ဇွဲကပင်တောင်ပေါ်က ခုန်ချသွားတဲ့ တက္ကသိုလ်ကျောင်းသားကို ပြန်တွေ့ပေမယ့် အသက်ရှင်ဖွယ်မရှိ

ဇွဲကပင်တောင်ပေါ်က ခုန်ချသွားတဲ့ တက္ကသိုလ်ကျောင်းသားကို ပြန်တွေ့ပေမယ့် အသက်ရှင်ဖွယ်မရှိ

နေပြည်တော်၊ ဇူလိုင် ၁၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်‌ပေါ်မှာ ဒီကနေ့မနက်က တောင်ပေါ်တက်ပြီး ခုန်ချသတ်သေတယ်လို့ယူဆရတဲ့ ဘားအံတက္ကသိုလ်ကျောင်းသားကို ဒီကနေ့ညနေ ၄ နာရီ ၁၅ မိနစ်က ‌တွေ့ရှိခဲ့ရပြီး အသက်ရှင်ဖွယ်မရှိဘူးလို့ ဘားအံမြို့နယ် မီးသတ်ဦးစီးမှုး ဦးသန့်ဇင်ဝင်းကပြောပါတယ်။

“လက်တစ်လောမှာ အလောင်တွေ့ခဲ့တဲ့အဖွဲ့က ဆက်သွယ်ချက်အရ အသက်မရှိတော့ဘူးလို့ ယူဆတယ်။ လက်တလောအနေနဲ့တော့ ပြန်တင်ပြီးမှသာ အတည်ပြုမယ်”လို့ ဘားအံမြို့နယ် မီးသတ်ဦးစီးမှုး ဦးသန့်ဇင်ဝင်းကပြောပါတယ်။

ဒီကနေ့ ဇွဲကပင်တောင်ပေါ်တက်ပြီး ခုန်ချတယ်လို့ယူဆရသူ ဘားအံမြို့နယ်၊ ကျားကလေးရွာနေ အသက် ၂၁ နှစ်အရွယ် မောင်စွန်ရဲမော်ကွန်းဖြစ်ပြီး တောင်ပေါ်တက်သွားတဲ့ ဆယ်နာရီခန့်အကြာ တောင်ပေါ်ဥယျာဉ်ရဲ့ အောက်ဒုတိယကျောက်ကလပ်မှာ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဘူမိဗေဒ ပထမနှစ်ကျောင်းသားဟာ ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ချိန် တောင်ခြေမှာ ဆိုင်ကယ်ကိုထားခဲ့ပြီး စာတစ်ဆောင်ထားခဲ့ရာ ချစ်သူနဲ့ကွဲပြီးနောက်ပိုင်း စိတ်ချရတဲ့အခြေနေကြောင့် အခုလို လူ့ဘဝစွန့်ခွာဖို့ ဆုံးဖြတ်ရခြင်း၊ မိဘများ ကျန်းကျန်းမာမာနေရန်နဲ့ သူ့ကိုခွင့်လွှတ်ဖို့သာမက ဖုန်းပက်စ်ဝပ်ပါ ချန်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ဇွန်လ၂၅ ရက်ကလည်း မြဝတီမြို့မှာနေထိုင်တဲ့ ဘားအံတက္ကသိုလ် ကျောင်းသူတစ်ဦး ဇွဲကပင်တောင်ပေါ်တက်ပြီး ညနေပိုင်းကတည်းကပျောက်ဆုံးသွားတဲ့အတွက် ရှာဖွေခဲ့ရာ နှစ်ရက်ခန့်အကြာမှာ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #ဘားအံ

Zawgyi

ဇြဲကပင္ေတာင္ေပၚက ခုန္ခ်သြားတဲ့ တကၠသိုလ္ေက်ာင္းသားကို ျပန္ေတြ႔ေပမယ့္ အသက္ရွင္ဖြယ္မရွိ

ေနျပည္ေတာ္၊ ဇူလိုင္ ၁၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဇြဲကပင္ေတာင္‌ေပၚမွာ ဒီကေန႔မနက္က ေတာင္ေပၚတက္ၿပိီး ခုန္ခ်သတ္ေသတယ္လုိ႔ယူဆရတဲ့ ဘားအံတကၠသိုလ္ေက်ာင္းသားကို ဒီကေန႔ညေန ၄ နာရီ ၁၅ မိနစ္က ‌ေတြ႕ရွိခဲ့ရၿပီး အသက္ရွင္ဖြယ္မရွိဘူးလို႔ ဘားအံၿမိဳ႕နယ္ မီးသတ္ဦးစီးမႈး ဦးသန႔္ဇင္ဝင္းကေျပာပါတယ္။

“လက္တစ္ေလာမွာ အေလာင္ေတြ႕ခဲ့တဲ့အဖြဲ႕က ဆက္သြယ္ခ်က္အရ အသက္မရွိေတာ့ဘူးလို႔ ယူဆတယ္။ လက္တေလာအေနနဲ႔ေတာ့ ျပန္တင္ၿပီးမွသာ အတည္ျပဳမယ္”လို႔ ဘားအံၿမိဳ႕နယ္ မီးသတ္ဦးစီးမႈး ဦးသန႔္ဇင္ဝင္းကေျပာပါတယ္။

ဒီကေန႔ ဇြဲကပင္ေတာင္ေပၚတက္ၿပီး ခုန္ခ်တယ္လုိ႔ယူဆရသူ ဘားအံၿမိဳ႕နယ္၊ က်ားကေလး႐ြာေန အသက္ ၂၁ ႏွစ္အ႐ြယ္ ေမာင္စြန္ရဲေမာ္ကြန္းျဖစ္ၿပီး ေတာင္ေပၚတက္သြားတဲ့ ဆယ္နာရီခန႔္အၾကာ ေတာင္ေပၚဥယ်ာဥ္ရဲ႕ ေအာက္ဒုတိယေက်ာက္ကလပ္မွာ ျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီ ဘူမိေဗဒ ပထမႏွစ္ေက်ာင္းသားဟာ ဇြဲကပင္ေတာင္ေပၚကိုတက္ေရာက္ခ်ိန္ ေတာင္ေျခမွာ ဆုိင္ကယ္ကုိထားခဲ့ၿပီး စာတစ္ေဆာင္ထားခဲ့ရာ ခ်စ္သူနဲ႔ကြဲၿပီးေနာက္ပိုင္း စိတ္ခ်ရတဲ့အေျခေနေၾကာင့္ အခုလုိ လူ႔ဘဝစြန႔္ခြာဖို႔ ဆုံးျဖတ္ရျခင္း၊ မိဘမ်ား က်န္းက်န္းမာမာေနရန္နဲ႔ သူ႔ကိုခြင့္လႊတ္ဖို႔သာမက ဖုန္းပက္စ္ဝပ္ပါ ခ်န္ထားခဲ့တယ္လို႔လည္း သိရပါတယ္။

ဇြန္လ၂၅ ရက္ကလည္း ျမဝတီၿမိဳ႕မွာေနထိုင္တဲ့ ဘားအံတကၠသိုလ္ ေက်ာင္းသူတစ္ဦး ဇြဲကပင္ေတာင္ေပၚတက္ၿပီး ညေနပိုင္းကတည္းကေပ်ာက္ဆုံးသြားတဲ့အတြက္ ရွာေဖြခဲ့ရာ ႏွစ္ရက္ခန႔္အၾကာမွာ ေသဆုံးလွ်က္ျပန္လည္ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။

Photo – MFSD
#voiceofmyanmar #VOM #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW