ကျောင်းလုံခြုံရေးမရှိတဲ့အပေါ် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ

ကျောင်းလုံခြုံရေးမရှိတဲ့အပေါ် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ

မုံရွာ၊ ဖေဖော်ဝါရီ ၃-၂၀၂၀
ရန်နိုင်စိုး(VOM)

မုံရွာတက္ကသိုလ်မှာ အဝင်အထွက်စီစစ်မှုအားနည်းနေပြီး ဆိုင်ကယ်ထားတဲ့နေရာတွေမှာ မကြာခဏ ဆိုင်ကယ်ပျောက်နေတာကို ကြပ်မတ်ပေးဖို့ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

” ဆိုင်ကယ်ထားရာမှာ လုံခြုံရေးအင်အားနည်းတယ်။ ဆိုင်ကယ်တစ်စင်းကို ၅ သိန်းကနေ သိန်း ၃၀ လောက်ရှိတယ်။ ခဏခဏပျောက်တာ။ ကျနော်တို့က ကျောင်းစာသင်ခန်းထဲ အေးဆေးစွာစာသင်ချင်တယ်။ ဒါကို ကျောင်းကတာဝန်ရှိသူတွေတင်ပြတယ်။ အလကားပဲ။ ဒါ့ကြောင့် ဆန္ဒပြတာ ” လို့ မုံရွာတက္ကသိုလ်မှ ဗကသဥက္ကဌ ကိုပြည့်ဖြိုးမောင်မောင်ကပြောပါတယ်။

အခုလို ဆန္ဒထုတ်ဖော်တဲ့အပေါ် မုံရွာတက္ကသိုလ်တာဝန်ရှိသူတွေက လာရောက်တားမြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြတာကို မုံရွာတက္ကသိုလ် အဓိပတိလမ်းပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းလုံခြုံရေးအတွက် လုံလောက်ပြီးစနစ်ကျတဲ့ ဆောင်ရွက်ချက်မျိုးတွေ ဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မုံရွာ #ကျောင်းလုံခြုံရေး # ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဆန္ဒပြ

Zawgyi

ေက်ာင္းလုံၿခဳံေရးမရွိတဲ့အေပၚ မုံ႐ြာတကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြ ဆႏၵျပ

မံုရြာ၊ ေဖေဖာ္ဝါရီ ၃-၂၀၂၀
ရန္ႏိုင္စိုး(VOM)

မုံ႐ြာတကၠသိုလ္မွာ အဝင္အထြက္စီစစ္မႈအားနည္းေနၿပီး ဆိုင္ကယ္ထားတဲ့ေနရာေတြမွာ မၾကာခဏ ဆိုင္ကယ္ေပ်ာက္ေနတာကို ၾကပ္မတ္ေပးဖို႔ မံုရြာတကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြဟာ ဒီကေန႔မနက္ပိုင္းက ဆႏၵျပခဲ့ၾကပါတယ္။

” ဆိုင္ကယ္ထားရာမွာ လုံၿခဳံေရးအင္အားနည္းတယ္။ ဆိုင္ကယ္တစ္စင္းကို ၅ သိန္းကေန သိန္း ၃၀ ေလာက္ရွိတယ္။ ခဏခဏေပ်ာက္တာ။ က်ေနာ္တို႔က ေက်ာင္းစာသင္ခန္းထဲ ေအးေဆးစြာစာသင္ခ်င္တယ္။ ဒါကို ေက်ာင္းကတာဝန္ရွိသူေတြတင္ျပတယ္။ အလကားပဲ။ ဒါ့ေၾကာင့္ ဆႏၵျပတာ ” လို႔ မုံ႐ြာတကၠသိုလ္မွ ဗကသဥကၠဌ ကိုျပည့္ၿဖိဳးေမာင္ေမာင္ကေျပာပါတယ္။

အခုလို ဆႏၵထုတ္ေဖာ္တဲ့အေပၚ မုံ႐ြာတကၠသိုလ္တာဝန္ရွိသူေတြက လာေရာက္တားျမစ္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ဆႏၵျပတာကို မုံ႐ြာတကၠသိုလ္ အဓိပတိလမ္းေပၚမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေက်ာင္းလုံၿခဳံေရးအတြက္ လုံေလာက္ၿပီးစနစ္က်တဲ့ ေဆာင္႐ြက္ခ်က္မ်ိဳးေတြ ေဖာ္ေဆာင္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မံုရြာ #ေက်ာင္းလံုၿခံဳေရး # ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW