မြောက်ဦးမှာ တပ်ကဖမ်းဆီးသွားတဲ့ လူတစ်ဦးသေဆုံးမူ မိသားစုပြောဆိုချက်နဲ့ တပ်ထုတ်ပြန်ချက်ကွဲလွဲ

မြောက်ဦးမှာ တပ်ကဖမ်းဆီးသွားတဲ့ လူတစ်ဦးသေဆုံးမူ မိသားစုပြောဆိုချက်နဲ့ တပ်ထုတ်ပြန်ချက်ကွဲလွဲ

မြောက်ဦး၊ ဩဂုတ် ၁၁- ၂၀၂၀
ထက်အောင်စိုင်း(VOM)

တပ်မတော်က မနေ့ဩဂုတ်လ ၁၀ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ မြောက်ဦးမြို့နယ်မှာ အေအေအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်ထားတဲ့သတင်းက အမျိုးသားဟာ မနေ့က သေဆုံးသွားပြီးဖြစ်ကြောင်းနဲ့ သေဆုံးသူရဲ့အလောင်းကို ရဲတပ်ဖွဲ့က ဆေးရုံကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက်ပိုင်းမှာ မိသားစုဝင်တွေကသိရတာဖြစ်တဲ့အပြင် တပ်မတော်က ထုတ်ပြန်ထားသလို သေဆုံးသူဟာ အေအေတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ မိသားစုဝင်တွေက VOM ကို အတည်ပြုပြောပါတယ်။

သေဆုံးသွားသူဟာ အသက် (၄၁) နှစ်အရွယ် ဦးစံရွှေလှိုင်ဖြစ်ပြီး မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာကဖြစ်ကြောင်းသိရကာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က မြောက်ဦးမြို့နယ်အခြေစိုက် (၃၇၇)တပ်ရင်းက ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူရဲ့ ညီမဖြစ်သူပြောပြချက်အရ ဦးစံရွှေလှိုင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ဦးမြို့က အစ်ကိုဖြစ်သူတစ်ဦးသေဆုံးမှုကြောင့်နာရေးကို သွားရောက်ခဲ့ပြီး ရွာကိုပြန်လာတဲ့လမ်းမှာ ပျောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးစံရွှေလှိုင်ရဲ့ ညီမဖြစ်သူပြောပြတာက” ကျမရဲ့ အစ်ကို သေသွားတာပါ။ အခု သူ့ကို သဂြိုၤလ်လိုက်ပါပြီ။ မနေ့က ညနေပိုင်းမှာ အလောင်းကို ပို့လာတဲ့အခါသိရတာပါ။ အလောင်းကို ရဲကပို့လာတာပါ။ မြောက်ဦးဆေးရုံကို ပို့လာတာပါ။ ပြီးတော့ ကျမတို့ရွာက မြောက်ဦးမှာနေတဲ့ တစ်ယောက်က အကြောင်းကြားလာလို့ ကျမတို့သိရတာပါ။ ကျမရဲ့အစ်ကိုက ကုန်ခဲ့တဲ့ အပတ် သောကြာနေ့က နောက်ထပ် အစ်ကိုတစ်ယောက်သေလို့ သဂြိုၤလ်ပြီးတဲ့အခါ အဲဒီနေ့ မှာပဲပျောက်သွားတာပါ။” လို့ ပြောပါတယ်။

ဦးစံရွှေလှိုင်ဟာ အေအေအဖွဲ့ဝင်မဟုတ်ကြောင်းနဲ့ သူဟာ စင်းပြွန်းကိုင်းရွာမှာ အိမ်ထောင်ကျနေတာဖြစ်ပြီး အမျိုးသမီးနဲ့ တစ်ယောက်တစ်ခြားနေကာ ခွဆုံရွာမှာရှိတဲ့ အမျိုးသမီးဖြစ်သူရဲ့ ညီမအိမ်မှာ လယ်အငှားလုပ်နေတာဖြစ်တယ်လို့ မိသားစုရဲ့ပြောပြချက်အရ သိရပါတယ်။

ဦးစံရွှေလှိုင်ရဲ့ ညီမဖြစ်သူပြောတာက ” ကျမတို့ရဲ့ အစ်ကိုဟာ အေအေတစ်ယောက် နဲ့မှလည်း ဆက်သွယ်မှုလည်းမရှိပါဘူး။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ ကျမအစ်ကို အေအေတပ်ဖွဲ့ဝင် မဟုတ်ပါဘူး။ ကျမအနေနဲ့ အဲဒါကိုတော့ လုံးဝငြင်းလိုပါတယ်။ အဲဒီအလုပ်ကိုလည်း တစ်ခါမှမလုပ်ပါဘူး။ ကိုယ့်အလုပ်ကို လုပ်စားပြီးတော့ နေထိုင်နေသူပါ။ အဲဒီထုတ်ပြန်ချက်က မတရားထုတ်ပြန်ထားတာပါ။ ကျမအနေနဲ့ လုံးဝလက်မခံပါဘူး။” လို့ ပြောပါတယ်။

အဲဒီ သေဆုံးသွားသူ ဦးစံရွှေလှိုင်ရဲ့ ရုပ်အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိကြောင်းနဲ့ နောက်က ဦးခေါင်းဟာ လုံးဝပျက်စီးသွားတဲ့အပြင် နားထင်နားမှာလည်း သေနတ်ဘောင်နဲ့ ရိုက်နှက်ထားတဲ့ နေရာဟာ ချိုင့်ဝင်နေပြီး မျက်လုံး နှစ်လုံးဟာလည်း မပါတော့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုလိုမျိုး ဦးစံရွှေလှိုင် သေဆုံးသွာတာကြောင့် ” အစ်ကိုတစ်ယောက်ဆုံးရှုံးသွားရတယ်။ မတရားသဖြင့် အသတ်ခံပြီးဆုံးရှုံးသွားတာကို သတင်းမှားတင်ပြီး ပြောနေသေးတယ်။ အဲဒါကို ကျမတို့ မကျေနပ်ပါဘူး။ အဲဒီလို မတရားသဖြင့် အသက်ဆုံးရှုံးသွားတာကို ပြည်သူသိအောင် တင်ပြပေးဖို့ တောင်းဆိုချင်ပါတယ်။” လို့ ညီမဖြစ်သူက ပြောပါတယ်။

မနေ့ ဩဂုတ် ၁၀ ရက်နေ့က တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မတော်က ဖမ်းဆီးရမိသူမှာ ဦးစံရွှေလှိုင် အသက် ၄၁ နှစ် (ဘ) ဦးမြသာ၊ ပုဇွန်ဖေကျေးရွာ မြောက်ဦးမြို့နယ်နေထိုင်သူဖြစ်ပြီး သူ့ကို ဖမ်းဆီးရမိစဉ် အရက်မူးနေတာကြောင့် ဩဂုတ်လ ၈ ရက် နံနက်မှသာ စစ်ဆေးမေးမြန်းခဲ့ကြောင်းနဲ့ သူ့ကို ကနဦး စစ်ကြောမေးမြန်းချက်အရ အေအေ အဖွဲ့မှ ကိုယ်ပိုင်အမှတ် AA- ၆၇၃၂ တပ်သားအဆင့်ရှိသူဖြစ်ကြောင်းနဲ့ သူ့ကို ထပ်မံစစ်ဆေးပြီး ဥပဒေနဲ့ အညီ မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အေအေတပ်သားဆိုသူ ဦးစံရွှေလှိုင်သေဆုံးသွားတာနဲ့ ပတ်သက်လို့ တပ်တော်သတင်းမှန်ပြန်းကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #မြောက်ဦး

Zawgyi

ေျမာက္ဦးမွာ တပ္ကဖမ္းဆီးသြားတဲ့ လူတစ္ဦးေသဆုံးမူ မိသားစုေျပာဆိုခ်က္နဲ႔ တပ္ထုတ္ျပန္ခ်က္ကြဲလြဲ

ေျမာက္ဦး၊ ဩဂုတ္ ၁၁- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

တပ္မေတာ္က မေန႔ဩဂုတ္လ ၁၀ ရက္ေန႔ကထုတ္ျပန္ခဲ့တဲ့ ေျမာက္ဦးၿမိဳ႕နယ္မွာ ေအေအအဖြဲ႕ဝင္တစ္ဦး ဖမ္းဆီးရမိတယ္လို႔ သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။

အဲ့ဒီထုတ္ျပန္ထားတဲ့သတင္းက အမ်ိဳးသားဟာ မေန႔က ေသဆုံးသြားၿပီးျဖစ္ေၾကာင္းနဲ႔ ေသဆုံးသူရဲ႕အေလာင္းကို ရဲတပ္ဖြဲ႕က ေဆး႐ုံကိုလာေရာက္ပို႔ေဆာင္ခဲ့တယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ေဆးရံုကိုပို႔ေဆာင္ခဲ့ၿပီးေနာက္ပိုင္းမွာ မိသားစုဝင္ေတြကသိရတာျဖစ္တဲ့အျပင္ တပ္မေတာ္က ထုတ္ျပန္ထားသလို ေသဆုံးသူဟာ ေအေအတပ္ဖြဲ႕ဝင္မဟုတ္ဘူးလို႔ မိသားစုဝင္ေတြက VOM ကို အတည္ျပဳေျပာပါတယ္။

ေသဆုံးသြားသူဟာ အသက္ (၄၁) ႏွစ္အ႐ြယ္ ဦးစံေ႐ႊလႈိင္ျဖစ္ၿပီး ေျမာက္ဦးၿမိဳ႕နယ္၊ ပုဇြန္ေဖေက်း႐ြာကျဖစ္ေၾကာင္းသိရကာ ၿပီးခဲ့တဲ့ ဩဂုတ္လ ၇ ရက္ေန႔က ေျမာက္ဦးၿမိဳ႕နယ္အေျခစိုက္ (၃၇၇)တပ္ရင္းက ဖမ္းဆီးသြားတာျဖစ္တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ေသဆုံးသူရဲ႕ ညီမျဖစ္သူေျပာျပခ်က္အရ ဦးစံေ႐ႊလႈိင္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျမာက္ဦးၿမိဳ႕က အစ္ကိုျဖစ္သူတစ္ဦးေသဆုံးမႈေၾကာင့္နာေရးကို သြားေရာက္ခဲ့ၿပီး ႐ြာကိုျပန္လာတဲ့လမ္းမွာ ေပ်ာက္သြားတာျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးသြားတဲ့ ဦးစံေ႐ႊလႈိင္ရဲ႕ ညီမျဖစ္သူေျပာျပတာက” က်မရဲ႕ အစ္ကို ေသသြားတာပါ။ အခု သူ႔ကို သၿဂိဳၤလ္လိုက္ပါၿပီ။ မေန႔က ညေနပိုင္းမွာ အေလာင္းကို ပို႔လာတဲ့အခါသိရတာပါ။ အေလာင္းကို ရဲကပို႔လာတာပါ။ ေျမာက္ဦးေဆး႐ုံကို ပို႔လာတာပါ။ ၿပီးေတာ့ က်မတို႔႐ြာက ေျမာက္ဦးမွာေနတဲ့ တစ္ေယာက္က အေၾကာင္းၾကားလာလို႔ က်မတို႔သိရတာပါ။ က်မရဲ႕အစ္ကိုက ကုန္ခဲ့တဲ့ အပတ္ ေသာၾကာေန႔က ေနာက္ထပ္ အစ္ကိုတစ္ေယာက္ေသလို႔ သၿဂိဳၤလ္ၿပီးတဲ့အခါ အဲဒီေန႔ မွာပဲေပ်ာက္သြားတာပါ။” လို႔ ေျပာပါတယ္။

