တက္ကသိုလ်ဝင်တန်း စာစစ်တာဝန်များရွှေ့ဆိုင်းပေးဖို့ တက္ကသိုလ်ဆရာသမဂ္ဂများ တောင်းဆို

တက္ကသိုလ်ဝင်တန်း စာစစ်တာဝန်များရွှေ့ဆိုင်းပေးဖို့ တက္ကသိုလ်ဆရာသမဂ္ဂများ တောင်းဆို

ရန်ကုန်၊ မတ် ၁၈-၂၀၂၀
စွဲ့ဝတီ(VOM)

ကမ္ဘာ့ကပ်ရောဂါ ကိုရှိနာဗိုင်းရပ်စ် covid – 19 အွန္တရာယ်ကြောင့် လာမယ့်မတ်လ နောက်ဆုံးအပတ်များမှာစတင်မယ့် တက္ကသိုလ်ဝင်တန်း စာစစ်တာဝန်တွေကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုလိုက်တယ်လို့ တက္ကသိုလ်ဆရာသမဂ္ဂကနေ သိရပါတယ်။

Covid – 19 အွန္တရာယ်ကြောင့် အဆင့်မြင့်ပညာကဏ္ဍစာမေးပွဲများ တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းတွေကို ရွှေ့ဆိုင်ပေးဖို့သဘောထားကြညာချက်ကို တက္ကသိုလ်ဆရာ/ဆရာမများကိုယ်စားပြုကော်မတီ (Representative Committee of University Teacher Associations – RC of UTAS)က ဒီကနေ့မှာထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“အခုလောလောဆယ် တက္ကသိုလ်တွေမှာစစ်နေတဲ့ စာမေးပွဲတွေရှိတာပေါ့။ ဒီနေ့ စစစ်တာပေါ့။ အခြေခံကတော့ စာစစ်တဲ့ကိစ္စတွေ ရှိတယ်လေ။ တက္ကသိုလ်ဝင်တန်းအဖြေလွှာ စစ်မဲ့ကိစ္စတွေပေါ့။ အဲဒါတွေကို ရွေ့ဆိုင်းဖို့အတွက် ဆရာတို့က တောင်းဆိုတာပါ။ တက္ကသိုလ်စာမေးပွဲတွေကတော့ တပြေးညီတော့ မဖြစ်တော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ ရန်ကုန်တက္ကသိုလ်မှာ ဆိုရင် တစ်ချို့တွေကို ဖြေခိုင်းတယ်။ တချို့တွေကို ရွေ့ခိုင်းတယ်။ တကယ်တမ်းကျတော့ ရွေ့မယ်ဆိုရင်လည်း အကုန်လုံးရွေ့ပေါ့။ ဆရာ၊ဆရာမတွေက အခုလည်း စောင့် ၊ နောက်လည်းစောင့်ဆိုတဲ့ သဘောမျိုးဖြစ်တယ်။ နှစ်ခါပိုပင်ပန်းတယ်။ ပြီးတော့ ဆရာ၊ဆရာမတွေက မေးခွန်းတွေ လည်း ပြင်ဆင်ပေးရတယ်။ နှစ်ကြိမ်ပြန်စစ်ရမဲ့ သဘောမျိုးဖြစ်နေတယ်။ ရွေ့မယ်ဆိုရင်လည်း တစ်ခါထဲ ရွေ့လိုက်ပေါ့။ အဲဒါကြောင့် ဒီကိစ္စကိုရပ်လိုက်စေချင်တာပါ။ အခြားအိမ်နီးချင်းနိုင်ငံကျောင်းတွေ တောင်ပိတ်လိုက်တာမျိုးရှိတာပဲ ”လို့ တက္ကသိုလ်ဆရာ/ဆရာမများကိုယ်စားပြုကော်မတီ (Representative Committee of University Teacher Associations – RC of UTAS)မှ အဖွဲ့ဝင်ဆရာတစ်ဦးဖြစ်သူ ကိုသန်းထိုက်အောင်ကပြောပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ကိုရှိနာပိုင်းရပ်စ် Covid – 19 ကို ရောဂါပိုးကူးစက်မှုနှုန်း ဒီကနေ့အချိန်ထိ ထိထိရောက်ရောက် တားဆီးနိုင်ခြင်းမရှိသေးဘဲ နေ့စဉ်ကူးစက်မှု အရှိန်အဟုန်နဲ့ မြင့်တက်နေလျှက်ရှိတဲ့အတွက် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းမွန်တယ်ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်နဲ့အညီ အခုကာလမှာဖြေဆိုကြမယ့် အခြေခံအဆင့်မြင့် စာမေးပွဲတွေကို ဗိုင်းရပ်ကူးစက်မှုအခြေအနေ တည်ငြိမ်လာတဲ့ကာလအထိ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးစီးပါကလည်း မကြာမီကာလမှာ ဒေသအသီးသီးက ဆရာ/ဆရာမများဟာ စာစစ်တာဝန်တွေကိုထမ်းဆောင်ရမှာ ဖြစ်ပြီးတော့ အခုကာလမှာ Covid-19 ကြောင့် စာစစ်တာဝန်ကိုပေးတာဟာ ဆရာ/ဆရာမတွေအတွက် အလွန်အန္တရာယ်ကြီးလှတဲ့အတွက် တက္ကသိုလ်ဝင်တန်း စာစစ်တာဝန်တွေကို ရောဂါပိုးကူးစက်နိုင်မှုထိန်းချုပ်နိုင်တဲ့ ကာလအထိ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အခုကြေညာချက်မှာ တောင်းဆိုချက်နှစ်ချက်ဖြစ်တဲ့ အဆင့်မြင့်ပညာဏ္ဍ စားမေးပွဲများရွှေဆိုင်းရေးနဲ့ တက္ကသိုလ်ဝင်တန်းစာစစ်တာဝန်များ ရွှေ့ဆိုင်းပေးရေးကို အလေးထားပြီးဆောင်ရွက်ပေးဖို့၊ ပညာရေးအာဏာပိုင်တွေက ဒီတောင်းဆိုချက်တွေကို အလေးထားတာမရှိဘဲ ပျက်ကွက်ခဲ့တာ ကြောင့် ရောဂါကူးစက်မှုတွေဖြစ်ပေါ်ခဲ့မယ်ဆိုရင် ပညာရေးဝန်ကြီးဌာနမှာ တာဝန်အပြည့်ရှိပြီးတော့ ဒီတာဝန်ကို အပြည့်အဝယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကူးစက်မြန် ဗိုင်းရပ်စ်( COVID 19 )ရောဂါ အန္တရာယ်နဲ့ပတ်သက်ပြီး အထူးအရေးပေါ်ကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ကလည်း ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“စာစစ်တာက ဧပြီလထဲမှာ စစစ်မယ်။ အဲဒါကို ပြန်သုံးသပ်ပေးဖို့ပါ။ ဒါမှမဟုတ်ရင် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဂရုစိုက်ပြီးတော့ ဖြေရှင်းပေးဖို့ပါ။ မတတ်သာ မရှောင်လွှဲနိုင်ရင်ပေါ့။ တကယ်လို့ အချိန်ရွေ့လို့ရမယ်ဆိုရင်လည်း ဧပြီနောက်ပိုင်းမှာ အခြေအနေစောင့်ကြည့်ပြီးတော့ အခြေအနေကောင်းပြီဆို ပြန်လုပ်မယ်ဆိုရင်ရော ဖြစ်နိုင်ချေရှိမရှိပေါ့။ ဒါကတော့ ပုံမှန် မဖြစ်မနေ လုပ်နေကြတာဝန်ပေါ့။ ဒါကိုရွှေ့လိုက်ရင် စာမေးပွဲအောင်စာရင်းထုတ်ပြန်နေရာမှာ နောက်ကျသွားနိုင်တာ ရှိပါတယ်။ အဲ့ထက် ပိုအရေးကြီးတာ အကယ်၍ မတော်တဆ ရောဂါပြန့်ပွားသွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်လို့ ဒါကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုတာပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း နွေရာသီသင်တန်းကျောင်းတွေကို ပိတ်သိမ်းစေတာတွေ၊ တက္ကသိုလ်စာမေးပွဲများကို ရောဂါကူးစက်မှုမရှိဘဲ ဖြေဆိုနိုင်စေဖို့ ညွှန်ကြားချက်ထုတ်ပြန်တာတွေ အစရှိတဲ့ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်နေတာကို တွေ့ရပါတယ်။

