ကျောက်မီးသွေးစက်ရုံ မီးရှို့ခဲ့တဲ့အမှုက အောင်သပြေရွာသား၅ဦးကို ထောင်ဒဏ်(၅)နှစ်ချမှတ်

ကျောက်မီးသွေးစက်ရုံ မီးရှို့ခဲ့တဲ့အမှုက အောင်သပြေရွာသား၅ဦးကို ထောင်ဒဏ်(၅)နှစ်ချမှတ်

မန္တလေး ၊ မတ် ၂၀-၂၀၂၀
လင်းခိုင်(VOM)

ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာတည်ဆောက်ထားတဲ့ ကျောက်မီးသွေးစက်ရုံကို ကျေးရွာသားတွေက ကျေနပ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မေလပိုင်းက စက်ရုံကိုမီးရှို့ဖျက်စီးတာတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီမီးရှို့ဖျက်စီးတဲ့ ဖြစ်စဉ်မှာပါဝင်တဲ့သူတွေကို စက်ရုံတာဝန်ရှိသူ ဦးဟန်ဇော်လင်းက တရားလိုပြုလုပ် တိုင်တန်းတဲ့အမှုမှာပါဝင်တဲ့ အောင်သပြေကျေးရွာသား ကိုနိုင်ထွန်းအောင်၊ ရာအိမ်မှူးကိုမိုးလင်း၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ၄၄၀/၁၁၄ နဲ့ ထောင်ဒဏ်(၂)နှစ်၊ ပုဒ်မ ၄၃၆၊ ၄၃၆/၁၁၄နဲ့ ထောင်ဒဏ်(၅)နှစ် စုစုပေါင်း(၇)နှစ်ကို ပုသိမ်ကြီးမြို့နယ်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် တပေါင်းတည်းကျခံစေဖို့ ဒီကနေ့ညနေပိုင်းမှာ အမိန့်ချမှတ်ခဲ့ပါတယ်။

အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ ‘မြင့်’ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ရွာသူရွာသားတွေက ကျေးရွာနဲ့ကပ်ပြီး စက်ရုံလည်ပတ်တာတွေကို အကောင်အထည်ဖော်နေတဲ့အတွက် စက်ရုံစတင်ဆောက်လုပ်ချိန်ကတည်း ကန့်ကွက်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။

အောင်သပြေကျေးရွာသားတွေနဲ့ပက်သက်တဲ့ အခြားသောအမှုတွေကို လာမယ့် ဧပြီလ(၃)ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပြီး စက်ရုံမီးရှိုမှုမှာပါဝင်တဲ့ ကိုထွန်းမြင့်ဝင်းဆိုသူဟာလည်း အချုပ်ကျနေစဉ်အတွင်း သေဆုံးမှုလည်းဖြစ်ပွားခဲ့ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #အောင်သပြေ #စက်ရုံမီးရှို့တဲ့ရွာသား #ထောင်၅နှစ်ချ

zawgyi

ေက်ာက္မီးေသြးစက္႐ုံ မီးရႈိ႕ခဲ့တဲ့အမႈက ေအာင္သေျပ႐ြာသား၅ဦးကို ေထာင္ဒဏ္(၅)ႏွစ္ခ်မွတ္

မႏၲေလး ၊ မတ္ ၂၀-၂၀၂၀
လင္းခိုင္(VOM)

ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သေျပေက်း႐ြာမွာတည္ေဆာက္ထားတဲ့ ေက်ာက္မီးေသြးစက္႐ုံကို ေက်း႐ြာသားေတြက ေက်နပ္မႈမရွိတဲ့အတြက္ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ေမလပိုင္းက စက္႐ုံကိုမီးရႈိ႕ဖ်က္စီးတာေတြျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီမီးရႈိ႕ဖ်က္စီးတဲ့ ျဖစ္စဥ္မွာပါ၀င္တဲ့သူေတြကို စက္႐ုံတာဝန္ရွိသူ ဦးဟန္ေဇာ္လင္းက တရားလိုျပဳလုပ္ တိုင္တန္းတဲ့အမႈမွာပါ၀င္တဲ့ ေအာင္သေျပေက်း႐ြာသား ကိုႏိုင္ထြန္းေအာင္၊ ရာအိမ္မႉးကိုမိုးလင္း၊ ကိုမင္းသိန္း၊ ကိုဖိုးမာ၊ ကိုေက်ာ္ေဇယ်တို႔ကို ရာဇသတ္ႀကီးဥပေဒပုဒ္မ၄၄၀/၁၁၄ နဲ႔ ေထာင္ဒဏ္(၂)ႏွစ္၊ ပုဒ္မ ၄၃၆၊ ၄၃၆/၁၁၄နဲ႔ ေထာင္ဒဏ္(၅)ႏွစ္ စုစုေပါင္း(၇)ႏွစ္ကို ပုသိမ္ႀကီးၿမိဳ႕နယ္တရား႐ုံးကေန အလုပ္နဲ႔ေထာင္ဒဏ္ (၅)ႏွစ္ တေပါင္းတည္းက်ခံေစဖို႔ ဒီကေန႔ညေနပိုင္းမွာ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

ေအာင္သေျပေက်း႐ြာမွာ တည္ေဆာက္ေနတဲ့ ‘ျမင့္’ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီရဲ႕ ေက်ာက္မီးေသြးစြမ္းအင္သုံး ဘိလပ္ေျမစက္႐ုံကို ႐ြာသူ႐ြာသားေတြက ေက်း႐ြာနဲ႔ကပ္ၿပီး စက္႐ုံလည္ပတ္တာေတြကို အေကာင္အထည္ေဖာ္ေနတဲ့အတြက္ စက္႐ုံစတင္ေဆာက္လုပ္ခ်ိန္ကတည္း ကန႔္ကြက္မႈေတြျပဳလုပ္ေနတာ ျဖစ္ပါတယ္။

ေအာင္သေျပေက်း႐ြာသားေတြနဲ႔ပက္သက္တဲ့ အျခားေသာအမႈေတြကို လာမယ့္ ဧၿပီလ(၃)ရက္ေန႔မွာ ဆက္လက္စစ္ေဆးမွာျဖစ္ၿပီး စက္႐ုံမီးရႈိမႈမွာပါ၀င္တဲ့ ကိုထြန္းျမင့္၀င္းဆိုသူဟာလည္း အခ်ဳပ္က်ေနစဥ္အတြင္း ေသဆုံးမႈလည္းျဖစ္ပြားခဲ့ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ေအာင္သေျပ #စက္႐ုံမီးရႈိ႕တဲ့႐ြာသား #ေထာင္၅ႏွစ္ခ်

Related posts

Leave a Comment

VOM News

FREE
VIEW