မောင်တောခရိုင်အတွင်းက စစ်ဘေးရှောင်တွေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင် စစ်တွေ၊ ဇူလိုင် ၂၁- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊မောင်တောခရိုင်နဲ့ စစ်တွေခရိုင်အစပ်မှာ ယခုရက်ပိုင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း မောင်တောနဲ့ ရသေ့တောင်မြို့နယ်အကြား ကိုးတန်ကောက်၊ ချိန်ခါလီ၊ သဝင်ချောင်း စတဲ့ကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မောင်တောမြို့နယ်က ဒေသခံတွေဟာ စစ်တွေကို ထွက်ပြေးခိုလှုံလာကြပါတယ်။ အဲဒီ ထွက်ပြေးလာသူတွေထဲမှာ မောင်တောမြို့နယ် အောင်သုခကျေးရွာက ဒေသခံစစ်ဘေးရှောင် (၇၀) ကျော်လောက်ဟာ စစ်တွေမြို့ကို ထွက်ပြေးခိုလုံလာကြပြီး အခုလိုမျို ကျေးရွာကိုစွန့်ခွာပြီး မိုင်ရာချီကွာဝေတဲ့ စစ်တွေမြို့ထိထွက်ပြေးလာကြတာဟာ တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ လုံခြုံမယ်ထင်ပြီး ထွက်ပြေးလာသူတွေက ပြောပါတယ်။ #voiceofmyanmar #VOM #စစ်တွေ Zawgyi မောင်တောခရိုင်အတွင်းက စစ်ဘေးရှောင်တွေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်…
Read MoreDay: July 20, 2020
ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း(၂)ခုကို ရုပ်သိမ်း
ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း(၂)ခုကို ရုပ်သိမ်း စစ်တွေ၊ ဇူလိုင် ၂၀- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းက သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ညောင်ပင်လှနယ်ခြားစောင့်စခန်း(၂)ခုလုံးကို ရုပ်သိမ်းသွားပြီး စေတီပြင်ရဲကင်းစခန်းကို လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ရဲကင်းစခန်းနှစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့က ရုပ်သိမ်းခဲ့ပြီးနောက် အဲ့ဒီနေ့ညက ရဲကင်းစခန်းတွေမီးလောင်တာတွေကို မြင်တွေ့ရပြီး ဒေသခံတွေထွက်ပြေးကြကြောင်းနဲ့ လက်ရှိမှာလည်း သဇင်မြိုင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေတယ်လို့ သိရပါတယ်။ သဇင်မြိုင်ကျေးရွာဟာ သိမ်တောင်ကျေးရွာအုပ်စုမှာပါဝင်တာကြောင့် သိမ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်ကိုအတည်ပြုပြောပါတယ်။ သိမ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်အေးညွှန့် ပြောပြတာက” ဟုတ်ကဲ့ နယ်ခြားစောင့်စခန်းတွေ သိမ်းရုတ်သိမ်းသွားပါပြီ။ ဇူလှိုင်လ ၁၈ရက်နေ့က ရုတ်သိမ်းသွားတာပါ ၊ သူတို့က စေတီပြင်စခန်းကို သွားပူးပေါင်းတယ်လို့ သိရတယ်။ နယ်မြေတစ်ခုမှာ စခန်းတစ်ခုပဲထားမယ်ဆိုတဲ့သဘောမျိုး ထင်ပါတယ်။ ညောင်ပင်လှရွာကနေ နယ်ခြားစောင့်စခန်း လည်းအဲ့နေ့မှာပဲ ရုတ်သိမ်းသွားတယ်လို့သိရတယ်။…
Read Moreဘားအံမြို့မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရ
ဘားအံမြို့မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရ ကလေး ဇူလိုင် ၂၀-၂၀၂၀ ငြိမ်းသူမင်း(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲဘောင်အပိုင်း(၁)ရပ်ကွက်မှာရှိတဲ့ ဘားအံ-လှိုင်ဘွဲ့သွားတဲ့ ကားလမ်းဘေးက ဆန်ရောင်းတဲ့ဆိုင်မှာ ဆန်ရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့ဇူလိုင်လ(၁၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်း သိရပါတယ်။ အခင်းမဖြစ်ခင်အချိန်က အမျိုးသားနှစ်ဦး ဈေးဆိုင်ကိုရောက်လာပြီး