လာမယ့် မတ်လ နောက်ဆုံးအပတ်မှာ စတင်ဆောင်ရွက်မယ့် ဆရာ၊ ဆရာမပေါင်း ထောင်နဲ့ချီ စုဝေးဆောင်ရွက်ရတဲ့ တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းအတွက် ညွှန်ကြားချက်တစုံတရာ ထုတ်ပြန်ပေးတာ မရှိသေးတဲ့အပေါ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းဟာ သာမန် စာမေးပွဲလုပ်ငန်းစဉ်များနဲ့ မတူဘဲ မြန်မာတစ်နိုင်ငံလုံးရှိ တဲ့ ဆရာဆရာများ ထောင်နဲ့ချီပြီးတော့ နေရာတစ်နေရာတည်းမှာ စုဝေးဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီးတော့ လျှို့ဝှက် နံပါတ်ရိုက်နှိပ်တာ၊ ကော်ကပ်တာ၊ စာစစ်တာတွေကို ဆရာ၊ ဆရာမများ အနီးကပ်ပူးပေါင်းဆောင်ရွက်ရတာတွေကြောင့် ရောဂါကူးစက်နိုင်ခြေ အလွန်မြင့်မားတဲ့လုပ်ငန်းတစ်ခုလည်း ဖြစ်နေပါတယ်။

ဒါကြောင့် လာမယ့်မတ်လ နောက်ဆုံးအပတ်များမှာစတင်မယ့် တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်းမှာ လုပ်ဆောင်ဖို့ သင့်မသင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ အခြားဝန်ကြီးဌာနများ နားလည်တတ်ကျွမ်းသူများ၊ လူမှုအဖွဲ့အစည်းများရဲ့ အမြင်တွေကို စနစ်တကျတောင်းခံကာ ပြန်လည်စဉ်းစားသုံးသပ် သင့်ပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တက္ကသိုလ်အသီးသီးမှာ ပထမနှစ်ဝက် စာမေးပွဲတွေကို ဒီကနေ့မှာစတင်ကျင်းပမယ်လို့ ကြေညာထားပေမဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ တောင်းဆိုချက်တွေကြောင့် အချို့တက္ကသိုလ်တွေမှာ စာမေးပွဲဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေရှိသလို ဝင်ရောက်မဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အစားထိုးစာမေးပွဲကို လာမယ့်ဇွန်လမှာ ပြန်လည်ဖြေဆိုနိုင်တာကိုလည်း ကြေညာထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #စာစစ်တာဝန် #ရွှေ့ဆိုင်းပေးဖို့တောင်းဆို

Zawgyi

တကၠသိုလ္ဝင္တန္း စာစစ္တာဝန္မ်ားေ႐ႊ႕ဆိုင္းေပးဖို႔ တကၠသိုလ္ဆရာသမဂၢမ်ား ေတာင္းဆို

ရန္ကုန္၊ မတ္ ၁၈-၂၀၂၀
စြဲ႔ဝတီ(VOM)

ကမာၻ႔ကပ္ေရာဂါ ကိုရွိနာဗိုင္းရပ္စ္ covid – 19 အြႏၲရာယ္ေၾကာင့္ လာမယ့္မတ္လ ေနာက္ဆုံးအပတ္မ်ားမွာစတင္မယ့္ တကၠသိုလ္ဝင္တန္း စာစစ္တာဝန္ေတြကုိေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုလိုက္တယ္လို႔ တကၠသိုလ္ဆရာသမဂၢကေန သိရပါတယ္။

Covid – 19 အြႏၲရာယ္ေၾကာင့္ အဆင့္ျမင့္ပညာက႑စာေမးပြဲမ်ား တကၠသိုလ္ဝင္တန္း စာစစ္လုပ္ငန္းေတြကို ေ႐ႊ႕ဆိုင္ေပးဖို႔သေဘာထားၾကညာခ်က္ကို တကၠသိုလ္ဆရာ/ဆရာမမ်ားကိုယ္စားျပဳေကာ္မတီ (Representative Committee of University Teacher Associations – RC of UTAS)က ဒီကေန႔မွာထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

“အခုေလာေလာဆယ္ တကၠသိုလ္ေတြမွာစစ္ေနတဲ့ စာေမးပြဲေတြရွိတာေပါ့။ ဒီေန႔ စစစ္တာေပါ့။ အေျခခံကေတာ့ စာစစ္တဲ့ကိစၥေတြ ရွိတယ္ေလ။ တကၠသိုလ္ဝင္တန္းအေျဖလႊာ စစ္မဲ့ကိစၥေတြေပါ့။ အဲဒါေတြကို ေ႐ြ႕ဆိုင္းဖို႔အတြက္ ဆရာတို႔က ေတာင္းဆိုတာပါ။ တကၠသိုလ္စာေမးပြဲေတြကေတာ့ တေျပးညီေတာ့ မျဖစ္ေတာ့ဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ ရန္ကုန္တကၠသိုလ္မွာ ဆိုရင္ တစ္ခ်ိဳ႕ေတြကို ေျဖခိုင္းတယ္။ တခ်ိဳ႕ေတြကို ေ႐ြ႕ခိုင္းတယ္။ တကယ္တမ္းက်ေတာ့ ေ႐ြ႕မယ္ဆိုရင္လည္း အကုန္လုံးေ႐ြ႕ေပါ့။ ဆရာ၊ဆရာမေတြက အခုလည္း ေစာင့္ ၊ ေနာက္လည္းေစာင့္ဆိုတဲ့ သေဘာမ်ိဳးျဖစ္တယ္။ ႏွစ္ခါပိုပင္ပန္းတယ္။ ၿပီးေတာ့ ဆရာ၊ဆရာမေတြက ေမးခြန္းေတြ လည္း ျပင္ဆင္ေပးရတယ္။ ႏွစ္ႀကိမ္ျပန္စစ္ရမဲ့ သေဘာမ်ိဳးျဖစ္ေနတယ္။ ေ႐ြ႕မယ္ဆိုရင္လည္း တစ္ခါထဲ ေ႐ြ႕လိုက္ေပါ့။ အဲဒါေၾကာင့္ ဒီကိစၥကိုရပ္လိုက္ေစခ်င္တာပါ။ အျခားအိမ္နီးခ်င္းႏိုင္ငံေက်ာင္းေတြ ေတာင္ပိတ္လိုက္တာမ်ိဳးရွိတာပဲ ”လို႔ တကၠသိုလ္ဆရာ/ဆရာမမ်ားကိုယ္စားျပဳေကာ္မတီ (Representative Committee of University Teacher Associations – RC of UTAS)မွ အဖြဲ႕ဝင္ဆရာတစ္ဦးျဖစ္သူ ကိုသန္းထိုက္ေအာင္ကေျပာပါတယ္။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားမွာ ကိုရွိနာပိုင္းရပ္စ္ Covid – 19 ကို ေရာဂါပိုးကူးစက္မႈႏႈန္း ဒီကေန႔အခ်ိန္ထိ ထိထိေရာက္ေရာက္ တားဆီးႏိုင္ျခင္းမရွိေသးဘဲ ေန႔စဥ္ကူးစက္မႈ အရွိန္အဟုန္နဲ႔ ျမင့္တက္ေနလွ်က္ရွိတဲ့အတြက္ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုေကာင္းမြန္တယ္ဆိုတဲ့ က်န္းမာေရးဝန္ႀကီးဌာနေဆာင္ပုဒ္နဲ႔အညီ အခုကာလမွာေျဖဆိုၾကမယ့္ အေျခခံအဆင့္ျမင့္ စာေမးပြဲေတြကို ဗုိင္းရပ္ကူးစက္မႈအေျခအေန တည္ၿငိမ္လာတဲ့ကာလအထိ ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

တကၠသိုလ္ဝင္တန္းစာေမးပြဲၿပီးစီးပါကလည္း မၾကာမီကာလမွာ ေဒသအသီးသီးက ဆရာ/ဆရာမမ်ားဟာ စာစစ္တာဝန္ေတြကိုထမ္းေဆာင္ရမွာ ျဖစ္ၿပီးေတာ့ အခုကာလမွာ Covid-19 ေၾကာင့္ စာစစ္တာဝန္ကိုေပးတာဟာ ဆရာ/ဆရာမေတြအတြက္ အလြန္အႏၲရာယ္ႀကီးလွတဲ့အတြက္ တကၠသိုလ္ဝင္တန္း စာစစ္တာဝန္ေတြကို ေရာဂါပိုးကူးစက္ႏိုင္မႈထိန္းခ်ဳပ္ႏိုင္တဲ့ ကာလအထိ ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

အခုေၾကညာခ်က္မွာ ေတာင္းဆိုခ်က္ႏွစ္ခ်က္ျဖစ္တဲ့ အဆင့္ျမင့္ပညာ႑ စားေမးပြဲမ်ားေ႐ႊဆိုင္းေရးနဲ႔ တကၠသိုလ္ဝင္တန္းစာစစ္တာဝန္မ်ား ေ႐ႊ႕ဆိုင္းေပးေရးကို အေလးထားၿပီးေဆာင္႐ြက္ေပးဖို႔၊ ပညာေရးအာဏာပိုင္ေတြက ဒီေတာင္းဆိုခ်က္ေတြကို အေလးထားတာမရွိဘဲ ပ်က္ကြက္ခဲ့တာ ေၾကာင့္ ေရာဂါကူးစက္မႈေတြျဖစ္ေပၚခဲ့မယ္ဆိုရင္ ပညာေရးဝန္ႀကီးဌာနမွာ တာဝန္အျပည့္ရွိၿပီးေတာ့ ဒီတာဝန္ကို အျပည့္အဝယူရမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ကူးစက္ျမန္ ဗိုင္းရပ္စ္( COVID 19 )ေရာဂါ အႏၲရာယ္နဲ႔ပတ္သက္ၿပီး အထူးအေရးေပၚေၾကညာခ်က္ကို ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္ကလည္း ဒီကေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

“စာစစ္တာက ဧၿပီလထဲမွာ စစစ္မယ္။ အဲဒါကို ျပန္သုံးသပ္ေပးဖို႔ပါ။ ဒါမွမဟုတ္ရင္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဂ႐ုစိုက္ၿပီးေတာ့ ေျဖရွင္းေပးဖို႔ပါ။ မတတ္သာ မေရွာင္လႊဲႏိုင္ရင္ေပါ့။ တကယ္လို႔ အခ်ိန္ေ႐ြ႕လို႔ရမယ္ဆိုရင္လည္း ဧၿပီေနာက္ပိုင္းမွာ အေျခအေနေစာင့္ၾကည့္ၿပီးေတာ့ အေျခအေနေကာင္းၿပီဆို ျပန္လုပ္မယ္ဆိုရင္ေရာ ျဖစ္ႏိုင္ေခ်ရွိမရွိေပါ့။ ဒါကေတာ့ ပုံမွန္ မျဖစ္မေန လုပ္ေနၾကတာဝန္ေပါ့။ ဒါကိုေရႊ႕လိုက္ရင္ စာေမးပြဲေအာင္စာရင္းထုတ္ျပန္ေနရာမွာ ေနာက္က်သြားႏိုင္တာ ရွိပါတယ္။ အဲ့ထက္ ပိုအေရးႀကီးတာ အကယ္၍ မေတာ္တဆ ေရာဂါျပန႔္ပြားသြားမယ္ဆိုရင္ အႏၲရာယ္ရွိႏိုင္လို႔ ဒါကို ျပန္သုံးသပ္ေပးဖို႔ ေတာင္းဆိုတာပါ”လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္အတြင္းေရးမႉး ေဒါက္တာေဇာ္မ်ိဳးလႈိင္က ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔လည္း ေႏြရာသီသင္တန္းေက်ာင္းေတြကို ပိတ္သိမ္းေစတာေတြ၊ တကၠသိုလ္စာေမးပြဲမ်ားကို ေရာဂါကူးစက္မႈမရွိဘဲ ေျဖဆိုႏိုင္ေစဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္တာေတြ အစရွိတဲ့ ေရာဂါကာကြယ္ေရး ၫႊန္ၾကားခ်က္မ်ား ဆက္လက္ထုတ္ျပန္ေနတာကို ေတြ႕ရပါတယ္။

လာမယ့္ မတ္လ ေနာက္ဆုံးအပတ္မွာ စတင္ေဆာင္႐ြက္မယ့္ ဆရာ၊ ဆရာမေပါင္း ေထာင္နဲ႔ခ်ီ စုေဝးေဆာင္႐ြက္ရတဲ့ တကၠသိုလ္ဝင္တန္း စာစစ္လုပ္ငန္းအတြက္ ၫႊန္ၾကားခ်က္တစုံတရာ ထုတ္ျပန္ေပးတာ မရွိေသးတဲ့အေပၚမွာေတာ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္အေနနဲ႔ အထူးစိုးရိမ္မကင္း ျဖစ္မိတယ္လို႔လည္း သိရပါတယ္။

တကၠသိုလ္ဝင္တန္း စာစစ္လုပ္ငန္းဟာ သာမန္ စာေမးပြဲလုပ္ငန္းစဥ္မ်ားနဲ႔ မတူဘဲ ျမန္မာတစ္ႏိုင္ငံလုံးရွိ တဲ့ ဆရာဆရာမ်ား ေထာင္နဲ႔ခ်ီၿပီးေတာ့ ေနရာတစ္ေနရာတည္းမွာ စုေဝးေဆာင္႐ြက္ရတဲ့ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္ၿပီးေတာ့ လွ်ိဳ႕ဝွက္ နံပါတ္႐ိုက္ႏွိပ္တာ၊ ေကာ္ကပ္တာ၊ စာစစ္တာေတြကို ဆရာ၊ ဆရာမမ်ား အနီးကပ္ပူးေပါင္းေဆာင္႐ြက္ရတာေတြေၾကာင့္ ေရာဂါကူးစက္ႏိုင္ေျခ အလြန္ျမင့္မားတဲ့လုပ္ငန္းတစ္ခုလည္း ျဖစ္ေနပါတယ္။

ဒါေၾကာင့္ လာမယ့္မတ္လ ေနာက္ဆုံးအပတ္မ်ားမွာစတင္မယ့္ တကၠသိုလ္ဝင္တန္း စာစစ္လုပ္ငန္းေတြကို သတ္မွတ္ကာလအတြင္းမွာ လုပ္ေဆာင္ဖို႔ သင့္မသင့္ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ႏိုင္ငံေတာ္အစိုးရနဲ႔ အျခားဝန္ႀကီးဌာနမ်ား နားလည္တတ္ကြၽမ္းသူမ်ား၊ လူမႈအဖြဲ႕အစည္းမ်ားရဲ႕ အျမင္ေတြကို စနစ္တက်ေတာင္းခံကာ ျပန္လည္စဥ္းစားသုံးသပ္ သင့္ပါတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္အေနနဲ႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

တကၠသိုလ္အသီးသီးမွာ ပထမႏွစ္ဝက္ စာေမးပြဲေတြကို ဒီကေန႔မွာစတင္က်င္းပမယ္လို႔ ေၾကညာထားေပမဲ့ တကၠသိုလ္ေက်ာင္းသားသမဂၢေတြရဲ႕ ေတာင္းဆိုခ်က္ေတြေၾကာင့္ အခ်ိဳ႕တကၠသိုလ္ေတြမွာ စာေမးပြဲဝင္ေရာက္ေျဖဆိုတဲ့ ေက်ာင္းသားေက်ာင္းသူေတြရိွသလုိ ဝင္ေရာက္မေျဖဆိုလိုတဲ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္ အစားထိုးစာေမးပြဲကို လာမယ့္ဇြန္လမွာ ျပန္လည္ေျဖဆိုႏိုင္တာကိုလည္း ေၾကညာထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #စာစစ္တာဝန္ #ေရႊ႔ဆုိင္းေပးဖုိ႔ေတာင္းဆို

Related posts

Leave a Comment

VOM News

FREE
VIEW