အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-SEAO ညှိနှိုင်းရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးမှာ ရလဒ်ကောင်းထွက်ပေါ်ခဲ့
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-SEAO ညှိနှိုင်းရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးမှာ ရလဒ်ကောင်းထွက်ပေါ်ခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ -၂၀၂၀ အောင်ထူးနိုင်(VOM) အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၂) ရက်နဲ့ (၃) ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဉီးဆောင်ပြီး အစိုးရ ကိုယ်စားလှယ် ( ၉ ) ဦး တက်ရောက်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ EAO ကိုယ်စားလှယ်အဖွဲ့ JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းဦးဆောင်ပြီး EAO ကိုယ်စားလှယ်…
Read More
ဖရဲ၊သခွါးများရောင်ဝယ်မှု မရှိသလောက်ကျဆင်း‌နေပြီး မူဆယ်၁၀၅မိုင်ကုန်သွယ်ရေး တုံ့ဆိုင်းနေ
ဖရဲ၊သခွါးများရောင်ဝယ်မှု မရှိသလောက်ကျဆင်း‌နေပြီး မူဆယ်၁၀၅မိုင်ကုန်သွယ်ရေး တုံ့ဆိုင်းနေ မူဆယ် ၊ ဖေဖေါ်ဝါရီ ၃-၂၀၂၀ ပြည့်စုံ(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကြောင့် တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးလမ်းပိုင်းတွေ ပိတ်ထားတဲ့အတွက် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့နေသော ဖရဲ ၊သခွါးများ ရောင်းဝယ်မှုမရှိသလောက်ကျဆင်းနေတယ်လို့ သိရပါတယ်။ ရောင်းဝယ်မှု ပမာဏရာထားချက် အမေကန်ဒေါ်လာ သန်း ၂၀၀ကျော်ကျဆင်းကာ ကုန်သွယ်မှုတုံ့ဆိုင်းနေတာကို VOMရဲ့ဝိုင်းတော်သား ကိုပြည့်စုံက ရိုက်ကူးတင်ဆက်ပေးပို့ထားတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မူဆယ် #၁၀၅မိုင် #ရောင်းဝယ်ရေးကျဆင်း Zawgyi ဖရဲ၊သခွါးများရောင်ဝယ်မှု မရှိသလောက်ကျဆင်း‌နေပြီး မူဆယ်၁၀၅မိုင်ကုန်သွယ်ရေး တုံ့ဆိုင်းနေ မူဆယ် ၊ ဖေဖေါ်ဝါရီ ၃-၂၀၂၀ ပြည့်စုံ(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကြောင့် တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးလမ်းပိုင်းတွေ ပိတ်ထားတဲ့အတွက် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့နေသော ဖရဲ ၊သခွါးများ…
Read More
စာသင်ကာလကို မတ်လနောက်ဆုံးအပတ်ထိ သတ်မှတ်ထားမှု အပြောင်းအလဲ ဖြစ်နိုင်တာမှန်ပေမယ့် အတိအကျမပြောနိုင်သေး
စာသင်ကာလကို မတ်လနောက်ဆုံးအပတ်ထိ သတ်မှတ်ထားမှု အပြောင်းအလဲ ဖြစ်နိုင်တာမှန်ပေမယ့် အတိအကျမပြောနိုင်သေး ရန်ကုန် ဖေဖော်ဝါရီ ၃-၂၀၂၀ သိင်္ဂီ (VOM) အခြေခံပညာကျောင်း စာသင်ကာလကို မတ်လနောက်ဆုံးအပတ်ထိသတ်မှတ်ထားမှု အပြောင်းအလဲ ဖြစ်နိုင်တာမှန်ပေမယ့် နဂို ကျောင်းတက်ရက်အတိုင်း မဟုတ်ဖို့များတယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ ” ပယ်ဖျက်တယ် ဆိုတာထက် သတင်းထုတ်ပြန်လိမ့်မယ်။ကြိုတင်ပြိးပြောလို့မရသေးဘူး။ပြောရင် လွဲမှာစိုးရိမ်ရတယ်။ ထုတ်ပြန်မယ့်သတင်းကို အတည်ပြုပြီးမှ သေချာသိမယ်။ ထွက်လာတဲ့အချိန်ကျမှကြည့်ပေါ့။ အတိကျပြောလို့မရသေးဘူး။ တချို့ကသတင်းတွေမျိုးစုံတွေ ကိုယ်ထင်တာကိုယ်ရေးနေကြတယ်။ပြောင်းလဲမှုတော့ရှိမယ်။ဒါပေမယ့်မူလအတိုင်းဖေဖော်ဝါရီလကုန်မှာစစ်မယ်ဆိုတာတော့ဟုတ်ချင်မှဟုတ်မယ် မဟုတ်ဖို့များတယ်။”လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက VOMကိုအတည်ပြုပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေပြည်တော်၊ အမျိုးသားလွှတ်တော် ထမင်းစားဆောင်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အပါအဝင် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံပညာ ကျောင်းစစ်စာမေးပွဲတွေကို ရှစ်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြားကာလမှာစစ်ဆေးဖို့ ပညာရေးဝန်ကြီးကို…
Read More
တပ်မတော်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို အဓိကရှင်းလင်း
Read More
ဟောင်ကောင်-တရုတ် နယ်စပ်ပိတ်ပစ်ဖို့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေ ဆန္ဒပြ
ဟောင်ကောင်-တရုတ် နယ်စပ်ပိတ်ပစ်ဖို့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေ ဆန္ဒပြ ဟောင်ကောင်၊ ဖေဖော်ဝါရီ-၃-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် တရုတ်ပြည်မကြီးနဲ့ ထိစပ်နေတဲ့ နယ်စပ်ပိုပိတ်ပစ်ဖို့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေက ဆန္ဒပြတောင်းဆိုနေကြပါတယ်။ လက်ရှိမှာတော့ ဟောင်ကောင်-တရုတ် နယ်စပ်ဖြတ်ကျော်ရထားလမ်းနဲ့ ကူးတို့ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားပါတယ်။ ဒါပေမယ့်လည်း နယ်စပ်ကိုလုံးဝပိတ်ပေးဖို့အတွက် ဟောင်ကောင်ကျန်းမာရေး ဝန်ထမ်းများက တောင်းဆိုနေကြတာဖြစ်ပါတယ်။ နယ်စပ်ကို လုံးဝပိတ်ပစ်လိုက်တာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေကပြောပါတယ်။ လက်ရှိအချိန်ထိ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅ ဦးထိရှိနေပါတယ်။ နယ်စပ် ဝင်ထွက်ပေါက်တွေကို ပိတ်မပစ်ဘူးဆိုရင် ကျန်းမာရေးဝန်ထမ်းအင်အား၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ လူနာတွေအတွက် သီးသန့်ခန်းတွေ လုံလောက်မှာမဟုတ်ဘူးလို့ ဆေးရုံဝန်ထမ်းများ မဟာမိတ်အဖွဲ့ ဥက္ကဌ ဝင်နီယူက ပြောပါတယ်။ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် နောက်နေ့မှာလည်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး…
Read More
ကျောင်းလုံခြုံရေးမရှိတဲ့အပေါ် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ
ကျောင်းလုံခြုံရေးမရှိတဲ့အပေါ် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ မုံရွာ၊ ဖေဖော်ဝါရီ ၃-၂၀၂၀ ရန်နိုင်စိုး(VOM) မုံရွာတက္ကသိုလ်မှာ အဝင်အထွက်စီစစ်မှုအားနည်းနေပြီး ဆိုင်ကယ်ထားတဲ့နေရာတွေမှာ မကြာခဏ ဆိုင်ကယ်ပျောက်နေတာကို ကြပ်မတ်ပေးဖို့ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ” ဆိုင်ကယ်ထားရာမှာ လုံခြုံရေးအင်အားနည်းတယ်။ ဆိုင်ကယ်တစ်စင်းကို ၅ သိန်းကနေ သိန်း ၃၀ လောက်ရှိတယ်။ ခဏခဏပျောက်တာ။ ကျနော်တို့က ကျောင်းစာသင်ခန်းထဲ အေးဆေးစွာစာသင်ချင်တယ်။ ဒါကို ကျောင်းကတာဝန်ရှိသူတွေတင်ပြတယ်။ အလကားပဲ။ ဒါ့ကြောင့် ဆန္ဒပြတာ ” လို့ မုံရွာတက္ကသိုလ်မှ ဗကသဥက္ကဌ ကိုပြည့်ဖြိုးမောင်မောင်ကပြောပါတယ်။ အခုလို ဆန္ဒထုတ်ဖော်တဲ့အပေါ် မုံရွာတက္ကသိုလ်တာဝန်ရှိသူတွေက လာရောက်တားမြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြတာကို မုံရွာတက္ကသိုလ် အဓိပတိလမ်းပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းလုံခြုံရေးအတွက် လုံလောက်ပြီးစနစ်ကျတဲ့ ဆောင်ရွက်ချက်မျိုးတွေ ဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မုံရွာ #ကျောင်းလုံခြုံရေး…
