ချေးငွေယူရေးအတည်ပြုဖို့ လွှတ်တော်ထဲကို လက်နက်ကိုင်ရဲနဲ့စစ်သားတွေ ဝင်ရောက် တောင်းဆိုမှု အယ်ဆာဗေဒိုးမှာဖြစ်

ချေးငွေယူရေးအတည်ပြုဖို့ လွှတ်တော်ထဲကို လက်နက်ကိုင်ရဲနဲ့စစ်သားတွေ ဝင်ရောက် တောင်းဆိုမှု အယ်ဆာဗေဒိုးမှာဖြစ်

ဆန်ဆယ်ဗေဒိုး၊ ဖေဖော်ဝါရီ-၁၀-၂၀၂၀
မျိုးဆက် (VOM)

အယ်ဆာဗေဒိုးနိုင်ငံမှာ လက်နက်တွေအမြောက်အများကိုင်ဆောင်ထားတဲ့ ရဲနဲ့စစ်သားတွေဟာ သူတို့အတွက် ကောင်းမွန်တဲ့ လက်နက်ပစ္စည်းကိရိယာတွေတပ်ဆင်ပေးရေးအတွက် ဒေါ်လာ ၁၀၉ ချေးငွေယူဖို့ကို အတည်ပြုပေးဖို့ လွှတ်တော်အတွင်း ဝင်ရောက်ပြီးတောင်းဆိုခဲ့ကြပါတယ်။

လက်နက်ကိုင် ရဲနဲ့ စစ်သားတွေဟာ သမ္မတနာယစ်ဘုကီလီက လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောကြားနေချိန်မှာ လွှတ်တော် အဆောက်အဦးအတွင်းသို့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ သမ္မတက သူ့ရဲ့ချေးငွေအစီအစဉ်ကို ထောက်ခံဖို့ ရဲနဲ့စစ်တပ်ကို အစောပိုင်းက ခုနစ်ရက်အချိန်ပေးထားပါတယ်။

ပါလီမန်အတွင်း လက်နက်ကိုင်တွေ ဝင်ရောက်လာတာဟာ မကြုံစဖူးဖြစ်ပြီး ခြိမ်းခြောက်တဲ့ အပြုအမူ လုပ်ရပ်ဖြစ်ကြောင်း အတိုက်အခံနိုင်ငံရေးသမားတွေက ဝေဖန်ပြောဆိုပါတယ်။

အယ်ဆာဗေဒိုးဟာ ကမ္ဘာပေါ်မှာ လူသတ်မှု နှုန်းထားအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အကြမ်းဖက်မှုအများစုဟာ ဗဟိုအမေရိကတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေက ကျူးလွန်နေတာဖြစ်ပါတယ်။

သမ္မတဘုကီလီဟာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ ရာထူးစတင်ထမ်းဆောင်ခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံအတွင်းမှာ အကြမ်းဖက်မှုနဲ့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ ကတိပြုထားပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #လွှတ်တော်ထဲကို လက်နက်ကိုင်ရဲနဲ့စစ်သားတွေဝင်ရောက် #အယ်ဆာဗေဒိုး

Zawgyi

ေခ်းေငြယူေရးအတည္ျပဳဖို႔ လႊတ္ေတာ္ထဲကို လက္နက္ကိုင္ရဲနဲ႔စစ္သားေတြ ၀င္ေရာက္ ေတာင္းဆိုမွဳ အယ္ဆာေဗဒိုးမွာျဖစ္

ဆန္ဆယ္ေဗဒုိး၊ ေဖေဖာ္ဝါရီ-၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

အယ္ဆာေဗဒုိးႏုိင္ငံမွာ လက္နက္ေတြအေျမာက္အမ်ားကို္င္ေဆာင္ထားတဲ႔ ရဲနဲ႔စစ္သားေတြဟာ သူတို႔အတြက္ ေကာင္းမြန္တဲ႔ လက္နက္ပစၥည္းကိရိယာေတြတပ္ဆင္ေပးေရးအတြက္ ေဒၚလာ ၁၀၉ ေခ်းေငြယူဖုိ႔ကို အတည္ျပဳေပးဖို႔ လႊတ္ေတာ္အတြင္း ၀င္ေရာက္ျပီးေတာင္းဆိုခဲ႔ၾကပါတယ္။

လက္နက္ကိုင္ ရဲနဲ႔ စစ္သားေတြဟာ သမၼတနာယစ္ဘုကီလီက လႊတ္ေတာ္အမတ္ေတြကို မိန္႔ခြန္းေျပာၾကားေနခ်ိန္မွာ လႊတ္ေတာ္ အေဆာက္အဦးအတြင္းသို႔ ဝင္ေရာက္လာခဲ႕ၾကတာျဖစ္ပါတယ္။ သမၼတက သူ႔ရဲ႕ေခ်းေငြအစီအစဥ္ကုိ ေထာက္ခံဖို႔ ရဲနဲ႔စစ္တပ္ကို အေစာပိုင္းက ခုနစ္ရက္အခ်ိန္ေပးထားပါတယ္။

ပါလီမန္အတြင္း လက္နက္ကုိင္ေတြ ဝင္ေရာက္လာတာဟာ မၾကံဳစဖူးျဖစ္ျပီး ျခိမ္းေျခာက္တဲ႔ အျပဳအမူ လုပ္ရပ္ျဖစ္ေၾကာင္း အတုိက္အခံႏုိင္ငံေရးသမားေတြက ေ၀ဖန္ေျပာဆိုပါတယ္။

အယ္ဆာေဗဒုိးဟာ ကမၻာေပၚမွာ လူသတ္မႈ ႏႈန္းထားအျမင့္ဆံုးႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။ အၾကမ္းဖက္မႈအမ်ားစုဟာ ဗဟုိအေမရိကတစ္၀ိုက္မွာ လႈပ္ရွားေနတဲ႔ ရာဇဝတ္ဂုိဏ္းေတြက က်ဴးလြန္ေနတာျဖစ္ပါတယ္။

သမၼတဘုကီလီဟာ ၂၀၁၉ ခုနွစ္ ဇြန္လအတြင္းမွာ ရာထူးစတင္ထမ္းေဆာင္ခဲ႔ျပီး ဆင္းရဲႏြမ္းပါးတဲ႔ နိုင္ငံအတြင္းမွာ အၾကမ္းဖက္မႈန႔ဲ အက်င္႔ပ်က္ခ်စားမႈကို တိုက္ဖ်က္ဖို႔ ကတိျပဳထားပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #လႊတ္ေတာ္ထဲကို လက္နက္ကိုင္ရဲနဲ႔စစ္သားေတြ၀င္ေရာက္ #အယ္ဆာေဗဒိုး

Related posts

Leave a Comment

VOM News

FREE
VIEW