ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည်

#voiceofmyanmar #VOM #ဧရာဝတီတိုင္းလႊတ္ေတာ္

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည်

ကိုအောင် VOM
ပုသိမ်/မတ်၂၀-၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး နိင်ငံတော်သမ္မတရုံးရဲ့ပြန်ကြားချက်အရ လာမယ့် ၂၂ကြိမ်မြောက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးကို၂ရက်သာကျင်းပတော့မယ်လို့သိရပါတယ်။

မတ်လ၂၄ရက်နေ့လွှတ်တော်မှာ ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျတ်တောင်းခံမူလွှတ်တော်ကိုတင်တဲ့အစည်းအဝေးနဲ့ ၃၁ရက်နေ့မှာ ဘတ်ဂျတ်အတည်ပြုတဲ့ အစည်းအဝေးနှစ်ခုသာကျင်းပသွားမှာလို့ တိုင်းလွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်ကပြောပါတယ်။

“မတ်လ ၂၄ ရက်နေ့က ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျက်အတည်ပြုပေးရမှာဖြစ်လို့ မလုပ်မနေရ မို့လို့ခေါ်တာပါ၊ နိုင်ငံတော်သမ္မတရုံးရဲ့ ကြေငြာချက်ကိုလိုက်နာတဲ့အနေနဲ့လွှတ်တော်ကို ပုံစံပြောင်းပြီးလုပ်ဖို့ စီစဉ်လိုက်တာပါ” လို့ သူကပြောပါတယ်

လွှတ်တော် ကျင်းပတဲ့နေ့မှာလဲ တက်ရောက်မယ့်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ ဧည့်သည်တွေကိုလည်း ကိုရိုနာကာကွယ်ဖို့ အစီအစဉ်တွေထည့်သွင်းထားတယ်လို့ဆိုပါတယ်။

“အစည်းအဝေးထဲမှာ ကိုယ်စားလှယ်တွေကို (၃)ပေခြားစီ ခုံခင်းကျင်းထားမယ် ကျန်းမာရေးကိုခေါ်ထားပြီး ကိုယ်စားလှယ်တွေရော
ရုံးအဖွဲ့ရော မီဒီယာတွေရော အားလုံးကို ကိုယ်ပူချိန်တိုင်းတာတို့ လက်ဆေးတာတို့နဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေလုပ်ထားတယ်”လို့ တိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ်

(၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာကိုယ်စားလှယ်များရဲ့ မေးခွန်းများကို လာမည့်(၂၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်

zawgyi

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဧရာ၀တီတိုင္းလႊတ္ေတာ္ ၂၂ ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးကို ၂ ရက္သာ က်င္းပေတာ့မည္

ကိုေအာင္ VOM
ပုသိမ္/မတ္၂၀-၂၀၂၀

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သတ္ျပီး နိင္ငံေတာ္သမၼတ႐ုံးရဲ႕ျပန္ၾကားခ်က္အရ လာမယ့္ ၂၂ႀကိမ္ေျမာက္ ဧရာ၀တီတိုင္း လႊတ္ေတာ္အစည္းအေဝးကို၂ရက္သာက်င္းပေတာ့မယ္လို ႔သိရပါတယ္။

မတ္လ၂၄ရက္ေန႔လႊတ္ေတာ္မွာ ဝန္ႀကီးဌာနေတြရဲ႕ဘတ္ဂ်တ္ေတာင္းခံမူလႊတ္ေတာ္ကိုတင္တဲ့အစည္းအေဝးနဲ႔ ၃၁ရက္ေန႔မွာ ဘတ္ဂ်တ္အတည္ျပဳတဲ့ အစည္းအေဝးနွစ္ခုသာက်င္းပသြားမွာလို႔ တိုင္းလႊတ္ေတာ္ဥကၠဌဦးေအာင္ေက်ာ္ခိုင္ကေျပာပါတယ္။

“မတ္လ ၂၄ ရက္ေန႔က ၀န္ႀကီးဌာနေတြရဲ႕ဘတ္ဂ်က္အတည္ျပဳေပးရမွာျဖစ္လို႔ မလုပ္မေနရ မို႔လို႔ေခၚတာပါ၊ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ေၾကျငာခ်က္ကိုလိုက္နာတဲ့အေနနဲ႔လႊတ္ေတာ္ကို ပုံစံေျပာင္းၿပီးလုပ္ဖို႔ စီစဥ္လိုက္တာပါ” လို႔ သူကေျပာပါတယ္

လႊတ္ေတာ္ က်င္းပတဲ့ေန႔မွာလဲ တက္ေရာက္မယ့္ကိုယ္စားလွယ္ေတြနဲ႔ ၀န္ထမ္းေတြ ဧည့္သည္ေတြကိုလည္း ကို႐ိုနာကာကြယ္ဖို႔ အစီအစဥ္ေတြထည့္သြင္းထားတယ္လို႔ဆိုပါတယ္။

“အစည္းအေဝးထဲမွာ ကိုယ္စားလွယ္ေတြကို (၃)ေပျခားစီ ခုံခင္းက်င္းထားမယ္ က်န္းမာေရးကိုေခၚထားၿပီး ကိုယ္စားလွယ္ေတြေရာ
႐ုံးအဖြဲ႕ေရာ မီဒီယာေတြေရာ အားလုံးကို ကိုယ္ပူခ်ိန္တိုင္းတာတို႔ လက္ေဆးတာတို႔နဲ႔ ပတ္သက္တဲ့ ျပင္ဆင္မႈေတြလုပ္ထားတယ္”လို႔ တိုင္း
လႊတ္ေတာ္ဥကၠဌ ဦးေအာင္ေက်ာ္ခိုင္ကေျပာပါတယ္/

(၂၂)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးမွာကိုယ္စားလွယ္မ်ားရဲ႕ ေမးခြန္းေတြကိုု လာမယ့္(၂၃)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝးမွသာ
ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီတိုင္းလႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW