ကိုဗစ်ပေးတဲ့ ဒဏ်ရာ
Read More
ဇွဲကပင်တောင်ပေါ်က ခုန်ချသွားတဲ့ တက္ကသိုလ်ကျောင်းသားကို ပြန်တွေ့ပေမယ့် အသက်ရှင်ဖွယ်မရှိ
ဇွဲကပင်တောင်ပေါ်က ခုန်ချသွားတဲ့ တက္ကသိုလ်ကျောင်းသားကို ပြန်တွေ့ပေမယ့် အသက်ရှင်ဖွယ်မရှိ နေပြည်တော်၊ ဇူလိုင် ၁၀-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်‌ပေါ်မှာ ဒီကနေ့မနက်က တောင်ပေါ်တက်ပြီး ခုန်ချသတ်သေတယ်လို့ယူဆရတဲ့ ဘားအံတက္ကသိုလ်ကျောင်းသားကို ဒီကနေ့ညနေ ၄ နာရီ ၁၅ မိနစ်က ‌တွေ့ရှိခဲ့ရပြီး အသက်ရှင်ဖွယ်မရှိဘူးလို့ ဘားအံမြို့နယ် မီးသတ်ဦးစီးမှုး ဦးသန့်ဇင်ဝင်းကပြောပါတယ်။ “လက်တစ်လောမှာ အလောင်တွေ့ခဲ့တဲ့အဖွဲ့က ဆက်သွယ်ချက်အရ အသက်မရှိတော့ဘူးလို့ ယူဆတယ်။ လက်တလောအနေနဲ့တော့ ပြန်တင်ပြီးမှသာ အတည်ပြုမယ်”လို့ ဘားအံမြို့နယ် မီးသတ်ဦးစီးမှုး ဦးသန့်ဇင်ဝင်းကပြောပါတယ်။ ဒီကနေ့ ဇွဲကပင်တောင်ပေါ်တက်ပြီး ခုန်ချတယ်လို့ယူဆရသူ ဘားအံမြို့နယ်၊ ကျားကလေးရွာနေ အသက် ၂၁ နှစ်အရွယ် မောင်စွန်ရဲမော်ကွန်းဖြစ်ပြီး တောင်ပေါ်တက်သွားတဲ့ ဆယ်နာရီခန့်အကြာ တောင်ပေါ်ဥယျာဉ်ရဲ့ အောက်ဒုတိယကျောက်ကလပ်မှာ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဘူမိဗေဒ ပထမနှစ်ကျောင်းသားဟာ ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ချိန် တောင်ခြေမှာ ဆိုင်ကယ်ကိုထားခဲ့ပြီး စာတစ်ဆောင်ထားခဲ့ရာ…
Read More
စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုဆန္ဒပြသူ(၁၇)ဦးကို ငွေဒဏ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ရက်ကျခံဖို့ အမိန့်ချ
စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုဆန္ဒပြသူ(၁၇)ဦးကို ငွေဒဏ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ရက်ကျခံဖို့ အမိန့်ချ ရန်ကုန်၊ ဇူလိုင် ၁၀-၂၀၂၀ စွဲ့ဝတီ(VOM) ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က စစ်ဖြစ်ပွားနေတာကိုရပ်တန့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ဦးဆောင်သူ(၁၇)ဦးကို ငွေဒဏ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ရက်ကျခံဖို့ ဒီကနေ့မနက်ပိုင်းက ဗဟန်းတရားရုံးကနေ အမိန့်ချမှတ်ခဲ့ပါတယ်။ “ဒီနေ့ကတော့ ကျွန်တော်တို့တွေ၊ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲတွေရပ်ဖို့တောင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်နှစ်ကျော် တရားရင်ဆိုင်ခဲ့တယ်။ ဒီနေ့ အမိန့်ချတယ်။ ဒီနေ့အထိကတော့ စစ်ပွဲတွေဖြစ်နေတုန်းပဲ။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ယူဆချက်အရ ငြိမ်းချမ်းရေးဆိုတော့ ရုပ်ရဲ့ လုံခြုံမှု၊ စိတ်ရဲ့လုံခြုံမှုရှိတာလို့ သတ်မှတ်တယ်။ ဒီနေ့အထိ ကျွန်တော်တို့နိုင်ငံသားတွေအားလုံး ရုပ်လည်း မလုံခြုံဘူး။ စိတ်လည်း မလုံခြုံဘူး။ ဒီလိုအခြေအနေကို ရင်ဆိုင်နေရတဲ့အတွက် ကျွန်တော်တို့အားလုံး သဘောတူညီဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးသေဆုံးသွားပြီလားလို့ ကျွန်တော်တို့လူငယ်တွေက မေးခွန်းထုတ်လိုက်ပါတယ်”လို့ ရုံးချိန်းအပြီးမှာ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီက ကိုမြတ်ကျော်ကပြောပါတယ်။…
Read More
အငြိမ်းစား ရဲတပ်ကြပ်ကြီးနေအိမ်မှ ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေငွေလက်ဝတ်ရတနာများ အခိုးခံရ
အငြိမ်းစား ရဲတပ်ကြပ်ကြီးနေအိမ်မှ ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေငွေလက်ဝတ်ရတနာများ အခိုးခံရ နေပြည်တော်၊ ဇူလိုင် ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၃ရပ်ကွက်၊ ဆရာစံလမ်းမှာနေထိုင်တဲ့ အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့နေအိမ်မှ ငွေကျပ်သိန်း(၄၀၀)ကျော်တန်ဖိုးရှိ ရွှေငွေလက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံရမှု မနေ့ဇူလိုင်လ ၉ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့မရဲစခန်းကပြောပါတယ်။ သံသယရှိသူတွေကို စစ်ဆေးမှုမျိူး မလုပ်နိုင်သေးပါဘူး။ လက်တလောမှ‌ာတော့ စုံစမ်းဆဲလို့ ပြောရမှာပါ”လို့ မြဝတီမြို့မရဲစခန်းမှ ဒုတိယရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့မနက်ပိုင်းက အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးတင်လေးရဲ့ နေအိမ်အပေါ်ထပ်အခန်းထဲမှာထားတဲ့ သံသေတ္တာအတွင်းကနေ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့်၊ ငွေကျပ်သိန်း ၁၆၀နဲ့ ထိုင်းဘတ်ငွေ ၃၀၀၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်းခိုးယူခံခဲ့ရတာဖြစ်တယ်လို့ မြဝတီမြို့မရဲစခန်းကနေ သိရပါတယ်။ အမှုနဲ့ပတ်သက်ပြီး မြဝတီမြို့မရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈၀နဲ့ အမှုဖွင့်လှစ်စစ်ဆေးဆောင် ရွက်‌နေတယ်လို့…
Read More
ဇွဲကပင်တောင်ပေါ်တက်သွားတဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ
ဇွဲကပင်တောင်ပေါ်တက်သွားတဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ နေပြည်တော်၊ဇူလိုင် ၁၀-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်‌ပေါ်မှာ တက္ကသိုလ်ကျောင်းသူတစ်ဦး တောင်ပေါ်မှပြုတ်ကျသေဆုံးပြီး နှစ်ပတ်အကြာ ဒီကနေ့မနက် ၇နာရီခန့်က တက္ကသိုလ်ကျောင်းသားတစ်ဦး ထပ်မံပျောက်ဆုံးနေတဲ့အတွက် မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြတယ်လို့ ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းကပြောပါတယ်။ “လက်တစ်လောမှာ ချန်ခဲ့တဲ့စာအရ ပျောက်နေတဲ့လူငယ်ဟာ ခုန်ချသွာသလိုဖြစ်နေတယ်။ လက်ရှိအချိန်ထိမှာ အဖွဲ့စုံနဲ့ရှာဖွေနေပါတယ်”လို့ ဦးသန့်ဇင်ဝင်းကပြောပါတယ်။ ဒီကနေ့ပျောက်ဆုံးနေတဲ့ အမျိုးသားဟာ ဘားအံမြို့၊ ကျားကလေးရွာမှာနေတဲ့ အသက် ၂၁ နှစ်အရွယ် စွန်းမင်းမော်ကွန်းလို့သိရပြီး ဇွဲကပင်တောင်အောက်မှာ ဆိုင်ကယ်ရပ်နားခဲ့ကာ စာတစ်ဆောင်ချန်ခဲ့တဲ့အပြင် အဲ့ဒီစာမှာတော့ သူ့ကိုခွင့်လွှတ်ရန်သာမက ဖုန်းပက်စ်ဝပ်ပါ ချန်ထားခဲ့တယ်လို့လည်း သိရပါတယ်။ ဇွန်လ၂၅ ရက် ညနေပိုင်းကလည်း မြဝတီမြို့မှာနေထိုင်တဲ့ ဘားအံတက္ကသိုလ် ကျောင်းသူတစ်ဦး တောင်ပေါ်တက်ပြီး ညနေပိုင်းကတည်းကပျောက်ဆုံးသွားတဲ့အတွက် ရှာဖွေခဲ့ရာ နှစ်ရက်ခန့်အကြာမှာ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ Photo – မိုးမြင့်ထက် #voiceofmyanmar…
Read More
အမေရိကန်က အက်ဖ်-၃၅ တိုက်လေယာဉ်(၁၀၅)စင်း ဂျပန်ကိုရောင်းမယ်
အမေရိကန်က အက်ဖ်-၃၅ တိုက်လေယာဉ်(၁၀၅)စင်း ဂျပန်ကိုရောင်းမယ် ဝါရှင်တန်၊ ဇူလိုင်-၁၀-၂၀၂၀ မျိုးဆက် (VOM) လော့ဟိမာတင်ကုမ္ပဏီထုတ် ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်တွေကို ဂျပန်နိုင်ငံကို ရောင်းချရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ အက်ဖ်-၃၅အေ ဂျက်တိုက်လေယာဉ် ၆၃ စင်း၊ အက်ဖ်-၃၅ ဘီ ဂျက်တိုက်လေယာဉ် ၄၂စင်းနဲ့ ပရက်ဝှိုက်တနီကုမ္ပဏီမှ အာတီအိတ်ဇ်-အင်န် အက်ဖ်၁၃၅ အင်ဂျင်တွေအပြင် ဆက်စပ်ကိရိယာတွေဝယ်ယူဖို့ ဂျပန်နိုင်ငံက အဆိုပြုခဲ့ပြီး နည်းပညာပံ့ပိုးမှုနဲ့ သင်တန်းတွေအပါအဝင် အဆိုပြုထားတဲ့ ရောင်းချရေးအကောင်အထည်ဖော်ဖို့ ၂၅ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် တိုးတက်ရေး၊ ခိုင်မာမှုကို ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံကိုကူညီဖို့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားဟာ အရေးကြီးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုပြီး ဒီလိုရောင်းချမှုကြောင့် ဒေသတွင်းမှာ စစ်ရေးဟန်ချက်ပြောင်းလဲမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်တွေကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊…
Read More
ဘားအံတောင်ဝိုင်းလှေကား ကြံခိုင်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ စစ်ဆေး
ဘားအံတောင်ဝိုင်းလှေကား ကြံခိုင်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ စစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၀-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ တောင်ဝိုင်းတောင် လှေကားထစ်များရဲ့ ကြံ့ခိုင်မှုအခြေနေကို လူမှုကွန်ရက်စာမျက်နှာမှာ ထောက်ပြဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အဲ့ဒီလှေခါးရဲ့ ကြံ့ခိုင်မှုတွေကို ပြည်နယ်အစိုးရကစစ်ဆေးနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်သက်ကပြောပါတယ်။ “စစ်ဆေးမှုတွေပြီးရင်တော့ ဇွဲကပင်ဆရာတော်ကို လျှောက်ထားတင်ပြမှာပါ။ တစ်ကယ်လို့ ပြင်ဆင်ဖို့လိုအပ်တယ်ဆို ဆရာတော်က ဆောင်ရွက်မလား၊ ပြည်နယ်အစိုးရက လုပ်ပေးရမလားဆိုတာ မသိရသေးဘူး”လို့ ညွန်ကြားရေးမှူး ဦးကျော်သက်ကပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုအပေါ် ပြည်သူများစိုးရိမ်ပူပမ်မှု အနည်းငယ်လျော့ကျချိန် အခုနှစ်ဇူလိုင်လဆန်းမှစတင်ပြီး ကရင်ပြည်နယ် ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်ကို ခရီးသွားများလာရောက်လည်ပတ်မှုများခဲ့ချိန် အခုလိုမျိုး လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တောင်ဝိုင်းတောင်မှာတပ်ဆင်ထားတဲ့ သံဖရိမ်လှေကားထစ်များရဲ့ ကြံ့ခိုင်မှုဟာ လာရောက်လည်ပတ်သူဦးရေနဲ့ မမျှတတဲ့အတွက် မလိုလားအပ်သော ဘေးအန္တရာယ်ဖြစ်လာမည်ကို ဒေသခံတွေကစိုးရိမ်နေကြပြီး လွန်ခဲ့တဲ့ သုံးလေးရက်က လှေခါးထောက်များ ကြံ့ခိုင်မှုအာနည်းနေတယ်ဆိုတဲ့ ဓာတ်ပုံအချို့…
Read More
ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးလျှက်တွေ့ရှိ
ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးလျှက်တွေ့ရှိ ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်ဟာ ဇူလိုင် ၉ ရက်က ပျောက်ဆုံးသွားပြီးနောက် သူ့ရဲ့အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆိုးလ်မြို့တော်ဝန် Park Won-soonဟာ နေအိမ်မှမထွက်ခွာမီ စာတစ်စောင်ချန်ရစ်ခဲ့တာကို တွေ့ရှိတာကြောင့် သူ့ရဲ့သမီးဖြစ်သူက ရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြပါတယ်။ မြို့တော်ဝန် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၆၀၀ဟာ ဒရုန်းတွေ ခွေးတွေအသုံးပြုပြီး နာရီပေါင်းများစွာ ရှာဖွေမှုများပြုခဲ့ပြီးနောက် သူ့ရဲ့ဖုန်းအချက်ပြလှိုင်းကို နောက်ဆုံးခြေရာခံမိခဲ့တဲ့ ဆိုးလ်မြောက်ပိုင်းရှိ ဘူဂတ်တောင်ပေါ်မှာ မြို့တော်ဝန်ရဲ့အလောင်းအား ရဲတပ်ဖွ့ဲကတွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ သူသေဆုံးရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။ မြို့တော်ဝန် မပျောက်ဆုံးမီ နာရီအနည်းငယ်အလိုမှာ သူ့ကို လိင်ပိုင်ဆိုင်ရာနှောက်ယှက်စော်ကားမှုနဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးက တိုင်ကြားမှုပြုခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စကို အတည်မပြုနိုင်သေးပါဘူး။ သူဟာ သေဆုံးမယ့်နေ့ ဇူလိုင် ၉ ရက်မှာ ရုံးတက်ခြင်းမရှိပဲ…
Read More
VOM News
FREE
VIEW