ရန်ကုန်တိုင်းအတွင်းမှာကျန်နေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်ပိုင်းအတွင်း ပေးလျော်သွားဖို့ စီစဉ်နေ ရန်ကုန် ၊ သြဂုတ် ၂၈-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းအတွင်းမှာကျန်ရှိနေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်အတွင်း မြို့နယ်အလိုက် ပေးလျော်သွားဖို့ စိစစ်ဆောင်ရွက်နေပါတယ်လို့ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ရောင်းချခဲ့တဲ့ မြေကွက်တွေနဲ့ပတ်သက်ပြီး ရောင်းချခဲ့တဲ့ ငွေတစ်စိတ်တစ်ဒေသကို မြေယာလျော်ကြေးအဖြစ်နဲ့ ဘယ်လိုပေးထားသလဲဆိုတဲ့မေးခွန်းကို ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေကို ပွင့်လင်းမြင်သာမူနဲ့ မြေကွက်ရောင်းချမှုအား ပထမအကြိမ်နဲ့ယခုဒုတိယအကြိမ်ရောင်းချမှုအရ ရရှိခဲ့တဲ့ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ငွေစာရင်းမှာ ပေးသွင်းထားပြီး စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ သိမ်းဆည်းခံလယ်ယာမြေ လျော်ကြေးငွေပေးအပ်မှုတွင် ဘတ်ဂျက်ရေးဆွဲလျာထားပေးလျော်နေပါတယ်”လို့ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောပါတယ်။ အခုလိုဆောင်ရွက်မှုမှာ…
Read MoreDay: August 28, 2020
တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို Covid-19 ကာကွယ်ဆေးစမ်းသပ်ထိုးပေး
တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို Covid-19 ကာကွယ်ဆေးစမ်းသပ်ထိုးပေး ရှန်ဟိုင်း|ဩဂုတ်-၂၈-၂၀၂၀ လဲ့လဲ့ဝင်း(VOM) Covid-19ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ အဆင့် ၃ဖြစ်တဲ့ လူအများအပြားနဲ့ စမ်းသပ်တဲ့ လုပ်ငန်းအဖြစ် ပစိဖိတ်ကျွန်းနိုင်ငံမှာ သတ္တုတွင်းကိုလုပ်ကိုင်ဖို့သွားတဲ့ အလုပ်သမား ၄၈ ဦး ကို သြဂုတ်လအစောပိုင်းက စမ်းသပ်ထိုးပေးထားကြောင်း တရုတ်အစိုးရပိုင်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ အတည်မပြုရသေးတဲ့ စမ်းသပ်မှုတွေဟာ တရားဝင်အဆင့်သုံးဆင့်စစ်ဆေးခြင်းမဟုတ်ဘဲ အရေးပေါ်ပါဝါကာကွယ်ဆေးထိုးခြင်း စမ်းသပ်ခြင်းတွေကို အလုပ်ရှင်က စမ်းသပ်နေတယ်လို့ တရုတ်အလုပ်သမားအများက ဖေါပြပြီးတဲ့နောက်မကြာခင်မှာဘဲ ပါပူဝါနယူးဂီနီနိုင်ငံက အလုပ်သမားတွေကို ဝင်ရောက်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒီစမ်းစပ်မှုမှာပါတဲ့ အချို့အလုပ်သမားတွေမှာ Covid-19 ရောဂါရရှိနိုင်တယ်လို့လည်း ပါပူဝါနယူးဂီနီ အာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်ကျန်းမာရေးဌာန အကြီးတန်းအရာရှိတစ်ဦး ပြောတာကတော့ တရုတ်မှာ ပြီးခဲ့တဲ့လကစပြီး အရေးကြီးတဲ့ ပြည်သူ့အရာရှိတွေကို ကာကွယ်ဆေးစစ်ဆေးမှု လျို့ဝှက်ပြုလုပ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါဟာအစိုးရနဲ့ ဆေးဝါးကုမ္ပဏီတွေအကြား ကောင်းမွန်စွာမှတ်တမ်းတင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ…
Read Moreအခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာ သတင်းအမှားသာဖြစ်
အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာ သတင်းအမှားသာဖြစ် နေပြည်တော်၊ဩဂုတ်၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြည်တွင်းကူးစက်နေမှု တစ်ကျော့ပြန်လာခဲ့ပြီးနောက် အခြေခံပညာကျောင်းတွေကို စာသင်နှစ် ၁နှစ် ရပ်နားလိုက်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ ” ဟိုနေ့ကလည်း ယာယီနားတယ်လို့ဖြေထားတယ်။ ဒီကနေ့လည်း သတင်းစာမှာ ထုတ်ပြန်ထားတယ်လေ။ ယာယီ ရပ်နားတာဖြစ်လို့ အခြေအနေတည်ငြိမ်တာနဲ့ ချက်ခြင်းပြန်ဖွင့်မယ်”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုနူန်းပြန်လည်မြင့်တက်သွားခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေကို ဩဂုတ်လ၂၇ရက်နေ့မှာ ယာယီစတင်ရပ်နားခဲ့တာဖြစ်ပေမယ့် စာသင်နှစ် တစ်နှစ်လုံးရပ်နားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေခြင်း အနည်းငယ်လျော့ကျခဲ့ချိန် ဇူလိုင်လတတိယပတ်မှာ အခြေခံပညာအထက်တန်းကျောင်းတွေ ၊ပုဂ္ဂလိက အထက်တန်းကျောင်းတွေကို စတင်ဖွင့်ခဲ့ပြီး တစ်လကျော်အကြာမှာ အခုလိုမျိုး ယာယီပြန်ပိတ်ခဲ့တာဖြစ် ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေ ပိတ်သိမ်းရခြင်းကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးရပေမယ့်…
Read Moreဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်တော့မယ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်တော့မယ် တိုကျို၊ သြဂုတ်-၂၈-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ရာထူးကနေ နှုတ်ထွက်ဖို့ စီစဉ်ထားတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတစ်ခုကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပြီး မကြာသေးမီက ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၅ နှစ်အရွယ် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ သူ့ရဲ့အစိုးရအဖွဲ့မှာ ပြသနာတွေဖြစ်လာမှာကိုလည်း ရှောင်ရှားလိုတဲ့ဆန္ဒရှိနေတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ ရှင်ဇိုအာဘေးဟာ ၂၀၁၂ ခုနှစ်မှာ အာဏာရရှိပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ ရာထူးတာဝန်ကို အကြာရှည်ဆုံး ဆက်တိုက်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဖြစ်ပွားခဲ့တဲ့ အစာအိမ် အူလမ်ကြောင်းရောဂါကြောင့် ၂၀၀၇ ခုနှစ်ကလည်း ဝန်ကြီးချုပ်ရာထူးကနေ ရုတ်တရက်နှုတ်ထွက်ခဲ့ဖူးပါတယ်။ သူဟာ မကြာသေးမီက တစ်ပတ်အတွင်း ဆေးရုံမှာ…
Read Moreရွှေစက်တော်ဘေးမဲ့တောက ခိုးယူခံရတဲ့ ကြယ်လိပ်တွေထဲက ၉ကောင်ကိုပြန်ရှာတွေ့
ရွှေစက်တော်ဘေးမဲ့တောက ခိုးယူခံရတဲ့ ကြယ်လိပ်တွေထဲက ၉ကောင်ကိုပြန်ရှာတွေ့ မကွေး၊ သြဂုတ်၂၈-၂၀၂၀ ဂျန်ကိုးလ်( VOM ) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၂ရက်နေ့က ခိုးယူခံရတဲ့ မြန်မာ့မျိုးရင်းကြယ်လိပ် (၁၅၇) ကောင်ထဲက ၉ကောင်ကို မနေ့သြဂုတ်၂၇ရက်နေ့က မကွေးရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့ပြီး ဘေးမဲ့တောကိုပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ”၉ကောင်ပြန်ရတာဟုတ်ပါတယ်၊ လိပ်တွေကျန်းမာရေးကောင်းပါတယ်၊ တကယ်တော့ ၁၀ကောင်၊ ၁ကောင်က ကျနော်တို့လွှတ်ထားတဲ့ အသက်ကြီးကြီးအကောင်ပေါ့၊ ၉ကောင်က ကျွန်တော့်ခြံကနေပျောက်တဲ့အကောင်ပါ၊ ယာဉ်တိုက်မှုတစ်ခုကနေ အထုတ်ကျကျန်ခဲ့တာ၊ လှုပ်လှုပ်နဲ့ဆိုတော့မြွေတွေထင်တာ နောက်မှလိပ်တွေဖြစ်နေတာ” လို့ပြောတယ်”လို့ ရွှေစက်တောာ် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်က VOMကိုပြောပါတယ်။ ကြယ်လိပ်တွေကို ယူဆောင်သွားခဲ့တဲ့ အမျိုးသားကို (ပ)၃/(၂၀၂၀)၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(က)နဲ့ စကုနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။ အမှုဖွင့်တာနဲ့ပတ်သက်ပြီး မကွေးယာဉ်ထိန်းတပ်ဖွဲ့ကို အတည်ပြုဖို့အတွက် ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ရွှေစက်တော်ဘေးမဲ့တောရဲ့ ဦးစီးအရာရှိဦးသိန်းလွင်ကလည်း…
Read Moreထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးတဲ့ ဟောင်ကောင်သားတွေကို တရုတ်အာဏာပိုင်တွေဖမ်းဆီး
ထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးတဲ့ ဟောင်ကောင်သားတွေကို တရုတ်အာဏာပိုင်တွေဖမ်းဆီး ပေကျင်း၊ သြဂုတ်-၂၈-၂၀၂၀ မျိုးဆက် (VOM) ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ဦးတည်သွားရောက်တယ်လို့ ယုံကြည်ရတဲ့ သင်္ဘောတစ်စင်းကို ကြားဖြတ်တားဆီးပြီးနောက် ဟောင်ကောင်ဒေသခံ ၁၀ ဦးထက်မနည်းကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲ့ဒီလိုဖမ်းဆီးမှုကို ဟောင်ကောင်အနီးရှိ ဂွမ်ဒေါင်းပြည်နယ်မှာ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့အတွက် ထိုင်ဝမ်ကိုသွားဖို့ ကြိုးစားခဲ့ကြတာလို့ ဟောင်ကောင်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဟောင်ကောင်တက်ကြွလှုပ်ရှားသူ အန်ဒီလီလည်းပါဝင်တယ်လို့ ပြောပါတယ်။ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု၊ ငွေးကြေးခဝါချမှုတို့ကြောင့် အခုလအစောပိုင်းကလည်း ဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာလီဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုသံသယကြောင့် ထိန်းသိမ်းခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆောက်ချိုင်းနားမောနီးပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်ရှိထိန်းသိမ်းထားသူကို ဘယ်လိုအမှုနဲ့ တရားစွဲမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဟောင်ကောင်ကနေ ထိုင်ဝမ်ကို…
Read Moreအမြန်လမ်းမှာရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက်၊ လူ၂ဦးသေဆုံး
အမြန်လမ်းမှာရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက်၊ လူ၂ဦးသေဆုံး နေပြည်တော်၊ဩဂုတ်၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်-၁၅၃ အနီးမှာ ဒီကနေ့မနက်၂ နာရီခွဲခန့်က ရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ်တစ်စီးက နောက်ကနေ ဝင်တိုက်မိရာ ကုန်တင်ယာဉ်ပေါ်က အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ကုန်တင်ယာဉ်က တရားဝင်ဖြတ်သန်းမောင်းနှင်ခွင့်ရှိပါတယ်။ အရေးယူမှုအပိုင်းမှာတော့ ဝင်တိုက်တဲ့ ကုန်ကားဒရိုင်ဘာကို အရေးယူတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ စပါယ်ယာသေဆုံးသွားပြီး ခရီးသည်တင်ယာဉ်က အမျိုးသားတစ်ဦး ဒဏ်ရာရတယ်”လို့ ဇီးပင်သာအမြန်လမ်းရဲစခန်းမှူးက ပြောပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မကွေး- ရန်ကုန် ပြေးဆွဲနေတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ဟာ မိုင်တိုင်-၁၅၃အနီးမှာ စက်ချို့ယွင်းလို့ ရပ်တန့် ပြုပြင်နေချိန် အနောက်ကနေ အသက်(၂၇နှစ်)အရွယ် အမျိုးသား ၁ဦး မောင်းလာတဲ့ ဟွန်ဒိုင်းအမျိုးအစား ကုန်တင်ယာဉ်တစ်စင်းက အရှိန်နဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ရွှေမန်းသူယာဉ်လိုင်းမှ အမျိုးသားတစ်ဦးသာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ကုန်တင်ယာဉ်ပေါ်က…
Read Moreမှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူဦးရေ ၁၄၀ ကျော်ကို ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးကို တိုင်ကြား
မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူဦးရေ ၁၄၀ ကျော်ကို ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးကို တိုင်ကြား စစ်ကိုင်း ၊ သြဂုတ် – ၂၈ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့နယ်၊ ရေတွင်းကောင်းကျေးရွာက ဒေသခံ ၁၄၀ ကျော်ဆီကနေ မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူတစ်ဦးကို ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံခဲ့တယ်လို့ဆိုကာ ရေတွင်းခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကို စစ်ကိုင်းမြို့မရဲစခန်းမှာ ဒေသခံတွေက တိုင်ကြားထားတယ်လို့ ဦးဆောင်တိုင်ကြားသူ ဦးကျော်မိုးက ပြောပါတယ်။ ” ရေတွင်းခေါင်းရွာကို မိုက်နဲ့ဟစ်ပြီး မှတ်ပုံတင်လုပ်မယ့်ရွာသူရွာသားများ ၁၈ နှစ်ပြည့်တဲ့သူများ သူ့ဆီကို စာရင်းလာပေးရင်းနဲ့ တစ်ယောက် ၅၀၀၀ ဆိုပြီး ပြောကောက်ပါတယ်၊ ပိုက်ဆံကောက်တဲ့အဖွဲ့ထဲမှာ ကျနော့်တူပါတယ်၊ ပိုက်ဆံကောက်တာ မင်းတို့လားဆိုတော့၊ သူ့ကို အကူအညီတောင်းလို့ စာရင်းပဲမှတ်ရတာပါ၊ ဥက္ကဋ္ဌကပဲယူတာပေါ့ တစ်ယောက် ၅၀၀၀ ကို စာရင်းကတော့ လူဦးရေ ၁၄၀…
Read Moreစစ်တွေနဲ့ မကွေးကိုသယ်ယူနေတဲ့ ရေထွက်ကုန်စည်တွေ တန်ဆာခဈေးနူန်း တစ်ပိသာကို ၆၀ ကျပ်အထိ ဈေးမြှင့်တက်လာ
စစ်တွေနဲ့ မကွေးကိုသယ်ယူနေတဲ့ ရေထွက်ကုန်စည်တွေ တန်ဆာခဈေးနူန်း တစ်ပိသာကို ၆၀ ကျပ်အထိ ဈေးမြှင့်တက်လာ မကွေး၊ သြဂုတ်၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်တွေဒေသကထွက်ရှိတဲ့ ရေထွက်ကုန်စည် အသား၊ငါးတွေကို မကွေးမြို့ကို သယ်ယူပို့ဆောင်တဲ့အခါ အခုရက်ပိုင်းမှာ ကုန်စည်တစ်ပိသာ ငွေကျပ် ၆၀ အထိ ဈေးနူန်းမြှင့်တက်လာတယ်လို့ ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ” စစ်တွေကထွက်တဲ့ ပင်လယ်စာ ရေထွက်ကုန်တွေ မကွေးကိုသယ်တဲ့အခါ အရင်က ကုန်တစ်ပိသာ တန်ဆာခ ၁၃၀ ကျပ်ဖြစ်တယ်၊ ဒီရက်ပိုင်းမှာ အဲ့ဒီလမ်းကြောင်းကို မောင်းမယ့် ကားသမား ခေါ်ဖို့မလွယ်ဘူး၊ ရခိုင်ဘက်မှာ မောင်းတဲ့လူတစ်ယောက်နဲ့ မကွေးဘက်ကို မောင်းတဲ့လူတစ်ယောက်ဆိုပြီး လမ်းတကြောင်းကို ကားမောင်းတဲ့သူ နှစ်ယောက်ခေါ်ရတယ်၊ အရင်က ယာဉ်မောင်းစရိတ်က တစ်ယောက်စာပဲကုန်တယ်၊ အခုဟာက နောက်တစ်ယေက်အတွက်ပါ ထပ်ဆောင်းပိုကုန်မှ အလုပ်ဖြစ်တော့တယ်၊ အဲ့ဒီလိုကြောင့်မို့ တန်ဆာခက တစ်ပိသာ ၁၉၀ ကျပ် ဖြစ်သွားရတာ”…
Read Moreဧရာဝတီတိုင်းမှာ နိင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦး ဖမ်းဆီးရမိ
ဧရာဝတီတိုင်းမှာ နိင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦး ဖမ်းဆီးရမိ ပုသိမ်၊ ဩဂုတ် ၂၈-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းကို ခိုးဝင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၂ ဦးကို မနေ့သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ဘိုကလေးမြစ်အတွင်းမှာ ဖမ်းဆီးရမိထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဘိုကလေးမြို့နယ်၊ လှိုင်းဘုန်းနယ်မြေရဲတပ်ဖွဲ့ နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ဟာ သတင်းကြိုတင်ရရှိတဲ့အတွက် တပ်မတော်ရေတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၂၉) ဦး ၊ ကလေး ကျား (၁) ဦး၊ မ (၁) ဦးကို ဖမ်းမိခဲ့တဲ့အပြင် စက်လှေနဲ့ ပို့ဆောင်ပေးတဲ့ ရခိုင်အမျိုးသား (၄) ဦး နဲ့ ဗမာ လူမျိုး (၁) ဦးကိုပါ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးးကြီး ထွန်းရွှေကပြောပါတယ်။ “သတင်းရလို့…
Read More