ထိုင်းစီးပွားရေးမူဝါဒဦးဆောင်သူ ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးသုံးဦး ရာထူးကနေနှုတ်ထွက်

ထိုင်းစီးပွားရေးမူဝါဒဦးဆောင်သူ ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးသုံးဦး ရာထူးကနေနှုတ်ထွက်

ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးရုန်းကန်နေရချိန်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဆွန်ကစ်ဂျာတူစရီပီတက်နဲ့ အခြား အဓိကဝန်ကြီးသုံးဦး အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ၊ စွမ်းအင်ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတွေဟာ ဒုတိယဝန်ကြီးချုပ်နဲ့အတူ ဇူလိုင် ၁၆ ရက်မှာ နှုတ်ထွက်စာတင်သွားကြပါတယ်။ သူတို့အားလုံးဟာ ဒုဝန်ကြီးချုပ်ဆွန်ကစ်ဦးဆောင်တဲ့ စီးပွားရေးမူဝါဒချမှတ်ရေးအဖွဲ့မှာ ပါဝင်သူတွေဖြစ်ပါတယ်။

ဆွန်ကစ်ဟာ စစ်တပ်ဦးဆောင်တဲ့ ထိုင်းကြားဖြတ်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကစပြီး စီးပွားရေးရာ တာဝန်ခံဖြစ်ပါတယ်။ ဒီလို ရာထူးနှုတ်ထွက်မှုတွေဟာ အင်အားကြီး အာဏာရပါတီအတွင်း မတည်ငြိမ်မှုတစ်ခုအပေါ် သဘောတူညီမှုမရတာကြောင့်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၅၀ ကျော်အတွင်း ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသေးပါဘူး။ ဒါပေမယ့် အများပြည်သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ပြည်ပကူးစက်မှုနှစ်ခုကြောင့် ဒုတိယလှိုင်းအဖြစ် ကူးစက်မှုဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

အစိုးရအနေနဲ့ နိုင်ငံသားမဟုတ်သူတွေကို ဝင်ရောက်ခွင့်တင်းကြပ်မယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ခရီးသွားကဏ္ဍ ပြန်လည်နာလန်ထူရေး နှောင့်နှေးမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

Ref : NHK
Photo: PBS
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ထိုင္းစီးပြားေရးမူ၀ါဒဦးေဆာင္သူ ဒုတိယ၀န္ၾကီးခ်ဳပ္နဲ႔ ၀န္ၾကီးသံုးဦး ရာထူးကေနႏႈတ္ထြက္

ဘန္ေကာက္၊ ဇူလိုင္-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ စီးပြားေရးရုန္းကန္ေနရခ်ိ္န္မွာ ထိုင္းဒုတိယ၀န္ၾကီးခ်ဳပ္ျဖစ္သူ ဆြန္ကစ္ဂ်ာတူစရီပီတက္နဲ႔ အျခား အဓိက၀န္ၾကီးသံုးဦး အစိုးရအဖြဲ႔ကေန နႈတ္ထြက္သြားပါတယ္။

ဘ႑ာေရး၀န္ၾကီး ၊ စြမ္းအင္၀န္ၾကီးနဲ႔ ပညာေရး၀န္ၾကီးေတြဟာ ဒုတိယ၀န္ၾကီးခ်ဳပ္နဲ႔အတူ ဇူလိုင္ ၁၆ ရက္မွာ နႈတ္ထြက္စာတင္သြားၾကပါတယ္။ သူတို႔အားလံုးဟာ ဒု၀န္ၾကီးခ်ဳပ္ဆြန္ကစ္ဦးေဆာင္တဲ႔ စီးပြားေရးမူ၀ါဒခ်မွတ္ေရးအဖြဲ႔မွာ ပါ၀င္သူေတြျဖစ္ပါတယ္။

ဆြန္ကစ္ဟာ စစ္တပ္ဦးေဆာင္တဲ႔ ထိုင္းၾကားျဖတ္အစိုးရလက္ထက္ ၂၀၁၅ ခုနွစ္ကစျပီး စီးပြားေရးရာ တာ၀န္ခံျဖစ္ပါတယ္။ ဒီလို ရာထူးနႈတ္ထြက္မႈေတြဟာ အင္အားၾကီး အာဏာရပါတီအတြင္း မတည္ျငိမ္မႈတစ္ခုအေပၚ သေဘာတူညီမႈမရတာေၾကာင္႔လို႔ အကဲခတ္ေတြက သံုးသပ္ၾကပါတယ္။

ထို္င္းနုိင္ငံမွာ ရက္ေပါင္း ၅၀ ေက်ာ္အတြင္း ျပည္တြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမရိွေသးပါဘူး။ ဒါေပမယ္႔ အမ်ားျပည္သူနဲ႔ ထိေတြ႔မႈရိွခဲ႔တဲ႔ ျပည္ပကူးစက္မႈနွစ္ခုေၾကာင္႔ ဒုတိယလိႈင္းအျဖစ္ ကူးစက္မႈျဖစ္လာမွာကို စိုးရိမ္ပူပန္ေနၾကပါတယ္။

အစိုးရအေနနဲ႔ နိုင္ငံသားမဟုတ္သူေတြကို ၀င္ေရာက္ခြင္႔တင္းၾကပ္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားထားျပီး ခရီးသြားက႑ ျပန္လည္နာလန္ထူေရး ေနွာင္႔ေနွးမွာကို စိုးရိမ္မႈေတြလည္း ရိွေနပါတယ္။

Ref : NHK
Photo: PBS
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW