အကျဉ်းထောင်တွေနဲ့ အကျဉ်းသားတွေရဲ့ လိုအပ်ချက် စုစုပေါင်း ၁၅၀နီးပါး လူအခွင့်အရေးကော်မရှင်တွေ့ရှိ

အကျဉ်းထောင်တွေနဲ့ အကျဉ်းသားတွေရဲ့ လိုအပ်ချက် စုစုပေါင်း ၁၅၀နီးပါး လူအခွင့်အရေးကော်မရှင်တွေ့ရှိ

မန္တလေး၊ သြဂုတ် ၁၅-၂၀၂၀
မှူးသခင်(VOM)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကော်မရှင်စတင်ဖွဲ့စည်းချိန်ကနေ ၂၀၂၀ပြည့်နှစ် ဇူလိုင်လအထိ အကျဉ်းထောင် (၁၀)ခု ၊ အကျဉ်းစခန်း (၈)ခု ၊ ရဲစခန်း အချုပ်ခန်း (၈)ခု ၊ တရားရုံးအချုပ်ခန်း (၇)ခု နဲ့ ဆေးရုံအချုပ်ခန်း (၅)ခုတို့ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင် ၊ အကျဉ်းစခန်း ၊ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးချိန်မှာ စစ်ဆေးရေးအဖွဲ့နဲ့ တွေ့လိုတဲ့ အကျဉ်းသူ/ အကျဉ်းသား ၊အချုပ်သား/ အချုပ်သူ (၃၆၁)ဦးကို သီးခြားတွေ့ဆုံခဲ့ပြီး သူတို့၏ အခက်အခဲများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ၊ တရားရေးဆိုင်ရာ တင်ပြချက်များအပေါ် မှတ်သားစီစစ်ပြီး တွေ့ရှိချက်တွေကို အကြံပြုချက်တွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို အကြောင်ကြားတာတွေလုပ်ထားတယ်လို့ သိရပါတယ်။

အကြံပြုချက်တွေထဲမှာ အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲက အများဆုံးဖြစ်ပြီး ကျန်းမာရေးဆိုင်ရာလိုအပ်ချက်က ဒုတိယအများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အခြားသော သန့်ရှင်းရေးဆိုင်ရာ အခက်အခဲအများ အဆောက်အဦးဆိုင်ရာအခက်အခဲများ ပညာရေးဆိုင်ရာအခက်အခဲများ အကျဉ်းထောင်ပြောင်းရွှေ့လိုခြင်းဆိုင်ရာ များ စတဲ့အချက်ပေါင်း ၁၄၇ ချက်ကို တွေ့ရှိရတယ်လို့သိရပါတယ်။

အဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်ကိုမေးမြန်းရာမှာတော့
VOM – အကျဉ်းစခန်းတွေကိုသွားရောက်စစ်ဆေးရာမှာ အဓိကအနေနဲ့ ဘယ်လိုပြသနာတွေကိုတွေ့ရလဲ။
ဦးလှမြင့် – ထောင်တွေကတော့ အများအားဖြင့် တူနေတာကိုတွေ့ရပါတယ်။ အဲ့ဒီဟာက ဘာလဲဆိုတော့ ထောင်တွေအားလုံး လူကျပ်နေတာ လူတွေက အရမ်းများနေပြီးတော့ နေရာကကျဉ်းကျပ်တယ်။ သူတို့ကို ထားပုံသိုပုံ၊ နေရတဲ့အနေအထားကကောင်းရဲ့လား၊ မကောင်းဘူးလား ဘာတွေများဆုံးရှံးနေလဲ၊ ဘာတွေလိုအပ်လဲ၊ ဘာတွေအခက်အခဲရှိလဲ ဆရာတို့စစ်တဲ့အခါမှာ တစ်ခါတလေမှာ သူတို့ personally အခက်အခဲတွေ ရှိနေတာပေါ့။ ဥပမာ ဆေးဝါးကုသရာမှာလိုအပ်တဲ့ဆေးမရတာတို့ ကုသခွင့်မရတာတို့ တွေ့ရပါတယ် ။

VOM – စစ်ဆေးတဲ့အခါမှာ သီးခြားစစ်ဆေးခဲ့တာလား။
ဦးလှမြင့် – ကြိုတော့မလုပ်ဖူး၊ လာမယ်ဆိုတာ ကပ်ပြောလိုက်တာပဲ၊ ဆရာတို့ ပြောတဲ့အချိန်နဲ့ စစ်တဲ့အချိန်ကတော့ သိပ်ကွာလေ့မရှိပါဘူး။ လူတွေကပြောကြမှာပေါ့ ကြိုပြောရင် ထောင်ကကြိုပြင်မှာပေါ့ တကယ်တော့အဲ့လောက်အချိန်လည်းမရပါဘူး။ ထောင်တွေကများသောအားဖြင့် လူအများကြီးလေ နောက်တခုက လူတွေမသိသေးတာ ဆရာတို့အနေနဲ့က အကျဉ်းသားတွေကို လွတ်လွတ်လပ်လပ်တွေ့ခွင့်ရှိတယ်။ ဒီတော့ သူတို့ဘာတွေပဲပြင်ထားပြင်ထား အကျဉ်းကျနေတဲ့သူတွေကတော့ပြောတာပဲ၊ အဲ့ဒီလိုပြောတဲ့အခါမှာ သူတို့အနေနဲ့ဘာမှလုပ်လို့မရဘူး။ အဲ့ဒီတော့တော်တော်များများက သိရပါတယ်။

VOM – ထောင်ဒဏ်နှစ်ရှည်ကျနေသူတွေ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတာတွေနဲ့ အရင်နှစ်ကလွတ်ငြိမ်းနဲ့ မပါတာတွေက ဘယ်လိုကြောင့်လဲ။
ဦးလှမြင့် – မပါတာတွေကတော့ case တွေရှိတယ်။ ဥပမာ မူးယစ်ဆေးနဲ့ပတ်သက်လို့ ဆေးသယ်တဲ့အခါမှာ ဆိုင်ကယ်နဲ့သယ်တယ်ဆိုပါတော့ မူးယစ်ဆေးနဲ့ပတ်သက်လို့ လွှတ်တဲ့အချိန်မှာ သူ့ကိုမလွှတ်ဖူး ဘာကြောင့်လဲဆိုတော့ သယ်တဲ့ဆိုင်ကယ်က လိုင်စင်မဲ့ဖြစ်နေရင် မော်တော်ဆိုင်ကယ်မှုနဲ့ကျန်ခဲ့မှာပေါ့ အဲ့တာမျိုး တွေတော့ရှိတယ်လို့ သိရပါတယ်။ အခြေနေမှန်ကို ဆရာတို့က သက်ဆိုင်ရာကိုတင်ပြရတာပေါ့ ။

VOM – အကျဉ်းစခန်းတွေကိုသွားရောက်စစ်ဆေးရာမှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးပိုင်းမှာ အခက်အခဲအများဆုံးဖြစ်နေတာကိုတွေ့ရတာက ဘာကြောင့်လဲ။
ဦးလှမြင့် -အုပ်ချုပ်ရေးဆိုတာကတော့ထောင်မှာရှိတဲ့အာဏာပိုင်တွေ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းညံ့လို့ နည်းလမ်းမကျတာပေါ့၊ ဒါတွေက ဘယ်ကနေသိရလဲဆိုတော့ အင်တာဗျူးလိုက်တော့သိရတာပေါ့၊ ထောင်သားတွေကပြောပြတာပေါ့၊ ကျန်းမာရေးကတော့ ထောင်ထဲမှာရှိတဲ့လူတချို့တွေက ရောဂါတွေရှိကြတယ်။ ဥပမာ ဌက်ဖျားဖြစ်နေတာတို့၊ ဆေးပြတ်သွားတာတို့ ဆေးမရတာတွေဖြစ်တတ်တယ်။ တခါတလေကျ သူ့ရောဂါအနေအထားကဖြစ်နေတယ်၊ ကုဖို့မဖြစ်တာတို့ အင်တာဗျူးလိုက်တော့သိရတာပေါ့လို့ ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးရဲ့ (၁၄ . ၁ . ၂၀၂၀) ရက်ဆွဲပါ အမိန့်အမှတ် ( ၃/၂၀၂၀) အရအသစ်ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
#voiceofmyanmar #VOM #လူ့အခွင့်အရေးကော်မရှင်

Zawgyi

အက်ဥ္းေထာင္ေတြနဲ႔ အက်ဥ္းသားေတြရဲ႕ လိုအပ္ခ်က္ စုစုေပါင္း ၁၅၀နီးပါး လူအခြင့္အေရးေကာ္မရွင္ေတြ႕ရွိ

မႏၲေလး၊ ၾသဂုတ္ ၁၅-၂၀၂၀
မွဴးသခင္(VOM)

ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ေကာ္မရွင္စတင္ဖြဲ႕စည္းခ်ိန္ကေန ၂၀၂၀ျပည့္ႏွစ္ ဇူလိုင္လအထိ အက်ဥ္းေထာင္ (၁၀)ခု ၊ အက်ဥ္းစခန္း (၈)ခု ၊ ရဲစခန္း အခ်ဳပ္ခန္း (၈)ခု ၊ တရား႐ုံးအခ်ဳပ္ခန္း (၇)ခု နဲ႔ ေဆး႐ုံအခ်ဳပ္ခန္း (၅)ခုတို႔ကို သြားေရာက္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

အက်ဥ္းေထာင္ ၊ အက်ဥ္းစခန္း ၊ အခ်ဳပ္ခန္းမ်ား ၾကည့္ရႈစစ္ေဆးခ်ိန္မွာ စစ္ေဆးေရးအဖြဲ႕နဲ႔ ေတြ႕လိုတဲ့ အက်ဥ္းသူ/ အက်ဥ္းသား ၊အခ်ဳပ္သား/ အခ်ဳပ္သူ (၃၆၁)ဦးကို သီးျခားေတြ႕ဆုံခဲ့ၿပီး သူတို႔၏ အခက္အခဲမ်ား လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ား ၊ တရားေရးဆိုင္ရာ တင္ျပခ်က္မ်ားအေပၚ မွတ္သားစီစစ္ၿပီး ေတြ႕ရွိခ်က္ေတြကို အႀကံျပဳခ်က္ေတြကို ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းမ်ားကို အေၾကာင္ၾကားတာေတြလုပ္ထားတယ္လို႔ သိရပါတယ္။

အႀကံျပဳခ်က္ေတြထဲမွာ အုပ္ခ်ဳပ္မႈဆိုင္ရာ အခက္အခဲက အမ်ားဆုံးျဖစ္ၿပီး က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္က ဒုတိယအမ်ားဆုံးျဖစ္ေနတာကို ေတြ႕ရပါတယ္။ အျခားေသာ သန႔္ရွင္းေရးဆိုင္ရာ အခက္အခဲအမ်ား အေဆာက္အဦးဆိုင္ရာအခက္အခဲမ်ား ပညာေရးဆိုင္ရာအခက္အခဲမ်ား အက်ဥ္းေထာင္ေျပာင္းေ႐ႊ႕လိုျခင္းဆိုင္ရာ မ်ား စတဲ့အခ်က္ေပါင္း ၁၄၇ ခ်က္ကို ေတြ႕ရွိရတယ္လို႔သိရပါတယ္။

အဲ့ဒီအေၾကာင္းအရာနဲ႔ပတ္သတ္ၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ဥကၠဌ ဦးလွျမင့္ကိုေမးျမန္းရာမွာေတာ့
VOM – အက်ဥ္းစခန္းေတြကိုသြားေရာက္စစ္ေဆးရာမွာ အဓိကအေနနဲ႔ ဘယ္လိုျပသနာေတြကိုေတြ႕ရလဲ။
ဦးလွျမင့္ – ေထာင္ေတြကေတာ့ အမ်ားအားျဖင့္ တူေနတာကိုေတြ႕ရပါတယ္။ အဲ့ဒီဟာက ဘာလဲဆိုေတာ့ ေထာင္ေတြအားလုံး လူက်ပ္ေနတာ လူေတြက အရမ္းမ်ားေနၿပီးေတာ့ ေနရာကက်ဥ္းက်ပ္တယ္။ သူတို႔ကို ထားပုံသိုပုံ၊ ေနရတဲ့အေနအထားကေကာင္းရဲ႕လား၊ မေကာင္းဘူးလား ဘာေတြမ်ားဆုံးရွံးေနလဲ၊ ဘာေတြလိုအပ္လဲ၊ ဘာေတြအခက္အခဲရွိလဲ ဆရာတို႔စစ္တဲ့အခါမွာ တစ္ခါတေလမွာ သူတို႔ personally အခက္အခဲေတြ ရွိေနတာေပါ့။ ဥပမာ ေဆးဝါးကုသရာမွာလိုအပ္တဲ့ေဆးမရတာတို႔ ကုသခြင့္မရတာတို႔ ေတြ႕ရပါတယ္ ။

VOM – စစ္ေဆးတဲ့အခါမွာ သီးျခားစစ္ေဆးခဲ့တာလား။
ဦးလွျမင့္ – ႀကိဳေတာ့မလုပ္ဖူး၊ လာမယ္ဆိုတာ ကပ္ေျပာလိုက္တာပဲ၊ ဆရာတို႔ ေျပာတဲ့အခ်ိန္နဲ႔ စစ္တဲ့အခ်ိန္ကေတာ့ သိပ္ကြာေလ့မရွိပါဘူး။ လူေတြကေျပာၾကမွာေပါ့ ႀကိဳေျပာရင္ ေထာင္ကႀကိဳျပင္မွာေပါ့ တကယ္ေတာ့အဲ့ေလာက္အခ်ိန္လည္းမရပါဘူး။ ေထာင္ေတြကမ်ားေသာအားျဖင့္ လူအမ်ားႀကီးေလ ေနာက္တခုက လူေတြမသိေသးတာ ဆရာတို႔အေနနဲ႔က အက်ဥ္းသားေတြကို လြတ္လြတ္လပ္လပ္ေတြ႕ခြင့္ရွိတယ္။ ဒီေတာ့ သူတို႔ဘာေတြပဲျပင္ထားျပင္ထား အက်ဥ္းက်ေနတဲ့သူေတြကေတာ့ေျပာတာပဲ၊ အဲ့ဒီလိုေျပာတဲ့အခါမွာ သူတို႔အေနနဲ႔ဘာမွလုပ္လို႔မရဘူး။ အဲ့ဒီေတာ့ေတာ္ေတာ္မ်ားမ်ားက သိရပါတယ္။

VOM – ေထာင္ဒဏ္ႏွစ္ရွည္က်ေနသူေတြ ျပစ္မႈနဲ႔ျပစ္ဒဏ္မမွ်တာေတြနဲ႔ အရင္ႏွစ္ကလြတ္ၿငိမ္းနဲ႔ မပါတာေတြက ဘယ္လိုေၾကာင့္လဲ။
ဦးလွျမင့္ – မပါတာေတြကေတာ့ case ေတြရွိတယ္။ ဥပမာ မူးယစ္ေဆးနဲ႔ပတ္သက္လို႔ ေဆးသယ္တဲ့အခါမွာ ဆိုင္ကယ္နဲ႔သယ္တယ္ဆိုပါေတာ့ မူးယစ္ေဆးနဲ႔ပတ္သက္လို႔ လႊတ္တဲ့အခ်ိန္မွာ သူ႔ကိုမလႊတ္ဖူး ဘာေၾကာင့္လဲဆိုေတာ့ သယ္တဲ့ဆိုင္ကယ္က လိုင္စင္မဲ့ျဖစ္ေနရင္ ေမာ္ေတာ္ဆိုင္ကယ္မႈနဲ႔က်န္ခဲ့မွာေပါ့ အဲ့တာမ်ိဳး ေတြေတာ့ရွိတယ္လို႔ သိရပါတယ္။ အေျခေနမွန္ကို ဆရာတို႔က သက္ဆိုင္ရာကိုတင္ျပရတာေပါ့ ။

VOM – အက်ဥ္းစခန္းေတြကိုသြားေရာက္စစ္ေဆးရာမွာ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာနဲ႔ က်န္းမာေရးပိုင္းမွာ အခက္အခဲအမ်ားဆုံးျဖစ္ေနတာကိုေတြ႕ရတာက ဘာေၾကာင့္လဲ။
ဦးလွျမင့္ -အုပ္ခ်ဳပ္ေရးဆိုတာကေတာ့ေထာင္မွာရွိတဲ့အာဏာပိုင္ေတြ ကိုင္တြယ္ပုံ၊ ကိုင္တြယ္နည္းညံ့လို႔ နည္းလမ္းမက်တာေပါ့၊ ဒါေတြက ဘယ္ကေနသိရလဲဆိုေတာ့ အင္တာဗ်ဴးလိုက္ေတာ့သိရတာေပါ့၊ ေထာင္သားေတြကေျပာျပတာေပါ့၊ က်န္းမာေရးကေတာ့ ေထာင္ထဲမွာရွိတဲ့လူတခ်ိဳ႕ေတြက ေရာဂါေတြရွိၾကတယ္။ ဥပမာ ဌက္ဖ်ားျဖစ္ေနတာတို႔၊ ေဆးျပတ္သြားတာတို႔ ေဆးမရတာေတြျဖစ္တတ္တယ္။ တခါတေလက် သူ႔ေရာဂါအေနအထားကျဖစ္ေနတယ္၊ ကုဖို႔မျဖစ္တာတို႔ အင္တာဗ်ဴးလိုက္ေတာ့သိရတာေပါ့လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ (၁၄ . ၁ . ၂၀၂၀) ရက္ဆြဲပါ အမိန႔္အမွတ္ ( ၃/၂၀၂၀) အရအသစ္ျပန္လည္ဖြဲ႕စည္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo – ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္
#voiceofmyanmar #VOM #လူ႔အခြင့္အေရးေကာ္မရွင္

Related posts

Leave a Comment

VOM News

FREE
VIEW