ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျရောက်နေလို့ နိုင်ငံအရေးပေါ်အခြေအနေကြေညာ

ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျရောက်နေလို့ နိုင်ငံအရေးပေါ်အခြေအနေကြေညာ

မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ-၃-၂၀၂၀
မျိုးဆက် (VOM)

ဆိုမာလီယာနိုင်ငံမှာ အရှေ့အာဖရိကတစ်လွှား နေထိုင်ကျက်စားတဲ့ ကျိုင်းကောင်ကြီးတွေ ကျရောက်နေတဲ့အတွက် နိုင်ငံအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာလိုက်ပါတယ်။

ဆိုမာလီနိုင်ငံဟာ စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြပ်အတည်းတွေ့နေချိန်မှာ ကောက်ပဲသီးနှံတွေကို ဖျက်စီးတဲ့ အဲဒီကျိုင်းကောင်ကြီးတွေကြောင့် စားနပ်ရိက္ခာဖူလုံမှုနဲ့ပတ်သက်ပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုမာလီစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။

ဧပြီလတွင်စတင်မယ့် ကောက်ပဲသီးနံှရိတ်သိမ်းချိန်မတိုင်မှီ အဲ့ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖွယ်မရှိတာနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုများတွေ ဖြစ်ပေါ်နေပါတယ်။

ကျိုင်းကောင်တွေကျရောက်တာဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဆိုမာလီယာနဲ့ အီသီယိုပီးယားနိုင်ငံတို့မှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

ဆိုမာလီနိုင်ငံဟာ ကျိုင်းကောင်တွေ ကျရောက်မှုအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့ ဒေသတွင်းနိုင်ငံတွေထဲက ပထမဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အိမ်နီးချင်းကင်ညာနိုင်ငံမှာတော့ နှစ်ပေါင်း ၇၀ အတွင်း ကျိုင်းကောင် အန္တရယ်ခြိမ်းခြောက်မှု ပြင်းပြင်းထန်ထန်မတွေ့ရဘူးလို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကပြောဆိုထားတာ ဖြစ်ပါတယ်။

Ref :BBC Photo: Getty Images
#VOM #voiceofmyanmar #ဆိုမာလီ #ကျိုင်းကောင်ကျရောက်မှု #နိုင်ငံအရေးပေါ်ကြေညာ

Zawgyi

ဆိုမာလီနိုင္ငံမွာ က်ဳိင္းေကာင္ေတြက်ေရာက္ေနလို႔ နိုင္ငံအေရးေပၚအေျခအေနေၾကညာ

မိုဂါဒစ္ရွဴး၊ ေဖေဖာ္၀ါရီ-၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဆိုမာလီယာနုိင္ငံမွာ အေရွ႕အာဖရိကတစ္လႊား ေနထိုင္က်က္စားတဲ႔ က်ိဳင္းေကာင္ၾကီးေတြ က်ေရာက္ေနတဲ့အတြက္ နိုင္ငံအေရးေပၚအေျခအေနတစ္ရပ္အျဖစ္ ေၾကညာလိုက္ပါတယ္။

ဆိုမာလီနုိင္ငံဟာ စားနပ္ရိကၡာနဲ႔ပတ္သက္တဲ႔ အၾကပ္အတည္းေတြ႔ေနခ်ိန္မွာ ေကာက္ပဲသီးနွံေတြကို ဖ်က္စီးတဲ႔ အဲဒီက်ဳိင္းေကာင္ၾကီးေတြေၾကာင္႔ စားနပ္ရိကၡာဖူလံုမႈနဲ႔ပတ္သက္ျပီး ျခိမ္းေျခာက္ေနတယ္လို႔ ဆိုမာလီစိုက္ပ်ိဳးေရး၀န္ၾကီးဌာနက ေျပာပါတယ္။

ဧျပီလတြင္စတင္မယ့္ ေကာက္ပဲသီးနံွရိတ္သိမ္းခ်ိန္မတိုင္မီွ အဲ့ဒီအေျခအေနကို ထိန္းခ်ဳပ္နို္င္ဖြယ္မရိွတာနဲ႔ပက္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားေတြ ျဖစ္ေပၚေနပါတယ္္။

က်ိဳင္းေကာင္ေတြက်ေရာက္တာဟာ နွစ္ေပါင္း ၂၅ နွစ္အတြင္း ဆိုမာလီယာနဲ႔ အီသီယိုပီးယားနုိင္ငံတို႔မွာ အမ်ားဆံုးျဖစ္တယ္လို႔ ကုလသမဂၢကေျပာပါတယ္။

ဆိုမာလီနိုင္ငံဟာ က်ိဳင္းေကာင္ေတြ က်ေရာက္မႈအႏၱရာယ္ေၾကာင္႔ အေရးေပၚအေျခအေန ေၾကညာလိုက္ရတဲ႔ ေဒသတြင္းနုိင္ငံေတြထဲက ပထမဆံုးနိုင္ငံျဖစ္ပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ အိမ္နီးခ်င္းကင္ညာနုိင္ငံမွာေတာ႔ နွစ္ေပါင္း ၇၀ အတြင္း က်ိဳင္းေကာင္ အႏၱရယ္ျခိမ္းေျခာက္္မႈ ျပင္းျပင္းထန္ထန္မေတြ႔ရဘူးလိ္ု႔ ကုလသမဂၢစားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႔ကေျပာဆိုထားတာ ျဖစ္ပါတယ္။

Ref :BBC Photo: Getty Images
#VOM #voiceofmyanmar #ဆိုမာလီ #ကိ်ဳင္းေကာင္က်ေရာက္မွဳ #နို္င္ငံအေရးေပၚေၾကညာ

Related posts

Leave a Comment

VOM News

FREE
VIEW