အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သူလေးဦး ကြိုးပေးကွပ်မျက်

#voiceofmyanmar #VOM #အိႏိၵယေက်ာင္းသူ #ၾကိဳးေပးကြပ္မ်က္

အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သူလေးဦး ကြိုးပေးကွပ်မျက်

ဒေလီ၊ မတ်-၂၀-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ၂၀၁၂ခုနှစ်အတွင်း ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ အမျိုးသားလေးဦးကို အကျဉ်းထောင်ထဲမှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။

သူတို့လေးဦးကို ၂၀၁၃ ခုနှစ်ကတည်းက တရားရုံးကသေဒါဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဒေလီရှိ လုံခြုံရေးအထူးတင်းကြပ်တဲ့ တီဟာအကျဉ်းထောင်မှာ မတ် ၂၀ ရက်က ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီလိုကွပ်မျက်မှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။

အိန္ဒိယကျောင်းသူဟာ မောင်းနှင်နေတဲ့ဘတ်စ်ကားတစ်စင်းပေါ်မှာ အမျိုးသားခြောက်ယောက်ရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်တာကိုခံရပြီးနောက် ရက်အနည်းငယ်အကြာမှာ ရရှိထားတဲ့ဒါဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

ကျူးလွန်သူခြောက်ဦးအနက် တစ်ဦးဟာ ၂၀၁၃ ခုနှစ်မှာ အကျဉ်းထောင်အတွင်း ကိုယ့်ကိုယ်သတ်သေသွားပြီး အသက်မပြည့်သေးသူ ၁၇ နှစ်အရွယ် တရားခံတစ်ဦးကတော့ အိန္ဒိယနိုင်ငံဥပဒေအရ ထိန်းသိမ်းရေးစခန်းမှာ သုံးနှစ်နေထိုင်ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။

ကျူးလွန်သူတွေကို ကြိုးပေးကွပ်မျက်လိုက်တာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူအတွက် တရားမျှတမှုရှိသွားပြီးဖြစ်ကြောင်းနဲ့ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုပြန်လည်ရရှိလာတယ်လို့ သေဆုံးသွားတဲ့ ကျောင်းသူရဲ့ မိခင်နဲ့ဖခင်ဖြစ်သူတို့ကပြောပါတယ်။

Ref : BBC
Photo: Delhi police
#voiceofmyanmar #VOM #အိန္ဒိယကျောင်းသူ #ကြိုးပေးကွပ်မျက်

zawgyi

အိႏိၵယေက်ာင္းသူကို အုပ္စုဖြဲ႔မုဒိမ္းက်င္႔သတ္ျဖတ္သူေလးဦး ၾကိဳးေပးကြပ္မ်က္

ေဒလီ၊ မတ္-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံ ေဒလီျမိဳ႕မွာ ၂၀၁၂ခုနွစ္အတြင္း ေက်ာင္းသူတစ္ဦးကို အုပ္စုဖြဲ႔မုဒိမ္းက်င္႔ သတ္ျဖတ္ခဲ႔သူ အမ်ိဳးသားေလးဦးကို အက်ဥ္းေထာင္ထဲမွာ ၾကိဳးေပးကြပ္မ်က္လိုက္ပါတယ္။

သူတို႔ေလးဦးကို ၂၀၁၃ ခုနွစ္ကတည္းက တရားရံုးကေသဒါဏ္အမိန္႔ခ်မွတ္ခဲ႔တာျဖစ္ျပီး ေဒလီရိွ လံုျခံဳေရးအထူးတင္းၾကပ္တဲ႔ တီဟာအက်ဥ္းေထာင္မွာ မတ္ ၂၀ ရက္က ၾကိဳးေပးကြပ္မ်က္ခဲ႔ပါတယ္။ အိႏိၵယနုိင္ငံမွာ ဒီလိုကြပ္မ်က္မႈဟာ ၂၀၁၅ ခုနွစ္ေနာက္ပိုင္း ပထမဆံုးျဖစ္ပါတယ္။

အိႏိၵယေက်ာင္းသူဟာ ေမာင္းနွင္ေနတဲ႔ဘတ္စ္ကားတစ္စင္းေပၚမွာ အမ်ိဳးသားေျခာက္ေယာက္ရဲ႕ အုပ္စုဖြဲ႔မုဒိမ္းက်င္႔တာကိုခံရျပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ရရိွထားတဲ႔ဒါဏ္ရာေတြေၾကာင္႔ ေသဆံုးသြားခဲ႔ပါတယ္။

က်ဴးလြန္သူေျခာက္ဦးအနက္ တစ္ဦးဟာ ၂၀၁၃ ခုနွစ္မွာ အက်ဥ္းေထာင္အတြင္း ကိုယ္႔ကိုယ္သတ္ေသသြားျပီး အသက္မျပည္႔ေသးသူ ၁၇ နွစ္အရြယ္ တရားခံတစ္ဦးကေတာ႔ အိႏိၵယနိုင္ငံဥပေဒအရ ထိန္းသိမ္းေရးစခန္းမွာ သံုးနွစ္ေနထိုင္ျပီးေနာက္ ၂၀၁၅ ခုနွစ္မွာ ျပန္လြတ္ခဲ႔ပါတယ္။

က်ဴးလြန္သူေတြကို ၾကိဳးေပးကြပ္မ်က္လိုက္တာနဲ႔ ပတ္သက္ျပီး သမီးျဖစ္သူအတြက္ တရားမွ်တမႈရိွသြားျပီးျဖစ္ေၾကာင္းနဲ႔ တရားစီရင္ေရးစနစ္အေပၚ ယံုၾကည္မႈျပန္လည္ရရိွလာတယ္လို႔ ေသဆံုးသြားတဲ႔ ေက်ာင္းသူရဲ႕ မိခင္နဲ႔ဖခင္ျဖစ္သူတို႔ကေျပာပါတယ္။

Ref : BBC
Photo: Delhi police
#voiceofmyanmar #VOM #အိႏိၵယေက်ာင္းသူ #ၾကိဳးေပးကြပ္မ်က္

Related posts

Leave a Comment

VOM News

FREE
VIEW