ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ တစ်နေ့တည်း လူ ၁၀၀ နီးပါးသေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ တစ်နေ့တည်း လူ ၁၀၀ နီးပါးသေဆုံး

ပေကျင်း၊ ဖေဖော်ဝါရီ-၁၀-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ ၉၇ ဦးသေဆုံးခဲ့ပြီး တစ်နေ့တည်း အရေအတွက်အများဆုံး သေဆုံးခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ စုစုပေါင်း ၉၀၈ဦးရှိနေပေမယ့် နေစဉ် ထပ်မံရောဂါကူးစက်ခံရသူဦးရေမှာ တည်ငြိမ်သွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူဟာ ၄၀၁၇၁ ဦးရှိပြီး ရောဂါရှိမရှိ ဆေးဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်းခံနေရသူူဦးရေမှာ ၁၈၇၅၁၈ ဦးထိရှိနေပါတယ်။

ရောဂါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုရာမှာ ကူညီဖို့အတွက် ကျွမ်းကျင်သူပညာရှင်အဖွဲ့တစ်ဖွဲ့ကို ပေကျင်းသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စေလွှတ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံကထုြတ်ပန်တဲ့ စာရင်းဇယားများအရ ရောဂါနဲ့ပတ်သက်ပြီး ဆေးကုသမှုခံယူကာ ဆေးရုံမှဆင်းသွားတဲ့ လူနာ ၃၂၈၁ဦးရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ဟာ အခြားနိုင်ငံ ၂၇ နိုင်ငံမှာလည်း ကူးစက်ပျံ့နှံမှုတွေရှိနေပြီး တရုတ်နိုင်ငံပြင်ပ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တို့မှာ လူတစ်ဦးစီသေဆုံးခဲ့တာဖြစ်ပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ပေကျင်း #တရုတ်နိုင်ငံ #ကိုရိုနာကူးစက်ရောဂါ #တစ်နေ့တည်းလူ၁၀၀နီးပါးသေဆုံး

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တရုတ္နုိင္ငံမွာ တစ္ေန႔တည္း လူ ၁၀၀ နီးပါးေသဆံုး

ေပက်င္း၊ ေဖေဖာ္ဝါရီ-၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ ေဖေဖာ္ဝါရီ ၉ ရက္မွာ ၉၇ ဦးေသဆံုးခဲ႔ျပီး တစ္ေန႔တည္း အေရအတြက္အမ်ားဆံုး ေသဆံုးျခင္းလည္းျဖစ္တယ္လုိ႔ သိရပါတယ္။

လက္ရွိအခ်ိန္ထိ ဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူဦးေရဟာ စုစုေပါင္း ၉၀၈ဦးရွိေနေပမယ္႔ ေနစဥ္ ထပ္မံေရာဂါကူးစက္ခံရသူဦးေရမွာ တည္ျငိမ္သြားျပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

တရုတ္ႏုိင္ငံတစ္ဝန္း ေရာဂါကူးစက္ခံရသူဟာ ၄၀၁၇၁ ဦးရွိျပီး ေရာဂါရိွမရိွ ေဆးဘက္ဆုိင္ရာ ေလ့လာေစာင့္ၾကည့္ျခင္းခံေနရသူူဦးေရမွာ ၁၈၇၅၁၈ ဦးထိရိွေနပါတယ္။

ေရာဂါနဲ႔ပတ္သက္ျပီး စံုစမ္းစစ္ေဆးမႈျပဳရာမွာ ကူညီဖို႔အတြက္ ကၽြမ္းက်င္သူပညာရွင္အဖဲြ႔တစ္ဖဲြ႔ကုိ ေပက်င္းသုိ႔ ကမၻာ့က်န္းမာေရးအဖဲြ႔က ေစလႊတ္ထားျပီးျဖစ္တယ္လုိ႔လည္း သိရပါတယ္။

တရုတ္ႏုိင္ငံကထုတျ္ပန္တဲ႔ စာရင္းဇယားမ်ားအရ ေရာဂါနဲ႔ပတ္သက္ျပီး ေဆးကုသမႈခံယူကာ ေဆးရံုမွဆင္းသြားတဲ႔ လူနာ ၃၂၈၁ဦးရွိတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဗိုင္းရပ္စ္ဟာ အျခားနိုင္ငံ ၂၇ နိုင္ငံမွာလည္း ကူးစက္ပ်ံ႕နွံမႈေတြရွိေနျပီး တရုတ္နိုင္ငံျပင္ပ ဖိလစ္ပိုင္နဲ႔ ေဟာင္ေကာင္တို႔မွာ လူတစ္ဦးစီေသဆံုးခဲ့တာျဖစ္ပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ေပက်င္း #တရုတ္ႏုိင္ငံ #ကိုရိုနာကူးစက္ေရာဂါ #တစ္ေန႔တည္းလူ၁၀၀နီးပါးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW