အမေရိကန်က အက်ဖ်-၃၅ တိုက်လေယာဉ်(၁၀၅)စင်း ဂျပန်ကိုရောင်းမယ်

အမေရိကန်က အက်ဖ်-၃၅ တိုက်လေယာဉ်(၁၀၅)စင်း ဂျပန်ကိုရောင်းမယ်

ဝါရှင်တန်၊ ဇူလိုင်-၁၀-၂၀၂၀
မျိုးဆက် (VOM)

လော့ဟိမာတင်ကုမ္ပဏီထုတ် ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်တွေကို ဂျပန်နိုင်ငံကို ရောင်းချရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

အက်ဖ်-၃၅အေ ဂျက်တိုက်လေယာဉ် ၆၃ စင်း၊ အက်ဖ်-၃၅ ဘီ ဂျက်တိုက်လေယာဉ် ၄၂စင်းနဲ့ ပရက်ဝှိုက်တနီကုမ္ပဏီမှ အာတီအိတ်ဇ်-အင်န် အက်ဖ်၁၃၅ အင်ဂျင်တွေအပြင် ဆက်စပ်ကိရိယာတွေဝယ်ယူဖို့ ဂျပန်နိုင်ငံက အဆိုပြုခဲ့ပြီး နည်းပညာပံ့ပိုးမှုနဲ့ သင်တန်းတွေအပါအဝင် အဆိုပြုထားတဲ့ ရောင်းချရေးအကောင်အထည်ဖော်ဖို့ ၂၅ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။

ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် တိုးတက်ရေး၊ ခိုင်မာမှုကို ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံကိုကူညီဖို့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားဟာ အရေးကြီးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုပြီး ဒီလိုရောင်းချမှုကြောင့် ဒေသတွင်းမှာ စစ်ရေးဟန်ချက်ပြောင်းလဲမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်တွေကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဖို့ဝေါ့သ်ရှိ လော့ဟိမာတင်ကုမ္ပဏီမှာ ထုတ်လုပ်တာဖြစ်ပေမယ့် ဂျက်လေယာဉ် အစိတ်အပိုင်းတွေ နောက်ဆုံးအဆင့်တပ်ဆင်တာနဲ့ စစ်ဆေးတာတွေကိုတော့ ဂျပန်နဲ့ အီတလီနိုင်ငံတို့မှာ လုပ်ဆောင်တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းရဲ့ ဂျပန်နိုင်ငံရှိစက်ရုံကို တစ်ပတ်ကြာပိတ်ခဲ့ရတယ်လို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က မတ်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

Ref :Reuters
Photo: US Air Force
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

အေမရိကန္က အက္ဖ္-၃၅ တိုက္ေလယာဥ္(၁၀၅)စင္း ဂ်ပန္ကိုေရာင္းမယ္

၀ါရွင္တန္၊ ဇူလိုင္-၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ေလာ႔ဟိမာတင္ကုမၸဏီထုတ္ ေဒၚလာ ၂၃ ဘီလီယံတန္ဖိုးရိွ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဥ္ေတြကို ဂ်ပန္နို္င္ငံကို ေရာင္းခ်ေရးနဲ႔ပတ္သက္ျပီး အေမရိကန္နိုင္ငံျခားေရး၀န္ၾကီးဌာနက ဇူလိုင္ ၉ ရက္မွာ ခြင္႔ျပဳလိုက္ပါတယ္။

အက္ဖ္-၃၅ေအ ဂ်က္တိုက္ေလယာဥ္ ၆၃ စင္း၊ အက္ဖ္-၃၅ ဘီ ဂ်က္တိုက္ေလယာဥ္ ၄၂စင္းနဲ႔ ပရက္၀ိႈက္တနီကုမၸဏီမွ အာတီအိတ္ဇ္-အင္န္ အက္ဖ္၁၃၅ အင္ဂ်င္ေတြအျပင္ ဆက္စပ္ကိရိယာေတြ၀ယ္ယူဖို႔ ဂ်ပန္နုိင္ငံက အဆိုျပဳခဲ႔ျပီး နည္းပညာပံ့ပိုးမႈနဲ႔ သင္တန္းေတြအပါအ၀င္ အဆိုျပဳထားတဲ႔ ေရာင္းခ်ေရးအေကာင္အထည္ေဖာ္ဖို႔ ၂၅ နွစ္ၾကာျမင္႔မွာျဖစ္ပါတယ္။

ကိုယ္ပိုင္ကာကြယ္ေရးစြမ္းရည္ တိုးတက္ေရး၊ ခိုင္မာမႈကို ထိန္းသိမ္းေရးနဲ႔ ဖြံ႕ျဖိဳးတိုးတက္ေရးတို႔အတြက္ ဂ်ပန္နိုင္ငံကိုကူညီဖို႔ အေမရိကန္ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားဟာ အေရးၾကီးတယ္လို႔ ႏုိင္ငံျခားေရး၀န္ၾကီးဌာနကေျပာဆိုျပီး ဒီလိုေရာင္းခ်မႈေၾကာင္႔ ေဒသတြင္းမွာ စစ္ေရးဟန္ခ်က္ေျပာင္းလဲမွာမဟုတ္ဘူးလို႔ ထုတ္ျပန္ထားပါတယ္။

အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဥ္ေတြကို အေမရိကန္နိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ဖို႔ေ၀ါ႔သ္ရိွ ေလာ႔ဟိမာတင္ကုမၸဏီမွာ ထုတ္လုပ္တာျဖစ္ေပမယ္႔ ဂ်က္ေလယာဥ္ အစိတ္အပိုင္းေတြ ေနာက္ဆံုးအဆင္႔တပ္ဆင္တာနဲ႔ စစ္ေဆးတာေတြကိုေတာ႔ ဂ်ပန္နဲ႔ အီတလီနိုင္ငံတို႔မွာ လုပ္ေဆာင္တာျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈဆိုင္ရာ စိုးရိမ္ပူပန္မႈေတြေၾကာင္႔ မစ္ဆူဘီရွီအၾကီးစားစက္မႈလုပ္ငန္းရဲ႕ ဂ်ပန္နိုင္ငံရိွစက္ရံုကို တစ္ပတ္ၾကာပိတ္ခဲ႔ရတယ္လို႔ အေမရိကန္ပင္တဂြန္စစ္ဌာနခ်ဳပ္က မတ္လအတြင္းက ထုတ္ျပန္ခဲ႔ပါတယ္။

Ref :Reuters
Photo: US Air Force
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW