ငွေစုငွေချေးအသင်းရဲ့ မပြေလည်မှုထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရ

ငွေစုငွေချေးအသင်းရဲ့ မပြေလည်မှုထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရ

မန္တလေး၊ ဖေဖော်ဝါရီ ၃-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂လမ်းနဲ့ ၈၁လမ်းဒေါင့်က သမဝါယမရုံးမှာဖွင့်ထားတဲ့ ရာဇာစိုးအမည်နဲ့ ငွေစုငွေချေးလုပ်ငန်းတာဝန်ရှိသူတွေက ငွေစုတဲ့သူတွေကို ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ငွေထုတ်တဲ့လုပ်ငန်းကို ရပ်တန့်တယ်လို့ထုတ်ပြန်တဲ့အတွက် မကျေနပ်မှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

“ကျွန်မတို့က မိသားစုတွေအားလုံစုပြီး လုပ်ထားတော့ ငွေပမာဏတော့များတယ်၊ ခုတော့ တာဝန်ရှိသူတွေက ၇ရက်အတွင်း ဖြေရှင်းပေးမယ်ပြောတယ်၊ ဒီအသင်းက အရင်ကတော့ နာမည်ပျက်မရှိဘူး၊ ခုလိုဖြစ်သွားတော့ စောင့်ကြည့်ရမှာပဲ”လို့ ဒေါ်ဌေးဌေးဆိုသူက ပြောပါတယ်။

အဲ့ဒီရုံးရှေ့မှာ ရာဇာစိုးအမည်နဲ့ ငွေစုငွေချေးလုပ်ငန်းက လုပ်ငန်းရပ်တန့်တာကို မနေ့က ဖေဖော်ဝါရီ(၂)ရက်နေ့ ရက်စွဲနဲ့ လာမယ့် (၇)ရက်အတွင်းဖြေရှင်းပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့တာဖြစ်ပါတယ်။

ငွေထုတ်ပေးတာ ရပ်တန့်တဲ့ထုတ်ပြန်ချက်ကို အဲ့ဒီအသင်းရုံးရှေ့မှာ ကပ်ထားတဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ ငွေစုသူတွေက မကျေနပ်တာတွေဖြစ်ခဲ့ပြီး လူစုလူဝေးဖြစ်ပွားခဲ့ပါတယ်။

ရာဇာစိုး ငွေစုငွေချေးလုပ်ငန်းက တာဝန်ရှိသူရဲ့ ဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။

လက်ရှိမှာ တစ်ဦးကို အနည်းဆုံးသိန်းရာချီနဲ့ အများဆုံး သိန်းထောင်ချီစုထားတာဖြစ်ပြီး ငွေစုသူတွေအများစုကတော့ အစိုးရဝန်ထမ်းအငြိမ်းစား၊ သာသနာ့ဝန်ထမ်းနဲ့ စာပေလုပ်ငန်းလုပ်ကိုင်သူတွေ ငွေစုတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ငွေစုငွေချေးလုပ်ငန်း #ငွေစုသူတွေအခက်တွေ့

Zawgyi

ေငြစုေငြေခ်းအသင္းရဲ႕ မေျပလည္မႈထုတ္ျပန္ခ်က္ေၾကာင့္ ေဒသခံျပည္သူေတြ အခက္ေတြ႕ေနရ

မႏၲေလး၊ ေဖေဖာ္ဝါရီ ၃-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၄၂လမ္းနဲ႔ ၈၁လမ္းေဒါင့္က သမဝါယမ႐ုံးမွာဖြင့္ထားတဲ့ ရာဇာစိုးအမည္နဲ႔ ေငြစုေငြေခ်းလုပ္ငန္းတာ၀န္ရွိသူေတြက ေငြစုတဲ့သူေတြကို ေငြေၾကးမလည္ပတ္ႏိုင္တဲ့အတြက္ ေငြထုတ္တဲ့လုပ္ငန္းကို ရပ္တန႔္တယ္လို႔ထုတ္ျပန္တဲ့အတြက္ မေက်နပ္မႈေတြျဖစ္ပြားေနတာျဖစ္ပါတယ္။

“ကြၽန္မတို႔က မိသားစုေတြအားလုံစုၿပီး လုပ္ထားေတာ့ ေငြပမာဏေတာ့မ်ားတယ္၊ ခုေတာ့ တာ၀န္ရွိသူေတြက ၇ရက္အတြင္း ေျဖရွင္းေပးမယ္ေျပာတယ္၊ ဒီအသင္းက အရင္ကေတာ့ နာမည္ပ်က္မရွိဘူး၊ ခုလိုျဖစ္သြားေတာ့ ေစာင့္ၾကည့္ရမွာပဲ”လို႔ ေဒၚေဌးေဌးဆိုသူက ေျပာပါတယ္။

အဲ့ဒီ႐ုံးေရွ႕မွာ ရာဇာစိုးအမည္နဲ႔ ေငြစုေငြေခ်းလုပ္ငန္းက လုပ္ငန္းရပ္တန႔္တာကို မေန႔က ေဖေဖာ္ဝါရီ(၂)ရက္ေန႔ ရက္စြဲနဲ႔ လာမယ့္ (၇)ရက္အတြင္းေျဖရွင္းေပးမယ္ဆိုတဲ့ ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ခဲ့တာျဖစ္ပါတယ္။

ေငြထုတ္ေပးတာ ရပ္တန္႔တဲ့ထုတ္ျပန္ခ်က္ကို အဲ့ဒီအသင္း႐ုံးေရွ႕မွာ ကပ္ထားတဲ့အတြက္ ဒီကေန႔မနက္ပုိင္းမွာ ေငြစုသူေတြက မေက်နပ္တာေတြျဖစ္ခဲ့ၿပီး လူစုလူေဝးျဖစ္ပြားခဲ့ပါတယ္။

ရာဇာစိုး ေငြစုေငြေခ်းလုပ္ငန္းက တာ၀န္ရွိသူရဲ႕ ဖုန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ျပန္လည္ေျဖဆိုတာမရွိခဲ့ပါဘူး။

လက္ရွိမွာ တစ္ဦးကို အနည္းဆုံးသိန္းရာခ်ီနဲ႔ အမ်ားဆုံး သိန္းေထာင္ခ်ီစုထားတာျဖစ္ၿပီး ေငြစုသူေတြအမ်ားစုကေတာ့ အစိုးရဝန္ထမ္းအၿငိမ္းစား၊ သာသနာ့၀န္ထမ္းနဲ႔ စာေပလုပ္ငန္းလုပ္ကုိင္သူေတြ ေငြစုတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ေငြစုေငြေခ်းလုပ္ငန္း #ေငြစုသူေတြအခက္ေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW