မူးမြစ်သောင်ပြင်မှာ ဒိုင်နိုစောလို့ယူဆရတဲ့ အရိုးစုတွေတွေ့

မူးမြစ်သောင်ပြင်မှာ ဒိုင်နိုစောလို့ယူဆရတဲ့ အရိုးစုတွေတွေ့

အရာတော် ၊ သြဂုတ် ၂၅ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာရဲ့အရှေ့ဘက်ကမ်း လက်ပံတန်းရွာ၊ မူးမြစ်ကမ်းဘေးမှာ ဒိုင်နိုစောလို့ယူဆရတဲ့ အရိုးစုတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဒိုင်နိုစော အရိုးစုလို့ ခန့်မှန်းရတဲ့ အရိုးစုကို မူးမြစ်သောင်ပြင်မှာ တွေ့ခဲ့ရတာ ဖြစ်တယ် ၊ အဲ့ဒီ အရိုးစုရဲ့ ပုံသဏ္ဍာန်က ရှေ့ခြေတောက်က တိုပြီး နောက်ခြေတောက်က ရှည်တယ် ၊ ကြောရိုးပေါ်မှာရှိတဲ့ ဆူးတောင်တွေက ရှစ်ရိုး ကိုးရိုးလောက်ရှိတယ် ၊ အရှည်က တစ်ပေခွဲလောက်ဖြစ်မယ် ၊ နံရိုးတွေက တဖက်ကို ၂၅ ချောင်းပါတယ် ၊ အရှည်က တစ်တောင်ကျော် နှစ်တောင်လောက်ဖြစ်မယ် ၊ ငါး ရှော့တိုက်တာနဲ့ထိမိပြီး သေဆုံးခဲ့တယ်လို့ ယူဆရတယ် ၊ လွန်ခဲ့တဲ့ ၁၀ရက်ကလဲ ဒိုင်နိုစောလို့ထင်ရတဲ့ သားပေါက် အရှင်တစ်ကောင်ကို ရွာကလူတွေက တွေ့ရလို့ လှေတွေ ငါးဖမ်းပိုက်တွေနဲ့ လိုက်ပြီးဖမ်းကြတာ မရလိုက်ဘူးလို့ သိရတယ် ” လို့ ဆင်တလည်ကျေးရွာခံတစ်ဦးက ပြောပါတယ်။

ဆင်တလည်ရွာက တောင်သူတွေဟာ လယ်ယာလုပ်ငန်းခွင်ကို ကျွဲ၊ နွားတွေအသုံးပြုပြီး လုပ်ကိုင်ကြတာမို့ ထူးခြားစွာတွေ့ရတဲ့ အရိုးစုဟာ ကျွဲအရိုးစု ၊ နွားအရိုးစု မဟုတ်ဘူးလို့လည်း ပြောနေကြပါတယ်။

မုံရွာခရိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်အောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ မူးမြစ် အနောက်ဘက်ကမ်းမှာ တွေ့ရတာလို့ ပြောပါတယ် ၊ ကုန်းခေါင်ခေါင်မှာ မဖြစ်နိုင်ဘူးလို့ သိရတယ် ” လို့ ပြောပါတယ်။

ဆင်တလည်ကျေးရွာအနီး မူးမြစ်သောင်ပြင်မှာ တွေ့ရခဲ့တဲ့ အရိုးစုတွေဟာ အငြင်းပွားဖွယ်ရာ ထူးဆန်းတဲ့ အရိုးစုတွေဖြစ်နေလို့ ဇီဝဗေဒ ပညာရှင်တွေနဲ့ စစ်ဆေးအဖြေရှာဖို့ ဒေသခံရွာသားတွေက ဆန္ဒရှိနေပါတယ်။

ဇီဝဗေဒ ပညာရှင်တွေဆီက ထွက်ပေါ်လာမယ့်အဖြေကိုကြည့်ပြီး အရာတော်မြို့နယ်အ တွက် မှတ်တိုင်တစ်ခု ဖြစ်စေချင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #အရာတော်

Zawgyi

မူးျမစ္ေသာင္ျပင္မွာ ဒိုင္နိုေစာလို႔ယူဆရတဲ႔ အရိုးစုေတြေတြ႕

အရာေတာ္ ၊ ၾသဂုတ္ ၂၅ – ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ အရာေတာ္ျမိဳ႕နယ္၊ ဆင္တလည္ေက်းရြာရဲ႕အေရွ႕ဘက္ကမ္း လက္ပံတန္းရြာ၊ မူးျမစ္ကမ္းေဘးမွာ ဒိုင္နိုေစာလို႔ယူဆရတဲ့ အရိုးစုေတြကို ေတြ႔ရွိခဲ႔တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ ဒိုင္နိုေစာ အရိုးစုလို႔ ခန္႔မွန္းရတဲ႔ အရိုးစုကို မူးျမစ္ေသာင္ျပင္မွာ ေတြ႔ခဲ႔ရတာ ျဖစ္တယ္ ၊ အဲ႔ဒီ အရိုးစုရဲ႕ ပံုသ႑ာန္က ေရွ႕ေျခေတာက္က တိုျပီး ေနာက္ေျခေတာက္က ရွည္တယ္ ၊ ေၾကာရိုးေပၚမွာရွိတဲ႔ ဆူးေတာင္ေတြက ရွစ္ရိုး ကိုးရိုးေလာက္ရွိတယ္ ၊ အရွည္က တစ္ေပခြဲေလာက္ျဖစ္မယ္ ၊ နံရိုးေတြက တဖက္ကို ၂၅ ေခ်ာင္းပါတယ္ ၊ အရွည္က တစ္ေတာင္ေက်ာ္ ႏွစ္ေတာင္ေလာက္ျဖစ္မယ္ ၊ ငါး ေရွာ႔တိုက္တာနဲ႔ထိမိျပီး ေသဆံုးခဲ႔တယ္လို႔ ယူဆရတယ္ ၊ လြန္ခဲ႔တဲ႔ ၁၀ရက္ကလဲ ဒိုင္နိုေစာလို႔ထင္ရတဲ႔ သားေပါက္ အရွင္တစ္ေကာင္ကို ရြာကလူေတြက ေတြ႔ရလို႔ ေလွေတြ ငါးဖမ္းပိုက္ေတြနဲ႔ လိုက္ျပီးဖမ္းၾကတာ မရလိုက္ဘူးလို႔ သိရတယ္ ” လို႔ ဆင္တလည္ေက်းရြာခံတစ္ဦးက ေျပာပါတယ္။

ဆင္တလည္ရြာက ေတာင္သူေတြဟာ လယ္ယာလုပ္ငန္းခြင္ကို ကၽြဲ၊ ႏြားေတြအသံုးျပဳျပီး လုပ္ကိုင္ၾကတာမို႔ ထူးျခားစြာေတြ႔ရတဲ႔ အရိုးစုဟာ ကၽြဲအရိုးစု ၊ ႏြားအရိုးစု မဟုတ္ဘူးလို႔လည္း ေျပာေနၾကပါတယ္။

မံုရြာခရိုင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညႊန္႔ေအာင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ မူးျမစ္ အေနာက္ဘက္ကမ္းမွာ ေတြ႔ရတာလို႔ ေျပာပါတယ္ ၊ ကုန္းေခါင္ေခါင္မွာ မျဖစ္နိုင္ဘူးလို႔ သိရတယ္ ” လို႔ ေျပာပါတယ္။

ဆင္တလည္ေက်းရြာအနီး မူးျမစ္ေသာင္ျပင္မွာ ေတြ႔ရခဲ႔တဲ႔ အရိုးစုေတြဟာ အျငင္းပြားဖြယ္ရာ ထူးဆန္းတဲ႔ အရိုးစုေတြျဖစ္ေနလို႔ ဇီ၀ေဗဒ ပညာရွင္ေတြနဲ႔ စစ္ေဆးအေျဖရွာဖို႔ ေဒသခံရြာသားေတြက ဆႏၵရွိေနပါတယ္။

ဇီ၀ေဗဒ ပညာရွင္ေတြဆီက ထြက္ေပၚလာမယ္႔အေျဖကိုၾကည္႔ျပီး အရာေတာ္ျမိဳ႕နယ္အ တြက္ မွတ္တိုင္တစ္ခု ျဖစ္ေစခ်င္တယ္လို႔လည္း ေဒသခံေတြက ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #အရာေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW