ကျောက်မီးသွေးစက်ရုံ မီးရှို့ခဲ့တဲ့အမှုက အောင်သပြေရွာသား၅ဦးကို ထောင်ဒဏ်(၅)နှစ်ချမှတ်

ကျောက်မီးသွေးစက်ရုံ မီးရှို့ခဲ့တဲ့အမှုက အောင်သပြေရွာသား၅ဦးကို ထောင်ဒဏ်(၅)နှစ်ချမှတ် မန္တလေး ၊ မတ် ၂၀-၂၀၂၀ လင်းခိုင်(VOM) ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာတည်ဆောက်ထားတဲ့ ကျောက်မီးသွေးစက်ရုံကို ကျေးရွာသားတွေက ကျေနပ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မေလပိုင်းက စက်ရုံကိုမီးရှို့ဖျက်စီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမီးရှို့ဖျက်စီးတဲ့ ဖြစ်စဉ်မှာပါဝင်တဲ့သူတွေကို စက်ရုံတာဝန်ရှိသူ ဦးဟန်ဇော်လင်းက တရားလိုပြုလုပ် တိုင်တန်းတဲ့အမှုမှာပါဝင်တဲ့ အောင်သပြေကျေးရွာသား ကိုနိုင်ထွန်းအောင်၊ ရာအိမ်မှူးကိုမိုးလင်း၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ၄၄၀/၁၁၄ နဲ့ ထောင်ဒဏ်(၂)နှစ်၊ ပုဒ်မ ၄၃၆၊ ၄၃၆/၁၁၄နဲ့ ထောင်ဒဏ်(၅)နှစ် စုစုပေါင်း(၇)နှစ်ကို ပုသိမ်ကြီးမြို့နယ်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် တပေါင်းတည်းကျခံစေဖို့ ဒီကနေ့ညနေပိုင်းမှာ အမိန့်ချမှတ်ခဲ့ပါတယ်။ အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ ‘မြင့်’ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ရွာသူရွာသားတွေက ကျေးရွာနဲ့ကပ်ပြီး စက်ရုံလည်ပတ်တာတွေကို အကောင်အထည်ဖော်နေတဲ့အတွက် စက်ရုံစတင်ဆောက်လုပ်ချိန်ကတည်း ကန့်ကွက်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ အောင်သပြေကျေးရွာသားတွေနဲ့ပက်သက်တဲ့ အခြားသောအမှုတွေကို လာမယ့် ဧပြီလ(၃)ရက်နေ့မှာ…

Read More

ထိုင်းရောက်မြန်မာနိုင်ငံသား ၂ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

#voiceofmyanmar #VOM #ထိုင်းရောက်မြန်မာ၂ယောက်ကိုရိုနာကူးစက်ခံရ

ထိုင်းရောက်မြန်မာနိုင်ငံသား ၂ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ   မတ် ၂၀ -၂၀၂၀ သိင်္ဂီ (VOM) ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာနိုင်ငံသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။ အဆိုပါ ရောဂါကူးစက်ခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံမှာ ဆေးကုသစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ” ထိုင်းနိုင်ငံ ဘန်ကောက်ကပါ။ အဲ့ဒါပဲပြောလို့ရမယ်။ လောလောဆယ် ဆေးရုံမှာကုသမှုခံယူနေတယ်။ ဘယ်အရပ်ဒေသကလဲ ဘယ်ကလာလဲဆိုတာတော့ မသိနိုင်သေးဘူး။ အလုပ်သမားတွေအကုန်လုံးက ထိုင်းမှာဖြစ်တယ် မြန်မာမှာမဟုတ်ဘူး ဒီတော့ မြန်မာပြည်က ဝန်ကြီးဌာန အနေနဲ့ ထိုင်းမှာရှိတဲ့ သူတွေကို ဘယ်လိုကွန်တကိလုပ်ပြီးသွားလုပ်မလဲ ။ ခုလည်းဝန်ကြီးဌာနချင်းပူးပေါင်းနေလို့ ရောဂါဖြစ်တဲ့အခြေအနေကိုသိရတာပေါ့” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ…

Read More

အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သူလေးဦး ကြိုးပေးကွပ်မျက်

#voiceofmyanmar #VOM #အိန္ဒိယကျောင်းသူ #ကြိုးပေးကွပ်မျက်

အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သူလေးဦး ကြိုးပေးကွပ်မျက် ဒေလီ၊ မတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ၂၀၁၂ခုနှစ်အတွင်း ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ အမျိုးသားလေးဦးကို အကျဉ်းထောင်ထဲမှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ သူတို့လေးဦးကို ၂၀၁၃ ခုနှစ်ကတည်းက တရားရုံးကသေဒါဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဒေလီရှိ လုံခြုံရေးအထူးတင်းကြပ်တဲ့ တီဟာအကျဉ်းထောင်မှာ မတ် ၂၀ ရက်က ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီလိုကွပ်မျက်မှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။ အိန္ဒိယကျောင်းသူဟာ မောင်းနှင်နေတဲ့ဘတ်စ်ကားတစ်စင်းပေါ်မှာ အမျိုးသားခြောက်ယောက်ရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်တာကိုခံရပြီးနောက် ရက်အနည်းငယ်အကြာမှာ ရရှိထားတဲ့ဒါဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ ကျူးလွန်သူခြောက်ဦးအနက် တစ်ဦးဟာ ၂၀၁၃ ခုနှစ်မှာ အကျဉ်းထောင်အတွင်း ကိုယ့်ကိုယ်သတ်သေသွားပြီး အသက်မပြည့်သေးသူ ၁၇ နှစ်အရွယ် တရားခံတစ်ဦးကတော့ အိန္ဒိယနိုင်ငံဥပဒေအရ ထိန်းသိမ်းရေးစခန်းမှာ သုံးနှစ်နေထိုင်ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ ကျူးလွန်သူတွေကို ကြိုးပေးကွပ်မျက်လိုက်တာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူအတွက် တရားမျှတမှုရှိသွားပြီးဖြစ်ကြောင်းနဲ့…

Read More

ချင်းပြည်နယ်မှာ အေအေ အခြေချလှုပ်ရှားမှုမလုပ်ဖို့ CNF တောင်းဆို

#voiceofmyanmar #VOM #AA #CNF

ချင်းပြည်နယ်မှာ အေအေ အခြေချလှုပ်ရှားမှုမလုပ်ဖို့ CNF တောင်းဆို စစ်တွေ၊ မတ် ၂၀- ၂၀၂၀ ခိုင်လင်းစံ (VOM) တပ်မတော်နဲ့အေအေတို့ ကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်တန့်ပြီး အေအေအနေဖြင့် ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ချင်းအမျိုးသားပိုင်နေမြေတွေအတွင်း စစ်ရေးအရအခြေချနေထိုင်မှု လုံးဝမပြုလုပ်ဖို့ကို ချင်အမျိုးသားတပ်ဦး(CNF) ကမနေ့ မတ်၁၉ ရက်နေ့ ချင်အမျိုးသားတပ်ဦးရဲ့ သတ္တမအကြိမ် ညီလာခံမှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အခုလိုမျိုးထုတ်ပြန်တောင်းဆိုရတာဟာ တပ်မတော်နဲ့ အေအေကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ ခင်းအမျိုးသားတွေအပေါ် ချင်းအမျိုးသားတွေအပေါ်စစ်ရာဇဝတ်မှု ကျူ းလွန်မှုတွေဟာ အရေးပေါ်အခြေအနေရောက်ရှိနေပြီလို့မှတ်ယူပြီး တပ်မတော်နဲ့ အေအေတို့အနေနဲ့ သူတို့နေမြေထဲမှာ တိုက်ပွဲတွေချက်ချင်း ရပ်တန့်လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ယခုအချိန်အခြေအနေမှာ အေအေအနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသကနေထွက်သွားဖို့ဆိုတာဟာ ခက်ခဲနေအုံးမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ရှူမြင်သုံးသပ်ပါတယ်။ ” ဒါကတော့…

Read More

ရာဇာစိုးငွေစုငွေချေးအသင်းမှာ ငွေစုသူတွေ သူတို့ငွေပြန်မရသေးလို့ ရှင်းလင်းပွဲလုပ်

#VOM #voiceofmyanmar #မႏၲေလး #ရာဇာစိုး #ေငြစုေငြေခ်း

ရာဇာစိုးငွေစုငွေချေးအသင်းမှာ ငွေစုသူတွေ သူတို့ငွေပြန်မရသေးလို့ ရှင်းလင်းပွဲလုပ် မန္တလေး၊ မတ် ၂၀-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းနဲ့ ၄၁လမ်းထောင့်မှာဖွင့်ထားတဲ့ ရာဇာစိုးငွေစုငွေချေးလုပ်ငန်းက ငွေစုသူတွေရဲ့ ငွေတွေကို ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ငွေထုတ်တဲ့လုပ်ငန်းကိုရပ်တန့်တယ်လို့ ဖေဖော်ဝါရီလ ၃ရက်နေ့ကကြေညာခဲ့ပါတယ်။ အဲ့ဒီလိုကြေညာတဲ့နေ့ကစပြီး ငွေစုသူတွေရဲ့ ငွေတွေကို ဒီကနေ့အချိန်ထိ ပြန်လည်ထုတ်ပေးခြင်းမရှိတဲ့အတွက် နစ်နာသူတွေဟာ သူတို့ရဲ့ငွေတွေ‌ကိုပြန်လိုချင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက မန္တလေးလူထုစင်တာမှာ ရှင်းလင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ “ဒီရာဇာစိုးအသင်းမှာ ကျွန်တော်တို့ အသင်းသား/သူ နှစ်ထောင့် ခုနှစ်ရာကျော် နစ်နာသူတွေရဲ့ ငွေကြေးတွေကို ပြန်လိုချင်တယ်၊ ကျွန်တော်တို့ရဲ့ ချွေးနည်းစာ ၊ တရားဝင်နစ်နာတဲ့အချက်တွေကို ရိုးသားစွာ မီဒီယာကနေတဆင့်ပြောပြချင်တဲ့အတွက် ခုလိုရှင်းလင်းပွဲပြုလုပ်တာပါ”လို့ ရာဇာစိုးငွေစုငွေချေးအသင်းသား ဦးမြင့်ထူးကပြောပါတယ်။ ခုလိုဖြစ်နေတဲ့အကြောင်းအရာတွေကို အသင်းရဲ့တာဝန်ရှိသူတွေက ဒီကနေ့အချိန်ထိ ငွေကြေးဘယ်လောက်ရှိနေတယ်၊ အမြတ်ငွေဘယ်လောက်ရနေသလဲ၊ ဘာကြောင့် အခုလို ဖြစ်ပျက်သွားလဲဆိုတာတွေကို တရားဝင်အသိပေးစာထုတ်ပြန်တာ မရှိသေးဘူးလို့ အသင်းသူ/သားတွေက ပြောပါတယ်။ ငွေစုတဲ့သူတွေထဲက…

Read More

၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ်

#voiceofmyanmar #VOM #အီရန္ #ကိုရိုုနာ

၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ် တီဟီရန်၊ မတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ် စာရင်းဇယားတွေ ကို အီရန်အာဏာပိုင်တွေက ထုတ်ပြန်လိုကပါတယ်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၁၂၈၄ ဦးသေဆုံးခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံတွက်ချက်မှုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံမှာ ၁၀ မိနစ်ကို လူတစ်ဦးနှုန်းသေဆုံးနေကြရပြီး တစ်နာရီကြာတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးရှိကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကီယာနုရှ်ဂျဟန်ပါက သူ့ရဲ့ တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၄၉ ဦးသေဆုံးခြင်းနဲ့အတူ သေဆုံးသူအရေးအတွက်မှာ ၁၂၈၄ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူမှာ…

Read More

COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက်

#voiceofmyanmar #VOM #ဖရဲသခြါးေမႊး

COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက် နန်းထက်ထက်ချစ်( VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ Corona Virus ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံတွင်း ပြည်နယ်တစ်ခုနဲ့တစ်ခု၊ မြို့တစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှုတွေကို ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုနဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတွေမှာလည်း ကုန်သွယ်မှုလုပ်ငန်း အများစု ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။ နှစ်စဉ် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်-မြန်မာ ကုန်သွယ်မှု လျော့နည်းလေ့ရှိပေမယ့် ၂၀၂၀ခုနှစ်မှာတော့ Corona Virus ရောဂါပိုး စတင်ကူးစက်မှုဟာ Global Economy အတိုင်းအတာအထိ သက်ရောက်တာကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှု များပြားခဲ့ပါတယ်။ ဒီသက်ရောက်ထဲမှာ မြန်မာ့ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူတွေဟာလည်း နစ်နာဆုံးရှုံးမှုကို ခံစားရတဲ့ ပြည်သူတွေထဲ ပါဝင်ခဲ့ပါတယ်။…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည်

#voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည် ကိုအောင် VOM ပုသိမ်/မတ်၂၀-၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး နိင်ငံတော်သမ္မတရုံးရဲ့ပြန်ကြားချက်အရ လာမယ့် ၂၂ကြိမ်မြောက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးကို၂ရက်သာကျင်းပတော့မယ်လို့သိရပါတယ်။ မတ်လ၂၄ရက်နေ့လွှတ်တော်မှာ ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျတ်တောင်းခံမူလွှတ်တော်ကိုတင်တဲ့အစည်းအဝေးနဲ့ ၃၁ရက်နေ့မှာ ဘတ်ဂျတ်အတည်ပြုတဲ့ အစည်းအဝေးနှစ်ခုသာကျင်းပသွားမှာလို့ တိုင်းလွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်ကပြောပါတယ်။ “မတ်လ ၂၄ ရက်နေ့က ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျက်အတည်ပြုပေးရမှာဖြစ်လို့ မလုပ်မနေရ မို့လို့ခေါ်တာပါ၊ နိုင်ငံတော်သမ္မတရုံးရဲ့ ကြေငြာချက်ကိုလိုက်နာတဲ့အနေနဲ့လွှတ်တော်ကို ပုံစံပြောင်းပြီးလုပ်ဖို့ စီစဉ်လိုက်တာပါ” လို့ သူကပြောပါတယ် လွှတ်တော် ကျင်းပတဲ့နေ့မှာလဲ တက်ရောက်မယ့်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ ဧည့်သည်တွေကိုလည်း ကိုရိုနာကာကွယ်ဖို့ အစီအစဉ်တွေထည့်သွင်းထားတယ်လို့ဆိုပါတယ်။ “အစည်းအဝေးထဲမှာ ကိုယ်စားလှယ်တွေကို (၃)ပေခြားစီ ခုံခင်းကျင်းထားမယ် ကျန်းမာရေးကိုခေါ်ထားပြီး ကိုယ်စားလှယ်တွေရော ရုံးအဖွဲ့ရော မီဒီယာတွေရော အားလုံးကို ကိုယ်ပူချိန်တိုင်းတာတို့ လက်ဆေးတာတို့နဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေလုပ်ထားတယ်”လို့ တိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာကိုယ်စားလှယ်များရဲ့ မေးခွန်းများကို လာမည့်(၂၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar…

Read More
VOM News

FREE
VIEW