Read More
ကျောက်တော်မြို့ပေါ်မှာ လက်နက်ကြီးကျည်ကျပြီး တစ်ဦးသေ၊ ၃ဦးဒဏ်ရာရ
ကျောက်တော်မြို့ပေါ်မှာ လက်နက်ကြီးကျည်ကျပြီး တစ်ဦးသေ၊ ၃ဦးဒဏ်ရာရ ကျောက်တော်၊ ဖေဖော်ဝါရီ ၃- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ၊် ပြည်တော်သာရပ်ကွက်မှာ ဒီကနေ့မနက်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ သေဆုံသွားတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး မချေဘုဆိုသူဟာ ပေါင်နဲ့ ခါးမှာ ထိခိုက်သွားပြီး အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ ” သေသွားတဲ့မိန်းကလေးကိုတော့ ဆေးရုံကို မပို့လိုက်တော့ဘူး။ အဲ့ဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်။ မနက် ၈ နာရီဝန်းကျင်က မိုင်းပေါက်တယ်။ ပေါက်တဲ့အချိန်မှာ ဖြိုပစ်ပစ်တယ်။ အဲ့ဒီအချိန်မှာ လက်နက်ကြီးလာကျတာ။” လို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦက ပြောပါတယ်။ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့” ကျောက်တော်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက် မနက်…
Read More
ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျရောက်နေလို့ နိုင်ငံအရေးပေါ်အခြေအနေကြေညာ
ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျရောက်နေလို့ နိုင်ငံအရေးပေါ်အခြေအနေကြေညာ မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ-၃-၂၀၂၀ မျိုးဆက် (VOM) ဆိုမာလီယာနိုင်ငံမှာ အရှေ့အာဖရိကတစ်လွှား နေထိုင်ကျက်စားတဲ့ ကျိုင်းကောင်ကြီးတွေ ကျရောက်နေတဲ့အတွက် နိုင်ငံအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာလိုက်ပါတယ်။ ဆိုမာလီနိုင်ငံဟာ စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြပ်အတည်းတွေ့နေချိန်မှာ ကောက်ပဲသီးနှံတွေကို ဖျက်စီးတဲ့ အဲဒီကျိုင်းကောင်ကြီးတွေကြောင့် စားနပ်ရိက္ခာဖူလုံမှုနဲ့ပတ်သက်ပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုမာလီစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ဧပြီလတွင်စတင်မယ့် ကောက်ပဲသီးနံှရိတ်သိမ်းချိန်မတိုင်မှီ အဲ့ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖွယ်မရှိတာနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုများတွေ ဖြစ်ပေါ်နေပါတယ်။ ကျိုင်းကောင်တွေကျရောက်တာဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဆိုမာလီယာနဲ့ အီသီယိုပီးယားနိုင်ငံတို့မှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဆိုမာလီနိုင်ငံဟာ ကျိုင်းကောင်တွေ ကျရောက်မှုအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့ ဒေသတွင်းနိုင်ငံတွေထဲက ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်နီးချင်းကင်ညာနိုင်ငံမှာတော့ နှစ်ပေါင်း ၇၀ အတွင်း ကျိုင်းကောင် အန္တရယ်ခြိမ်းခြောက်မှု ပြင်းပြင်းထန်ထန်မတွေ့ရဘူးလို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကပြောဆိုထားတာ ဖြစ်ပါတယ်။ Ref :BBC Photo: Getty…
Read More
ငွေစုငွေချေးအသင်းရဲ့ မပြေလည်မှုထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရ
ငွေစုငွေချေးအသင်းရဲ့ မပြေလည်မှုထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရ မန္တလေး၊ ဖေဖော်ဝါရီ ၃-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂လမ်းနဲ့ ၈၁လမ်းဒေါင့်က သမဝါယမရုံးမှာဖွင့်ထားတဲ့ ရာဇာစိုးအမည်နဲ့ ငွေစုငွေချေးလုပ်ငန်းတာဝန်ရှိသူတွေက ငွေစုတဲ့သူတွေကို ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ငွေထုတ်တဲ့လုပ်ငန်းကို ရပ်တန့်တယ်လို့ထုတ်ပြန်တဲ့အတွက် မကျေနပ်မှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ “ကျွန်မတို့က မိသားစုတွေအားလုံစုပြီး လုပ်ထားတော့ ငွေပမာဏတော့များတယ်၊ ခုတော့ တာဝန်ရှိသူတွေက ၇ရက်အတွင်း ဖြေရှင်းပေးမယ်ပြောတယ်၊ ဒီအသင်းက အရင်ကတော့ နာမည်ပျက်မရှိဘူး၊ ခုလိုဖြစ်သွားတော့ စောင့်ကြည့်ရမှာပဲ”လို့ ဒေါ်ဌေးဌေးဆိုသူက ပြောပါတယ်။ အဲ့ဒီရုံးရှေ့မှာ ရာဇာစိုးအမည်နဲ့ ငွေစုငွေချေးလုပ်ငန်းက လုပ်ငန်းရပ်တန့်တာကို မနေ့က ဖေဖော်ဝါရီ(၂)ရက်နေ့ ရက်စွဲနဲ့ လာမယ့် (၇)ရက်အတွင်းဖြေရှင်းပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့တာဖြစ်ပါတယ်။ ငွေထုတ်ပေးတာ ရပ်တန့်တဲ့ထုတ်ပြန်ချက်ကို အဲ့ဒီအသင်းရုံးရှေ့မှာ ကပ်ထားတဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ ငွေစုသူတွေက မကျေနပ်တာတွေဖြစ်ခဲ့ပြီး လူစုလူဝေးဖြစ်ပွားခဲ့ပါတယ်။ ရာဇာစိုး ငွေစုငွေချေးလုပ်ငန်းက တာဝန်ရှိသူရဲ့ ဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။ လက်ရှိမှာ…
Read More
ပထမဆုံးတွေရှိတဲ့ သံသယလူနာနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံးကဆင်းခွင့်ပြု
ပထမဆုံးတွေရှိတဲ့ သံသယလူနာနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံးကဆင်းခွင့်ပြု ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ -၂၀၂၀ သိဂီ ၤ(VOM) ကိုရိုရာဗိုင်းရပ်စ် သံသယလူနာအဖြစ်စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ကြေငြာမှုအရသိရပါတယ်။ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားရှိတဲ့ တရုတ်နိုင်ငံသား အမျိုးသားဆီကနေ နှာခေါင်း၊ တို့ဖတ်နမူနာ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်းတာကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အပြင် လူနာက ကျန်းမာရေးလည်းကောင်းမွန်တဲ့အတွက် ဆေးရုံ သီးခြားခန်းမှာ ဆက်လက်ကုသဖို့ မလိုအပ်တော့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းရာ ” ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ခုကအစည်းဝေးလုပ်နေလို့ပါ”လို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံသားနဲ့အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသားခရီးသည်…
Read More
VOM News
FREE
VIEW