ကလေးမြို့ကဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိဖို့ ဆန္ဒထုတ်ဖော်

ကလေးမြို့ကဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိဖို့ ဆန္ဒထုတ်ဖော်

ကလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀
ငြိမ်းသူမင်း(VOM)

ကလေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ တာန်ဒါလ်းမွန်းမာန် ဆိုင်ကယ်မတော်တဆမှု နဲ့ ဆေးရုံရောက်ရှိပြီး ဆယ်နာရီကျော်အကြာမှာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့ဆေးရုံတွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိဘူးဆိုကာ ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ဆိုင်ကယ်မတော်တဆမှု နဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ရောက်ပြီးချိန် ဆေးရုံမှာသေဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တာန်ဒါလ်မွန်းမာန် ရဲ့ သေဆုံးမှုအပြီး ကလေးမြို့က ကျောင်းသားအဖွဲ့တွေနဲ့ ပြည်သူတွေပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

“နိုင်ငံပိုင်ဆေးရုံတွေမှာ ဆေးကုသမှုခံယူတဲ့ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး လူအားလုံးကို စွမ်းစွမ်းတမံ ကုသမှု အပြည့်အဝပေးရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြရခြင်းဖြစ်ပါတယ်။ ခု ဆန္ဒထုတ်ဖော်တာက လူမျိုးရေး ဘာသာရေးတွေ မဟုတ်ပါဘူး” လို့ ဦးဆောင်ဆန္ဒပြသူ ကိုဝေနိုင်ဦး က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ မလျာကျိန်ရှမ်းနဲမ်ကတော့ “တစ်ချို့ အကျင့်ကောင်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အများကြီး ရှိပါတယ်။ဒါပေမယ့် လူတိုင်းက မတူနိုင်ဘူးဆိုတော့လေ အကျင့်မကောင်းတဲ့သူတွေ ရှိသလို အကျင့်ကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အကျင့်ဆိုတဲ့ နေရာမှာလည်း စာရိတ္တထက် စိတ်ဓါတ်ရေးရာပေါ့နော်။ သူတို့ရဲ့ အလုပ်နဲ့ညီတဲ့ ကျန်းမာရေးမကောင်းတဲ့ ပြည်သူတွေကို ကူညီပေးဖို့ကုသပေးဖို့ စိတ်ဓါတ်လေးထားစေချင်ပါတယ်” လို့ ပြောပါ တယ်။

ဆန္ဒထုတ်ဖော်ရာမှာ ပြည်သူ့ဆေးရုံတိုင်းမှာရှိတဲ့ လူနာတွေရဲ့ကျန်းမာရေးကို မေတ္တာရှေ့ထားပြီး စောင့်ရှောက်ကုသမှု အပြည့်အဝရရှိရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်ချက် အပါအဝင် တောင်းဆိုချက် ၁၀ ချက်ကို ကြွေးကြော်တောင်းဆိုကာ လူအင်အားအများအပြားနဲ့ ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းစုရပ်ပြုလုပ်ကာ ချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကလေး #ဆေးရုံ #ကျောင်းသား #ဆန္ဒထုတ်ဖော်

 

Zawgyi

ကေလးၿမိဳ႕ကေဆးရံုေတြမွာ က်န္းမာေရးေစာင့္ေရွာက္မွဳ အျပည့္အဝရရိွဖို႔ ဆႏၵထုတ္ေဖာ္

ကေလး၊ ေဖေဖာ္၀ါရီ ၁၀-၂၀၂၀
ျငိမ္းသူမင္း(VOM)

ကေလးတကၠသုိလ္ေက်ာင္းသားတစ္ဦးျဖစ္တဲ့ တာန္ဒါလ္းမြန္းမာန္ ဆုိင္ကယ္မေတာ္တဆမႈ နဲ႕ ေဆးရုံေရာက္ရွိျပီး ဆယ္နာရီေက်ာ္အၾကာမွာ ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပည္သူ႔ေဆးရုံေတြ ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ အျပည္႔အ၀မရရွိဘူးဆုိကာ ကေလးျမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက ဆႏၵထုတ္ေဖာ္ပဲြ ျပဳလုပ္ခဲ့ပါတယ္။

ဇန္န၀ါရီလ ၂၆ ရက္ေန႔ ညပိုင္းက ဆုိင္ကယ္မေတာ္တဆမႈ နဲ႕ ကေလးျမိဳ႕ ျပည္သူ႔ေဆးရုံကုိ ေရာက္ျပီးခ်ိန္ ေဆးရံုမွာေသဆုံးခဲ့တဲ့ တကၠသုိလ္ေက်ာင္းသား တာန္ဒါလ္မြန္းမာန္ ရဲ႕ ေသဆုံးမႈအျပီး ကေလးျမိဳ႕က ေက်ာင္းသားအဖဲြ႕ေတြနဲ႕ ျပည္သူေတြပူးေပါင္းျပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

“ႏုိင္ငံပုိင္ေဆးရုံေတြမွာ ေဆးကုသမႈခံယူတဲ့ လူမ်ဳိးဘာသာ ဆင္းရဲခ်မ္းသာမေရြး လူအားလုံးကုိ စြမ္းစြမ္းတမံ ကုသမႈ အျပည္႔အ၀ေပးရန္ ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႕ ျပရျခင္းျဖစ္ပါတယ္။ ခု ဆႏၵထုတ္ေဖာ္တာက လူမ်ဳိးေရး ဘာသာေရးေတြ မဟုတ္ပါဘူး” လုိ႕ ဦးေဆာင္ဆႏၵျပသူ ကုိေ၀ႏုိင္ဦး က ေျပာပါတယ္။

ဆႏၵထုတ္ေဖာ္ရာမွာ ပါ၀င္တဲ့ မလ်ာက်ိန္ရွမ္းနဲမ္ကေတာ့ “တစ္ခ်ဳိ႕ အက်င့္ေကာင္းတဲ့ က်န္းမာေရး၀န္ထမ္းေတြလည္း အမ်ားၾကီး ရွိပါတယ္။ဒါေပမယ့္ လူတုိင္းက မတူႏုိင္ဘူးဆုိေတာ့ေလ အက်င့္မေကာင္းတဲ့သူေတြ ရွိသလုိ အက်င့္ေကာင္းတဲ့ သူေတြလည္း ရွိပါတယ္။ အက်င့္ဆုိတဲ့ ေနရာမွာလည္း စာရိတၱထက္ စိတ္ဓါတ္ေရးရာေပါ့ေနာ္။ သူတုိ႕ရဲ႕ အလုပ္နဲ႔ညီတဲ့ က်န္းမာေရးမေကာင္းတဲ့ ျပည္သူေတြကုိ ကူညီေပးဖုိ႕ကုသေပးဖုိ႕ စိတ္ဓါတ္ေလးထားေစခ်င္ပါတယ္” လုိ႕ ေျပာပါ တယ္။

ဆႏၵထုတ္ေဖာ္ရာမွာ ျပည္သူ႔ေဆးရုံတုိင္းမွာရိွတဲ့ လူနာေတြရဲ႕က်န္းမာေရးကုိ ေမတၱာေရွ႕ထားျပီး ေစာင့္ေရွာက္ကုသမႈ အျပည္႔အ၀ရရွိေရး ဒုိ႕အေရး ဆုိတဲ့ ေၾကြးေၾကာ္ခ်က္ အပါအ၀င္ ေတာင္းဆုိခ်က္ ၁၀ ခ်က္ကို ေၾကြးေၾကာ္ေတာင္းဆုိကာ လူအင္အားအမ်ားအျပားနဲ႔ ကေလးၿမိဳ႕၊ ပင္လံုရပ္ကြက္၊ ဆိပ္ကမ္းသာလမ္းစုရပ္ျပဳလုပ္ကာ ခ်ီတက္လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ကေလး #ေဆးရံု #ေက်ာင္းသား #ဆႏၵထုတ္ေဖာ္

Related posts

Leave a Comment

VOM News

FREE
VIEW