စာသင်ကာလကို မတ်လနောက်ဆုံးအပတ်ထိ သတ်မှတ်ထားမှု အပြောင်းအလဲ ဖြစ်နိုင်တာမှန်ပေမယ့် အတိအကျမပြောနိုင်သေး

စာသင်ကာလကို မတ်လနောက်ဆုံးအပတ်ထိ သတ်မှတ်ထားမှု အပြောင်းအလဲ ဖြစ်နိုင်တာမှန်ပေမယ့် အတိအကျမပြောနိုင်သေး

ရန်ကုန် ဖေဖော်ဝါရီ ၃-၂၀၂၀
သိင်္ဂီ (VOM)

အခြေခံပညာကျောင်း စာသင်ကာလကို မတ်လနောက်ဆုံးအပတ်ထိသတ်မှတ်ထားမှု အပြောင်းအလဲ ဖြစ်နိုင်တာမှန်ပေမယ့် နဂို ကျောင်းတက်ရက်အတိုင်း မဟုတ်ဖို့များတယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

” ပယ်ဖျက်တယ် ဆိုတာထက် သတင်းထုတ်ပြန်လိမ့်မယ်။ကြိုတင်ပြိးပြောလို့မရသေးဘူး။ပြောရင် လွဲမှာစိုးရိမ်ရတယ်။ ထုတ်ပြန်မယ့်သတင်းကို အတည်ပြုပြီးမှ သေချာသိမယ်။ ထွက်လာတဲ့အချိန်ကျမှကြည့်ပေါ့။ အတိကျပြောလို့မရသေးဘူး။ တချို့ကသတင်းတွေမျိုးစုံတွေ ကိုယ်ထင်တာကိုယ်ရေးနေကြတယ်။ပြောင်းလဲမှုတော့ရှိမယ်။ဒါပေမယ့်မူလအတိုင်းဖေဖော်ဝါရီလကုန်မှာစစ်မယ်ဆိုတာတော့ဟုတ်ချင်မှဟုတ်မယ် မဟုတ်ဖို့များတယ်။”လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက VOMကိုအတည်ပြုပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေပြည်တော်၊ အမျိုးသားလွှတ်တော် ထမင်းစားဆောင်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အပါအဝင် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံပညာ ကျောင်းစစ်စာမေးပွဲတွေကို ရှစ်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြားကာလမှာစစ်ဆေးဖို့ ပညာရေးဝန်ကြီးကို အကြံပြုခဲ့ရာ ဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်ကို လက်ခံခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေအပါအဝင် လွှတ်တော်အမတ်တချို့က သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ ရေးသားထားကြတာ ဖြစ်ပါတယ်။

” ဒီနေ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဌာနတွေ့ဆုံမှုအရ ကျောင်းစစ်စာမေးပွဲ စစ်ဆေးခြင်းကို ရှစ်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြားကာလမှာ စစ်ဆေးဖို့ သဘောတူတယ်လို့ သိရတယ်။ ရှစ်တန်း စာမေးပွဲတွေက မတ် ၃ ရက်မှာပြီးမယ်ဆိုတော့ မတ် ၄ ရက်ပေါ့ အဲ့ဒီကြားထဲဖြစ်မယ်၊ အဲ့သဘော သက်ရောက်တယ်ပေါ့။ အဆင်ပြေမလားဆိုရင်တော့ အထိုက်အလျောက်တော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် MTF ရဲ့အတွင်းရေးမှူးအဖွဲဝင် ကိုဇော်မျိုးလိူင်ကပြောပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်နေမှုအပေါ် ပညာရေးဝန်ကြီးဌာနကတော့ အပြောင်းအလဲဖြစ်နိုင်တာ မှန်ပေမယ့် ဘယ်လိုတွေ ဖြစ်လာမလဲ ထပ်ပြီးသတ်မှတ်မလဲဆိုတာကို သတင်းထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စာမေးပွဲကာလတွေ နောက်ဆုတ်တာ၊ တိုးမြှင့်တာ ၊စာမေးပွဲအချိန်ဇယား သတ်မှတ်တာတွေဟာ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ထဲကကိစ္စဖြစ်တယ်လို့ ဦးကိုလေးဝင်းကပြောပါတယ်။

အခြေခံပညာကျောင်းတွေကို စာသင်ကာလ မတ်လနောက်ဆုံးအပတ်အထိ လတိုးမြှင့်လိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကို ပညာရေးဝန်ထမ်းတွေနဲ့ ပညာရေးကောလိပ် ၊တက္ကသိုလ်တွေမှာ ပြုလုပ်နေသလို လမ်းမပေါ်ထွက်ဆန္ဒပြမှုတွေ ၊ ကြေငြာစာထုတ်ပြန်တာတွေရှိခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ပညာရေးအခမ်းအနားတစ်ခုမှာလည်း ဆိုင်းဘုတ်ကိုင်ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ပညာသင်ကာလတိုးမြှင့် #အတိအကျမပြောနိုင်သေး

Zawgyi

စာသင္ကာလကို မတ္လေနာက္ဆုံးအပတ္ထိ သတ္မွတ္ထားမႈ အေျပာင္းအလဲ ျဖစ္ႏိုင္တာမွန္ေပမယ့္ အတိအက်မေျပာႏိုင္ေသး

ရန္ကုန္ ေဖေဖာ္ဝါရီ ၃-၂၀၂၀
သိဂႌ (VOM)

အေျခခံပညာေက်ာင္း စာသင္ကာလကို မတ္လေနာက္ဆုံးအပတ္ထိသတ္မွတ္ထားမႈ အေျပာင္းအလဲ ျဖစ္ႏိုင္တာမွန္ေပမယ့္ နဂို ေက်ာင္းတက္ရက္အတိုင္း မဟုတ္ဖို႔မ်ားတယ္လို႔ ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာနကေန သိရပါတယ္။

” ပယ္ဖ်က္တယ္ ဆိုတာထက္ သတင္းထုတ္ျပန္လိမ့္မယ္။ျကိုတင္ျပိးေျပာလို့မရေသးဘူး။ေျပာရင္ လြဲမွာစိုးရိမ္ရတယ္။ ထုတ္ျပန္မယ့္သတင္းကို အတည္ျပဳၿပီးမွ ေသခ်ာသိမယ္။ ထြက္လာတဲ့အခ်ိန္က်မွၾကည့္ေပါ့။ အတိက်ေျပာလို႔မရေသးဘူး။ တခ်ိဳ႕ကသတင္းေတြမ်ိဳးစုံေတြ ကိုယ္ထင္တာကိုယ္ေရးေနၾကတယ္။ေျပာင္းလဲမႈေတာ့႐ွိမယ္။ဒါေပမယ့္မူလအတိုင္းေဖေဖာ္ဝါရီလကုန္မွာစစ္မယ္ဆိုတာေတာ့ဟုတ္ခ်င္မွဟုတ္မယ္ မဟုတ္ဖို႔မ်ားတယ္။”လို႔ ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက VOMကိုအတည္ျပဳေျပာပါတယ္။

ဒီကေန႔ ေဖေဖာ္ဝါရီ ၃ ရက္ေန႔မွာ ေနျပည္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ထမင္းစားေဆာင္တြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး အပါအဝင္ တာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

အဲ့ဒီေဆြးေႏြးပြဲမွာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက အေျခခံပညာ ေက်ာင္းစစ္စာေမးပြဲေတြကို ရွစ္တန္းစာေမးပြဲနဲ႔ တကၠသိုလ္ဝင္တန္း စာေမးပြဲၾကားကာလမွာစစ္ေဆးဖို႔ ပညာေရးဝန္ႀကီးကို အၾကံျပဳခဲ့ရာ ဝန္ႀကီးဌာနက လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ အႀကံျပဳခ်က္ကို လက္ခံခဲ့တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေဆြအပါအဝင္ လႊတ္ေတာ္အမတ္တခ်ိဳ႕က သူတို႔ရဲ႕ ကိုယ္ပိုင္စာမ်က္ႏွာမွာ ေရးသားထားၾကတာ ျဖစ္ပါတယ္။

” ဒီေန႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဝန္ႀကီးဌာနေတြ႔ဆုံမႈအရ ေက်ာင္းစစ္စာေမးပြဲ စစ္ေဆးျခင္းကို ရွစ္တန္းစာေမးပြဲနဲ႔ တကၠသိုလ္ဝင္တန္း စာေမးပြဲၾကားကာလမွာ စစ္ေဆးဖို့ သေဘာတူတယ္လို႔ သိရတယ္။ ရွစ္တန္း စာေမးပြဲေတြက မတ္ ၃ ရက္မွာၿပီးမယ္ဆိုေတာ့ မတ္ ၄ ရက္ေပါ့ အဲ့ဒီၾကားထဲျဖစ္မယ္၊ အဲ့သေဘာ သက္ေရာက္တယ္ေပါ့။ အဆင္ေျပမလားဆိုရင္ေတာ့ အထိုက္အေလ်ာက္ေတာ့ အဆင္ေျပသြားမယ္လို႔ထင္ပါတယ္”လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႔ခ်ဳပ္ MTF ရဲ႕အတြင္းေရးမႉးအဖြဲဝင္ ကိုေဇာ္မ်ိဳးလိူင္ကေျပာပါတယ္။

ဒီလိုသတင္းေတြထြက္ေပၚေနမွုအေပၚ ပညာေရးဝန္ႀကီးဌာနကေတာ့ အေျပာင္းအလဲျဖစ္ႏိုင္တာ မွန္ေပမယ့္ ဘယ္လိုေတြ ျဖစ္လာမလဲ ထပ္ၿပီးသတ္မွတ္မလဲဆိုတာကို သတင္းထုတ္ျပန္ေပးမယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ စာေမးပြဲကာလေတြ ေနာက္ဆုတ္တာ၊ တိုးျမႇင့္တာ ၊စာေမးပြဲအခ်ိန္ဇယား သတ္မွတ္တာေတြဟာ ပညာေရးဝန္ႀကီးဌာနရဲ႕ လုပ္ပိုင္ခြင့္ထဲကကိစၥျဖစ္တယ္လို႔ ဦးကိုေလးဝင္းကေျပာပါတယ္။

အေျခခံပညာေက်ာင္းေတြကို စာသင္ကာလ မတ္လေနာက္ဆုံးအပတ္အထိ လတိုးျမႇင့္လိုက္တဲ့အေပၚ ဆန္႔က်င္ကန္႔ကြက္တဲ့ ဖဲႀကိဳးစိမ္းလႈပ္႐ွားမႈေတြကို ပညာေရးဝန္ထမ္းေတြနဲ႔ ပညာေရးေကာလိပ္ ၊တကၠသိုလ္ေတြမွာ ျပဳလုပ္ေနသလို လမ္းမေပၚထြက္ဆႏၵျပမႈေတြ ၊ ေၾကျငာစာထုတ္ျပန္တာေတြ႐ွိခဲ့သလို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့တဲ့ ပညာေရးအခမ္းအနားတစ္ခုမွာလည္း ဆိုင္းဘုတ္ကိုင္ဆႏၵျပတာေတြလည္း ရိွခဲ့ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ပညာသင္ကာလတိုးျမွင့္ #အတိအက်မေျပာႏိုင္ေသး

Related posts

Leave a Comment

VOM News

FREE
VIEW