TNLAအနေနဲ့ နမ့်ဆန်မြို့က NLD ရုံးဖွင့်တားတဲ့အိမ်ကနေ လူ(၄)ဦးကို ခေါ်သွားတယ်ဆိုတာ မဟုတ်
TNLAအနေနဲ့ နမ့်ဆန်မြို့က NLD ရုံးဖွင့်တားတဲ့အိမ်ကနေ လူ(၄)ဦးကို ခေါ်သွားတယ်ဆိုတာ မဟုတ်
နေပြည်‌တော်၊ဩဂုတ်၂၇-၂၀၂၀
ကောင်းလက်ျာ(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ မြောက်ပိုင်း ၊ မန်ခိုက်ရပ်ကွက်မှာရှိတဲ့ NLD ရုံးဖွင့်ထား‌တဲ့နေအိမ်က လူ ၄ ဦးကို ဩဂုတ်လ၂၄ ရက် မနက်ပိုင်းက TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ TNLAအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။
” NLD ရုံးလည်းမဟုတ်ဘူး။ အိမ်‌နောက်ဖေး ဘေးချင်းကပ်က အိမ်မှာပါ။ အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးကိစ္စရှင်းလင်းနေတုန်း သုံးစွဲနေတာတွေ့လို့ ဖမ်းဆီးထားတာပါ ။ဆေးဖြတ်ပေးပြီးရင် ပြန်လွှတ်မယ်”လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြောက်ပိုင်း၊ ဟိုကျက်ရွာအနီး TNLA အဖွဲ့မှ အင်အား ၂၀ နီးပါးခန့်ဟာ ဩဂုတ်၂၄ ရက်နေ့ မနက်စောစောပိုင်းက မန်ခိုက်ရပ်ကွက် NLD ရုံးဖွင့်ထားတဲ့နေအိမ်ကနေ အမျိုးသား၄ ဦးကို လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအိုက်မိန်း(ခ)ဦးဝင်းကျော်က မီဒီယာတစ်ခုကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နမ့်ဆန်မြောက်ပိုင်း NLD ပါတီ ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ခံထားရသူ မိုင်ရဲကျော်သူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ လာရှိူးမြို့ကိုရောက်နေလို့ အတည်ပြုချက် ရယူနေဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
#voiceofmyanmar #VOM #နမ့်ဆန်
Zawgyi
ကောင်းလက်ျာ(VOM)
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြောက်ပိုင်း၊ ဟိုကျက်ရွာအနီး TNLA အဖွဲ့မှ အင်အား ၂၀ နီးပါးခန့်ဟာ ဩဂုတ်၂၄ ရက်နေ့ မနက်စောစောပိုင်းက မန်ခိုက်ရပ်ကွက် NLD ရုံးဖွင့်ထားတဲ့နေအိမ်ကနေ အမျိုးသား၎ ဦးကို လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအိုက်မိန်း(ခ)ဦးဝင်းကျော်က မီဒီယာတစ်ခုကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နမ့်ဆန်မြောက်ပိုင်း NLD ပါတီ ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ခံထားရသူ မိုင်ရဲကျော်သူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ လာရှိုးမြို့ကိုရောက်နေလို့ အတည်ပြုချက် ရယူနေဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Related posts
Leave a Comment
VOM News
FREE
VIEW