ဦးစံေ႐ႊလိႈင္ဟာ ေအေအအဖြဲ႕ဝင္မဟုတ္ေၾကာင္းနဲ႔ သူဟာ စင္းႁပြန္းကိုင္း႐ြာမွာ အိမ္ေထာင္က်ေနတာျဖစ္ၿပီး အမ်ိဳးသမီးနဲ႔ တစ္ေယာက္တစ္ျခားေနကာ ခြဆုံ႐ြာမွာရွိတဲ့ အမ်ိဳးသမီးျဖစ္သူရဲ႕ ညီမအိမ္မွာ လယ္အငွားလုပ္ေနတာျဖစ္တယ္လို႔ မိသားစုရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ဦးစံေ႐ႊလႈိင္ရဲ႕ ညီမျဖစ္သူေျပာတာက ” က်မတို႔ရဲ႕ အစ္ကိုဟာ ေအေအတစ္ေယာက္ နဲ႔မွလည္း ဆက္သြယ္မႈလည္းမရွိပါဘူး။ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္အရ က်မအစ္ကို ေအေအတပ္ဖြဲ႕ဝင္ မဟုတ္ပါဘူး။ က်မအေနနဲ႔ အဲဒါကိုေတာ့ လုံးဝျငင္းလိုပါတယ္။ အဲဒီအလုပ္ကိုလည္း တစ္ခါမွမလုပ္ပါဘူး။ ကိုယ့္အလုပ္ကို လုပ္စားၿပီးေတာ့ ေနထိုင္ေနသူပါ။ အဲဒီထုတ္ျပန္ခ်က္က မတရားထုတ္ျပန္ထားတာပါ။ က်မအေနနဲ႔ လုံးဝလက္မခံပါဘူး။” လို႔ ေျပာပါတယ္။

အဲဒီ ေသဆုံးသြားသူ ဦးစံေ႐ႊလႈိင္ရဲ႕ ႐ုပ္အေလာင္းမွာ ႐ိုက္ႏွက္ထားတဲ့ ဒဏ္ရာေတြရွိေၾကာင္းနဲ႔ ေနာက္က ဦးေခါင္းဟာ လုံးဝပ်က္စီးသြားတဲ့အျပင္ နားထင္နားမွာလည္း ေသနတ္ေဘာင္နဲ႔ ႐ိုက္ႏွက္ထားတဲ့ ေနရာဟာ ခ်ိဳင့္ဝင္ေနၿပီး မ်က္လုံး ႏွစ္လုံးဟာလည္း မပါေတာ့ဘူးလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

အခုလိုမ်ိဳး ဦးစံေ႐ႊလႈိင္ ေသဆုံးသြာတာေၾကာင့္ ” အစ္ကိုတစ္ေယာက္ဆုံးရႈံးသြားရတယ္။ မတရားသျဖင့္ အသတ္ခံၿပီးဆုံးရႈံးသြားတာကို သတင္းမွားတင္ၿပီး ေျပာေနေသးတယ္။ အဲဒါကို က်မတို႔ မေက်နပ္ပါဘူး။ အဲဒီလို မတရားသျဖင့္ အသက္ဆုံးရႈံးသြားတာကို ျပည္သူသိေအာင္ တင္ျပေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။” လို႔ ညီမျဖစ္သူက ေျပာပါတယ္။

မေန႔ ဩဂုတ္ ၁၀ ရက္ေန႔က တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တပ္မေတာ္က ဖမ္းဆီးရမိသူမွာ ဦးစံေ႐ႊလႈိင္ အသက္ ၄၁ ႏွစ္ (ဘ) ဦးျမသာ၊ ပုဇြန္ေဖေက်း႐ြာ ေျမာက္ဦးၿမိဳ႕နယ္ေနထိုင္သူျဖစ္ၿပီး သူ႔ကို ဖမ္းဆီးရမိစဥ္ အရက္မူးေနတာေၾကာင့္ ဩဂုတ္လ ၈ ရက္ နံနက္မွသာ စစ္ေဆးေမးျမန္းခဲ့ေၾကာင္းနဲ႔ သူ႔ကို ကနဦး စစ္ေၾကာေမးျမန္းခ်က္အရ ေအေအ အဖြဲ႕မွ ကိုယ္ပိုင္အမွတ္ AA- ၆၇၃၂ တပ္သားအဆင့္ရွိသူျဖစ္ေၾကာင္းနဲ႔ သူ႔ကို ထပ္မံစစ္ေဆးၿပီး ဥပေဒနဲ႔ အညီ ေျမာက္ဦးၿမိဳ႕နယ္ရဲစခန္းသို႔ လႊဲေျပာင္းအပ္ႏွံမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားတာျဖစ္ပါတယ္။

အဲဒီ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ ေအေအတပ္သားဆိုသူ ဦးစံေ႐ႊလႈိင္ေသဆုံးသြားတာနဲ႔ ပတ္သက္လို႔ တပ္ေတာ္သတင္းမွန္ျပန္းၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကိုဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရရွိခဲ့ပါဘူး။

#voiceofmyanmar #VOM #ေျမာက္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW