မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူဦးရေ ၁၄၀ ကျော်ကို ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးကို တိုင်ကြား

မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူဦးရေ ၁၄၀ ကျော်ကို ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးကို တိုင်ကြား

စစ်ကိုင်း ၊ သြဂုတ် – ၂၈ -၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းမြို့နယ်၊ ရေတွင်းကောင်းကျေးရွာက ဒေသခံ ၁၄၀ ကျော်ဆီကနေ မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူတစ်ဦးကို ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံခဲ့တယ်လို့ဆိုကာ ရေတွင်းခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကို စစ်ကိုင်းမြို့မရဲစခန်းမှာ ဒေသခံတွေက တိုင်ကြားထားတယ်လို့ ဦးဆောင်တိုင်ကြားသူ ဦးကျော်မိုးက ပြောပါတယ်။

” ရေတွင်းခေါင်းရွာကို မိုက်နဲ့ဟစ်ပြီး မှတ်ပုံတင်လုပ်မယ့်ရွာသူရွာသားများ ၁၈ နှစ်ပြည့်တဲ့သူများ သူ့ဆီကို စာရင်းလာပေးရင်းနဲ့ တစ်ယောက် ၅၀၀၀ ဆိုပြီး ပြောကောက်ပါတယ်၊ ပိုက်ဆံကောက်တဲ့အဖွဲ့ထဲမှာ ကျနော့်တူပါတယ်၊ ပိုက်ဆံကောက်တာ မင်းတို့လားဆိုတော့၊ သူ့ကို အကူအညီတောင်းလို့ စာရင်းပဲမှတ်ရတာပါ၊ ဥက္ကဋ္ဌကပဲယူတာပေါ့ တစ်ယောက် ၅၀၀၀ ကို စာရင်းကတော့ လူဦးရေ ၁၄၀ ကျော်ပါတယ်” လို့ ဦးဆောင်တိုင်ကြားသူ ဦးကျော်မိုးက ပြောပါတယ်။

မှတ်ပုံတင်ပြုလုပ်ဖို့ ကျေးရွာဒေသခံ ၁၄၀ ကျော်ဆီကနေ ပြီးခဲ့တဲ့ဇူလိုင် ၁၉ ရက်နေ့က ငွေကြေးကောက်ခံခဲ့တာဖြစ်ပြီး စာရင်းပေးထားတဲ့လူတွေထဲက တစ်ဦးတစ်ယောက်မှ မှတ်ပုံတင်မရရှိသေးဘူလို့ ဦးကျော်မိုးက ပြောပါတယ်။

” မဲပေးဖို့ရာအတွက် ပိုက်ဆံကောက်ခိုင်းပါတယ်၊ မှတ်ပုံတင်ရုံးမှာလဲ ပိုက်ဆံမပေးရပါဘူး၊ အဲ့ဒါကို ရွာလူကြီးက အခွင့်ကောင်းယူပြီးတော့ တစ်ယောက်ကို ၅၀၀၀ ဆိုပြီးတော့ ကောက်လိုက်တာပါ၊ ရွာသူရွာသားတင်လို့ ဥက္ကဋ္ဌဖြစ်တာကို ရွာသူရွာသားတွေပေါ်ကို ခေါင်းပုံဖြတ်ပြီးတော့ လုပ်နေလို့ ကျွန်တော်တို့က မကျေနပ်လို့တိုင်တာပါ” လို့ ဦးကျော်မိုးက ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဆောင်တိုင်ကြားထားသူ ဦးကျော်မိုး အပါအဝင် လူ ၄၅ ယောက်ကို စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဒီကနေ့မနက်မှာပဲ ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။

အခုလိုကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ ရေတွင်းကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကို ဆက်သွယ်မေးမြန်းရာမှာတော့” မဲစာရင်းကာလဖြစ်တဲ့အတွက် ကြောင့်မို့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေ မဖြစ်မနေ မဲပေးရမှာဖြစ်တဲ့အတွက် ကျေးရွာမှာ ရပ်မိရပ်ဖတွေနဲ့ ရာအိမ်မှူးတွေရဲ့ အစည်းဝေးဆုံးဖြတ်ချက် ချပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဆယ်အိမ်မှူး ဦးထူးနဲ့ ကျောင်းသား ၄ ယောက်က လူတစ်ယောက်ကို ၅၀၀၀ နှုန်းနဲ့ ကောက်ခံခဲ့တယ်၊ ကျွန်တော်တို့ကျေးရွာတာဝန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ကောက်ခံမရတဲ့အကြောင်းကို ကျွန်တော်က ပြောပြတဲ့အခါကျတော့၊ ရပ်မိရပ်ဖတွေကနေ လုပ်ငန်းသဘောအရ ဒါကို အကျိုးဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်၊ ခင်များတို့ လုပ်ကြပါဆိုပြီးတော့ သူတို့ကို ပုံအပ်လိုက်တာ၊ ရပ်မိရပ်ဖတွေကလည်း ဆယ်အိမ်မှူးတစ်ဦးကို ခိုင်းလိုက်တာ၊ အပြင်ဆိုဒ်ကနေပြီးတော့ ကျွန်တော့်အနေနဲ့ ထောက်ခံချက်ပဲလုပ်ပေးတာ၊ ကျန်တာ သူတို့ဘာသာ ဆုံးဖြတ်ချက်နဲ့ကောက်ခံခဲ့တာ”လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကနေ ဆင့်ခေါ်ထားတဲ့အတွက် ရေတွင်းကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကတော့ လုပ်ပုံလုပ်နည်း စာရင်းဇယားတွေနဲ့တကွ တင်ပြသွားမယ်လို့ VOMကဆက်သွယ်မေးမြန်းချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ငွေကြေးကောက်ခံမှု #မှတ်ပုံတင် #တိုင်ကြားစာ

Zawgyi

မွတ္ပုံတင္ျပဳလုပ္ဖုိ႔အတြက္ လူဦးေရ ၁၄၀ ေက်ာ္ကုိ ေငြေၾကးေတာင္းခံခဲ့တယ္လုိ႔ဆုိကာ အုပ္ခ်ဳပ္ေရးမွဴးကုိ တုိင္ၾကား

စစ္ကုိင္း ၊ ၾသဂုတ္ – ၂၈ -၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကုိင္းၿမိဳ႕နယ္၊ ေရတြင္းေကာင္းေက်းရြာက ေဒသခံ ၁၄၀ ေက်ာ္ဆီကေန မွတ္ပံုတင္ျပဳလုပ္ဖို႔အတြက္ လူတစ္ဦးကုိ ေငြက်ပ္ ၅၀၀၀ ႏႈန္း ေကာက္ခံခဲ့တယ္လုိ႔ဆိုကာ ေရတြင္းေခါင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ေဆြကုိ စစ္ကုိင္းၿမိဳ႕မရဲစခန္းမွာ ေဒသခံေတြက တုိင္ၾကားထားတယ္လုိ႔ ဦးေဆာင္တုိင္ၾကားသူ ဦးေက်ာ္မုိးက ေျပာပါတယ္။

” ေရတြင္းေခါင္းရြာကုိ မုိက္နဲ႔ဟစ္ၿပီး မွတ္ပုံတင္လုပ္မယ့္ရြာသူရြာသားမ်ား ၁၈ ႏွစ္ျပည့္တဲ့သူမ်ား သူ႔ဆီကုိ စာရင္းလာေပးရင္းနဲ႔ တစ္ေယာက္ ၅၀၀၀ ဆုိၿပီး ေျပာေကာက္ပါတယ္၊ ပုိက္ဆံေကာက္တဲ့အဖြဲ႔ထဲမွာ က်ေနာ့္တူပါတယ္၊ ပုိက္ဆံေကာက္တာ မင္းတုိ႔လားဆုိေတာ့၊ သူ႔ကုိ အကူအညီေတာင္းလုိ႔ စာရင္းပဲမွတ္ရတာပါ၊ ဥကၠ႒ကပဲယူတာေပါ့ တစ္ေယာက္ ၅၀၀၀ ကုိ စာရင္းကေတာ့ လူဦးေရ ၁၄၀ ေက်ာ္ပါတယ္” လုိ႔ ဦးေဆာင္တုိင္ၾကားသူ ဦးေက်ာ္မုိးက ေျပာပါတယ္။

မွတ္ပုံတင္ျပဳလုပ္ဖုိ႔ ေက်းရြာေဒသခံ ၁၄၀ ေက်ာ္ဆီကေန ၿပီးခဲ့တဲ့ဇူလုိင္ ၁၉ ရက္ေန႔က ေငြေၾကးေကာက္ခံခဲ့တာျဖစ္ၿပီး စာရင္းေပးထားတဲ့လူေတြထဲက တစ္ဦးတစ္ေယာက္မွ မွတ္ပုံတင္မရရွိေသးဘူလုိ႔ ဦးေက်ာ္မုိးက ေျပာပါတယ္။

” မဲေပးဖုိ႔ရာအတြက္ ပုိက္ဆံေကာက္ခုိင္းပါတယ္၊ မွတ္ပုံတင္ရုံးမွာလဲ ပုိက္ဆံမေပးရပါဘူး၊ အဲ့ဒါကုိ ရြာလူႀကီးက အခြင့္ေကာင္းယူၿပီးေတာ့ တစ္ေယာက္ကုိ ၅၀၀၀ ဆုိၿပီးေတာ့ ေကာက္လုိက္တာပါ၊ ရြာသူရြာသားတင္လုိ႔ ဥကၠ႒ျဖစ္တာကုိ ရြာသူရြာသားေတြေပၚကုိ ေခါင္းပုံျဖတ္ၿပီးေတာ့ လုပ္ေနလုိ႔ ကၽြန္ေတာ္တို႔က မေက်နပ္လုိ႔တုိင္တာပါ” လုိ႔ ဦးေက်ာ္မုိးက ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ဦးေဆာင္တုိင္ၾကားထားသူ ဦးေက်ာ္မုိး အပါအဝင္ လူ ၄၅ ေယာက္ကုိ စစ္ကုိင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရုံးက ဒီကေန႔မနက္မွာပဲ ဆင့္ေခၚထားတယ္လုိ႔ သိရပါတယ္။

အခုလိုကိစၥနဲ႔ပတ္သက္ၿပီး တိုင္ၾကားခံထားရတဲ့ ေရတြင္းေကာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ေဆြကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” မဲစာရင္းကာလျဖစ္တဲ့အတြက္ ေၾကာင့္မုိ႔ အသက္ ၁၈ ႏွစ္ျပည့္ၿပီးတဲ့သူေတြ မျဖစ္မေန မဲေပးရမွာျဖစ္တဲ့အတြက္ ေက်းရြာမွာ ရပ္မိရပ္ဖေတြနဲ႔ ရာအိမ္မွဴးေတြရဲ႕ အစည္းေဝးဆုံးျဖတ္ခ်က္ ခ်ၿပီးေတာ့ ဇူလုိင္လ ၁၉ ရက္ေန႔မွာ ဆယ္အိမ္မွဴး ဦးထူးနဲ႔ ေက်ာင္းသား ၄ ေယာက္က လူတစ္ေယာက္ကုိ ၅၀၀၀ ႏႈန္းနဲ႔ ေကာက္ခံခဲ့တယ္၊ ကၽြန္ေတာ္တုိ႔ေက်းရြာတာဝန္ရွိတဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြကလည္း ေငြေရးေၾကးေရးနဲ႔ပတ္သက္လုိ႔ ေကာက္ခံမရတဲ့အေၾကာင္းကို ကၽြန္ေတာ္က ေျပာျပတဲ့အခါက်ေတာ့၊ ရပ္မိရပ္ဖေတြကေန လုပ္ငန္းသေဘာအရ ဒါကုိ အက်ိဳးေဆာင္မႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိရမယ္၊ ခင္မ်ားတို႔ လုပ္ၾကပါဆုိၿပီးေတာ့ သူတုိ႔ကုိ ပုံအပ္လုိက္တာ၊ ရပ္မိရပ္ဖေတြကလည္း ဆယ္အိမ္မွဴးတစ္ဦးကုိ ခုိင္းလုိက္တာ၊ အျပင္ဆုိဒ္ကေနၿပီးေတာ့ ကၽြန္ေတာ့္အေနနဲ႔ ေထာက္ခံခ်က္ပဲလုပ္ေပးတာ၊ က်န္တာ သူတုိ႔ဘာသာ ဆုံးျဖတ္ခ်က္နဲ႔ေကာက္ခံခဲ့တာ”လုိ႔ ဦးတင္ေမာင္ေဆြက ေျပာပါတယ္။

စစ္ကုိင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရုံးကေန ဆင့္ေခၚထားတဲ့အတြက္ ေရတြင္းေကာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ေဆြကေတာ့ လုပ္ပုံလုပ္နည္း စာရင္းဇယားေတြနဲ႔တကြ တင္ျပသြားမယ္လုိ႔ VOMကဆက္သြယ္ေမးျမန္းခ်ိန္မွာ ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေငြေၾကးေကာက္ခံမႈ #မွတ္ပုံတင္ #တုိင္ၾကားစာ

Related posts

Leave a Comment

VOM News

FREE
VIEW