လပွတ္တာမြို့နယ်တရားရုံးဘီလစ်စာရေးကြီး ကြိုးဆွဲချသေဆုံး

လပွတ္တာမြို့နယ်တရားရုံးဘီလစ်စာရေးကြီး ကြိုးဆွဲချသေဆုံး

လပွတ္တာ၊ ဖော်ဝါရီလ ၁၀-၂၀၂၀
ကိုအောင် (VOM)

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တရားရုံးမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ဘိလစ်စာရေးတစ်ဦး ကြိုးဆွဲချကာမိမိကိုယ်ကို သတ်သေမူ့(ဖေဖော်ဝါရီလ ၉ရက်နေ့) ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သတင်းရရှိပါတယ်။

တရားရုံးရဲ့ဘိလစ်စာရေးကြီး ဦးတင်ကိုမောင်မှာ တရားရုံးဘိလစ်ရုံးခန်းအတွင်း၌ကြိုးဆွဲချသေဆုံးနေတာကို မနေ့ည(၈)နာရီအချိန်ခန့်က ဇနီးဖြစ်သူကတွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာလို့သိရပါတယ်။

“အမျိုးသားက တရားရုံးက စာရေးပါ၊ သူအမျိုးသမီးက အိမ်ပြန် မလာလို့ လိုက်သွားရင်း သူ့ရဲ့ရုံးခန်းထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာပါ”လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

သေဆုံးသူ အသက်(၅၂)နှစ်အရွယ် ဦးတင်ကိုမောင်မှာ ရုံးခန်းအတွင်းက အမြင့် ၉ ပေခန့်ရှိတဲ့ ထုတ်တန်းမှာပလပ်စတစ်ကြိုးအရှည် ၁၅ ပေခန့်ဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ရဲမှတ်တမ်းအရသိရပါတယ်။

လပွတ္တာမြို့နယ်တရားရုံးအတွင်း ဘီလစ်စာရေးကြီး သေဆုံးခဲ့မှုကို လပွတ္တာမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၀)ဖြင့် ရေးဖွင့်ထားပြီး အလောင်းကို လပွတ္တာမြို့၃ မိုင်ပြည်သူ့ဆေးရုံ ကြီးကို ပို့ဆောင်စစ်ဆေးနေလျှက်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ထံကနေသိရပါတယ်

#voiceofmyanmar #VOM #ဘိလစ်စာရေး#ကြိုးဆွဲချ# လပွတ္တာ#

Zawgyi

လပြတၱာၿမိဳ႕နယ္တရား႐ုံးဘီလစ္စာေရးႀကီး ႀကိဳးဆြဲခ်ေသဆံုး

လပြတၱာ၊ ေဖာ္ဝါရီလ ၁၀-၂၀၂၀
ကိုေအာင္ (VOM)

ဧရာ၀တီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္တရား႐ုံးမွာ တာဝန္ထမ္းေဆာင္ေနဆဲျဖစ္တဲ႕ ဘိလစ္စာေရးတစ္ဦး ႀကိဳးဆြဲခ်ကာမိမိကိုယ္ကို သတ္ေသမူ ႔(ေဖေဖာ္ဝါရီလ ၉ရက္ေန႔) ညပိုင္းကျဖစ္ပြားခဲ့​တယ္လို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးကေန သတင္းရရွိပါတယ္။

တရား႐ုံးရဲ႕ဘိလစ္စာေရးႀကီး ဦးတင္ကိုေမာင္မွာ တရား႐ုံးဘိလစ္႐ုံးခန္းအတြင္း၌ႀကိဳးဆြဲခ်ေသဆုံးေနတာကိုု မေန႕ည(၈)နာရီအခ်ိန္ခန႔္က ဇနီးျဖစ္သူကေတြ႕ရွိခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကားခဲ့တာလို႔သိရပါတယ္။

“အမ်ိဳးသားက တရား႐ုံးက စာေရးပါ၊ သူအမ်ိဳးသမီးက အိမ္ျပန္ မလာလို႔ လိုက္သြားရင္း သူ႔ရဲ႕႐ုံးခန္းထဲမွာပဲ ႀကိဳးဆြဲခ်ၿပီး ေသဆုံးေနတာပါ”လို႔ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။

ေသဆုံးသူ အသက္(၅၂)ႏွစ္အ႐ြယ္ ဦးတင္ကိုေမာင္မွာ ႐ုံးခန္းအတြင္းက အျမင့္ ၉ ေပခန႔္ရွိတဲ့ ထုတ္တန္းမွာပလပ္စတစ္ႀကိဳးအရွည္ ၁၅ ေပခန႔္ျဖင့္ ႀကိဳးဆြဲခ်ေသဆုံးခဲ့ျခင္းျဖစ္​တယ္လို႔ရဲမွတ္တမ္းအရသိရပါတယ္။

လပြတၱာၿမိဳ႕နယ္တရား႐ုံးအတြင္း ဘီလစ္စာေရးႀကီး ေသဆုံးခဲ့မႈကို လပြတၱာၿမိဳ႕မရဲစခန္းကေသမႈေသခင္းအမွတ္စဥ္ (၂/၂၀၂၀)ျဖင့္ ေရးဖြင့္ထားၿပီး အေလာင္းကို လပြတၱာၿမိဳ႕၃ မိုင္ျပည္သူ႔ေဆး႐ုံ ႀကီးကို ပို႔ေဆာင္စစ္ေဆးေနလွ်က္ရွိ​တယ္လို႔ တိုင္းရဲတပ္ဖြဲ႕ထံကေနသိရပါတယ္

#voiceofmyanmar #VOM #ဘိလစ္စာေရး#ႀကိဳးဆြဲခ်# လပြတၱာ#

Related posts

Leave a Comment

VOM News

FREE
VIEW