်ဘဲ ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုရင် မီးလောင်အကြိမ်ရေနည်းနိုင်မယ်လို့ သုံးသပ်နိုင်မယ်လို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။ မီးလောင်ရာမှာ အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဝန်ကြီးဌာနတွေက ဖြည့်တင်းပေးတဲ့အတွက် မီးလောင်မှုတစ်ခုဖြစ်ပွားရင် အလွယ်တကူမီးငြိမ်းသတ်နိုင်ပြီး ပျက်စီးဆုံးရံှုးမှုတန်ဖိုးကိုလည်း အရင်ကထက်လျှော့ချနိုင်ခဲ့တယ်လို့ ဦးကျော်ဆန်းကဆက်ပြီးပြောပါတယ်။ ဖေဖော်ဝါရီ (၂)ရက်နေ့မှာ မီးလောင်မှု Level-1တစ်ကြိမ်၊ ဖေဖော်ဝါရီ(၆)ရက်နေ့မှာ မီးလန့်မှု(၁)ကြိမ်၊ ဖေဖော်ဝါရီ(၇)ရက်နေ့မှာ မီးလောင်မှု Level-2(၂)ကြိမ်၊…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ တစ်နေ့တည်း လူ ၁၀၀ နီးပါးသေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ တစ်နေ့တည်း လူ ၁၀၀ နီးပါးသေဆုံး ပေကျင်း၊ ဖေဖော်ဝါရီ-၁၀-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ ၉၇ ဦးသေဆုံးခဲ့ပြီး တစ်နေ့တည်း အရေအတွက်အများဆုံး သေဆုံးခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ စုစုပေါင်း ၉၀၈ဦးရှိနေပေမယ့် နေစဉ် ထပ်မံရောဂါကူးစက်ခံရသူဦးရေမှာ တည်ငြိမ်သွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူဟာ ၄၀၁၇၁ ဦးရှိပြီး ရောဂါရှိမရှိ ဆေးဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်းခံနေရသူူဦးရေမှာ ၁၈၇၅၁၈ ဦးထိရှိနေပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုရာမှာ ကူညီဖို့အတွက် ကျွမ်းကျင်သူပညာရှင်အဖွဲ့တစ်ဖွဲ့ကို ပေကျင်းသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စေလွှတ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံကထုြတ်ပန်တဲ့ စာရင်းဇယားများအရ ရောဂါနဲ့ပတ်သက်ပြီး ဆေးကုသမှုခံယူကာ ဆေးရုံမှဆင်းသွားတဲ့ လူနာ ၃၂၈၁ဦးရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ အခြားနိုင်ငံ ၂၇…

Read More

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးပါဝင်ရေးလို့ဆိုပေမယ့် အာဏာရပါတီရဲ့သဘောဆန္ဒတွေပဲဖြစ်နေတဲ့အတွက် ကန့်ကွက်ရတာလို့ တပ်ကိုယ်စားလှယ်ပြော

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးပါဝင်ရေးလို့ဆိုပေမယ့် အာဏာရပါတီရဲ့သဘောဆန္ဒတွေပဲဖြစ်နေတဲ့အတွက် ကန့်ကွက်ရတာလို့ တပ်ကိုယ်စားလှယ်ပြော နေပြည်တော်၊ဖေဖော်ဝါရီ ၁၀-၂၀၂၀ ကိုထွန်း(VOM) ခြေဥပြင်ဆင်ရေး ဥပဒေမူကြမ်းတွေကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင်အများစု ရဲ့သဘောထားမှတ်ချက်အတိုင်းမလုပ်ဘဲ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတင်ထားတဲ့ ခြေဥပြင်ဆင်ရေး(၅)ခုကို သီးခြားစီတင်ပြီး မဲခွဲဆုံးဖြတ်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချူပ်မောင်မောင်က မတ်တပ်ရပ်တောင်းဆိုခဲ့သော်လည်း နာယက က လက်မခံဘဲပယ်ချလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုပြောတင်ပြခဲ့ပေမယ့်လည်း တပ်ကိုယ်စားလှယ်က သီးခြားစီလုပ်ဆောင်ပေးရန်သာ ဆက်လက်တောင်းဆိုနေဆဲဖြစ်တဲ့အတွက် လွှတ်တော်နာယက က မိုက်မပေးတော့ဘဲ နောက် အစီအစဉ်တစ်ခုကို ဆက်လက်လုပ်ဆောင်ကာ တောင်းဆိုချက်ကိုလက်မခံဘဲ ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးပါဝင်ရေးလို့ဆိုပေမယ့် အာဏာရပါတီရဲ့သဘောဆန္ဒတွေပဲဖြစ်နေပြီး ရှေ့စကားနောက်စကားမညီတဲ့အတွက် ကန့်ကွက်ရခြင်းဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချူပ်မောင်မောင်က ဒီကနေ့မနက်ပိုင်း နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)ခေတ္တရပ်နားချိန်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ သီးခြားဆီလုပ်မယ်လို့ပြောထားတဲ့ အကြောင်းအရာကို ဒီကနေ့မှာတော့ အားလုံးပေါင်းလုပ်မယ်လို့ပြောတဲ့အတွက် ဗိုလ်မှူးချုပ်မောင်မောင်က မတ်တက်ရပ်ပြီးကန့်ကွက်တာကို နာယက က လက်မခံတဲ့အတွက်…

Read More
VOM News

FREE
VIEW