ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးပါဝင်ရေးလို့ဆိုပေမယ့် အာဏာရပါတီရဲ့သဘောဆန္ဒတွေပဲဖြစ်နေတဲ့အတွက် ကန့်ကွက်ရတာလို့ တပ်ကိုယ်စားလှယ်ပြော

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးပါဝင်ရေးလို့ဆိုပေမယ့် အာဏာရပါတီရဲ့သဘောဆန္ဒတွေပဲဖြစ်နေတဲ့အတွက် ကန့်ကွက်ရတာလို့ တပ်ကိုယ်စားလှယ်ပြော

နေပြည်တော်၊ဖေဖော်ဝါရီ ၁၀-၂၀၂၀
ကိုထွန်း(VOM)

ခြေဥပြင်ဆင်ရေး ဥပဒေမူကြမ်းတွေကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင်အများစု ရဲ့သဘောထားမှတ်ချက်အတိုင်းမလုပ်ဘဲ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတင်ထားတဲ့ ခြေဥပြင်ဆင်ရေး(၅)ခုကို သီးခြားစီတင်ပြီး မဲခွဲဆုံးဖြတ်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချူပ်မောင်မောင်က မတ်တပ်ရပ်တောင်းဆိုခဲ့သော်လည်း နာယက က လက်မခံဘဲပယ်ချလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပြောတင်ပြခဲ့ပေမယ့်လည်း တပ်ကိုယ်စားလှယ်က သီးခြားစီလုပ်ဆောင်ပေးရန်သာ ဆက်လက်တောင်းဆိုနေဆဲဖြစ်တဲ့အတွက် လွှတ်တော်နာယက က မိုက်မပေးတော့ဘဲ နောက် အစီအစဉ်တစ်ခုကို ဆက်လက်လုပ်ဆောင်ကာ တောင်းဆိုချက်ကိုလက်မခံဘဲ ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးပါဝင်ရေးလို့ဆိုပေမယ့် အာဏာရပါတီရဲ့သဘောဆန္ဒတွေပဲဖြစ်နေပြီး ရှေ့စကားနောက်စကားမညီတဲ့အတွက် ကန့်ကွက်ရခြင်းဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချူပ်မောင်မောင်က ဒီကနေ့မနက်ပိုင်း နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)ခေတ္တရပ်နားချိန်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

သီးခြားဆီလုပ်မယ်လို့ပြောထားတဲ့ အကြောင်းအရာကို ဒီကနေ့မှာတော့ အားလုံးပေါင်းလုပ်မယ်လို့ပြောတဲ့အတွက် ဗိုလ်မှူးချုပ်မောင်မောင်က မတ်တက်ရပ်ပြီးကန့်ကွက်တာကို နာယက က လက်မခံတဲ့အတွက် သတင်းမီဒီယာတွေကို ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #တပ်ကိုယ်စားလှယ် #ဖွဲ့စည်းပုံပြင်ဆင်ရေး

Zawgyi

ဖြဲ႔စည္းပံုျပင္ဆင္ေရးမွာ အားလံုးပါဝင္ေရးလုိ႔ဆိုေပမယ့္ အာဏာရပါတီရဲ႕သေဘာဆႏၵေတြပဲျဖစ္ေနတဲ့အတြက္ ကန္႔ကြက္ရတာလုိ႔ တပ္ကိုယ္စားလွယ္ေျပာ

ေနျပည္ေတာ္၊ေဖေဖာ္ဝါရီ ၁၀-၂၀၂၀
ကိုထြန္း(VOM)

ေျခဥျပင္ဆင္ေရး ဥပေဒမူၾကမ္းေတြကို ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီဝင္အမ်ားစု ရဲ႕သေဘာထားမွတ္ခ်က္အတိုင္းမလုပ္ဘဲ တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီတင္ထားတဲ့ ေျခဥျပင္ဆင္ေရး(၅)ခုကို သီးျခားစီတင္ၿပီး မဲခြဲဆုံးျဖတ္ေပးဖို႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဴပ္ေမာင္ေမာင္က မတ္တပ္ရပ္ေတာင္းဆိုခဲ့ေသာ္လည္း နာယက က လက္မခံဘဲပယ္ခ်လိုက္တယ္လုိ႔ သိရပါတယ္။

အဲ့ဒီလိုေျပာတင္ျပခဲ့ေပမယ့္လည္း တပ္ကိုယ္စားလွယ္က သီးျခားစီလုပ္ေဆာင္ေပးရန္သာ ဆက္လက္ေတာင္းဆိုေနဆဲျဖစ္တဲ့အတြက္ လႊတ္ေတာ္နာယက က မိုက္မေပးေတာ့ဘဲ ေနာက္ အစီအစဥ္တစ္ခုကို ဆက္လက္လုပ္ေဆာင္ကာ ေတာင္းဆိုခ်က္ကိုလက္မခံဘဲ ပယ္ခ်ခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

ဖြဲ႔စည္းပံုျပင္ဆင္ေရးမွာ အားလံုးပါဝင္ေရးလုိ႔ဆိုေပမယ့္ အာဏာရပါတီရဲ႕သေဘာဆႏၵေတြပဲျဖစ္ေနၿပီး ေရွ႕စကားေနာက္စကားမညီတဲ့အတြက္ ကန္႔ကြက္ရျခင္းျဖစ္တယ္လုိ႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဴပ္ေမာင္ေမာင္က ဒီကေန႔မနက္ပိုင္း ေနျပည္ေတာ္မွာက်င္းပတဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(သတၱမေန႔)ေခတၱရပ္နားခ်ိန္မွာ သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

သီးျခားဆီလုပ္မယ္လို႔ေျပာထားတဲ့ အေၾကာင္းအရာကို ဒီကေန႔မွာေတာ့ အားလံုးေပါင္းလုပ္မယ္လုိ႔ေျပာတဲ့အတြက္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က မတ္တက္ရပ္ၿပီးကန္႔ကြက္တာကို နာယက က လက္မခံတဲ့အတြက္ သတင္းမီဒီယာေတြကို ေျပာျပခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #တပ္ကိုယ္စားလွယ္ #ဖြဲ႔စည္းပံုျပင္ဆင္ေရး

Related posts

Leave a Comment

VOM News

FREE
VIEW