ဝက်စာအတွက် ဆန်ကွဲ ဝယ်ချင်တယ်လို့ မေးတဲ့အတွက် သေနတ်နဲ့အပစ်ခံရတဲ့ အမျိုးသမီးက သူ့ဆိုင်မှာမရှိကြောင်း ရောင်းတဲ့ဆိုင်ကိုလမ်းညွှန်ပေးဖို့ ဆိုင်အမည်ကိုရေးပေးနေတဲ့အချိန်မှာ အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ ပစ္စတိုသေနတ်ထုတ်ပြီး ပစ်ခတ်ခံခဲ့ရတာကြောင့် အမျိုးသမီးရဲ့လက်ပြင်မှာ သေနတ်ရှပ်ထိ မှန်ထားတဲ့ ဒဏ်ရာရရှိကာ ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်မရင်သန်း ပြောပြတာက “သေနတ်နဲ့ ချိန်လိုက်တဲ့အခါမှာ ကျွန်မက လက်ထဲကဘောင်ချာစာအုပ်နဲ့ လက်ကို လှမ်းရိုက်လိုက်တော့ ပထမတစ်ချက်က ချော်သွားတယ်။…
Read Moreအိမ်ထောင်ရှိအမျိုးသားက (၁၄)နှစ်အရွယ်မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့အတွက် ပုဒ်မနှစ်ခုနဲ့ဖမ်းစီး
အိမ်ထောင်ရှိအမျိုးသားက (၁၄)နှစ်အရွယ်မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့အတွက် ပုဒ်မနှစ်ခုနဲ့ဖမ်းစီး နေပြည်တော်၊ ဇူလိုင်၂၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်မှာနေတဲ့ အသက်၁၄ နှစ်အရွယ်မိန်းကလေးကို ဇူလိုင်လ ၁၄ ရက်နေ့က မိဘအုပ်ထိန်းသူတွေမသိဘဲ ခိုးယူပေါင်းသင်းခဲ့တဲ့အမျိုးသားကို ပုဒ်မနှစ်ခုနဲ့ဖမ်းစီးအမှုဖွင့်လှစ်ထားတယ်လို့ ထန်းတပင်မြို့မရဲစခန်းကနေ သိရပါတယ်။ “မနေ့ကမှ ညောင်လေးပင်ကနေ သွားရောက်ခေါ်ဆောင် ဖမ်းဆီးလာရတာပါ။ ကလေးမလေးကို ခိုးယူပေါင်းတဲ့သူက အိမ်ထောင်နဲ့ဖြစ်ပါတယ်”လို့ ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးနေလင်းအောင်ကပြောပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ မနက် ၅ နာရီခန့်က ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ် ၇ လအရွယ်ရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဆွမ်းချက်ဖို့နိုးရာ အိပ်ယာကနေထပြီး ဆွမ်းချက်နေတယ်လို့ထင်ခဲ့ပြီး သမီးဖြစ်သူကိုတွေ့ရှိခြင်းမရှိတဲ့အတွက် လိုက်လံစုံစမ်းရာ တစ်ရွာတည်းနေသူ ဦးရဲမင်းအောင်(ခ)မင်းအောင်(၃၈ နှစ်)အိမ်ထောင်ရှိသူက သွေးဆောင်ဖျာယောင်းခေါ်သွားတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ လိုက်လံစုံစမ်းတဲ့အခါ ကျောက်တံခါးမြို့ တည်းခိုခန်းမှာ တစ်ကြိမ်၊ ညောင်လေးပင်မြို့ တည်းခိုခန်းမှာ တစ်ကြိမ်…
Read Moreအင်းအမျိုးသားအဖွဲ့ချူပ်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်(၆)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်မယ်
အင်းအမျိုးသားအဖွဲ့ချူပ်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်(၆)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်မယ် ရန်ကုန်၊ ဇူလိုင် ၂၀-၂၀၂၀ အေးချမ်းသူ(VOM) အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ တောင်ကြီး၊ ညောင်ရွှေတို့မှာ ကိုယ်စားလှယ်(၆)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပါတီဥက္ကဌဦးအောင်ကြည်ဝင်းက ပြောပါတယ်။ “တောင်ကြီးမှာ ၂နေရာ၊ ညောင်ရွှေမှာ ပြည်နယ်လွှတ်တော်မှာ ၂နေရာနဲ့ တိုင်းရင်းသားလူမျိုးစုအတွက်(၂)နေရာ ဝင်ပြိုင်သွားမှာပါ၊ COVID-19ကာလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်တဲ့အတွက် ပါတီငယ်များအနေဖြင့် စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်ဖို့ များစွာအခက်အခဲရှိတယ်”လို့ ဦးအောင်ကြည်ဝင်းကပြောပါတယ်။ မိမိတို့ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်နေရာတွေမှာ အနိူင်ရရှိခဲ့ပါက တိုင်းရင်းသား တန်းတူညီမျှစွာ ပညာသင်ကြားခွင့်ရရှိရေးနဲ့ စိပွားရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သွားမယ်လို့လည်း ပါတီဥက္ကဌကပြောပါတယ်။ “ပညာရေးနဲ့ပတ်သက်ရင် လူမျိုးစုငယ်လေးတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသတွေရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ဒေသတွေမှာနေတဲ့ ကလေးတွေဟာ အမှတ်မမီတာတောင် တောင်ကြီးဆေးတက္ကသိုလ်မှာ တက်ခွင့်ရတယ်။ ကျနော်တို့မှာ အဲ့လိုတွေမရှိဘူး။ ကျနော်တို့သာ နိူင်သွားခဲ့ရင် အင်းတိုင်းရင်းသာဝန်ကြီး အမှတ်ကန့်သတ်ထားတဲ့အပေါ်မှာပြင်နိူင်မှာပါ”လို့ ပါတီဥက္ကဌကပြောပါတယ်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဟာ ပြီးခဲ့တဲ့၂၀၁၉ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့က…
Read Moreမြဝတီမြို့က Quarantine Centreနှစ်ခုမှာ လူ(၈၀)ကျော် အစာဆိပ်သင့်
မြဝတီမြို့က Quarantine Centreနှစ်ခုမှာ လူ(၈၀)ကျော် အစာဆိပ်သင့် နေပြည်တော်၊ ဇူလိုင်၂၀-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ Facility Quarantine Centre ဖြစ်တဲ့ ရွှေမြဝတီနဲ့ ကျောက်လုံးကြီးစခန်းတို့မှာ မနေ့ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသား၊အမျိုးသမီး ၈၀ ကျော်ခန့် အစာဆိပ်သင့်မှု ဖြစ်ပေါ်ခဲ့တယ်လို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်ကပြောပြပါတယ်။ “မနက်ပိုင်းစားပြီးချိန် လူအချို့ မူးဝေအော့အန်တာ၊ ပရက်ရှာကျတာတွေဖြစ်ကုန်တယ်။ တစ်ချို့က ညနေစာ စာပြီးမှဖြစ်တာ။ လက်တလောတော့ဆေးရုံမှာ လူနာအချို့ကျန်နေသေးပေမယ့် စိုးရိမ်စရာမရှိတော့ဘူး”လို့ ဦးသန့်ဇင်အောင်ကပြောပါတယ်။ အဲ့ဒီကွာရန်တင်းစခန်းနှစ်ခုမှာ ဖြစ်စဉ်ဖြစ်တဲ့မနက် ၁၁ နာရီခန့်က အသီး ရွက်ကြော်နဲ့ ငါးပေါင်းဟင်းကို ညနေစာအဖြစ် ကြက်သားကုန်းဘောင်ကြီး၊ ငရုတ်သီးကြော်တို့ ကျွေးမွေးခဲ့တယ်လို့ သိရပြီး မွန်းလွဲပိုင်းမှာ လူအချို့ မူးဝေအော့အန်ခြင်း၊ သတိလစ်တာတွေဖြစ်ပေါ်ခဲ့တဲ့အတွက် မြဝတီဆေးရုံကြီးကို အရေးပေါ်ပို့ဆောင် ကုသပေးခဲ့ရတဲ့အပြင် ညပိုင်းမှာလည်း လူနာအချို့…
Read Moreဝှေခါကျေးရွာ မြေထပ်ပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ဝန်ထမ်းဆောင် ၂ ဆောင်ပျက်စီး
ဝှေခါကျေးရွာ မြေထပ်ပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ဝန်ထမ်းဆောင် ၂ ဆောင်ပျက်စီး ဖားကန့်၊ ဇူလိုင် ၂ဝ-၂ဝ၂ဝ ရန်အောင်ထွန်း+ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဒီကနေ့မနက် ၃း၃ဝအချိန်ခန့်က မြေထပ်ပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ကျောက်မျက်ကုမ္ပဏီ ဝန်ထမ်းအဆောင် ၂ ဆောင် ပြိုကျတဲ့အထဲ ပါသွားတယ်လို့ ဝှေခါကျေးရွာအုပ်ချုပ်ရေးရုံးကနေ သိရပါတယ် ။ ဝှေခါကျေးရွာ ရပ်ကွက် (၂)က မှာ ယခင်မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းနေခဲ့ပါတယ်။ အခုပြိုကျမှုမှာ လူနေအိမ် (၁၂)လုံး ၊ ဘက်ဟိုးတစီး ၊ ကျောက်မျက်ကုမ္မဏီ အဆောင် ၂ ဆောင်နဲ့ ကုမ္မဏီ ဝန်ထမ်း (၅) ဦး မြေပြိုရာမှာ ပါသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားအချို့ကပြောပါတယ်။ မြေပြိုရာမှာ ပါသွားခဲ့တဲ့ ကုမ္မဏီဝန်ထမ်းတွေဟာ အန္တရာယ်မရှိဘဲ လွတ်မြောက်လာခဲ့သလို…
Read More