၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ်

#voiceofmyanmar #VOM #အီရန္ #ကိုရိုုနာ

၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ်

တီဟီရန်၊ မတ်-၂၀-၂၀၂၀
မျိုးဆက် (VOM)

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ် စာရင်းဇယားတွေ ကို အီရန်အာဏာပိုင်တွေက ထုတ်ပြန်လိုကပါတယ်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၁၂၈၄ ဦးသေဆုံးခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။

ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံတွက်ချက်မှုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံမှာ ၁၀ မိနစ်ကို လူတစ်ဦးနှုန်းသေဆုံးနေကြရပြီး တစ်နာရီကြာတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးရှိကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကီယာနုရှ်ဂျဟန်ပါက သူ့ရဲ့ တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၄၉ ဦးသေဆုံးခြင်းနဲ့အတူ သေဆုံးသူအရေးအတွက်မှာ ၁၂၈၄ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူမှာ ၁၈၄၀၇ ဦးရှိနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနှိမ်နှင်းရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းမှ တောင်းဆိုမှုများရှိနေသော်လည်း ဖယ်ရှားခြင်း သို့မဟုတ် ဖြေလျှော့ခြင်းမပြုတဲ့ အီရန်အပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် အဟန့်အတားဖြစ်နေပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကြောင့် မတ် ၂၀ ရက်မှာ ကျရောက်တဲ့ အီရန်နှစ်သစ်ကူးနေ့ကိုလည်း အနှောက်အယှက်ဖြစ်စေခဲ့ရပါတယ်။ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အေထောက်အကူဖြစ်စေဖို့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်မှာပဲနေထိုင်ကြဖို့နဲ့ ခရီးသွားလာတာတွေကို ရှောင်ရှားကြဖို့ အီရန်အစိုးရက တိုက်တွန်းထားပါတယ်။

Ref : RT
Photo : Getty Images
#voiceofmyanmar #VOM #အီရန် #ကိုရိုနာ

zawgyi

၁၀ မိနစ္တိုင္း လူတစ္ဦးေသ၊ တစ္နာရီၾကာတိုင္း လူ ၅၀ ကူးစက္ခံေနရတဲ႕ အီရန္ေရာက္ ကိုရိုုနာဗိုင္းရပ္စ္

တီဟီရန္၊ မတ္-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ အၾကီးအက်ယ္ကူးစက္ပ်ံ႕နွံ႕မႈနဲ႔ပတ္သက္တဲ႔ ထိတ္လန္႔ဖြယ္ စာရင္းဇယားေတြ ကို အီရန္အာဏာပိုင္ေတြက ထုတ္ျပန္လိုကပါတယ္။ နိုင္ငံအတြင္း ဗိုင္းရပ္စ္ေၾကာင္႔ လူ ၁၂၈၄ ဦးေသဆံုးျခင္းနဲ႔အတူ အေရွ႕အလယ္ပိုင္းမွာ ဗိုင္းရပ္စ္အဆိုးရြားဆံုး ကူးစက္ခံေနရတဲ႔နိုင္ငံျဖစ္ပါတယ္။

ရရိွထားတဲ႔ သတင္းအခ်က္အလက္ေတြအေပၚ အေျခခံတြက္ခ်က္မႈအရ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ အီရန္နိုင္ငံမွာ ၁၀ မိနစ္ကို လူတစ္ဦးနႈန္းေသဆံုးေနၾကရျပီး တစ္နာရီၾကာတိုင္း ဗိုင္းရပ္စ္ကူးစက္ခံရသူ ၅၀ ဦးရိွေၾကာင္း အီရန္က်န္းမာေရး၀န္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူ ကီယာနုရွ္ဂ်ဟန္ပါက သူ႔ရဲ႕ တြစ္တာမွာ ေရးသားေဖာ္ျပထားပါတယ္။

အီရန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ လြန္ခဲ႔တဲ႔ ၂၄ နာရီအတြင္း လူ ၁၄၉ ဦးေသဆံုးျခင္းနဲ႔အတူ ေသဆံုးသူအေရးအတြက္မွာ ၁၂၈၄ ဦးအထိ ျမင္႔တက္လာကာ ကူးစက္ခံရသူမွာ ၁၈၄၀၇ ဦးရိွေနပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈနွိမ္နွင္းေရးမွာ နိုင္ငံတကာအသိုင္းအ၀ိုင္းမွ ေတာင္းဆိုမႈမ်ားရိွေနေသာ္လည္း ဖယ္ရွားျခင္း သို႔မဟုတ္ ေျဖေလွ်ာ႔ျခင္းမျပဳတဲ႔ အီရန္အေပၚခ်မွတ္ထားတဲ႔ အေမရိကန္ရဲ႕ အေရးယူပိတ္ဆို႔မႈေတြေၾကာင္႔ အဟန္႔အတားျဖစ္ေနပါတယ္။

ဗိုင္းရပ္စ္ကူးစက္ပ်ံ႕နွံ႕မႈမ်ားေၾကာင္႔ မတ္ ၂၀ ရက္မွာ က်ေရာက္တဲ႔ အီရန္နွစ္သစ္ကူးေန႔ကိုလည္း အေနွာက္အယွက္ျဖစ္ေစခဲ႔ရပါတယ္။ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရး အေေထာက္အကူျဖစ္ေစဖို႔အတြက္ ျပည္သူေတြအေနနဲ႔ ေနအိမ္မွာပဲေနထိုင္ၾကဖို႔နဲ႔ ခရီးသြားလာတာေတြကို ေရွာင္ရွားၾကဖို႔ အီရန္အစိုးရက တိုက္တြန္းထားပါတယ္။

Ref : RT
Photo : Getty Images
#voiceofmyanmar #VOM #အီရန္ #ကိုရိုုနာ

Related posts

Leave a Comment

VOM News

FREE
VIEW