ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျရောက်နေလို့ နိုင်ငံအရေးပေါ်အခြေအနေကြေညာ
ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျရောက်နေလို့ နိုင်ငံအရေးပေါ်အခြေအနေကြေညာ မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ-၃-၂၀၂၀ မျိုးဆက် (VOM) ဆိုမာလီယာနိုင်ငံမှာ အရှေ့အာဖရိကတစ်လွှား နေထိုင်ကျက်စားတဲ့ ကျိုင်းကောင်ကြီးတွေ ကျရောက်နေတဲ့အတွက် နိုင်ငံအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာလိုက်ပါတယ်။ ဆိုမာလီနိုင်ငံဟာ စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြပ်အတည်းတွေ့နေချိန်မှာ ကောက်ပဲသီးနှံတွေကို ဖျက်စီးတဲ့ အဲဒီကျိုင်းကောင်ကြီးတွေကြောင့် စားနပ်ရိက္ခာဖူလုံမှုနဲ့ပတ်သက်ပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုမာလီစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ဧပြီလတွင်စတင်မယ့် ကောက်ပဲသီးနံှရိတ်သိမ်းချိန်မတိုင်မှီ အဲ့ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖွယ်မရှိတာနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုများတွေ ဖြစ်ပေါ်နေပါတယ်။ ကျိုင်းကောင်တွေကျရောက်တာဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဆိုမာလီယာနဲ့ အီသီယိုပီးယားနိုင်ငံတို့မှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဆိုမာလီနိုင်ငံဟာ ကျိုင်းကောင်တွေ ကျရောက်မှုအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့ ဒေသတွင်းနိုင်ငံတွေထဲက ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်နီးချင်းကင်ညာနိုင်ငံမှာတော့ နှစ်ပေါင်း ၇၀ အတွင်း ကျိုင်းကောင် အန္တရယ်ခြိမ်းခြောက်မှု ပြင်းပြင်းထန်ထန်မတွေ့ရဘူးလို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကပြောဆိုထားတာ ဖြစ်ပါတယ်။ Ref :BBC Photo: Getty…
Read More
ငွေစုငွေချေးအသင်းရဲ့ မပြေလည်မှုထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရ
ငွေစုငွေချေးအသင်းရဲ့ မပြေလည်မှုထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရ မန္တလေး၊ ဖေဖော်ဝါရီ ၃-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂လမ်းနဲ့ ၈၁လမ်းဒေါင့်က သမဝါယမရုံးမှာဖွင့်ထားတဲ့ ရာဇာစိုးအမည်နဲ့ ငွေစုငွေချေးလုပ်ငန်းတာဝန်ရှိသူတွေက ငွေစုတဲ့သူတွေကို ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ငွေထုတ်တဲ့လုပ်ငန်းကို ရပ်တန့်တယ်လို့ထုတ်ပြန်တဲ့အတွက် မကျေနပ်မှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ “ကျွန်မတို့က မိသားစုတွေအားလုံစုပြီး လုပ်ထားတော့ ငွေပမာဏတော့များတယ်၊ ခုတော့ တာဝန်ရှိသူတွေက ၇ရက်အတွင်း ဖြေရှင်းပေးမယ်ပြောတယ်၊ ဒီအသင်းက အရင်ကတော့ နာမည်ပျက်မရှိဘူး၊ ခုလိုဖြစ်သွားတော့ စောင့်ကြည့်ရမှာပဲ”လို့ ဒေါ်ဌေးဌေးဆိုသူက ပြောပါတယ်။ အဲ့ဒီရုံးရှေ့မှာ ရာဇာစိုးအမည်နဲ့ ငွေစုငွေချေးလုပ်ငန်းက လုပ်ငန်းရပ်တန့်တာကို မနေ့က ဖေဖော်ဝါရီ(၂)ရက်နေ့ ရက်စွဲနဲ့ လာမယ့် (၇)ရက်အတွင်းဖြေရှင်းပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့တာဖြစ်ပါတယ်။ ငွေထုတ်ပေးတာ ရပ်တန့်တဲ့ထုတ်ပြန်ချက်ကို အဲ့ဒီအသင်းရုံးရှေ့မှာ ကပ်ထားတဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ ငွေစုသူတွေက မကျေနပ်တာတွေဖြစ်ခဲ့ပြီး လူစုလူဝေးဖြစ်ပွားခဲ့ပါတယ်။ ရာဇာစိုး ငွေစုငွေချေးလုပ်ငန်းက တာဝန်ရှိသူရဲ့ ဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။ လက်ရှိမှာ…
Read More
ပထမဆုံးတွေရှိတဲ့ သံသယလူနာနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံးကဆင်းခွင့်ပြု
ပထမဆုံးတွေရှိတဲ့ သံသယလူနာနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံးကဆင်းခွင့်ပြု ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ -၂၀၂၀ သိဂီ ၤ(VOM) ကိုရိုရာဗိုင်းရပ်စ် သံသယလူနာအဖြစ်စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ကြေငြာမှုအရသိရပါတယ်။ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားရှိတဲ့ တရုတ်နိုင်ငံသား အမျိုးသားဆီကနေ နှာခေါင်း၊ တို့ဖတ်နမူနာ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်းတာကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အပြင် လူနာက ကျန်းမာရေးလည်းကောင်းမွန်တဲ့အတွက် ဆေးရုံ သီးခြားခန်းမှာ ဆက်လက်ကုသဖို့ မလိုအပ်တော့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းရာ ” ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ခုကအစည်းဝေးလုပ်နေလို့ပါ”လို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံသားနဲ့အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသားခရီးသည်…
Read More
ရသေ့တောင်မှာ ပေါက်ကွဲမှုတချို့ဖြစ်ပြီး တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ
ရသေ့တောင်မှာ ပေါက်ကွဲမှုတချို့ဖြစ်ပြီး တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ ရသေ့တောင်၊ ဖေဖော်ဝါရီ ၃- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေရွာနဲ့ ငစံဘော်ကျေးရွာတို့မှာ မနေ့က ဖေဖော်ဝါရီလ ၂ ရက်က ပေါက်ကွဲမှုတွေဖြစ်ပြီး၊ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ သေဆုံးသူတစ်ဦးမှာ ငစံဘော်(မုဆိုးချောင်း) ကျေးရွာကဖြစ်ပြီး ကျန်တဲ့ဒဏ်ရာရသူ ၃ ဦးမှာ ပိန်းတောကျေးရွာက ဖြစ်တယ်လို့သိရပြီး အဲ့ဒီဒဏ်ရာရသေဆုံးသူတွေကို ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ” ကျနော်သွားကြည့်တော့ ကြည့်လို့မရဘူး။ ဆေးရုံပိတ်ထားတယ်။ ဒါကြောင့် ပိန်းတောကလူတွေကိုတော့ ကြည့်ဖို့မရခဲ့ဘူး။ ဟို ငစံဘော်က တစ်ယောက်ကိုတော့ ကြည့်ခဲ့ရတယ်။ ခြေတစ်ချောင်းမပါဘူး။ ပြတ်သွားတယ်။ ကျန်တဲ့တစ်ချောင်းကတော့ ပွတ်သွားတယ်။” လို့ ရသေ့တောင်မြို့မှ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။ ပိန်းတောကျေးရွာမှ ဒဏ်ရာရရှိသူသုံးဦးဟာ မိသားစုတွေဖြစ်ပြီး မိခင် ဒေါ်မဲခိုင် အသက်(၄၆)…
Read More
ဖားကန့် ဂက်စ်အိုးဆိုင် မီးလောင် အိမ် ၆ လုံးမီးထဲပါ
ဖားကန့် ဂက်စ်အိုးဆိုင် မီးလောင် အိမ် ၆ လုံးမီးထဲပါ ဖေဖေါ်ဝါရီ-၃-၂ဝ၂ဝ ဇော်မိုးထက် ( ဖားကန့် ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်မှာ ဖေဖေါ်ဝါရီ (၂)ရက်နေ့ည 7:30 ခန့်က ဂက်စ်အိုးတွေရောင်းတဲ့ဆိုင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ် ။ ဆိပ်မူအုပ် မှော်ရှန်ရပ်ကွက်က ဦးနိုင်ဦးရဲ့ ငွေဇင်ယော် ဂက်စ်အိုး အရောင်ဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့်အနီးနားကနေအိမ် ခြောက်လုံးခန့်ကို မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ပြင်ကို ရောက်ခဲ့တဲ့ ဒေသခံ ရွာသားတဦးက “ မီလောင်ခံရတဲ့အိမ် ခြောက်လုံးလောက်ရှိမယ်ထင်တယ် ။စလောင်တဲ့အိမ်အပါအဝင်ပေါ့နော် ။နောက် သရီးကရောင်း ကားတစီးလည်း လောင်နေတာ တွေ့ရတယ် ” လို့ ဆိပ်မူကျေးရွာသား ကိုကျော်ဝင်းကပြောပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ငွေဇင်ယော် ဆိုင်အတွင်း ဂက်စ်အိုးများ ရောင်းချမှုနှင့်…
Read More
မြောက်ဦးမှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ
မြောက်ဦးမှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ မြောက်ဦး၊ ဖေဖော်ဝါရီ ၂- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦးဒဏ်ရာ ပြင်ထန်စွာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။ အဲ့ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ချောင်းသစ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ်၊ မောင်ကျော်ကျော်သန်း မှာမြောက်ဦးဆေးရုံမှာ သေဆုံးသွားပြီး၊ အသက် ၄၀ အရွယ် ဒေါ်ဖြူ မေမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ ” နှစ်ယောက်မှာ တစ်ယောက် ဆုံးသွားပြီ။ ယောကျ်ားလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အရေးပေါ်ကားနဲ့သွားယူတာ။ ယောက်ျားလေးက အခုဆုံးသွားလို့ ရွာကို ထုတ်ယူသွားပြီ။” လို့ ကရုဏာလှိုင်း သွေးအလှူ ရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းထွန်းက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တာဟာ ယနေ့ မွန်းလွဲ ၁၂ နာရီက ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲမှာအတွင်း…
Read More
ဝူဟန်က ပြန်ရောက်လာသူတွေမှာ ကိုရိုနာရာဂါလက္ခဏာ မတွေ့
ဝူဟန်က ပြန်ရောက်လာသူတွေမှာ ကိုရိုနာရာဂါလက္ခဏာ မတွေ့ မန္တလေး ဖေဖော်ဝါရီ ၂ ၊ ၂၀၂၀။ ဖြူဖြူ (VOM) ဝူဟန်မြို့က ပြန်ရောက်လာတဲ့ မြန်မာကျောင်းသားတွေကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက ကန်တော်နဒီဆေးရုံမှာ ထားရှိထားပြီး သူတို့ကို တစ်ရက် နှစ်ကြိမ် အဖျားရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်း ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ “အဖျားရှိမရှိ နေ့စဉ် တစ်နေ့ နှစ်ကြိမ်တိုင်းတာသွားမယ်။ တိုင်းပြီးရင် တိုင်းအစိုးရရော၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုရော သတင်းပို့ဆောင်ရွက်မယ်။ အဲဒီကြားထဲမှာ ထူးခြားမှုဖြစ်စဉ်ရှိလာခဲ့မယ်ဆိုရင် အချိန်နဲ့ တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်။” လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မှာ ပညာတော်သင်ရောက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေကို အထူးလေယာဉ်နဲ့သွားရောက်ခေါ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် မနက် ၆ နာရီဝန်းကျင်မှာ…
Read More
မန်စီမြို့မှ မြန်မာလုပ်သား ၁၅၃ဦး မူဆယ်မြို့သို့ ပြန်ရောက်
မန်စီမြို့မှ မြန်မာလုပ်သား ၁၅၃ဦး မူဆယ်မြို့သို့ ပြန်ရောက် မူဆယ်။ ဖေဖော်ဝါရီ ၂-၂၀၂၀။ ပြည့်စုံ( VOM) တရုတ်နိုင်ငံ ယူနယ်ပြည်နယ် တယ်ဟုန်တိုင်း မန်စီမြို့နယ် ဖန့်ဖာ နာဆိုင်း သစ်ခွလုံး စက်ရုံတွင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား၁၄၉ဦးနှင့် မိသားစုဝင် ကလေးငယ် ၁၄ ဦးဟာ ဇန်နဝါရီလ ၂၉ ရက် ည ၈ နာရီခွဲ အချိန်ခန့်က မြန်မာနိုင်ငံ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် နန်းတော်ပေါက်ကနေ ပြန်လည်ဝင်ရောက်လာပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ပြင်းထန်အဆုတ်နာရောဂါ ကူးစက်မှု အန္တရာယ်ကို စိုးရိမ်တာကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ချုပ်ရုံး သို့ အကူအညီတောင်းခံပြီး နေရပ်ပြန်ဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ VOM သတင်းထောက် ကိုပြည့်စုံက ရိုက်ကူးတင်ဆက်ပေးပို့ထားတာ…
Read More
ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား
ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား မနီလာ၊ ဖေဖော်ဝါရီ -၂- ၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါကြောင့် ပထမဆုံးသေဆုံးမှုလည်းဖြစ်ပါတယ်။ သေဆုံးသွားသူဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ အသက်၄၄နှစ်အရွယ် တရုတ်အမျိုးသားဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံသို့မရောက်မီ ရောဂါကူးစက်ခံထားရပုံရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ကျော်ရှိနေပြီး သေဆုံးသူအများစုဟာ ဟူဘေးပြည်နယ်မှဖြစ်ပြီး ရောဂါကူးစက်ထားရသူဦးရေး ၁၄၀၀၀ကျော်ရှိနေပါတယ်။ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားသားတွေအားလုံးကို အမေရိကန်၊ သြစတြေးလျ၊ ရုရှား၊ ဂျပန်၊ ပါကစ္စတန်နဲ့ အီတလီနိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝင်ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုခရီးသွားလာတာကို တားမြစ်လိုက်တာဟာ သတင်းအချက်အလက်ရရှိမှုနဲ့ ဆေးဝါး ထောက်ပံ့ပေးပို့မှုကို နှောင့်နှေးစေပြီး အခြားကိစ္စရပ်တွေမှာပါ အခက်အခဲဖြစ်စေလို့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုသာရှိလိမ့်မယ်လို့ WHO ကပြောဆိုပါတယ်။…
Read More
နေပြည်တော်ပြည်ထောင်စုနယ်မြေက ဖဲကြိုးစိမ်းလှုပ်ရှားမှု
Read More
VOM News
FREE
VIEW