ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား နှစ်သိန်းအထိ သေဆုံးနိုင်ဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား နှစ်သိန်းအထိ သေဆုံးနိုင်ဖွယ်ရှိ

ဝါရှင်တန်၊ မတ်-၃၀-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ၊ နယူးယောက်၊ နယူးအော်လင်းနဲ့ အခြားမြို့ကြီးတွေမှာ မကြာမီအချိန်အတွင်း ဆေးဝါးအထောက်အပံ့တွေကုန်သွားမယ်လို့ သတိပေးမှုတွေရှိနေချိန် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနှစ်သိန်းသေဆုံးနိုင်ပြီး သန်းပေါင်းများစွာ ကူးစက်ခံရနိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူက သတိပေးပြောကြားလိုက်ပါတယ်။

ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသား တစ်သိန်းကနေ နှစ်သိန်းအကြား သေဆုံးနိုင်တယ်လို့ စီအင်န်အင်န်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဓါတ်မတည့်ခြင်းနဲ့ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားသိပ္ပံညွှန်ကြားရေးမှူး ဒေါက်တာအန်တိုနီဖာစီက ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်မှာ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံသား ၁၂၀၀၀ ကနေ ၆၁၀၀၀ အကြားနှစ်စဉ်သေဆုံးနေကြတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၁၉၁၈-၁၉ ခုနှစ်တွေမှာလည်း တုပ်ကွေးကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသား ၆၇၅၀၀၀ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မတ် ၂၈ ရက်အထိ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၁၀၀ နီးပါးသေဆုံးသွားတာကြောင့် လွန်ခဲ့တဲ့နှစ်ရက်ကထက် နှစ်ဆကျော်မြင့်တက်သွားတာဖြစ်ပြီး အဓိကမြို့ကြီးအချို့မှာတော့ အသက်ရှူစက်များရှားပါးမှုတွေဖြစ်ပေါ်နေပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိ ၁၂၃၀၀၀ ဦးအထိ ကူးစက်ခံနေရပါတယ်။

Ref : Reuters Photo: Getty Images
#VOM #voiceofmyanmar #အမေရိကန် #ကိုရိုနာကြောင့် #လူနှစ်သိန်း #သေဆုံနိုင်ဖွယ်ရှိ

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ အေမရိကန္နိုင္ငံသား နွစ္သိန္းအထိ ေသဆံုးနိုင္ဖြယ္ရိွ

၀ါရွင္တန္၊ မတ္-၃၀-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံ၊ နယူးေယာက္၊ နယူးေအာ္လင္းနဲ႔ အျခားျမိဳ႕ၾကီးေတြမွာ မၾကာမီအခ်ိန္အတြင္း ေဆး၀ါးအေထာက္အပံ့ေတြကုန္သြားမယ္လို႔ သတိေပးမႈေတြရိွေနခ်ိန္ အေမရိကန္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ လူနွစ္သိန္းေသဆံုးနုိင္ျပီး သန္းေပါင္းမ်ားစြာ ကူးစက္ခံရနိုင္တယ္လို႔ ကူးစက္ေရာဂါဆိုင္ရာကြ်မ္းက်င္သူက သတိေပးေျပာၾကားလိုက္ပါတယ္။

ကပ္ေရာဂါေၾကာင္႔ အေမရိကန္နိုု္င္ငံသား တစ္သိန္းကေန နွစ္သိန္းအၾကား ေသဆံုးနုိင္တယ္လို႔ စီအင္န္အင္န္သတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုမွာ ဓါတ္မတည္႔ျခင္းနဲ႔ ကူးစက္ေရာဂါဆိုင္ရာ အမ်ိဳးသားသိပၸံညႊန္ၾကားေရးမွဴး ေဒါက္တာအန္တိုနီဖာစီက ထုတ္ေဖာ္ေျပာဆိုပါတယ္။

အေမရိကန္မွာ၂၀၁၀ ခုနွစ္ကတည္းက နိုင္ငံသား ၁၂၀၀၀ ကေန ၆၁၀၀၀ အၾကားနွစ္စဥ္ေသဆံုးေနၾကတယ္လို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနရဲ႕၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

၁၉၁၈-၁၉ ခုနွစ္ေတြမွာလည္း တုပ္ေကြးကပ္ေရာဂါေၾကာင္႔ အေမရိကန္နိုင္ငံသား ၆၇၅၀၀၀ ေသဆံုးခဲ႔တယ္လို႔ ေဖာ္ျပထားပါတယ္။

မတ္ ၂၈ ရက္အထိ အေမရိကန္နိုင္ငံတစ္၀န္းမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ လူ ၂၁၀၀ နီးပါးေသဆံုးသြားတာေၾကာင္႔ လြန္ခဲ႔တဲ႔နွစ္ရက္ကထက္ နွစ္ဆေက်ာ္ျမင္႔တက္သြားတာျဖစ္ျပီး အဓိကျမိဳ႕ၾကီးအခ်ိဳ႕မွာေတာ႔ အသက္ရွဴစက္မ်ားရွားပါးမႈေတြျဖစ္ေပၚေနပါတယ္။

အေမရိကန္နုိင္ငံဟာ ကမၻာေပၚမွာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈအမ်ားဆံုးနုိင္ငံျဖစ္ျပီး လက္ရိွအခ်ိန္ထိ ၁၂၃၀၀၀ ဦးအထိ ကူးစက္ခံေနရပါတယ္။

Ref : Reuters Photo: Getty Images
#VOM #voiceofmyanmar #အေမရိကန္ #ကိုရိုနာေၾကာင့္ #လူႏွစ္သိန္း #ေသဆံုႏိုင္ဖြယ္ရိွ

Related posts

Leave a Comment

VOM News

FREE
VIEW