မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ပထမ(၉)ရက်အတွင်း မီးလောင်မှု(၇)ကြိမ်ဖြစ်ပွားခဲ့

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ပထမ(၉)ရက်အတွင်း မီးလောင်မှု(၇)ကြိမ်ဖြစ်ပွားခဲ့

မန္တလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၉)ရက်အတွင်း မီးလောင်မှုနဲ့ မီးလန့်မှု (၇)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဆန်းကဖြစ်ခဲ့တဲ့ မီးလောင်မှုတွေအကြောင်းကို ပြောပြတာကတော့ “ဖြစ်ခဲ့တဲ့အကြိမ်ရေအများစုကတော့ လျှပ်စစ်ကနေမီးလောင်မှုဖြစ်တာ၊ ပေါ့ဆမှုတွေကြောင့်ဖြစ်တာများနေတာပါ ၊ ကျွန်တော်တို့က မီးဘေးစိုးရိမ်ရတဲ့နေရာကို လက်ရှိမှာ ဖိပြီးစစ်ဆေးနေပါတယ်။ ဇာတ်တိုက်လေ့ကျင့်တာတွေ၊ မီးဘေးကာကွယ်ရေး ဆော်သြရေးထွက်တာတွေကို လုပ်နေပါတယ်။ စစ်ဆေးတာတွေလုပ်နေပေမယ့် ပြည်သူလူထုအနေနဲ့ ပေါ့ဆမှုမဖြစ်ဘဲ ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုရင် မီးလောင်အကြိမ်ရေနည်းနိုင်မယ်လို့ သုံးသပ်နိုင်မယ်လို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။

မီးလောင်ရာမှာ အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဝန်ကြီးဌာနတွေက ဖြည့်တင်းပေးတဲ့အတွက် မီးလောင်မှုတစ်ခုဖြစ်ပွားရင် အလွယ်တကူမီးငြိမ်းသတ်နိုင်ပြီး ပျက်စီးဆုံးရံှုးမှုတန်ဖိုးကိုလည်း အရင်ကထက်လျှော့ချနိုင်ခဲ့တယ်လို့ ဦးကျော်ဆန်းကဆက်ပြီးပြောပါတယ်။

ဖေဖော်ဝါရီ (၂)ရက်နေ့မှာ မီးလောင်မှု Level-1တစ်ကြိမ်၊ ဖေဖော်ဝါရီ(၆)ရက်နေ့မှာ မီးလန့်မှု(၁)ကြိမ်၊ ဖေဖော်ဝါရီ(၇)ရက်နေ့မှာ မီးလောင်မှု Level-2(၂)ကြိမ်၊ ဖေဖော်ဝါရီ(၉)ရက်နေ့မှာ မီးလောင်မှု Level-1၊ Level-2နဲ့ မီးလောင်မှု Level-4 (၃)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီမီးလောင်မှုတွေဟာ မန္တလေးမြို့ရှိ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ လျှပ်စစ်မီးအပူလွန်ကဲရာကနေ မီးလောင်မှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး သိန်းပေါင်း(၂၀၀)နီးပါး မီးလောင်ဆုံးရံှုးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဖေဖော်ဝါရီ၉ရက်အတွင်း #မီးလောင်မှု

Zawgyi

မႏၱေလးၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ပထမ(၉)ရက္အတြင္း မီးေလာင္မွဳ(၇)ႀကိ္မ္ျဖစ္ပြားခဲ့

မႏၱေလး၊ ေဖေဖာ္ဝါရီ ၁၀-၂၀၂၀
လင္းခိုင္(VOM)

မႏၱေလးၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၉)ရက္အတြင္း မီးေလာင္မွဳနဲ႔ မီးလန္႔မွဳ (၇)ႀကိမ္ျဖစ္ပြားခဲ့တယ္လို႔ မႏၱေလးတိုင္းမီးသတ္ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

မႏၱေလးခရိုင္မီးသတ္ဦးစီးဌာန လက္ေထာက္ညြန္ၾကားေရးမွဴး ဦးေက်ာ္ဆန္းကျဖစ္ခဲ့တဲ့ မီးေလာင္မွဳေတြအေၾကာင္းကုိ ေျပာျပတာကေတာ့ “ျဖစ္ခဲ့တဲ့အႀကိမ္ေရအမ်ားစုကေတာ့ လွ်ပ္စစ္ကေနမီးေလာင္မွဳျဖစ္တာ၊ ေပါ့ဆမွဳေတြေၾကာင့္ျဖစ္တာမ်ားေနတာပါ ၊ ကၽြန္ေတာ္တို႔က မီးေဘးစိုးရိမ္ရတဲ့ေနရာကို လက္ရိွမွာ ဖိၿပီးစစ္ေဆးေနပါတယ္။ ဇာတ္တိုက္ေလ့က်င့္တာေတြ၊ မီးေဘးကာကြယ္ေရး ေဆာ္ၾသေရးထြက္တာေတြကို လုပ္ေနပါတယ္။ စစ္ေဆးတာေတြလုပ္ေနေပမယ့္ ျပည္သူလူထုအေနနဲ႔ ေပါ့ဆမွဳမျဖစ္ဘဲ ထိန္းထိန္းသိမ္းသိမ္းလုပ္မယ္ဆိုရင္ မီးေလာင္အႀကိမ္ေရနည္းႏိုင္မယ္လုိ႔ သံုးသပ္ႏိုင္မယ္လုိ႔ ေျပာလို႔ရပါတယ္”လို႔ ေျပာပါတယ္။

မီးေလာင္ရာမွာ အသံုးျပဳတဲ့ အသံုးအေဆာင္ပစၥည္းေတြကိုလည္း ဝန္ႀကီးဌာနေတြက ျဖည့္တင္းေပးတဲ့အတြက္ မီးေလာင္မွဳတစ္ခုျဖစ္ပြားရင္ အလြယ္တကူမီးၿငိမ္းသတ္ႏိုင္ၿပီး ပ်က္စီးဆံုးရံွဳးမွဳတန္ဖိုးကိုလည္း အရင္ကထက္ေလွ်ာ့ခ်ႏိုင္ခဲ့တယ္လို႔ ဦးေက်ာ္ဆန္းကဆက္ၿပီးေျပာပါတယ္။

ေဖေဖာ္ဝါရီ (၂)ရက္ေန႔မွာ မီးေလာင္မွဳ Level-1တစ္ႀကိမ္၊ ေဖေဖာ္ဝါရီ(၆)ရက္ေန႔မွာ မီးလန္႔မွဳ(၁)ႀကိမ္၊ ေဖေဖာ္ဝါရီ(၇)ရက္ေန႔မွာ မီးေလာင္မွဳ Level-2(၂)ႀကိမ္၊ ေဖေဖာ္ဝါရီ(၉)ရက္ေန႔မွာ မီးေလာင္မွဳ Level-1၊ Level-2နဲ႔ မီးေလာင္မွဳ Level-4 (၃)ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီမီးေလာင္မွဳေတြဟာ မႏၱေလးၿမိဳ႕ရိွ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္နဲ႕ ပုသိမ္ႀကီးၿမိဳ႕နယ္တို႔မွာ လွ်ပ္စစ္မီးအပူလြန္ကဲရာကေန မီးေလာင္မွဳအမ်ားဆံုးျဖစ္ေပၚခဲ့ၿပီး သိန္းေပါင္း(၂၀၀)နီးပါး မီးေလာင္ဆံုးရံွဳးခဲ့တယ္လုိ႔ မႏၱေလးတုိင္းမီးသတ္ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေဖေဖာ္ဝါရီ၉ရက္အတြင္း #မီးေလာင္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW