ပလက်ဝအတွင်းက ရွာတွေကို တပ်မတော်လေကြောင်းတိုက်ခိုက်ပြီး အရပ်သား ၂၁ ဦးသေဆုံးမှု CNLDအဖွဲ့ကရှုံ့ချ

ပလက်ဝအတွင်းက ရွာတွေကို တပ်မတော်လေကြောင်းတိုက်ခိုက်ပြီး အရပ်သား ၂၁ ဦးသေဆုံးမှု CNLDအဖွဲ့ကရှုံ့ချ

စစ်တွေ၊ မတ် ၁၈- ၂၀၂၀
ခိုင်လင်းစံ (VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နဲ့ ၁၅ ရက်နေ့တွေက တပ်မတော်ကနေပြီး ကျေးရွာ ၅ ရွာလောက်ကို လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် အရပ်သား ၂၁ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ကပြန်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း မနေ့ မတ်လ(၁၇)ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မတ်လ ၁၄ ရက်နေ့က ပလက်ဝမြို့နယ် မိတ်စာ(၁) မိတ်စာ(၂)နဲ့ မိတ်စာ (၃) ကျေးရွာတွေဟာ တပ်မတော်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေအများအပြား မီးလောင်သွားပြီး၊ အရပ်သား (၁၂) ဦးသေဆုံးကာ (၁၅) ဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်းနဲ့ မတ်လ ၁၅ ရက်နေ့မှာလည်း ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်မကျနဲ့ ပြိုင်တင်ကျေးရွာတွေက (၅) တန်းကျောင်းသားတစ်ဦးအပါအဝင် ၁၂ ဦးဒဏ်ရာရရှိသွားတယ်လို့ ပါဝင်ပါတယ်။

အဲ့ဒီလို တပ်မတော်လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သား ထိခိုက်သေဆုံမှုတွေအပြင် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝရောက်ရှိသူ (၁၅၀၀) ဝန်းကျင်လောက်ရှိကြောင်းနဲ့ ထွက်ပြေးတိမ်းရှောင်သူအများစုဟာ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို ထွက်ပြေးကြရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ CNLD ကိုဆက်သွယ်ခဲ့ရာ အထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီက” ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာက မတ်လ ၁၅ ရက်နေ့မှာ တပ်မတော်က လေကြောင်းတိုက်ခိုက်တယ်။ အဲ့ဒီမှာ ရွာ ၅ ရွာပျက်စီးတယ်။ လူ အရပ်သားကတော့ ၂၁ ဦးသေဆုံးတယ်။ ၂၉ ဦးကတော့ ပြင်ထန်စွာဒဏ်ရာရတယ်။ အခုအချိန်မှာတော့ လူ ၂၀၀၀ လောက် စစ်ဘေးဒုက္ခသည်အနေနဲ့ နေရာအသီးသီးကိုပြေးကြတယ်။ အထူးသဖြစ့် ဆမီးမြို့ကို ပြေးကြတယ်။ အဲဒါတွေကြောင့် ကျနော်တို့ကထုတ်ပြန်တာပေါ့။ ”လို့ ပြောပါတယ်။

တပ်မတော်အနေနဲ့ အဲဒီကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့နဲ့ ထိခိုက်နစ်နာသူတွေကို တရားဝင်တောင်းပန်ပြီး တပ်မတော်နဲ့ အေအေတို့ရဲ့ အပစ်အခတ် ရပ်ဆိုင်းရေးသဘောတူစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးဖို့ကိုလည်း အဲ့ဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာဖြစ်ပါတယ်။

နောက်ထပ်ပြီး CNLD အထွေထွေအတွင်းရေးမှူးက” နောက်ထပ်ဒီလိုမျိုးမဖြစ်အောင် အလေးအနက်တိုက်တွန်းထားတာပါ။ နောက်ထပ် ဒီလိုဖြစ်မှာကိုစိုးရိမ်လို့ ထုတ်ပြန်ရတာဖြစ်တယ်။ ကျနော်တို့ထုတ်ပြန်ချက်ကို သူတို့ဘယ်လောက်ထိလိုက်နာမလဲဆိုတာ သူတို့အပိုင်းပဲဖြစ်လို့ ကျနော်တို့လည်းမပြောနိုင်ဘူး။” လို့ ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်မရရှိခဲ့ပါဘူး။

#VOM #voiceofmyanmar #ပလက်ဝ #တပ်မတော် #အရပ်သားသေဆုံးမှု #CNLDရံှု့ချ

Zawgyi

ပလက္ဝအတြင္းက ရြာေတြကို တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္ၿပီး အရပ္သား ၂၁ ဦးေသဆံုးမွု CNLDအဖြဲ႕ကရႈံ႕ခ်

စစ္ေတြ၊ မတ္ ၁၈- ၂၀၂၀
ခိုင္လင္းစံ (VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ ၿပီးခဲ႔တဲ႔ မတ္လ ၁၄ရက္နဲ႕ ၁၅ ရက္ေန႔ေတြက တပ္မေတာ္ကေနၿပီး ေက်းရြာ ၅ ရြာေလာက္ကို ေလေၾကာင္းကတဆင့္ ပစ္ခတ္တိုက္ခိုက္မွုေတြျပဳလုပ္ခဲ႔တာေၾကာင့္ အရပ္သား ၂၁ ဦးေသဆံုးခဲ့တဲ့ျဖစ္ရပ္ကို ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD ကျပန္းထန္စြာကန္႔ကြက္ရႈံ႕ခ်ေၾကာင္း မေန႔ မတ္လ(၁၇)ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ မတ္လ ၁၄ ရက္ေန႔က ပလက္ဝၿမိဳ႕နယ္ မိတ္စာ(၁) မိတ္စာ(၂)နဲ႔ မိတ္စာ (၃) ေက်းရြာေတြဟာ တပ္မေတာ္ရဲ႕ေလေၾကာင္းတိုက္ခတ္မွုေၾကာင့္ ေနအိမ္ေတြအမ်ားအျပား မီးေလာင္သြားၿပီး၊ အရပ္သား (၁၂) ဦးေသဆံုးကာ (၁၅) ဦးျပင္းထန္စြာဒဏ္ရာရရွိေၾကာင္းနဲ႔ မတ္လ ၁၅ ရက္ေန႔မွာလည္း ထပ္မံေလေၾကာင္းတိုက္ခိုက္မွုေၾကာင့္ ဝက္မက်နဲ႔ ၿပိဳင္တင္ေက်းရြာေတြက (၅) တန္းေက်ာင္းသားတစ္ဦးအပါအဝင္ ၁၂ ဦးဒဏ္ရာရရွိသြားတယ္လုိ႔ ပါဝင္ပါတယ္။

အဲ့ဒီလုိ တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မွုေတြမွာ အရပ္သား ထိခိုက္ေသဆံုမွုေတြအျပင္ ေနရပ္စြန္႔ခြာၿပီး စစ္ေဘးေရွာင္ဘဝေရာက္ရွိသူ (၁၅၀၀) ဝန္းက်င္ေလာက္ရွိေၾကာင္းနဲ႔ ထြက္ေျပးတိမ္းေရွာင္သူအမ်ားစုဟာ ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕ကို ထြက္ေျပးၾကရတယ္လုိ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ CNLD ကိုဆက္သြယ္ခဲ႔ရာ အေထြေထြအတြင္းေရးမွဴး ဆလိုင္းပီပီက” က်ေနာ္တို႔ ထုတ္ျပန္ခ်က္ထဲမွာက မတ္လ ၁၅ ရက္ေန႔မွာ တပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္တယ္။ အဲ့ဒီမွာ ရြာ ၅ ရြာပ်က္စီးတယ္။ လူ အရပ္သားကေတာ့ ၂၁ ဦးေသဆံုးတယ္။ ၂၉ ဦးကေတာ့ ျပင္ထန္စြာဒဏ္ရာရတယ္။ အခုအခ်ိန္မွာေတာ့ လူ ၂၀၀၀ ေလာက္ စစ္ေဘးဒုကၡသည္အေနနဲ႔ ေနရာအသီးသီးကိုေျပးၾကတယ္။ အထူးသျဖစ့္ ဆမီးၿမိဳ႕ကို ေျပးၾကတယ္။ အဲဒါေတြေၾကာင့္ က်ေနာ္တို႔ကထုတ္ျပန္တာေပါ့။ ”လို႔ ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ အဲဒီေက်းရြာေတြကို ေလေၾကာင္းတိုက္ခိုက္မႈအတြက္ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔နဲ႔ ထိခိုက္နစ္နာသူေတြကို တရားဝင္ေတာင္းပန္ၿပီး တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ အပစ္အခတ္ ရပ္ဆိုင္းေရးသေဘာတူစာခ်ဳပ္ အျမန္ဆံုးလက္မွတ္ေရးထိုးဖို႔ကိုလည္း အဲ့ဒီထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားတာျဖစ္ပါတယ္။

ေနာက္ထပ္ၿပီး CNLD အေထြေထြအတြင္းေရးမွဴးက” ေနာက္ထပ္ဒီလိုမ်ိဳးမျဖစ္ေအာင္ အေလးအနက္တိုက္တြန္းထားတာပါ။ ေနာက္ထပ္ ဒီလိုျဖစ္မွာကိုစိုးရိမ္လို႔ ထုတ္ျပန္ရတာျဖစ္တယ္။ က်ေနာ္တို႔ထုတ္ျပန္ခ်က္ကို သူတို႔ဘယ္ေလာက္ထိလိုက္နာမလဲဆိုတာ သူတို႔အပိုင္းပဲျဖစ္လို႔ က်ေနာ္တို႔လည္းမေျပာႏိုင္ဘူး။” လို႔ ေျပာပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ တပ္မေတာ္ရဲ႕ သေဘာထားကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ႔ေပမယ္႔ အဆက္မရရွိခဲ႔ပါဘူး။

#VOM #voiceofmyanmar #ပလက္ဝ #တပ္မေတာ္ #အရပ္သားေသဆံုးမွဳ #CNLDရံွဳ႕ခ်

Related posts

Leave a Comment

VOM News

FREE
VIEW