ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦးသေပြီး (၄) ဦးဒဏ်ရာပြင်းထန်

ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦးသေပြီး (၄) ဦးဒဏ်ရာပြင်းထန်

ရသေ့တောင်၊ သြဂုဏ် ၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

သြဂုဏ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်လောက်က ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ကပ်ချောင်းကျေးရွာအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပြီး ကပ်ချောင်းကျေးရွာက ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရပါတယ်။ သေဆုံး ဒဏ်ရာရရှိသူတွေဟာ အသက် ၉ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေဖြစ်ပါတယ်။

လူငယ် (၆) ယောက်ဟာ ကျေးရွာအနီးက သစ်ပင်အောက်မှာ ကျနေတဲ့ လက်နက်ကြီးကျည်ကို ရိုက်ခွဲကြည့်တဲ့အခါမှာ နေပူပြင်းတဲ့အတွက် ပေါက်ကွဲသွားတာဖြစ်ကြောင်း ကပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက VOM ကို ပြောပါတယ်။

အဲဒီ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေမှာ ကပ်ချောင်းကျေးရွာက အသက် (၉) နှစ်အရွယ် မောင်မိုးလှိုင်ဦး၊ မောင်နေမျိုးလင်း အသက် (၁၆) နှစ်နဲ့ ဒဏ်ရာရရှိသူတွေကတော့ အသက် (၁၇) နှစ်အရွယ် မောင်ဇော်မင်းထွန်း၊ မောင်တိုးငြိမ်းလင်း (၁၃) နှစ်၊ မောင်နေတိုးလင်း အသက် (၁၇) နှစ်နဲ့ မောင်ဇော်နိုင် အသက် (၁၂) နှစ်တို့ဖြစ်ကြောင်းသိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဥ်အတွင်း မောင်နေမျိုးလင်းကို အခင်းဖြစ်ပွားရာနေရာကနေ ရွာသားတွေသယ်ဆောင်လာစဥ် မိမိနေအိမ်မှာ သေဆုံးသွားကြောင်းနဲ့ ဒဏ်ရာရတဲ့ ထဲက မောင်မိုးလှိုင်ဦးမှာ စစ်တွေဆေးရုံသို့ပို့စဥ် လမ်းမှာသေဆုံးသွားကြောင်း သိရပါတယ်။

ကျန်တဲ့ ဒဏ်ရာပြင်းလူနာ မောင်တိုးငြိမ်လင်းနဲ့ မောင်ဇော်နိုင်တို့ကို စစ်တွေဆေးရုံကို ပို့ဆောင်ထားကြောင်းနဲ့ မောင်နေတိုးလင်း၊ မောင်ဇော်မင်းထွန်း တို့ကို ကူတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိထားရပါတယ်။

ကပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးပြောပြတာက” အဲဒီကလေးတွေက လက်နက်ကျည်ကို ကောက်ရလို့ နေပူလည်းပြင်းတော့ ထုရိုက်ကြည့်ကြတဲ့အခါ ပေါက်ကွဲပြီး ဒဏ်ရာရ သေဆုံးကြတာလို့ ကြားတယ်။ ပေါက်ကွဲတာက ကုန်းပေါ်မှာ ပေါက်ကွဲတာပါ။ အဲလက်နက်ကျည်ကို အပင်ကြားမှာ ညှပ်ပြီးတွေ့တယ်လို့ ပြောတယ်။” လို့ပြောပါတယ်။

ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ကိုဘက္ကာနဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ဖြစ်စဥ်ကို အတည်ပြုပါတယ်။

ကိုဘက္ကာပြောပြတာက” မိုးစဲကျွန်းဖက်မှာ ကလေးတွေ မိုင်ပေါက်ပြီး သေကြတယ်။ ဒဏ်ရာရကြတယ်ဆိုလို့ အဲဖက်ကို သွားနေပါတယ်။ စစ်တွေကို ပို့တဲ့အခါ (၃) ယောက်မှာ (၁) ယောက်သေတယ်။ တစ်ယောက်ကတော့ ပေါက်ကွဲမှုဖြစ်စဥ်မှာပဲ သေသွားတယ်။ (၂) ယောက်ကို ကူတောင်တိုက်နယ် ဆေးရုံကိုပို့ထားပါတယ်။” လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးကာလ ၂ နှစ်ကျော်အတွင်း အရပ်သား ရာနဲ့ချီသေဆုံးပြီး ကျေးရွာအနီး တွေမှာ လည်းပေါက်ကွဲမှု​တွေကြောင့် အရပ်သားတွေမကြာခဏ ထိခိုက်သေဆုံးနေရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ေပါက္ကြဲမႈေၾကာင့္ ကေလး (၂) ဦးေသၿပီး (၄) ဦးဒဏ္ရာျပင္းထန္

ရေသ့ေတာင္၊ ၾသဂုဏ္ ၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ၾသဂုဏ္လ ၁ ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္ေလာက္က ရေသ့ေတာင္ၿမိဳ႕နယ္ မိုးစဲကြၽန္း ကပ္ေခ်ာင္းေက်း႐ြာအနီးမွာ မိုင္းေပါက္ကြဲမႈ ျဖစ္ၿပီး ကပ္ေခ်ာင္းေက်း႐ြာက ေဒသခံ ၂ ဦးေသဆုံးၿပီး ၄ ေယာက္ ဒဏ္ရာအျပင္းအထန္ရရွိသြားေၾကာင္း သိရပါတယ္။ ေသဆုံး ဒဏ္ရာရရွိသူေတြဟာ အသက္ ၉ ႏွစ္အ႐ြယ္နဲ႔ ၁၂ ႏွစ္အ႐ြယ္ ကေလးေတြျဖစ္ပါတယ္။

လူငယ္ (၆) ေယာက္ဟာ ေက်း႐ြာအနီးက သစ္ပင္ေအာက္မွာ က်ေနတဲ့ လက္နက္ႀကီးက်ည္ကို ႐ိုက္ခြဲၾကည့္တဲ့အခါမွာ ေနပူျပင္းတဲ့အတြက္ ေပါက္ကြဲသြားတာျဖစ္ေၾကာင္း ကပ္ေခ်ာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက VOM ကို ေျပာပါတယ္။

အဲဒီ ေပါက္ကြဲမႈေၾကာင့္ ေသဆုံးသြားသူေတြမွာ ကပ္ေခ်ာင္းေက်း႐ြာက အသက္ (၉) ႏွစ္အ႐ြယ္ ေမာင္မိုးလႈိင္ဦး၊ ေမာင္ေနမ်ိဳးလင္း အသက္ (၁၆) ႏွစ္နဲ႔ ဒဏ္ရာရရွိသူေတြကေတာ့ အသက္ (၁၇) ႏွစ္အ႐ြယ္ ေမာင္ေဇာ္မင္းထြန္း၊ ေမာင္တိုးၿငိမ္းလင္း (၁၃) ႏွစ္၊ ေမာင္ေနတိုးလင္း အသက္ (၁၇) ႏွစ္နဲ႔ ေမာင္ေဇာ္ႏိုင္ အသက္ (၁၂) ႏွစ္တို႔ျဖစ္ေၾကာင္းသိရပါတယ္။

ေပါက္ကြဲမႈျဖစ္စဥ္အတြင္း ေမာင္ေနမ်ိဳးလင္းကို အခင္းျဖစ္ပြားရာေနရာကေန ႐ြာသားေတြသယ္ေဆာင္လာစဥ္ မိမိေနအိမ္မွာ ေသဆုံးသြားေၾကာင္းနဲ႔ ဒဏ္ရာရတဲ့ ထဲက ေမာင္မိုးလႈိင္ဦးမွာ စစ္ေတြေဆး႐ုံသို႔ပို႔စဥ္ လမ္းမွာေသဆုံးသြားေၾကာင္း သိရပါတယ္။

က်န္တဲ့ ဒဏ္ရာျပင္းလူနာ ေမာင္တိုးၿငိမ္လင္းနဲ႔ ေမာင္ေဇာ္ႏိုင္တို႔ကို စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ထားေၾကာင္းနဲ႔ ေမာင္ေနတိုးလင္း၊ ေမာင္ေဇာ္မင္းထြန္း တို႔ကို ကူေတာင္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ၿပီး ေဆးကုသမႈ ခံယူေနတယ္လို႔ သိထားရပါတယ္။

ကပ္ေခ်ာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေျပာျပတာက” အဲဒီကေလးေတြက လက္နက္က်ည္ကို ေကာက္ရလို႔ ေနပူလည္းျပင္းေတာ့ ထု႐ိုက္ၾကည့္ၾကတဲ့အခါ ေပါက္ကြဲၿပီး ဒဏ္ရာရ ေသဆုံးၾကတာလို႔ ၾကားတယ္။ ေပါက္ကြဲတာက ကုန္းေပၚမွာ ေပါက္ကြဲတာပါ။ အဲလက္နက္က်ည္ကို အပင္ၾကားမွာ ညႇပ္ၿပီးေတြ႕တယ္လို႔ ေျပာတယ္။” လို႔ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြကို ကူညီကယ္ဆယ္ေရးလုပ္ေပးေနတဲ့ ကိုဘကၠာနဲ႔ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကလည္း ျဖစ္စဥ္ကို အတည္ျပဳပါတယ္။

ကိုဘကၠာေျပာျပတာက” မိုးစဲကြၽန္းဖက္မွာ ကေလးေတြ မိုင္ေပါက္ၿပီး ေသၾကတယ္။ ဒဏ္ရာရၾကတယ္ဆိုလို႔ အဲဖက္ကို သြားေနပါတယ္။ စစ္ေတြကို ပို႔တဲ့အခါ (၃) ေယာက္မွာ (၁) ေယာက္ေသတယ္။ တစ္ေယာက္ကေတာ့ ေပါက္ကြဲမႈျဖစ္စဥ္မွာပဲ ေသသြားတယ္။ (၂) ေယာက္ကို ကူေတာင္တိုက္နယ္ ေဆး႐ုံကိုပို႔ထားပါတယ္။” လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးကာလ ၂ ႏွစ္ေက်ာ္အတြင္း အရပ္သား ရာနဲ႔ခ်ီေသဆုံးၿပီး ေက်း႐ြာအနီး ေတြမွာ လည္းေပါက္ကြဲမႈ​ေတြေၾကာင့္ အရပ္သားေတြမၾကာခဏ ထိခိုက္ေသဆုံးေနရပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW